ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ကေလးျမိဳ႕တြင္ အစိုးရတာဝန္ထမ္းေဆာင္စဥ္ ျဖစ္၏။
တာဝန္အရ ေစာ္ဘြားေရရွင္ဆိုေသာ ခ်င္းလူမ်ိဳးမ်ားေနထိုင္ရာ
ရြာေလးတြင္ (၃)လႀကာ ေနထိုင္ခဲ႔ရာ ခ်င္းအမ်ိဳးသမီးမ်ား မီးယပ္ ေသြးခ်ဳပ္ျခင္း၊မီးယပ္ငုတ္ျခင္းျဖစ္သည္ႏွင့္နာနတ္ရြက္ကို ထုေထာင္းျပီး သတၱဳရည္ကိုေသာက္ႀကသည္ကို ေလ့လာမွတ္သားဖူးသည္။

ထိုေဒသရွိခ်င္းလူမ်ိဳးမ်ား သည္နာနတ္သီးကို စီးပြားျဖစ္စိုက္ႀကျပီး အားကိုးဖြယ္ရာေဆးရြက္ကဲ႔သို႔ နာနတ္ရြက္ကို တန္ဖိုးထားႀကသည္။အမ်ိဳးသမီးမ်ားမီးယပ္ေသြးကိုမွန္ကန္ ေစသည္ဟု လည္းဆိုပါသည္။

နာနတ္ပင္ဟာေဆးဖက္၀င္ပါသည္ယေန႔ေခတ္ ကာလမွာ နာနတ္သီးရဲ႕ ေဆးစြမ္းထက္ျမက္ပံုကို သိပၸံနည္းက်သုေတသနျပဳေနၾကတဲ႔ သတင္းမ်ား လည္းရွိေနပါသည္

တိုင္းရင္းေဆးဖက္၀င္တဲ႔ နာနတ္ပင္၏နာနတ္ရြက္ေလးတစ္ရြက္နဲ႔တင္ လူအမ်ား အတြက္ ေဆးအသံုး၀င္ပံုေလးကို တင္ျပလိုပါသည္

လြယ္လြယ္ကူကူနဲ႔ လိုသူတိုင္းအသံုးျပဳနိုင္ေစရန္ ရည္ရြယ္ပါသည္

(၁) နာနတ္ရြက္(၁)ရြက္ကို ထုေထာင္းျပီးညွစ္ရည္(သတၱဳရည္) ဟင္းခပ္ဇြန္း(၁)ဇြန္းကို သၾကားထည့္ျပီး ေသာက္ေပးပါက ၾကိဳ႕ထိုးျခင္းေပ်ာက္ကင္းေစပါသည္

(၂) ဒါတင္မကပါဘူး။ အမ်ိဳးသမီးမ်ား မီးယပ္ ေသြးခ်ဳပ္ျခင္း၊မီးယပ္ငုတ္ျခင္းကို ဖယ္ရွားေပးကာ မီးယပ္ေသြးကိုမွန္ကန္ေစပါသည္

(၃) ကေလးေတြအတြက္ အရြက္ညွစ္ရည္ကို လက္ဖက္ရည္ဇြန္း(၂)ဇြန္းေလာက္တိုက္ေပးပါက ၀မ္းတြင္းကသန္ေကာင္ေတြကို ေသေစပါသည္

(၄) အလွအပက်န္းမာေရးအတြက္ လူအေတာ္မ်ားမ်ား စိတ္ညစ္ၾကရတဲ႔ ဥိးေခါင္းကသန္း၊ေဗာက္၊အနာအဆာ မ်ားကို ေခါင္းေလ်ာ္ရည္ထဲနာနတ္ရြက္ထုေခ်ေရာစပ္ျပီး ေလွ်ာ္ေပးလိုက္ျခင္းျဖင့္ ေပ်ာက္ကင္းေစပါသည္
စမ္းသပ္ျပီးလည္း ေလ်ွာ္ဖူးပါသည္
ဒါျပင္ဆံပင္ကိုလည္းေပ်ာ့ေပ်ာင္းေစပါသည္

(၅) ေနာက္တစ္ခ်က္ကေတာ့ ဇက္ေၾကာတက္ သူေတြ၊အေညာင္းအညာသမားေတြ ညအိပ္ရာ၀င္ခ်ိန္ နာနတ္ရြက္ကိုထုေခ်ကာ ဆားနဲ႔ ေရာျပီးေျခေထာက္ကို ပြတ္ေပးပါ။ျပီးမွေရေလာင္းပါ။ အံဖြယ္ အပူေတြထြက္လို႔ အေညာင္းအညာဇက္ေၾကာတက္တာေတြ သက္သာေပ်ာက္ကင္းသြားမွာျဖစ္ပါေတာ့သည္။

နာနတ္ရြက္ေလး(၁)ရြက္ကို တန္ဖိုးရွိရွိ အက်ိဳးသိစြာသံုးနိုင္ၾကပါေစ….

စာကိုး
အိမ္တြင္းတိုင္းရင္းေဆးသမားေတာ္

လိုသူယူသံုးေစတနာအျပံဳးျဖင့္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရဲမ်ိဳးသူ(ေဗာဓိျမိဳင္)
# Unicode Version ျဖင့္ ဖတ္ပါ #
ကလေးမြို့တွင် အစိုးရတာဝန်ထမ်းဆောင်စဉ် ဖြစ်၏။
တာဝန်အရ စော်ဘွားရေရှင်ဆိုသော ချင်းလူမျိုးများနေထိုင်ရာ
ရွာလေးတွင် (၃)လကြာ နေထိုင်ခဲ့ရာ ချင်းအမျိုးသမီးများ မီးယပ် သွေးချုပ်ခြင်း၊မီးယပ်ငုတ်ခြင်းဖြစ်သည်နှင့်နာနတ်ရွက်ကို ထုထောင်းပြီး သတ္တုရည်ကိုသောက်ကြသည်ကို လေ့လာမှတ်သားဖူးသည်။

ထိုဒေသရှိချင်းလူမျိုးများ သည်နာနတ်သီးကို စီးပွားဖြစ်စိုက်ကြပြီး အားကိုးဖွယ်ရာဆေးရွက်ကဲ့သို့ နာနတ်ရွက်ကို တန်ဖိုးထားကြသည်။အမျိုးသမီးများမီးယပ်သွေးကိုမှန်ကန် စေသည်ဟု လည်းဆိုပါသည်။

နာနတ်ပင်ဟာဆေးဖက်ဝင်ပါသည်ယနေ့ခေတ် ကာလမှာ နာနတ်သီးရဲ့ ဆေးစွမ်းထက်မြက်ပုံကို သိပ္ပံနည်းကျသုတေသနပြုနေကြတဲ့ သတင်းများ လည်းရှိနေပါသည်

တိုင်းရင်းဆေးဖက်ဝင်တဲ့ နာနတ်ပင်၏နာနတ်ရွက်လေးတစ်ရွက်နဲ့တင် လူအများ အတွက် ဆေးအသုံးဝင်ပုံလေးကို တင်ပြလိုပါသည်

လွယ်လွယ်ကူကူနဲ့ လိုသူတိုင်းအသုံးပြုနိုင်စေရန် ရည်ရွယ်ပါသည်

(၁) နာနတ်ရွက်(၁)ရွက်ကို ထုထောင်းပြီးညှစ်ရည်(သတ္တုရည်) ဟင်းခပ်ဇွန်း(၁)ဇွန်းကို သကြားထည့်ပြီး သောက်ပေးပါက ကြို့ထိုးခြင်းပျောက်ကင်းစေပါသည်

(၂) ဒါတင်မကပါဘူး။ အမျိုးသမီးများ မီးယပ် သွေးချုပ်ခြင်း၊မီးယပ်ငုတ်ခြင်းကို ဖယ်ရှားပေးကာ မီးယပ်သွေးကိုမှန်ကန်စေပါသည်

(၃) ကလေးတွေအတွက် အရွက်ညှစ်ရည်ကို လက်ဖက်ရည်ဇွန်း(၂)ဇွန်းလောက်တိုက်ပေးပါက ဝမ်းတွင်းကသန်ကောင်တွေကို သေစေပါသည်

(၄) အလှအပကျန်းမာရေးအတွက် လူအတော်များများ စိတ်ညစ်ကြရတဲ့ ဥိးခေါင်းကသန်း၊ဗောက်၊အနာအဆာ များကို ခေါင်းလျော်ရည်ထဲနာနတ်ရွက်ထုချေရောစပ်ပြီး လျှော်ပေးလိုက်ခြင်းဖြင့် ပျောက်ကင်းစေပါသည်
စမ်းသပ်ပြီးလည်း လျှော်ဖူးပါသည်
ဒါပြင်ဆံပင်ကိုလည်းပျော့ပျောင်းစေပါသည်

(၅) နောက်တစ်ချက်ကတော့ ဇက်ကြောတက် သူတွေ၊အညောင်းအညာသမားတွေ ညအိပ်ရာဝင်ချိန် နာနတ်ရွက်ကိုထုချေကာ ဆားနဲ့ ရောပြီးခြေထောက်ကို ပွတ်ပေးပါ။ပြီးမှရေလောင်းပါ။ အံဖွယ် အပူတွေထွက်လို့ အညောင်းအညာဇက်ကြောတက်တာတွေ သက်သာပျောက်ကင်းသွားမှာဖြစ်ပါတော့သည်။

နာနတ်ရွက်လေး(၁)ရွက်ကို တန်ဖိုးရှိရှိ အကျိုးသိစွာသုံးနိုင်ကြပါစေ….

စာကိုး
အိမ်တွင်းတိုင်းရင်းဆေးသမားတော်

လိုသူယူသုံးစေတနာအပြုံးဖြင့်

ဖိုးသူတော် (www.phothutaw.com)
Credit: ရဲမျိုးသူ(ဗောဓိမြိုင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top