ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျမတ္စြာဘုရားလက္ထက္ေတာ္က ရာဇၿဂိဳလ္ျပည္မွာ
“ေစ်းသည္အမ်ဳိးသမီး ေလးေယာက္”ရွိပါတယ္။
သူတုိ႔ေလးေယာက္မွာ လင္ေယာက္်ား နဲ႔
သားသမီးေတြလည္းကုိယ္စီရွိၾကပါတယ္။
သူတုိ႔က ေထာပတ္၊ပ်ားရည္၊ဆန္၊ဆီ၊ဆား
စသည္ေတြကုိေရာင္းၿပီး လင္ေယာက္်ားနဲ႔
သားသမီးေတြကုိ လုပ္ေကြၽးေနၾကတာပါ။

ဒါေပမယ့္ သူတုိ႔ေစ်းေရာင္းခ်မႈဟာ မွန္ကန္မႈမရွိပါဘူး။
အေလးခုိးသလုိ စဥ္းလဲေကာက္က်စ္တဲ့နည္းေတြနဲ႔လည္း
ေရာင္းေလ့ရွိပါတယ္။ေစ်းကုိလည္း ပံုမွန္ေစ်းထက္ ၊
ပုိပုိတင္ၿပီးေရာင္းတတ္ပါတယ္။
ဒီလုိေရာင္းတဲ့အတြက္ စီးပြါးေရးက
ခဏေလးေတြနဲ႔ တုိးတက္သြားၿပီး၊
ျခံႀကီးႀကီး ၊ အိမ္ႀကီးႀကီး ေတြနဲ႔ ျဖစ္သြားပါတယ္။

စီးပြားေရးေတြ အဆင္ေျပေနဆဲကာလမွာပဲ
ေစ်းသည္အမ်ဳိးသမီးေလးေယာက္ဟာ
အေၾကာင္းမယ္မယ္ရရမရွိဘဲနဲ႔ ေရွ႕ဆင့္၊ေနာက္ဆင့္
ကြယ္လြန္သြားၾကပါသတဲ့။

ကြယ္လြန္ၿပီး ဘယ္ေရာက္သြားသလဲဆုိေတာ့
ၿမိဳ႕က်ံဳးရဲ႕ အျပင္ဘက္နားမွာ “ၿပိတၱာမ”ေတြ သြားျဖစ္ပါသတဲ့။
ဒီေတာ့ လူ႔ျပည္မွာက်န္ခဲ့တဲ့ လင္ေယာက္်ားေလးေယာက္က
သူတုိ႔ဇနီးေတြကုိ လြမ္းေဆြးတမ္းတမေနၾကပါဘူး။

ကြယ္လြန္ၿပီးမၾကာခင္မွာဘဲ ယခင္ဇနီးေဟာင္းေတြထက္
ေခ်ာတဲ့ငယ္တဲ့ ဇနီးသစ္ကေလးေတြကုိ ကုိယ္စီေကာက္ယူလုိက္ၾကပါသတဲ့။
ၿပီးေတာ့ ဇနီးေဟာင္းေတြရွာခဲ့တဲ့ ပစၥည္းေတြကုိ
ဇနီးသစ္ကေလးေတြနဲ႔ ဒူးႏံွ႔ၿပီး သံုးေဆာင္ခံစားေနၾကပါသတဲ့။

ၿပိတၱာျဖစ္ေနတဲ့ ေစ်းသည္ မိန္းမေလးေယာက္ဟာ
သူတုိ႔ရွာေဖြခဲ့တဲ့ပစၥည္းေလးေတြကုိ ခင္ပြန္းေလာင္းနဲ႔ ေနာက္မိန္းမ က
ေပ်ာ္ေပ်ာ္ပါးပါးခံစားသံုးေဆာင္ေနၾကတာ
ေတြ႕ရေတာ့ ၿပိတၱာျဖစ္ေနလုိ႔ စိတ္ဆင္းရဲေနရတဲ့အထဲ၊
“လုပ္ရက္ေလျခင္း” ဆုိၿပီး ပုိစိတ္ဆင္းရဲသြားၾကပါသတဲ့။

ဒါေၾကာင့္ က်ံဳးအျပင္ဘက္ကေန
ၿမိဳ႕ထဲကလူေတြၾကားေအာင္ အသံဆုိးႀကီးေတြနဲ႔
လွမ္းလွမ္းေအာ္ပါေတာ့တယ္။

ဘယ္လုိေအာ္သလဲဆုိေတာ့…
●“ငါတုိ႔ဟာ လိမ္လည္ေကာက္က်စ္ၿပီး ေစ်းေရာင္းခဲ့တဲ့အတြက္
ၿပိတၱာမေတြျဖစ္ေနရတယ္။ငါတုိ႔ရွာခဲ့တဲ့ ပစၥည္းေတြကုိေတာ့
ခင္ပြန္းေဟာင္းေတြက ေနာက္မိန္းမငယ္ေလးေတြနဲ႔ ခံစားေပ်ာ္ပါးေနၾကတယ္။
ဥစၥာပစၥည္းရွာခဲ့တဲ့ ငါတုိ႔မွာေတာ့ ကုိယ္ရွာခဲ့တာမသံုးေဆာင္ရဘဲ၊
ဆင္းရဲဒုကၡမ်ဳိးစံုနဲ႔ ၾကံဳေနရတယ္”လုိ႔ေအာ္ၾကပါတယ္။

ညညဆုိ က်ံဳးအျပင္ဘက္ကေန အသံဆုိးႀကီးေတြနဲ႔ လွမ္းလွမ္းေအာ္ေနေတာ့ ၊ ၿမိဳ႕ထဲမွာေနၾကတဲ့သူေတြကထိတ္လန္႔ကုန္ပါတယ္။

ဒါေၾကာင့္ ျမတ္စြာဘုရားအမွဴးရွိတဲ့ သံဃာေတာ္ေတြကုိ
ပင့္ၿပီး ဆြမ္းကပ္၊ဆြမ္းကပ္ၿပီးတဲ့အခါက်ေတာ့
ျမတ္စြာဘုရားကုိ က်ံဳးအျပင္ဖက္က
လွမ္းလွမ္းေအာ္ေနၾကတဲ့အေၾကာင္း ေလွ်ာက္ျပၾကပါတယ္။

ဒီေတာ့ ျမတ္စြာဘုရားက“ဒကာတုိ႔ ဒီအသံေတြက သင္တုိ႔ကုိ
အႏၲရာယ္ျပဳမယ့္ အသံေတြ မဟုတ္ပါဘူး။ၿပိတၱာမေလးေယာက္
ဆင္းရဲျခင္းေတြ ႏွိပ္စက္ေနလုိ႔ေအာ္ေနၾကတာပါ။”လုိ႔မိန္႔ေတာ္မူၿပီး
ျဖစ္ေၾကာင္းကုန္စင္ကုိ ျမတ္စြာဘုရားက ျပန္ေဟာျပပါတယ္။

ျမတ္စြာဘုရားက တဆက္တည္းမွာ သစၥာေလးပါးကုိ
ဆက္ေဟာျပေပးပါတယ္။တရားဆံုးမွာေတာ့ တရားနာပရိသတ္ေတြ
ေသာတာပတၱိဖုိလ္စတဲ့ တရားထူးေတြရသြားၾကပါတယ္။
စာထဲမွာေတာ့ ေစ်းသည္ၿပိတၱာမေလးေယာက္ပါ
တရားထူးရသြားတယ္လုိ႔ျပမထားပါဘူး။
တျခားအဖြင့္ေတြမွာျပထားရင္ေတာ့ မေျပာတတ္ပါဘူး။
ဘာပဲေျပာေျပာ စဥ္းလဲေကာက္က်စ္တဲ့နည္းေတြနဲ႔
ေစ်းေရာင္းတဲ့အတြက္ ေသတဲ့အခါ
ၿပိတၱာျဖစ္သြားရတာကေတာ့ အမွန္ပါပဲ။

ဒီေခတ္ေတြမွာလည္းတစ္ခ်ဳိ႕ပုဂၢိဳလ္ ေတြဟာစဥ္းလဲေကာက္က်စ္တဲ့ နည္းမ်ဳိးစံုနဲ႔
ေစ်းေရာင္းေနၾကတာေတြရွိပါတယ္။“ကားကုိလိမ္ေရာင္းတာ၊
တီဗြီကုိလိမ္ေရာင္းတာ၊ထီကုိလိမ္ေရာင္းတာ၊ၾကက္သားကုိေရထုိးၿပီးေရာင္းတာ၊
ပဲေတြထဲကုိ ခဲထည့္ၿပီးေရာင္းတာ” စသည့္ျဖင့္အမ်ားႀကီးပါ။
အလိမ္ခံလုိက္ရတဲ့ စားသံုးသူေတြက သူတုိ႔ခံလုိက္ရတဲ့ အေၾကာင္းေတြ ေရးျပထားတဲ့စာေတြလည္းဂ်ာနယ္ေတြမွာ မၾကာခဏဖတ္ေနရပါတယ္။

တန္ဖုိးႀကီးတဲ့ ပစၥည္းေတြကုိ လိမ္ေရာင္းတဲ့သူေတြက
လိမ္ေရာင္းသလုိ ၊ တန္ဖုိးနည္းတဲ့ ပစၥည္းေတြကုိ
လိမ္ေရာင္းတဲ့သူေတြကလည္း လိမ္ေရာင္းေနၾကတာပါပဲ။

ဖရဲသီးေရာင္းတဲ့သူတစ္ေယာက္ဆုိရင္ေရခြက္ေလးထဲမွာ
ေဆးသၾကားေလးေတြထည့္ထားပါသတဲ့။
ဖရဲသီးလွီးတဲ့ဓားရဲ႕ဓားဦးေလးကုိ လည္း
ေဆးသၾကား ထည့္ထားတဲ့ ေရခြက္ေလးထဲ စုိက္ထားပါသတဲ့။

သာမန္အားျဖင့္ၾကည့္ရင္ ေရခြက္ထဲကုိ ဓားဦးေလးစုိက္ထားတဲ့
ပံုစံေလးပါ။ေစ်းဝယ္သူလာတဲ့အခါ ဖရဲသီးကုိ နမူနာ
ျမည္းၾကည့္ရေအာင္ ဆုိၿပီး ေဆးသၾကား တုိ႔ထားတဲ့ဓားဦးကေလးနဲ႔
လက္တစ္ဆစ္စာေလာက္ကေလး ဝုိက္လွီးၿပီး၊ေကြၽးပါသတဲ့။
ေစ်းဝယ္သူကလည္း“ဟယ္ …ခ်ဳိလုိက္တာ”ဆုိၿပီး ဝယ္သြားပါသတဲ့။
ဒါေလးက ၾကားဖူးတာပါ။

ေစ်းေရာင္းသူက ကုိယ္ေကာက္က်စ္လုိက္တာကုိေစ်းဝယ္သူ မသိဘူးဆုိၿပီး ကုိယ့္ကုိယ္ကုိယ္ေတာ့ဟုတ္လွၿပီ ထင္ေနမွာပါ။

ဒါေပမယ့္ က်န္တဲ့သူေတြတာ မသိရင္သာေနမယ္။
ေစ်းေရာင္းသူကုိယ္တုိင္ေတာ့ သိေနခဲ့ပါၿပီ။
ကုိယ့္ရဲ႕အျပဳအမူဟာ မဟုတ္မမွန္ဘူးဆုိတာလည္း
သိတယ္။ သိလ်က္နဲ႔လည္း ျပဳမူတယ္ဆုိတာ
ကုိယ္ရထားတဲ့ လူ႔ဘဝကုိ လံုးဝတန္ဖုိးမထားတာပါ။

ကံဆုိတာျပဳၿပီးရင္ေျမာက္သြားတာပါ။ဘာမွ ျပန္လုပ္လုိ႔ မရေတာ့ပါဘူး။
ေျမာက္သြားတဲ့ကံက အလကား ေနေတာ့မွာမဟုတ္ပါဘူး။
အခြင့္အခါသင့္တာနဲ႔ ျပန္အက်ဳိးေပးေတာ့မွာပါ။ေကာက္က်စ္စဥ္းလဲတဲ့
ကံေတြမ်ားရင္မ်ားသေလာက္အက်ဳိးေပးမွာပါ။
ကုိယ္က ျပဳၿပီး ၊စားေသာက္ၿပီး၊ ေမ့ခ်င္ေမ့ေနမယ္။ကံကေတာ့ မေမ့ပါဘူး။
အခ်ိန္တန္ရင္ သူ႔အလုပ္သူလုပ္မွာပါ။

အထက္မွာ ေကာက္က်စ္စဥ္းလဲစြာ ေစ်းေရာင္းခဲ့တဲ့
ဝတၳဳေလးျပခဲ့လုိ႔ ေကာက္က်စ္စဥ္းလဲတဲ့အေၾကာင္းေတြ
ေျပာေနရတာပါ။မွန္မွန္ကန္ကန္နဲ႔ ေမတၱာေစတနာအျပည့္နဲ႔
ေစ်းေရာင္းေနၾကတဲ့ ေစ်းသည္ေတြလည္းအမ်ားႀကီးပါ။

ကုိယ္ကမွန္မွန္ကန္ကန္ ေရာင္းခဲ့တဲ့အတြက္၊ေမတၱာေစတနာထား
ေရာင္းခဲ့တဲ့အတြက္၊ကုိယ္ျပဳခဲ့တဲ့ကံကလည္းအလကားေနမွာမဟုတ္ပါဘူး။
သူ႔အက်ဳိးအားေလ်ာ္စြာ တုန္႔ျပန္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: bomgsaw
Unicode Version

မြတ်စွာဘုရားလက်ထက်တော်က ရာဇဂြိုလ်ပြည်မှာ
“ဈေးသည်အမျိုးသမီး လေးယောက်”ရှိပါတယ်။
သူတို့လေးယောက်မှာ လင်ယောက်ျား နဲ့
သားသမီးတွေလည်းကိုယ်စီရှိကြပါတယ်။
သူတို့က ထောပတ်၊ပျားရည်၊ဆန်၊ဆီ၊ဆား
စသည်တွေကိုရောင်းပြီး လင်ယောက်ျားနဲ့
သားသမီးတွေကို လုပ်ကျွေးနေကြတာပါ။

ဒါပေမယ့် သူတို့ဈေးရောင်းချမှုဟာ မှန်ကန်မှုမရှိပါဘူး။
အလေးခိုးသလို စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့လည်း
ရောင်းလေ့ရှိပါတယ်။ဈေးကိုလည်း ပုံမှန်ဈေးထက် ၊
ပိုပိုတင်ပြီးရောင်းတတ်ပါတယ်။
ဒီလိုရောင်းတဲ့အတွက် စီးပွါးရေးက
ခဏလေးတွေနဲ့ တိုးတက်သွားပြီး၊
ခြံကြီးကြီး ၊ အိမ်ကြီးကြီး တွေနဲ့ ဖြစ်သွားပါတယ်။

စီးပွားရေးတွေ အဆင်ပြေနေဆဲကာလမှာပဲ
ဈေးသည်အမျိုးသမီးလေးယောက်ဟာ
အကြောင်းမယ်မယ်ရရမရှိဘဲနဲ့ ရှေ့ဆင့်၊နောက်ဆင့်
ကွယ်လွန်သွားကြပါသတဲ့။

ကွယ်လွန်ပြီး ဘယ်ရောက်သွားသလဲဆိုတော့
မြို့ကျုံးရဲ့ အပြင်ဘက်နားမှာ “ပြိတ္တာမ”တွေ သွားဖြစ်ပါသတဲ့။
ဒီတော့ လူ့ပြည်မှာကျန်ခဲ့တဲ့ လင်ယောက်ျားလေးယောက်က
သူတို့ဇနီးတွေကို လွမ်းဆွေးတမ်းတမနေကြပါဘူး။

ကွယ်လွန်ပြီးမကြာခင်မှာဘဲ ယခင်ဇနီးဟောင်းတွေထက်
ချောတဲ့ငယ်တဲ့ ဇနီးသစ်ကလေးတွေကို ကိုယ်စီကောက်ယူလိုက်ကြပါသတဲ့။
ပြီးတော့ ဇနီးဟောင်းတွေရှာခဲ့တဲ့ ပစ္စည်းတွေကို
ဇနီးသစ်ကလေးတွေနဲ့ ဒူးနံှ့ပြီး သုံးဆောင်ခံစားနေကြပါသတဲ့။

ပြိတ္တာဖြစ်နေတဲ့ ဈေးသည် မိန်းမလေးယောက်ဟာ
သူတို့ရှာဖွေခဲ့တဲ့ပစ္စည်းလေးတွေကို ခင်ပွန်းလောင်းနဲ့ နောက်မိန်းမ က
ပျော်ပျော်ပါးပါးခံစားသုံးဆောင်နေကြတာ
တွေ့ရတော့ ပြိတ္တာဖြစ်နေလို့ စိတ်ဆင်းရဲနေရတဲ့အထဲ၊
“လုပ်ရက်လေခြင်း” ဆိုပြီး ပိုစိတ်ဆင်းရဲသွားကြပါသတဲ့။

ဒါကြောင့် ကျုံးအပြင်ဘက်ကနေ
မြို့ထဲကလူတွေကြားအောင် အသံဆိုးကြီးတွေနဲ့
လှမ်းလှမ်းအော်ပါတော့တယ်။

ဘယ်လိုအော်သလဲဆိုတော့…
●“ငါတို့ဟာ လိမ်လည်ကောက်ကျစ်ပြီး ဈေးရောင်းခဲ့တဲ့အတွက်
ပြိတ္တာမတွေဖြစ်နေရတယ်။ငါတို့ရှာခဲ့တဲ့ ပစ္စည်းတွေကိုတော့
ခင်ပွန်းဟောင်းတွေက နောက်မိန်းမငယ်လေးတွေနဲ့ ခံစားပျော်ပါးနေကြတယ်။
ဥစ္စာပစ္စည်းရှာခဲ့တဲ့ ငါတို့မှာတော့ ကိုယ်ရှာခဲ့တာမသုံးဆောင်ရဘဲ၊
ဆင်းရဲဒုက္ခမျိုးစုံနဲ့ ကြုံနေရတယ်”လို့အော်ကြပါတယ်။

ညညဆို ကျုံးအပြင်ဘက်ကနေ အသံဆိုးကြီးတွေနဲ့ လှမ်းလှမ်းအော်နေတော့ ၊ မြို့ထဲမှာနေကြတဲ့သူတွေကထိတ်လန့်ကုန်ပါတယ်။

ဒါကြောင့် မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို
ပင့်ပြီး ဆွမ်းကပ်၊ဆွမ်းကပ်ပြီးတဲ့အခါကျတော့
မြတ်စွာဘုရားကို ကျုံးအပြင်ဖက်က
လှမ်းလှမ်းအော်နေကြတဲ့အကြောင်း လျှောက်ပြကြပါတယ်။

ဒီတော့ မြတ်စွာဘုရားက“ဒကာတို့ ဒီအသံတွေက သင်တို့ကို
အန္တရာယ်ပြုမယ့် အသံတွေ မဟုတ်ပါဘူး။ပြိတ္တာမလေးယောက်
ဆင်းရဲခြင်းတွေ နှိပ်စက်နေလို့အော်နေကြတာပါ။”လို့မိန့်တော်မူပြီး
ဖြစ်ကြောင်းကုန်စင်ကို မြတ်စွာဘုရားက ပြန်ဟောပြပါတယ်။

မြတ်စွာဘုရားက တဆက်တည်းမှာ သစ္စာလေးပါးကို
ဆက်ဟောပြပေးပါတယ်။တရားဆုံးမှာတော့ တရားနာပရိသတ်တွေ
သောတာပတ္တိဖိုလ်စတဲ့ တရားထူးတွေရသွားကြပါတယ်။
စာထဲမှာတော့ ဈေးသည်ပြိတ္တာမလေးယောက်ပါ
တရားထူးရသွားတယ်လို့ပြမထားပါဘူး။
တခြားအဖွင့်တွေမှာပြထားရင်တော့ မပြောတတ်ပါဘူး။
ဘာပဲပြောပြော စဉ်းလဲကောက်ကျစ်တဲ့နည်းတွေနဲ့
ဈေးရောင်းတဲ့အတွက် သေတဲ့အခါ
ပြိတ္တာဖြစ်သွားရတာကတော့ အမှန်ပါပဲ။

ဒီခေတ်တွေမှာလည်းတစ်ချို့ပုဂ္ဂိုလ် တွေဟာစဉ်းလဲကောက်ကျစ်တဲ့ နည်းမျိုးစုံနဲ့
ဈေးရောင်းနေကြတာတွေရှိပါတယ်။“ကားကိုလိမ်ရောင်းတာ၊
တီဗွီကိုလိမ်ရောင်းတာ၊ထီကိုလိမ်ရောင်းတာ၊ကြက်သားကိုရေထိုးပြီးရောင်းတာ၊
ပဲတွေထဲကို ခဲထည့်ပြီးရောင်းတာ” စသည့်ဖြင့်အများကြီးပါ။
အလိမ်ခံလိုက်ရတဲ့ စားသုံးသူတွေက သူတို့ခံလိုက်ရတဲ့ အကြောင်းတွေ ရေးပြထားတဲ့စာတွေလည်းဂျာနယ်တွေမှာ မကြာခဏဖတ်နေရပါတယ်။

တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို လိမ်ရောင်းတဲ့သူတွေက
လိမ်ရောင်းသလို ၊ တန်ဖိုးနည်းတဲ့ ပစ္စည်းတွေကို
လိမ်ရောင်းတဲ့သူတွေကလည်း လိမ်ရောင်းနေကြတာပါပဲ။

ဖရဲသီးရောင်းတဲ့သူတစ်ယောက်ဆိုရင်ရေခွက်လေးထဲမှာ
ဆေးသကြားလေးတွေထည့်ထားပါသတဲ့။
ဖရဲသီးလှီးတဲ့ဓားရဲ့ဓားဦးလေးကို လည်း
ဆေးသကြား ထည့်ထားတဲ့ ရေခွက်လေးထဲ စိုက်ထားပါသတဲ့။

သာမန်အားဖြင့်ကြည့်ရင် ရေခွက်ထဲကို ဓားဦးလေးစိုက်ထားတဲ့
ပုံစံလေးပါ။ဈေးဝယ်သူလာတဲ့အခါ ဖရဲသီးကို နမူနာ
မြည်းကြည့်ရအောင် ဆိုပြီး ဆေးသကြား တို့ထားတဲ့ဓားဦးကလေးနဲ့
လက်တစ်ဆစ်စာလောက်ကလေး ဝိုက်လှီးပြီး၊ကျွေးပါသတဲ့။
ဈေးဝယ်သူကလည်း“ဟယ် …ချိုလိုက်တာ”ဆိုပြီး ဝယ်သွားပါသတဲ့။
ဒါလေးက ကြားဖူးတာပါ။

ဈေးရောင်းသူက ကိုယ်ကောက်ကျစ်လိုက်တာကိုဈေးဝယ်သူ မသိဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ်တော့ဟုတ်လှပြီ ထင်နေမှာပါ။

ဒါပေမယ့် ကျန်တဲ့သူတွေတာ မသိရင်သာနေမယ်။
ဈေးရောင်းသူကိုယ်တိုင်တော့ သိနေခဲ့ပါပြီ။
ကိုယ့်ရဲ့အပြုအမူဟာ မဟုတ်မမှန်ဘူးဆိုတာလည်း
သိတယ်။ သိလျက်နဲ့လည်း ပြုမူတယ်ဆိုတာ
ကိုယ်ရထားတဲ့ လူ့ဘဝကို လုံးဝတန်ဖိုးမထားတာပါ။

ကံဆိုတာပြုပြီးရင်မြောက်သွားတာပါ။ဘာမှ ပြန်လုပ်လို့ မရတော့ပါဘူး။
မြောက်သွားတဲ့ကံက အလကား နေတော့မှာမဟုတ်ပါဘူး။
အခွင့်အခါသင့်တာနဲ့ ပြန်အကျိုးပေးတော့မှာပါ။ကောက်ကျစ်စဉ်းလဲတဲ့
ကံတွေများရင်များသလောက်အကျိုးပေးမှာပါ။
ကိုယ်က ပြုပြီး ၊စားသောက်ပြီး၊ မေ့ချင်မေ့နေမယ်။ကံကတော့ မမေ့ပါဘူး။
အချိန်တန်ရင် သူ့အလုပ်သူလုပ်မှာပါ။

အထက်မှာ ကောက်ကျစ်စဉ်းလဲစွာ ဈေးရောင်းခဲ့တဲ့
ဝတ္ထုလေးပြခဲ့လို့ ကောက်ကျစ်စဉ်းလဲတဲ့အကြောင်းတွေ
ပြောနေရတာပါ။မှန်မှန်ကန်ကန်နဲ့ မေတ္တာစေတနာအပြည့်နဲ့
ဈေးရောင်းနေကြတဲ့ ဈေးသည်တွေလည်းအများကြီးပါ။

ကိုယ်ကမှန်မှန်ကန်ကန် ရောင်းခဲ့တဲ့အတွက်၊မေတ္တာစေတနာထား
ရောင်းခဲ့တဲ့အတွက်၊ကိုယ်ပြုခဲ့တဲ့ကံကလည်းအလကားနေမှာမဟုတ်ပါဘူး။
သူ့အကျိုးအားလျော်စွာ တုန့်ပြန်မှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: bomgsaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top