ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျပစ္မႈေပါင္းမ်ားစြာနဲ႔ ထြက္ေျပးတိမ္းေရွာင္ေနၿပီး ဂ်က္ေလယာဥ္ပိုင္ဆိုင္တဲ့ နာမည္ႀကီး ဝရမ္းေျပး ထိုင္းဘုန္းႀကီးကို တရား႐ုံးက ဒီကေန႔မွာ ေထာင္ဒဏ္ ၁၁၄ ႏွစ္ ခ်မွတ္လိုက္ပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ ဝီရပိုလ္ ဆြတ္ခ္ဖိုးလ္ အမည္ရတဲ့ အဲဒီဘုန္းႀကီးကို တရား႐ုံးေပါင္း ၄၂ ခုက စြဲခ်က္တင္ထားၿပီး တရားမဝင္ ေငြေၾကးခဝါခ်မႈနဲ႔ လူေပါင္း ၂၉ ဦးဆီက ဘတ္ေငြ ၂၈ သန္းထက္မနည္း လိမ္လည္ရယူခဲ့တာကို စစ္ေဆးေတြ႔ရွိတယ္လို႔ ရာဇဝတ္ျပစ္မႈဆိုင္ရာ တရား႐ုံးက ဆိုပါတယ္။

သူဟာ အဲဒီေငြေတြအားလံုးကို ျပန္ေပးသြားရမွာျဖစ္ၿပီး တျခား လိင္ပိုင္းဆိုင္ရာ ျပစ္မႈေတြအတြက္လည္း အေရးယူခံရမွာ ျဖစ္ပါတယ္။

ဝီရပိုလ္ ဆြတ္ခ္ဖိုးလ္ဟာ ၂ဝ၁၃ ခုႏွစ္က ကိုယ္ပိုင္ဂ်က္ေလယာဥ္စီးကာ တန္ဖိုးႀကီးမားတဲ့ နာမည္ႀကီး လက္ကိုင္အိတ္ေတြ၊ ေနကာမ်က္မွန္ေတြ ကိုင္ေဆာင္သံုးစြဲတာ၊ ဇိမ္ခံကားေပါင္း ေျမာက္ျမားစြာနဲ႔ ေျမအေျမာက္အျမား ပိုင္ဆိုင္မႈေတြေၾကာင့္ နာမည္ပ်က္နဲ႔ ေက်ာ္ၾကားခဲ့တာပါ။

ဒါ့အျပင္ အရြယ္မေရာက္ေသးတဲ့ မိန္းကေလးငယ္တဦးကို ျပန္ေပးဆြဲၿပီး လိင္ဆက္ဆံခဲ့တဲ့အတြက္ သံဃာအျဖစ္ကေန လူဝတ္လဲခံခဲ့ရၿပီးေနာက္ အေမရိကန္ႏိုင္ငံကို ထြက္ေျပးသြားခဲ့တာပါ။

အဲဒီေနာက္ ထုိင္းအစိုးရက သူ႔ကို အရြယ္မေရာက္ေသးတဲ့ ကေလးသူငယ္ မဖြယ္မရာျပဳက်င့္မႈ၊ ကေလးျပန္ေပးဆြဲမႈ၊ ေငြေၾကးခဝါခ်မႈ၊ ကြန္ပဴ်တာအင္တာနက္ အလြဲသုံးစားမႈ စတဲ့အမႈေတြနဲ႔ စြဲခ်က္တင္ထားခဲ့ၿပီး ဖမ္းဝရမ္းထုတ္ထားခဲ့တာ ျဖစ္ပါတယ္။

ေနာက္ပိုင္းမွာေတာ့ သူ႔ကို အေမရိကန္အာဏာပိုင္ေတြက ဖမ္းမိခဲ့ၿပီး ထုိင္းႏိုင္ငံဆီ ျပန္လည္လႊဲေျပာင္းေပးခဲ့တာ ျဖစ္ပါတယ္။

သူ႔မွာ တန္ဖိုးႀကီး Porsche ကား အပါအဝင္ ကား ၁၀ စီးေလာက္ရွိေနခဲ့ၿပီး လက္ရွိမွာေတာ့ သူပိုင္ဆိုင္တဲ့ ေငြေၾကးတန္ဖိုး ဘတ္ေငြ ၄၃ သန္းကိုလည္း သိမ္းယူခဲ့ၿပီျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ပြစ်မှုပေါင်းများစွာနဲ့ ထွက်ပြေးတိမ်းရှောင်နေပြီး ဂျက်လေယာဉ်ပိုင်ဆိုင်တဲ့ နာမည်ကြီး ဝရမ်းပြေး ထိုင်းဘုန်းကြီးကို တရားရုံးက ဒီကနေ့မှာ ထောင်ဒဏ် ၁၁၄ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ဝီရပိုလ် ဆွတ်ခ်ဖိုးလ် အမည်ရတဲ့ အဲဒီဘုန်းကြီးကို တရားရုံးပေါင်း ၄၂ ခုက စွဲချက်တင်ထားပြီး တရားမဝင် ငွေကြေးခဝါချမှုနဲ့ လူပေါင်း ၂၉ ဦးဆီက ဘတ်ငွေ ၂၈ သန်းထက်မနည်း လိမ်လည်ရယူခဲ့တာကို စစ်ဆေးတွေ့ရှိတယ်လို့ ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးက ဆိုပါတယ်။

သူဟာ အဲဒီငွေတွေအားလုံးကို ပြန်ပေးသွားရမှာဖြစ်ပြီး တခြား လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေအတွက်လည်း အရေးယူခံရမှာ ဖြစ်ပါတယ်။

ဝီရပိုလ် ဆွတ်ခ်ဖိုးလ်ဟာ ၂ဝ၁၃ ခုနှစ်က ကိုယ်ပိုင်ဂျက်လေယာဉ်စီးကာ တန်ဖိုးကြီးမားတဲ့ နာမည်ကြီး လက်ကိုင်အိတ်တွေ၊ နေကာမျက်မှန်တွေ ကိုင်ဆောင်သုံးစွဲတာ၊ ဇိမ်ခံကားပေါင်း မြောက်မြားစွာနဲ့ မြေအမြောက်အမြား ပိုင်ဆိုင်မှုတွေကြောင့် နာမည်ပျက်နဲ့ ကျော်ကြားခဲ့တာပါ။

ဒါ့အပြင် အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တဦးကို ပြန်ပေးဆွဲပြီး လိင်ဆက်ဆံခဲ့တဲ့အတွက် သံဃာအဖြစ်ကနေ လူဝတ်လဲခံခဲ့ရပြီးနောက် အမေရိကန်နိုင်ငံကို ထွက်ပြေးသွားခဲ့တာပါ။

အဲဒီနောက် ထိုင်းအစိုးရက သူ့ကို အရွယ်မရောက်သေးတဲ့ ကလေးသူငယ် မဖွယ်မရာပြုကျင့်မှု၊ ကလေးပြန်ပေးဆွဲမှု၊ ငွေကြေးခဝါချမှု၊ ကွန်ပူျတာအင်တာနက် အလွဲသုံးစားမှု စတဲ့အမှုတွေနဲ့ စွဲချက်တင်ထားခဲ့ပြီး ဖမ်းဝရမ်းထုတ်ထားခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ကို အမေရိကန်အာဏာပိုင်တွေက ဖမ်းမိခဲ့ပြီး ထိုင်းနိုင်ငံဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

သူ့မှာ တန်ဖိုးကြီး Porsche ကား အပါအဝင် ကား ၁၀ စီးလောက်ရှိနေခဲ့ပြီး လက်ရှိမှာတော့ သူပိုင်ဆိုင်တဲ့ ငွေကြေးတန်ဖိုး ဘတ်ငွေ ၄၃ သန်းကိုလည်း သိမ်းယူခဲ့ပြီဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top