ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×















3.8.2018 မှာ က​လေးရဲ့ အထူးကုဆရာဝန်​နဲ့ သွားပီး airlines က​တော့ ဒီလို​ပေးလိုက်​ပါတယ်​ဆိုပီး form နဲ့ပတ်​သက်​ပီး ဆရာ အကူအညီ​ပေးနိုင်မလားဆိုပီးေ​မးခဲ့တယ်​ သူမ​ရေး​​ပေးနိုင်​​ဘူး သူတာဝန်မယူနိုင်ဘူးဆိုပီး ပစ်​စလက်​ခက်​ ​ပြောခဲ့ပါတယ်​ (ဒီ patient က တခြားသူနဲ့ပြပီး ခုမှသူ့ကို သက်​သက်​လာအကူအညီ​တောင်းတာလဲမဟုတ်​ဘူး)သူတင်​မဟုတ်​ဘူး ဘယ်​ဆရာဝန်​မှ တာဝန်​မယူနိုင်​တဲ့အ​ကြောင်း​ပြောခဲ့တယ်







Credit: maymyat su
# Unicode version ဖြင့် ဖတ်ပါ #
14.2.2018 မှာ ကလေးကို အပြင်အထူးကုဆေးခန်းမှာ ခွဲမွေးခဲ့တယ် မွေးပီးပီးချင်း ခွဲခန်းထဲက ထွက်လာတဲ့ အချိန်မှာ ကလေးကို မြင်ရတာ နှုတ်ခမ်းပြာပြာလေး

အဲ့ထိ ဆေးခန်းက ဆရာဝန်တွေက ကလေးမှာ မွေးရာပါ ရောဂါပါလာတယ်ဆိုတာ တယောက်မှမပြောခဲ့ပါ ဘူး.

ကလေးကို မိခင်နဲ့ လာပို့ထားတယ် နောက်တရက်မှာ ကလေးဆရာဝန်ရောက်လာကြည့်တယ် ရောဂါနဲ့ပတ်သက်ပီး တခွန်းမှ မပြောခဲ့ဘူး မိခင်နို့တိုက်ဖို့ပဲ ပြောပီး ထွက်သွားခဲ့တယ်

17.2.2018 မှာ ဆေးရုံမှာ ဆင်းခဲ့တယ်.ကုန်ကျစရိတ် total 700600 ကုန်ခဲ့တယ် ကလေးမှာ မွေးရာပါ နှလုံးရောဂါ ရှိနေတာ မသိခဲ့ရဘူး

တလကြာတဲ့အချိန်မှာ ကလေးက ချောင်းနည်းနည်းဆိုးလို့ အရုဏ်ဦး အထူးကုဆေးခန်းမှာ ပြခဲ့တယ် အဲ့က ကလေးဆရာဝန်က ကြည့်ပီး ကလေးက ပြာနေတယ် TOF (မွေးရာပါ ပြာသောနှလုံးရောဂါ)

တကယ့်ကို main case ကြီး အဲ့ရောဂါ ဖြစ်နိုင်တယ် ပြောပီး သက်ဆိုင်ရာ အထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြခိုင်းပါတယ်

အဲ့ကစပီး အတော်ဆုံးဆိုတဲ့ ကလေးနှလုံးအထူးကုဆရာဝန်နဲ့ ပြခဲ့ပါတယ် ဆရာဝန်က echo ရိုက်ခိုင်းပီး ကလေးမှာ မွေးရာပါ TOF ရှိနေကြောင်း ပြောဆိုခဲ့တယ် အမြန်ဆုံး ခွဲစိတ်ဖို့လိုတယ် မကုသရင်ပုံမှန် 6 လလောက်ထိ ပဲ အသက်ရှင်နိုင်တဲ့အကြောင်းပြောခဲ့တယ်

ကလေးရဲ့ ကံဘာညာနဲ့ ရောဂါအကြောင်းရှင်းပြခဲ့ပါတယ် တလ တခါ လည်း ရက်ချိန်း ခေါ်ကြည့်ပါတယ်.ကြည့်တိုင်းလည်း အမြန်ဆုံးခွဲဖို့ ကလေးအခြေအနေ ဆိုးလာတဲ့အကြောင်းပြောခဲ့တယ်

မြန်မာနိုင်ငံ မှာ ခွဲမယ်ဆိုရင် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း နဲတယ် ဆိုတဲ့ အကြောင်း(ကံပေါ့) သူလုပ်ပေးနိုင်တဲ့ ခွဲစိတ်မှုကတော့ ကလေး ရဲ့ ပေါင် ၂၀ ပြည့်မှ ခွဲနိုင်မယ် ဆိုတဲ့အကြောင်း တွေပြောခဲ့ပါတယ်

သွါးကုသရန် တခြားနိုင်ငံ 3 နိုင်ငံ ကိုလည်း recommend ပေးခဲ့ပါတယ် လေယာဉ်နဲ့သွားရမှာမို့ ကလေးက oxygen ဘူးနဲ့ ရှူမှ သွားလို့ရမယ့် အကြောင်းလည်းပြောခဲ့တယ် ဈေးအသက်သာဆုံးနိုင်ငံကိုလည်းညွှန်းပီး ဒီက အဲ့နိုင်ငံသွားဖို့ အကူအညီပေးနိုင်မယ့် ဆရာဝန်ရဲ့ personal ph no ပါပေးပီး ဆက်သွယ်ခိုင်းခဲ့ပါတယ် အဲ့အချိန်မှာ ကလေးအသက် ၃လကျော်ရှိပါပီ

လူနာရှင်ဘက်က ကလေးကို နိုင်ငံခြားမှာ သွားကုဖို့ စဉ်းစားခဲ့ကြတယ် ဈေးအသက်သာဆုံးဖြစ်တဲ့ india ကိုရွေးချယ်ခဲ့ကြတယ်

အဲ့အချိန်တည်းကစပီး india သွားဖို့ စီစဉ်ခဲ့ပါတယ် ဒီနိုင်ငံရဲ့ ထုံးစံအတိုင်း ပွဲစားနဲ့ ပိုက်ဆံ မသုံးခဲ့တဲ့အတွက် အစစအရာရာမှာ နှောင့်နှေးခဲ့ရတယ်

အခုချိန်မှာ ကလေး အသက် 5 လကျော်ပါပီ သွားဖို့ passport ,visa လည်း အဆင်သင့်ဖြစ်နေပါပီ လေယာဉ်လက်မှတ်ဖြတ်တဲ့ အချိန်မှာ ကလေးက oxygen နဲ့ ရှူပီး သွားရမှာမို့ လေယာဉ်က ဆရာဝန်ထောက်ခံစာပါမှ သွားရမယ့် အကြောင်းနဲ့ သူတို့ဆီက medical form ကို သက်ဆိုင်ရာ ဆရာဝန်က ကလေးရဲ့ ရောဂါ အခြေအနေနဲ့ ကိုယူချင်တဲ့ oxygen service အတွက် လိုအပ်တာတွေဖြည့်မှ သွားလို့ရနိုင်မယ့် အကြောင်းပြောတယ်.

အဲ့တာတောင် သွားတဲ့အချိန်မှာ ကလေးရဲ့ ရောဂါအကြီးအသေးပေါ်မူတည်ပီး doctor or nurse လိုက်ရမယ် ပေးရမယ့် charges တွေကလည်း များမယ် ပြောခဲ့တယ်

3.8.2018 မှာ ကလေးရဲ့ အထူးကုဆရာဝန်နဲ့ သွားပီး airlines ကတော့ ဒီလိုပေးလိုက်ပါတယ်ဆိုပီး form နဲ့ပတ်သက်ပီး ဆရာ အကူအညီပေးနိုင်မလားဆိုပီးမေးခဲ့တယ် သူမရေးပေးနိုင်ဘူး သူတာဝန်မယူနိုင်ဘူးဆိုပီး ပစ်စလက်ခက် ပြောခဲ့ပါတယ် (ဒီ patient က တခြားသူနဲ့ပြပီး ခုမှသူ့ကို သက်သက်လာအကူအညီတောင်းတာလဲမဟုတ်ဘူး)သူတင်မဟုတ်ဘူး ဘယ်ဆရာဝန်မှ တာဝန်မယူနိုင်တဲ့အကြောင်းပြောခဲ့တယ်

တကယ်လို့ လေယာဉ်ပေါ်မှာ ကလေးတခုခု ဖြစ်ခဲ့ရင် airlines က သူတို့ကို တရားစွဲမှာတဲ့ အဲ့တော့ တာဝန်မယူနိုင်ဘူးတဲ့ နင်တို့ဘာသာ နင်တို့ airlines နဲ့ညှိတဲ့ ကလေးကိုရောဂါရှိတယ်မပြောပဲ သာမန်လိုပဲ ခေါ်ချင်ခေါ်သွား နင်တို့သဘောပဲတဲ့ (ဒီလိုဆရာဝန်မျိုးနဲ့ ပြခဲ့မိတာ အရမ်းအံ့သြမိတယ်)

သာမန်လိုပဲ ခေါ်သွားရအောင် ကလေးက oxygen ရှူမှ ရမယ့် ကလေးလေ oxygen မပါပဲ သွားလို့မရဘူးဆိုတာလည်း သူပဲပြောခဲ့တာ ကလေးလေယာဉ်စီးဖို့ကလည်း ဆရာဝန်ရဲ့ ထောက်ခံချက်ပါမှ ရပါမယ်ဆိုပီး airlines က လက်မခံတာကို (ဒါတောင် airline head office က လက်ခံတယ်ဆိုမှ ရမှာပါ)

ဆရာဝန်တွေ ဖြစ်တဲ့ သူက တာဝန် မယူနိုင်ဘူးဆိုတော့ ဘာလဲ ဒီကလေးက ရောဂါကို မကုရပဲ ဒီတိုင်းအသေခံသွားရမှာလား တခြားနိုင်ငံကို သွားလို့မရဘူး ကယ် ဒီနိုင်ငံမှာပဲ ကုမယ်ဆိုတော့ရောကလေးကို ခွဲစိတ်လို့ အောင်မြင်ပါမယ်ဆိုတာအာမခံနိုင်လား (သွားကုမယ့် နိုင်ငံမှာ 90% ထိ အာမခံထားပါတယ်) အရမ်း ရှက်ဖို့တောင်ကောင်းပါတယ်

ဟိုဘက် ဆေးရုံက ကလေးကို early surgery လုပ်ရမှာမို့ အရမ်းဂရုစိုက်ပီး urgent တောင် ခေါ်နေတာပါ ကြာရင် ကလေးအတွက် အရမ်း စိုးရိမ်ရလို့ ဆိုပီး လူနာကို အရမ်းဂရုစိုက်ပေးနေပီးတော့

ကိုယ့် နိုင်ငံက ဆရာဝန်က နင်တို့ကလေး ငါ့ကလေး မဟုတ်ဘူးဆိုပီး တာဝန်မဲ့ ပစ်စလက်ခက် လုပ်နေတယ်

တာဝန်မဲမှု့ အမျိုးမျိုးကြားထဲကမှ သဲလေးရေ မမ မင်းအတွက် အစွမ်းကုန် ကြိုးစားပေးပါ့မယ် ဆက်ပီး တောင့်ခံထားပေးပါကွာ

ဖိုးသူတော် (www.phothutaw.com)
Credit: maymyat su
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top