iMyanmarHouse.com - Best Property Website for Myanmar
×

(၉ .၈ .၂၀၁၈)ရက်နေ့ နံနက်(၇း၀၀)အချိန် က ကောလင်းမြို့နယ် ပေပင်ချောင်းကျေးရွာ မှ မ . . . (၁၉ နှစ်) သည် နေအိမ်ခြံဝန်းအတွင်း အိမ်နောက်ဖေး၌ တစ်ဦးတည်း ခရမ်ချဉ်ပင်များ စိုက်ပျိုးနေစဉ် တရွာတည်းနေ သန့်ဇင်ထိုက် (၂၂ နှစ်) မှ အရက်သေစာ သောက်စားကာ ရောက်ရှိလာပြီး မင်းကိုကိုကြီး ရှိလား ဟု မေးမြန်းရာ မ . . . မှ မရှိဘူး ဟု ပြောကြားစဉ် သန့်ဇင်ထိုက် က မ . . . ၏ အနားသို့ ရောက်ရှိလာပြီး မ. . . အား ဖက် ကာ ပါးစပ်ကိုပိတ်၍ လှဲချလိုက်ပြီး (၂)မိနစ်ခန့် ကြာအောင် အလိုမတူပဲ သားမယားပြုကျင့်သဖြင့် နေအိမ်တွင် လူကြီးများမရှိခိုက် အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်သူ သန့်ဇင်ထိုက်အား အရေးယူပေးပါရန် တိုင်တန်းသော အမှု ဖြစ်သည်။


Credit: နိုင်ကြီး(ကသာ)

#Unicode Version#

(၉ .၈ .၂၀၁၈)ရက်နေ့ နံနက်(ရး၀၀)အချိန် က ကောလင်းမြို့နယ် ပေပင်ချောင်းကျေးရွာ မှ မ . . . (၁၉ နှစ်) သည် နေအိမ်ခြံဝန်းအတွင်း အိမ်နောက်ဖေး၌ တစ်ဦးတည်း ခရမ်ချဉ်ပင်များ စိုက်ပျိုးနေစဉ် တရွာတည်းနေ သန့်ဇင်ထိုက် (၂၂ နှစ်) မှ အရက်သေစာ သောက်စားကာ ရောက်ရှိလာပြီး မင်းကိုကိုကြီး ရှိလား ဟု မေးမြန်းရာ မ . . . မှ မရှိဘူး ဟု ပြောကြားစဉ် သန့်ဇင်ထိုက် က မ . . . ၏ အနားသို့ ရောက်ရှိလာပြီး မ. . . အား ဖက် ကာ ပါးစပ်ကိုပိတ်၍ လှဲချလိုက်ပြီး (၂)မိနစ်ခန့် ကြာအောင် အလိုမတူပဲ သားမယားပြုကျင့်သဖြင့် နေအိမ်တွင် လူကြီးများမရှိခိုက် အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်သူ သန့်ဇင်ထိုက်အား အရေးယူပေးပါရန် တိုင်တန်းသော အမှု ဖြစ်သည်။

 ကောလင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ငွေမျိုးမြင့်နီ က အမှုစစ်အဖြစ် ဆောင်ရွက်ပြီး တရားခံအား လိုက်လံဖမ်းဆီးရာ အလိုမတူပဲ သားမယားအဖြစ် ပြုကျင့်သူ သန့်ဇင်ထိုက် ကို (၉ .၈.၂၀၁၈)ရက်နေ့ည (၉း၁၅)အချိန်တွင် ဖမ်းဆီးနိုင်ခဲ့သဖြင့် ကောလင်းမြို့မ ရဲစခန်း မှ သန့်ဇင်ထိုက် အား ရာဇသတ်ကြီးပုဒ်မ - ၃၇၆ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်ကြီး(ကသာ)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top