ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ၿပိဳင္ပြဲမွာ ျပဳတ္သြားခဲ့ေပမယ့္ မေမွ်ာ္လင့္ထားဘဲ Myanmar Idol စင္ျမင့္ထက္ကိုPantene Wild Card နဲ႔ ျပန္လည္ေရာက္ရွိလာခဲ့တာကေတာ့ Rock သံစဥ္ေလးေတြနဲ႔ ျပဳစားႏိုင္တဲ့ ေဇာ္ႀကီးပဲ ျဖစ္ပါတယ္။

ဒီအတြက္ေၾကာင့္ အကဲျဖတ္ဒိုင္ေတြ ကေတာင္ Wild Card နဲ႔ ျပန္ေခၚရက်ိဳးနပ္တဲ့သူ တေယာက္လို႔ ခ်ီးက်ဴးခံခဲ့ရတဲ့ ေဇာ္ႀကီးဟာ Wild Card နဲ႔ ျပန္လာသူေတြထဲက TOP 3 အထိပါႏိုင္ခဲ့တဲ့ တစ္ဦးတည္းေသာသူျဖစ္ပါတယ္။

ကံမေကာင္းစြာနဲ႔ဘဲ Myanmar Idol ရဲ႕ Grand Final အထိ တက္ေရာက္ဖို႔ ေရပန္းစားေနသူ တဦးလည္းျဖစ္ခဲ့ေပမယ့္ ပရိသတ္ ေမွ်ာ္မွန္းထားသလို ျဖစ္မလာဘဲ လြဲေခ်ာ္ခဲ့ရတဲ့အတြက္ သူ႔ရဲ႕ဖန္ေတြ အရမ္းကို စိတ္မေကာင္းျဖစ္ခဲ့ရပါတယ္ ။ ဒါေပမယ့္လည္း သူ႔ရဲ႕ႀကိဳးစားမႈရလဒ္ အေနနဲ႔ သူ႔ကိုခ်စ္ခင္ ၾကတဲ့ ပရိသတ္ေတြ အေျမာက္အမ်ား ရရွိခဲ့ရတဲ့အတြက္ ထိုက္တန္တဲ့ ေအာင္ျမင္မႈတစ္ခုရရွိခဲ့ၿပီလို႔ဘဲ ဆိုရမွာပါဘဲ ။

မိုးေအးေအးထဲမွာ ေႏြးေထြးစြာ သူ႔ရဲ႕ အိမ္အျပန္ခရီးကို ႀကိဳဆိုေပးၾကတဲ့ မအူပင္ၿမိဳ႕မွ မိသားစု မ်ားနဲ႔ ရန္ကုန္မွမအူပင္ Highway လမ္းတစ္ေလွ်ာက္ မိုးေရထဲထြက္ၿပီး အားေပး စကား ၊ ဝမ္းသာစကားမ်ားျဖင့္ အားေပးႏွစ္သိမ့္ေပးၾကေသာ မိသားစုမ်ားအားလုံးနဲ႔ အခုလို ႀကိဳဆို ေရးခရီးစဥ္နဲ႔ တိုးေ႐ႊဝါခန္းမမွာ မိသားစုအားလုံးနဲ႔ ေပ်ာ္ေပ်ာ္ပါးပါး ေတြ႕ဆုံခြင့္ ရေအာင္နဲ႔ သီခ်င္းမ်ားသီဆိုၿပီး ေက်းဇူးဆပ္ခြင့္ရေအာင္ စီစဥ္ေပးၾကတဲ့ မအူပင္မွ ၿမိဳ႕မိၿမိဳ႕ဖမ်ား ၊ လူမႈေရး အဖြဲ႕အစည္းမ်ား ၊We Love မ်ား၊ Maubin Biker မ်ား၊ ဆရာ ဆရာမ မ်ား ၊ က်ေနာ္တို႔Lucky Boys အဖြဲ႕သားမ်ား နဲ႔ ပါဝင္ကူညီအားျဖည့္ေဆာင္ ႐ြတ္ေပး ၾကေသာ မိသားစု အားလုံး လႈိက္လႈိက္လွဲလွဲေက်းဇူးတင္ပါတယ္ လို႔ သူ႔ရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာကေနတစ္ဆင့္ ေရးသားေဖာ္ျပခဲ့ပါတယ္ ။

Source : Zaw Gyi

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ပြိုင်ပွဲမှာ ပြုတ်သွားခဲ့ပေမယ့် မမျှော်လင့်ထားဘဲ Myanmar Idol စင်မြင့်ထက်ကိုPantene Wild Card နဲ့ ပြန်လည်ရောက်ရှိလာခဲ့တာကတော့ Rock သံစဉ်လေးတွေနဲ့ ပြုစားနိုင်တဲ့ ဇော်ကြီးပဲ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် အကဲဖြတ်ဒိုင်တွေ ကတောင် Wild Card နဲ့ ပြန်ခေါ်ရကျိုးနပ်တဲ့သူ တယောက်လို့ ချီးကျူးခံခဲ့ရတဲ့ ဇော်ကြီးဟာ Wild Card နဲ့ ပြန်လာသူတွေထဲက TOP 3 အထိပါနိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်ပါတယ်။

ကံမကောင်းစွာနဲ့ဘဲ Myanmar Idol ရဲ့ Grand Final အထိ တက်ရောက်ဖို့ ရေပန်းစားနေသူ တဦးလည်းဖြစ်ခဲ့ပေမယ့် ပရိသတ် မျှော်မှန်းထားသလို ဖြစ်မလာဘဲ လွဲချော်ခဲ့ရတဲ့အတွက် သူ့ရဲ့ဖန်တွေ အရမ်းကို စိတ်မကောင်းဖြစ်ခဲ့ရပါတယ် ။ ဒါပေမယ့်လည်း သူ့ရဲ့ကြိုးစားမှုရလဒ် အနေနဲ့ သူ့ကိုချစ်ခင် ကြတဲ့ ပရိသတ်တွေ အမြောက်အများ ရရှိခဲ့ရတဲ့အတွက် ထိုက်တန်တဲ့ အောင်မြင်မှုတစ်ခုရရှိခဲ့ပြီလို့ဘဲ ဆိုရမှာပါဘဲ ။

မိုးအေးအေးထဲမှာ နွေးထွေးစွာ သူ့ရဲ့ အိမ်အပြန်ခရီးကို ကြိုဆိုပေးကြတဲ့ မအူပင်မြို့မှ မိသားစု များနဲ့ ရန်ကုန်မှမအူပင် Highway လမ်းတစ်လျှောက် မိုးရေထဲထွက်ပြီး အားပေး စကား ၊ ဝမ်းသာစကားများဖြင့် အားပေးနှစ်သိမ့်ပေးကြသော မိသားစုများအားလုံးနဲ့ အခုလို ကြိုဆို ရေးခရီးစဉ်နဲ့ တိုးရွှေဝါခန်းမမှာ မိသားစုအားလုံးနဲ့ ပျော်ပျော်ပါးပါး တွေ့ဆုံခွင့် ရအောင်နဲ့ သီချင်းများသီဆိုပြီး ကျေးဇူးဆပ်ခွင့်ရအောင် စီစဉ်ပေးကြတဲ့ မအူပင်မှ မြို့မိမြို့ဖများ ၊ လူမှုရေး အဖွဲ့အစည်းများ ၊We Love များ၊ Maubin Biker များ၊ ဆရာ ဆရာမ များ ၊ ကျနော်တို့Lucky Boys အဖွဲ့သားများ နဲ့ ပါဝင်ကူညီအားဖြည့်ဆောင် ရွတ်ပေး ကြသော မိသားစု အားလုံး လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ် လို့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေတစ်ဆင့် ရေးသားဖော်ပြခဲ့ပါတယ် ။

Source : Zaw Gyi

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top