ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အရြယ္မေရာက္ေသးတဲ့ မိန္းကေလးေတြနဲ႔ မသန္စြမ္းမိန္းကေလးေတြအေပၚ မုဒိမ္းမႈက်ဴးလြန္သူေတြကို ေထာင္ထဲမွာ ေသတဲ့အထိ ျပစ္ဒဏ္ခ်ႏိုင္ဖို႔ အမ်ဳိးသားလႊတ္ေတာ္မွာ ဒီကေန႔ အဆိုတင္သြင္းလိုက္ပါတယ္။

အသက္ ၁၂ ႏွစ္ေအာက္ မိန္းကေလးေတြနဲ႔ မသန္စြမ္းသူ မိန္းကေလးကို မုဒိမ္းမႈက်ဳးလြန္သူေတြရဲ႕ ျပစ္ဒဏ္ဟာ လံုေလာက္တဲ့ အဟန္႔အတားမျဖစ္တဲ့အတြက္ အခုလို ရာဇာသတ္ႀကီးကို ဒုတိယအႀကိမ္ျပင္ဆင္တဲ့ ဥပေဒၾကမ္းအဆုိတင္သြင္းရတာလို႔ အဆုိရွင္ လႊတ္ေတာ္အမတ္ ဦးေအာင္သိန္းက ေျပာပါတယ္။

လက္ရွိ ရာဇာသတ္ႀကီးပုဒ္မ ၃၇၆ အရ မုဒိမ္းမႈေတြအတြက္ ျပစ္ဒဏ္ဟာ ေထာင္ဒဏ္ ႏွစ္ ၂ဝ ျဖစ္ေစ၊ ေထာင္ဒဏ္ ၁ဝ ႏွစ္ထိ ေထာင္ဒဏ္ တစ္မ်ဳိးမ်ဳိးျဖစ္ေစ ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တယ္လို႔ ျပ႒ာန္းထားပါတယ္။

အဆိုရွင္ လႊတ္ေတာ္အမတ္ ဦးေအာင္သိန္းက “သက္ငယ္မုဒိမ္းမႈေတြ က်ဳးလြန္သူေတြကို ေသဒဏ္ေပးဖို႔ ဆႏၵထုတ္ေဖာ္ေတာင္းဆုိေနေပမယ့္ ျပစ္ဒဏ္အရ မသန္စြမ္းသူ မိန္းကေလးကိုျဖစ္ေစ၊ အသက္ ၁၂ ႏွစ္ေအာက္ မိန္းကေလးကိုျဖစ္ေစ မုဒိမ္းမႈက်ဳးလြန္ သူေတြကို ေထာင္ဒဏ္ ႏွစ္ ၂ဝ သို႔မဟုတ္ ေထာင္ဒဏ္တစ္သက္(ေထာင္ထဲမွာဘဲ ေသသည္အထိ) ခ်မွတ္ႏိုင္ဖို႔ အဆိုတင္သြင္းတာျဖစ္ပါတယ္” လို႔ေျပာပါတယ္။

က်ဳးလြန္ခံရသူဟာ က်ဳးလြန္စဥ္ ေသဆံုးသြားခဲ့ရင္ မုဒိမ္းမႈက်ဴးလြန္သူအေနနဲ႔ လူသတ္မႈပုဒ္မနဲ႔ပါ ၿငိစြန္းတဲ့အတြက္ ေသဒဏ္ခ်မွတ္ခံရႏုိင္တယ္လို႔ ေျပာပါတယ္။

ျပည္ထဲေရးဝန္ႀကီးဌာနရဲ႕ ၂ဝ၁၇ ခုႏွစ္ ေဖေဖာ္ဝါရီလလယ္ထိ ထုတ္ျပန္တဲ့စာရင္းအရ ၁၆ ႏွစ္ေအာက္ မုဒိမ္းမႈ ဟာ ၂ဝ၁၆ ခုႏွစ္မွာ ၆၇၁ မႈ၊ ၂ဝ၁၇ ခုႏွစ္မွာ ၈၉၇ မႈ ရွိတယ္လို႔ သိရပါတယ္။ ၁၆ ႏွစ္အထက္ မုဒိမ္းမႈဟာ ၂ဝ၁၆ ခုႏွစ္မွာ ၄၂၉ မႈ၊ ၂ဝ၁၇ ခုႏွစ္မွာ ၅ဝဝ မႈရွိတယ္လို႔ သိရပါတယ္။

သက္ငယ္မုဒိမ္းမႈအမ်ားဆံုးျဖစ္တဲ့ ေဒသေတြကေတာ့ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ မႏၲေလးတုိင္းေဒသႀကီး၊ ပဲခူးတုိင္းေဒသႀကီးနဲ႔ စစ္ကိုင္းတုိင္း ေဒသႀကီးတို႔ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေနဲ့ မသန်စွမ်းမိန်းကလေးတွေအပေါ် မုဒိမ်းမှုကျူးလွန်သူတွေကို ထောင်ထဲမှာ သေတဲ့အထိ ပြစ်ဒဏ်ချနိုင်ဖို့ အမျိုးသားလွှတ်တော်မှာ ဒီကနေ့ အဆိုတင်သွင်းလိုက်ပါတယ်။

အသက် ၁၂ နှစ်အောက် မိန်းကလေးတွေနဲ့ မသန်စွမ်းသူ မိန်းကလေးကို မုဒိမ်းမှုကျုးလွန်သူတွေရဲ့ ပြစ်ဒဏ်ဟာ လုံလောက်တဲ့ အဟန့်အတားမဖြစ်တဲ့အတွက် အခုလို ရာဇာသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းအဆိုတင်သွင်းရတာလို့ အဆိုရှင် လွှတ်တော်အမတ် ဦးအောင်သိန်းက ပြောပါတယ်။

လက်ရှိ ရာဇာသတ်ကြီးပုဒ်မ ၃၇၆ အရ မုဒိမ်းမှုတွေအတွက် ပြစ်ဒဏ်ဟာ ထောင်ဒဏ် နှစ် ၂ဝ ဖြစ်စေ၊ ထောင်ဒဏ် ၁ဝ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အဆိုရှင် လွှတ်တော်အမတ် ဦးအောင်သိန်းက “သက်ငယ်မုဒိမ်းမှုတွေ ကျုးလွန်သူတွေကို သေဒဏ်ပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုနေပေမယ့် ပြစ်ဒဏ်အရ မသန်စွမ်းသူ မိန်းကလေးကိုဖြစ်စေ၊ အသက် ၁၂ နှစ်အောက် မိန်းကလေးကိုဖြစ်စေ မုဒိမ်းမှုကျုးလွန် သူတွေကို ထောင်ဒဏ် နှစ် ၂ဝ သို့မဟုတ် ထောင်ဒဏ်တစ်သက်(ထောင်ထဲမှာဘဲ သေသည်အထိ) ချမှတ်နိုင်ဖို့ အဆိုတင်သွင်းတာဖြစ်ပါတယ်” လို့ပြောပါတယ်။

ကျုးလွန်ခံရသူဟာ ကျုးလွန်စဉ် သေဆုံးသွားခဲ့ရင် မုဒိမ်းမှုကျူးလွန်သူအနေနဲ့ လူသတ်မှုပုဒ်မနဲ့ပါ ငြိစွန်းတဲ့အတွက် သေဒဏ်ချမှတ်ခံရနိုင်တယ်လို့ ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီလလယ်ထိ ထုတ်ပြန်တဲ့စာရင်းအရ ၁၆ နှစ်အောက် မုဒိမ်းမှု ဟာ ၂ဝ၁၆ ခုနှစ်မှာ ၆၇၁ မှု၊ ၂ဝ၁၇ ခုနှစ်မှာ ၈၉၇ မှု ရှိတယ်လို့ သိရပါတယ်။ ၁၆ နှစ်အထက် မုဒိမ်းမှုဟာ ၂ဝ၁၆ ခုနှစ်မှာ ၄၂၉ မှု၊ ၂ဝ၁၇ ခုနှစ်မှာ ၅ဝဝ မှုရှိတယ်လို့ သိရပါတယ်။

သက်ငယ်မုဒိမ်းမှုအများဆုံးဖြစ်တဲ့ ဒေသတွေကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top