ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×







Credit: MMCele
# Unicode Version ဖြင့် ဖတ်ပါ #
ရွှေမှုံရတီကတော့ ခုချိန်မှာသာယာလှပတဲ့အချစ်ရေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဝေဖန်မှုတွေကြားထဲက အကောင်းဆုံးချစ်ပြနိုင်တာလည်းဖြစ်ပါတယ်။

သူမကိုသူမ အရမ်းချစ်တတ်တဲ့ မိန်းမတစ်ယောက်ပါလို့ အမြဲပြောလေ့ရှိပြီး ချစ်သူကိုဘယ်လောက်ချစ်ကြောင်း စာသားလေးတွေကို လူမှုကွန်ယက်ဖေ့ဘုတ် ဒါမှမဟုတ် My Story ကနေ တင်လေ့ရှိပါတယ်။

ရွှေထူးနဲ့ ချစ်ကြိုက်နေကြတဲ့ ရွှေမှုံရတီတို့ဟာ မကြာသေးခင်ကမှ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းတွေကို ဘန်ကောက်မှာရိုက်ကူးထားတဲ့ဓာတ်ပုံတွေနဲ့ ပရိသတ်တွေကို ချပြခဲ့တာဖြစ်ပါတယ်။

အဲ့မတိုင်ခင်မှာလည်း ရွှေရွှေချင်းထပ်ရင်မြတ်တယ်ဆိုတဲ့ စကားလုံးလေးကို အင်တာဗျူးမှာ သူမက မသိမသာ ပြောတာလေးတွေလည်း ရှိခဲ့ပါသေးတယ်။

တကယ်တော့ ထိုစကားလုံးလေးက ယခု ရုံတင်ပြသတော့မယ့် ဟီးဟီးဟားဟားရုပ်ရှင်ဇာတ်ကားထဲက ဒိုင်ယာလော့ခ်တစ်ခုဖြစ်ပြီး ထိုရုပ်ရှင်ကိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်တည်းက ရိုက်ကူးခဲ့တာဖြစ်တာကြောင့် သူတို့အချစ်ရေးမှာ နိမိတ်ပြခဲ့တာထင်တယ်လို့ အရွှန်းဖောက်ထားပါသေးတယ်။

ရွှေရွှေချင်းထပ်ရင် မြတ်တယ် ဆိုတဲ့ ဒိုင်ယာလော့ခ် က ဇာတ်ကားထဲမှာ ပါတာ မသိလိုက်ဘူး။ ဒီရုပ်ရှင်က နှစ်နှစ်လောက် ကြာနေပြီ။ နိမိတ်ပြတာ ဖြစ်မှာပါလို့ သူမရဲ့ လက်ရှိအချစ်ရေးနဲ့ပတ်သက်ပြီး ပြောပြလာတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMCele
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top