ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×


(၁) Zara Richardson


(၂) Charles Lennon


(၃) Hazel Jones


(၄) Hannah Kersey


source : oddee.com
Credit: Hlataw

#Unicode Version#

ကမ္ဘာပေါ်မှာ အခြားသူတွေနဲ့ မတူညီတဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် ကိုယ်လက်အင်္ဂါ ထူးခြားစွာ ဖြစ်နေတဲ့သူတွေ ရှိပါတယ်။ ဒါကို ဆေးပညာအရ ရှားပါးမျိုးဗီဇဆိုင်ရာ လက္ခဏာတွေလို့ ခေါ်ဆိုပါတယ်။ ဒီလို မျိုးဗီဇဆိုင်ရာ ရှားပါအဖြစ်အပျက်တွေအနက်မှ လိင်အင်္ဂါနဲ့ပတ်သက်တဲ့ ထူးခြားလက္ခဏာပိုင်ရှင်တွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Zara Richardson

Zara ဆိုတဲ့ အမျိုးသမီးကတော့ ထူးခြားပြီး၊ ကုသဖို့ ခက်ခဲတဲ့ Genital Arousal Syndrome (PGAS) ရောဂါကို ခံစားနေရလို့ အချိန်ပြည့် Orgasming ဖြစ်နေပါတယ်။ Orgasm ဆိုတာ လိင်ပိုင်းဆိုင်ရာ အာသာပြည့်ဝမှု ဖြစ်ပြီး၊ Zara ဟာ တစ်ရက်ကို အကြိမ် 500 ခန့် မည်သည့် လုံ့လမှ မပြုရဘဲ Orgasm ဖြစ်တဲ့ အခြေအနေအနေကြောင့် စိတ်ညစ်နေရတယ်လို့ ဆိုပါတယ်။

(၂) Charles Lennon

Charles ကတော့ ဆယ်နှစ်ကြာ လိင်အင်္ဂါထောင်မက်နေလို့ ဒုက္ခရောက်နေရပါတယ်။ (အခုထိ ဒီရောဂါ မပျောက်သေးဘူးလို့ သိရပါတယ်။) အရင်က အမျိုးသားတစ်ဦးဟာ လိင်အင်္ဂါ 4 နာရီကြော်ကြာ ထောင်မက်နေခဲ့လို့ ဆရာဝန်တွေ ပြသခဲ့ရပေမယ့် Charles ကတော့ ဆယ်နှစ်ကျော်ဆိုတော့ အတော်လေးကို များလွန်းတဲ့ အချိန်ပါ။ ဆရာဝန်တွေက Implant နည်းနဲ့ ခွဲစိတ်ကုသဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမယ့် တစ်ခြားကျန်းမာရေးပြဿနာတွေ ရှိနေလို့ ဒီနည်းကို ရှောင်ခဲ့ရပါတယ်။ ဒေါ်လာ 4 သိန်းအထိ ကုန်ကျခဲ့ပေမယ့် အခုထက်ထိ သူ့ရောဂါက မပျောက်သေးပါဘူး။

(၃) Hazel Jones

Jones ကတော့ လိင်အင်္ဂါနှစ်ခုပါတဲ့ အမျိုး သမီးဖြစ်ပါတယ်။ သူမမှာ ယောနိနှစ်ခု၊ သားအိမ်နှစ်ခု၊ မျိုးဥအိတ်လေးခု ပါဝင်လာတဲ့ ထူးခြားတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ Jones ရဲ့ ထူးခြားတဲ့ လိင်အင်္ဂါအခြေအနေကို “uterus didelphys” လို့ ခေါ်ပါတယ်။ ဒီလို ထူးခြားတဲ့ အခြေအနေကြောင့် အပြာဇာတ်ကား ထုတ်လုပ်ရေးကုမ္မဏီတွေက ပိုက်ဆံ အမြောက်အများပေးပြီး၊ ဇာတ်ကားတွေရိုက်ကူးဖို့ ကမ်းလှမ်းခဲ့ပေမယ့် သူမက လက်မခံခဲ့ပါဘူး။

(၄) Hannah Kersey

Kersey ရဲ့ အခြေအနေကလည်း အလွန်ကို ရှားပါးတဲ့အဖြစ်ပါ။ သူမက သားအိမ်နှစ်ခုအထိ ပါဝင်ပါတယ်။ သားအိမ်နှစ်ခုစလုံးမှာ သန္ဓေတွယ်ငြိခဲ့လို့ သုံးမွှာပူးကလေးကို မွေးဖွားခဲ့ရပါတယ်။ ကလေးသုံးယောက်အနက် Ruby နဲ့ Tilly ကတော့ သားအိမ်တစ်ခုတည်းမှာ သန္ဓေတည်ခဲ့ကြပြီး၊ Gracie ကတော့ အခြားသားအိမ်တစ်ခုမှာ သန္ဓေတည်ခဲ့တာပါ။

source : oddee.com

ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top