ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

မြန္ျပည္နယ္ရွိ ေမာ္လၿမိဳင္တကၠသိုလ္ႏွင့္ ကြန္ပ်ဴတာတကၠသိုလ္မွ တကၠသိုလ္ေက်ာင္းသား ၆ ဦးကို မြန္ျပည္နယ္ရဲတပ္ဖြဲ႕မႉး႐ုံး မူးယစ္ေဆးဝါး ဖမ္းဆီးေရးအထူးအဖြဲ႕က ၾသဂုတ္ ၁၉ ရက္ ညေနပိုင္းက မူးယစ္ေဆးဝါးအမႈျဖင့္ ဖမ္းဆီးသြားေၾကာင္း သတင္းရရွိသည္။

မူးယစ္ေဆးဝါးသတင္းမ်ားအရ ရဲတပ္ဖြဲ႕ဝင္မ်ားက ေမာ္လၿမိဳင္ၿမိဳ႕၊ ေဈးႀကိဳရပ္ကြက္၊ ေတာင္ဝိုင္းရပ္၊ ေမာ္လၿမိဳင္တကၠသိုလ္အနီးရွိ ေခ်ာစုလြင္ အမ်ိဳးသား ေဘာ္ဒါအေဆာင္ကို ဝင္ေရာက္ရွာေဖြခဲ့စဥ္ တကၠသိုလ္ေက်ာင္းသားမ်ားထံမွ WY ႏွင့္ R စာတမ္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ရွာေဖြေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

“အားလုံးက ေခ်ာစုလြင္ အေဆာင္မွာမိတာ၊ လာလည္တဲ့သူလည္းရွိတာေပါ၊ ေလးေယာက္က တေနရာ၊ ႏွစ္ေယာက္က တေနရာမိတာ၊ အခန္းထဲမွာပဲမိတာ” ဟု မုပြန္နယ္ေျမရဲစခန္းမွ ဒုရဲအုပ္ ေက်ာ္ေက်ာ္လင္းက ရွင္းျပသည္။

ေခ်ာစုလြင္ အမ်ိဳးသားေဘာ္ဒါ ၂ ထပ္ေဆာင္မွ ေအာက္ထပ္ဝင္ေပါက္ေလွခါး၏ ဝဲဘက္အခန္းကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြခ်ိန္ ဒုတိယႏွစ္ ကြန္ပ်ဴတာေက်ာင္းသား ကိုသီဟထြန္း ဝတ္ဆင္ထားေသာ ရွပ္အကၤ်ီအိတ္ကပ္အတြင္းမွ အျပာေရာင္ ႂကြပ္ႂကြပ္အိတ္ ပလပ္စတစ္အပိုင္းစျဖင့္ ထုတ္ထားေသာ WY စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁ ျခမ္းကို စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း မုပြန္နယ္ေျမရဲစခန္းမွတ္တမ္းအရ သိရသည္။

ထိုေနာက္ အေဆာင္အေရွ႕တြင္ရပ္ထားေသာ ကိုသီဟထြန္း၏ဆိုင္ကယ္ကို ဆက္လက္စစ္ေဆးရာ ဆိုင္ကယ္ထိုင္ခုံေအာက္မွ ေနၾကာေစ့အိတ္အတြင္း အျပာေရာင္ႂကြပ္ႂကြပ္အိတ္ အပိုင္းစျဖင့္ ထုတ္ပိုးထားေသာ WY ႏွင့္ R စာတမ္းပါေသာ လိေမၼာေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၀ ျပားကို ထပ္မံေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

ကိုသီဟထြန္းႏွင့္အတူ ပထမႏွစ္ ႐ူပေဗဒေက်ာင္းသား ကိုထြန္းလင္းဦးလည္း အတူရွိေနၾကျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွတ္တမ္းမ်ားအရ သိရသည္။

မူးယစ္ေဆးအမႈျဖင့္ ဖမ္းဆီးခံရသည့္ ကိုထြန္းလင္းဦးႏွင့္ ကိုသီဟထြန္းတို႔ကို စစ္ေဆးေမးျမန္းရာတြင္ ယင္းမူးယစ္ေဆးဝါးမ်ားကို ၁ ျပားလွ်င္ ၅၀၀၀ က်ပ္ႏႈန္းျဖင့္ ေဆးျပား ၁၁ ျပားကို တေဆာင္တည္း အတူေန ေနာက္ဆုံးႏွစ္ ႐ူပေဗဒေက်ာင္းသား ကိုထြန္းထြန္းနိုင္ (ခ) ခ်မ္းစြန္းထံမွ ဝယ္ယူခဲ့သည္ဟု ရဲတပ္ဖြဲ႕ထံ ထြက္ဆိုခဲ့သည္။

ယင္းထြက္ဆိုခ်က္ေၾကာင့္ အဆိုပါအေဆာင္ထဲမွ ကိုထြန္းထြန္းနိုင္ ရွိေနေသာ အခန္းသို႔ ရဲတပ္ဖြဲ႕က ဝင္ေရာက္ရွာေဖြခဲ့ရာ ကိုထြန္းထြန္းနိုင္ကို ေနာက္ဆုံးႏွစ္ ႐ူပေဗဒေက်ာင္းသား ကိုေအာင္ခ်မ္း၊ ပထမႏွစ္ ဘူမိေဗဒေက်ာင္းသား ကိုဉာဏ္ထက္ဦး၊ တတိယႏွစ္ ဘူမိေဗဒေက်ာင္းသာ ကိုေဝသူရတို႔ကို အတူေတြ႕ရွိခဲ့ၿပီး ၎တို႔အခန္း၏ ေလဝင္ေပါက္ အုတ္ခုံေပၚမွ အျပာေရာင္ ပလပ္စတစ္အိတ္ျဖင့္ထုတ္လွ်က္ WY ႏွင့္ R စာတမ္းပါ ပန္းေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၆ ျပားတို႔ကို ရွာေဖြေတြ႕ရွိခဲ့သည္။

ထိုအျပင္ ၎တို႔အခန္းအတြင္း ဘိန္းစာ႐ြက္မ်ား ထည့္က်ိဳထားေသာ ထမင္းေပါင္းအိုး ၁ လုံး၊ ဘိန္းစာ႐ြက္ႏွင့္ ေရာစပ္ေသာက္သုံးေသာ ေခ်ာင္းဆိုးေပ်ာက္ေဆးရည္ပုလင္း ၂ လုံး၊ အခ်ိဳရည္ ၁ ဗူးတို႔ကိုလည္း သိမ္းဆည္းရမိခဲ့သည္။

ယင္းမူးယစ္ေဆးဝါးအမႈျဖင့္ အဖမ္းခံရေသာ ကိုထြန္းလင္းဦး၊ ကိုသီဟထြန္း၊ ကိုထြန္းထြန္းနိုင္တို႔ကို မုပြန္နယ္ေျမရဲစခန္းတြင္ မယ (ပ) ၇/၂၀၁၈၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစတက္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆ (ဂ)/၂၀ (က)/၂၁ အရ အမႈဖြင့္ထားၿပီး ကိုထြန္းထြန္းနိုင္၊ ကိုေအာင္ခ်မ္း၊ ကိုဉာဏ္ထက္ဦး၊ ကိုေဝသူရတို႔ကို မယ (ပ) ၈/၂၀၁၈၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစတက္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၆ (ဂ)/၂၁ အရ အမႈဖြင့္ထားေၾကာင္း မုပြန္နယ္ေျမရဲစခန္းမွ စခန္းမႉးက ဆိုသည္။

မြန္ျပည္နယ္အတြင္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ ၾသဂုတ္လ လလယ္ပိုင္းအထိ မူးယစ္ေဆးဝါးႏွင့္ ပတ္သက္သည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားအမႈ ၁၉၉ မႈ၊ ICE အမႈ ၅ မႈ၊ ေဆးေျခာက္အမႈ ၃ မႈ၊ ဘိန္းစာ႐ြက္အမႈ ၆ မႈအပါဝင္ မူးယစ္ေဆးဝါးအမႈေပါင္း ၂၁၃ ထိရွိခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Irrawaddy

Unicode Version

မွန်ပြည်နယ်ရှိ မော်လမြိုင်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်မှ တက္ကသိုလ်ကျောင်းသား ၆ ဦးကို မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မူးယစ်ဆေးဝါး ဖမ်းဆီးရေးအထူးအဖွဲ့က သြဂုတ် ၁၉ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မူးယစ်ဆေးဝါးသတင်းများအရ ရဲတပ်ဖွဲ့ဝင်များက မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ တောင်ဝိုင်းရပ်၊ မော်လမြိုင်တက္ကသိုလ်အနီးရှိ ချောစုလွင် အမျိုးသား ဘော်ဒါအဆောင်ကို ဝင်ရောက်ရှာဖွေခဲ့စဉ် တက္ကသိုလ်ကျောင်းသားများထံမှ WY နှင့် R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

“အားလုံးက ချောစုလွင် အဆောင်မှာမိတာ၊ လာလည်တဲ့သူလည်းရှိတာပေါ၊ လေးယောက်က တနေရာ၊ နှစ်ယောက်က တနေရာမိတာ၊ အခန်းထဲမှာပဲမိတာ” ဟု မုပွန်နယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်ကျော်လင်းက ရှင်းပြသည်။

ချောစုလွင် အမျိုးသားဘော်ဒါ ၂ ထပ်ဆောင်မှ အောက်ထပ်ဝင်ပေါက်လှေခါး၏ ဝဲဘက်အခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေချိန် ဒုတိယနှစ် ကွန်ပျူတာကျောင်းသား ကိုသီဟထွန်း ဝတ်ဆင်ထားသော ရှပ်အင်္ကျီအိတ်ကပ်အတွင်းမှ အပြာရောင် ကြွပ်ကြွပ်အိတ် ပလပ်စတစ်အပိုင်းစဖြင့် ထုတ်ထားသော WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ခြမ်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မုပွန်နယ်မြေရဲစခန်းမှတ်တမ်းအရ သိရသည်။

ထိုနောက် အဆောင်အရှေ့တွင်ရပ်ထားသော ကိုသီဟထွန်း၏ဆိုင်ကယ်ကို ဆက်လက်စစ်ဆေးရာ ဆိုင်ကယ်ထိုင်ခုံအောက်မှ နေကြာစေ့အိတ်အတွင်း အပြာရောင်ကြွပ်ကြွပ်အိတ် အပိုင်းစဖြင့် ထုတ်ပိုးထားသော WY နှင့် R စာတမ်းပါသော လိမ္မောရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ ပြားကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုသီဟထွန်းနှင့်အတူ ပထမနှစ် ရူပဗေဒကျောင်းသား ကိုထွန်းလင်းဦးလည်း အတူရှိနေကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းများအရ သိရသည်။

မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးခံရသည့် ကိုထွန်းလင်းဦးနှင့် ကိုသီဟထွန်းတို့ကို စစ်ဆေးမေးမြန်းရာတွင် ယင်းမူးယစ်ဆေးဝါးများကို ၁ ပြားလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ဆေးပြား ၁၁ ပြားကို တဆောင်တည်း အတူနေ နောက်ဆုံးနှစ် ရူပဗေဒကျောင်းသား ကိုထွန်းထွန်းနိုင် (ခ) ချမ်းစွန်းထံမှ ဝယ်ယူခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့သည်။

ယင်းထွက်ဆိုချက်ကြောင့် အဆိုပါအဆောင်ထဲမှ ကိုထွန်းထွန်းနိုင် ရှိနေသော အခန်းသို့ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ကိုထွန်းထွန်းနိုင်ကို နောက်ဆုံးနှစ် ရူပဗေဒကျောင်းသား ကိုအောင်ချမ်း၊ ပထမနှစ် ဘူမိဗေဒကျောင်းသား ကိုဉာဏ်ထက်ဦး၊ တတိယနှစ် ဘူမိဗေဒကျောင်းသာ ကိုဝေသူရတို့ကို အတူတွေ့ရှိခဲ့ပြီး ၎င်းတို့အခန်း၏ လေဝင်ပေါက် အုတ်ခုံပေါ်မှ အပြာရောင် ပလပ်စတစ်အိတ်ဖြင့်ထုတ်လျှက် WY နှင့် R စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၆ ပြားတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုအပြင် ၎င်းတို့အခန်းအတွင်း ဘိန်းစာရွက်များ ထည့်ကျိုထားသော ထမင်းပေါင်းအိုး ၁ လုံး၊ ဘိန်းစာရွက်နှင့် ရောစပ်သောက်သုံးသော ချောင်းဆိုးပျောက်ဆေးရည်ပုလင်း ၂ လုံး၊ အချိုရည် ၁ ဗူးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ယင်းမူးယစ်ဆေးဝါးအမှုဖြင့် အဖမ်းခံရသော ကိုထွန်းလင်းဦး၊ ကိုသီဟထွန်း၊ ကိုထွန်းထွန်းနိုင်တို့ကို မုပွန်နယ်မြေရဲစခန်းတွင် မယ (ပ) ၇/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)/၂၀ (က)/၂၁ အရ အမှုဖွင့်ထားပြီး ကိုထွန်းထွန်းနိုင်၊ ကိုအောင်ချမ်း၊ ကိုဉာဏ်ထက်ဦး၊ ကိုဝေသူရတို့ကို မယ (ပ) ၈/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)/၂၁ အရ အမှုဖွင့်ထားကြောင်း မုပွန်နယ်မြေရဲစခန်းမှ စခန်းမှူးက ဆိုသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ လလယ်ပိုင်းအထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် စိတ်ကြွရူးသွပ်ဆေးပြားအမှု ၁၉၉ မှု၊ ICE အမှု ၅ မှု၊ ဆေးခြောက်အမှု ၃ မှု၊ ဘိန်းစာရွက်အမှု ၆ မှုအပါဝင် မူးယစ်ဆေးဝါးအမှုပေါင်း ၂၁၃ ထိရှိခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: The Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top