iMyanmarHouse.com - Best Property Website for Myanmar
×

ကိုလံဘီယာက နာမည္ၾကီး မူးယစ္ေဆးေမွာင္ခို ဂိုဏ္းတစ္ဂိုဏ္းဟာ အနံ႔ခံေကာင္းတဲ့ ရဲေခြးတစ္ေကာင္ရဲ႕ ဦးေခါင္းကိုအရယူလာႏိုင္သူကို ေပါင္(၅၃,၀၀၀) ဆုေၾကးေပးမယ္ဆိုၿပီး ေၾကညာထားပါတယ္။ ကိုကင္းတန္ခ်ိိန္(၁၀)တန္ကို အနံံ႔ခံရွာေဖြေပးခဲ့တဲ့ ယင္းေခြးကို ကိုလံဘီယာရဲ႕ အင္အားအၾကီးဆံုး ဒုစရိုက္အဖြဲ႕အစည္းၾကီးျဖစ္တဲ့ Urabeños ကေန အခုလိုေၾကညာထားတာပါ။

ဆြန္ဘရာ တျဖစ္လဲ ရွဲဒိုးအမည္ရွိတဲ့ ဂ်ာမန္သိုးထိန္းေခြးဟာ ႏွစ္အနည္းငယ္အေတာအတြင္းမွာပဲ ရာဇ၀တ္သားေပါင္း (၂၄၅)ေယာက္ကို ဖမ္းဆီးႏိုင္ခဲ့ၿပီး ဒုစရိုက္မႈေပါင္းမ်ားစြာကို ေဖာ္ထုတ္ေပးခဲ့ပါတယ္။ ရွဲဒိုးတာ၀န္က်တဲ့ေနရာအမ်ားစုက အတၱလႏိ​ ၱတ္ကမ္းရိုးတန္းေပၚက ဆိပ္ကမ္းေတြမွာျဖစ္ပါတယ္။ ရာဇ၀တ္သားအမ်ားစုဟာ အဆိုပါဆိပ္ကမ္းေတြကေန အေမရိကန္အလယ္ပိုင္းနဲ႔ ေျမာက္ပိုင္းေတြဘက္ကို ကိုကင္းေတြတင္ပို႔ေလ့ရွိပါတယ္။

အသက္(၆)ႏွစ္ရွိၿပီျဖစ္တဲ့ ရွဲဒိုးဟာ တာဘိုဆိပ္ကမ္းတစ္ခုထဲမွာတင္ ကိုကင္းတန္ခ်ိန္ေပါင္း (၅.၃) တန္ကို ရွာေဖြေတြ႔ရွွိခဲ့ပါတယ္။ ဒုစရိုက္သမားေတြဟာ ရွဲဒိုးကို ေၾကာက္ရြံ႕လ်က္ရွိေနၿပီး

ရွဲဒိုးေၾကာင့္ သူတို႔ရဲ႕ ဒုစရိုက္လုပ္ငန္းေတြပ်က္စီးမွာကို စိုးရိမ္လာေနၾကပါတယ္။ ဒါေၾကာင့္ မူးယစ္လူဆိုးအမ်ားအျပားဟာ အခုဆိုရင္ ရွဲဒိုးကို ေနာက္ေယာက္ခံလိုက္ေနၾကၿပီျဖစ္ေၾကာင္း သိရပါတယ္။

Ref: Dailymail

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုလံဘီယာက နာမည်ကြီး မူးယစ်ဆေးမှောင်ခို ဂိုဏ်းတစ်ဂိုဏ်းဟာ အနံ့ခံကောင်းတဲ့ ရဲခွေးတစ်ကောင်ရဲ့ ဦးခေါင်းကိုအရယူလာနိုင်သူကို ပေါင်(၅၃,၀၀၀) ဆုကြေးပေးမယ်ဆိုပြီး ကြေညာထားပါတယ်။ ကိုကင်းတန်ချိန်(၁၀)တန်ကို အနံံ့ခံရှာဖွေပေးခဲ့တဲ့ ယင်းခွေးကို ကိုလံဘီယာရဲ့ အင်အားအကြီးဆုံး ဒုစရိုက်အဖွဲ့အစည်းကြီးဖြစ်တဲ့ Urabeños ကနေ အခုလိုကြေညာထားတာပါ။

ဆွန်ဘရာ တဖြစ်လဲ ရှဲဒိုးအမည်ရှိတဲ့ ဂျာမန်သိုးထိန်းခွေးဟာ နှစ်အနည်းငယ်အတောအတွင်းမှာပဲ ရာဇဝတ်သားပေါင်း (၂၄၅)ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး ဒုစရိုက်မှုပေါင်းများစွာကို ဖော်ထုတ်ပေးခဲ့ပါတယ်။ ရှဲဒိုးတာဝန်ကျတဲ့နေရာအများစုက အတ္တလနိ ္တတ်ကမ်းရိုးတန်းပေါ်က ဆိပ်ကမ်းတွေမှာဖြစ်ပါတယ်။ ရာဇဝတ်သားအများစုဟာ အဆိုပါဆိပ်ကမ်းတွေကနေ အမေရိကန်အလယ်ပိုင်းနဲ့ မြောက်ပိုင်းတွေဘက်ကို ကိုကင်းတွေတင်ပို့လေ့ရှိပါတယ်။

အသက်(၆)နှစ်ရှိပြီဖြစ်တဲ့ ရှဲဒိုးဟာ တာဘိုဆိပ်ကမ်းတစ်ခုထဲမှာတင် ကိုကင်းတန်ချိန်ပေါင်း (၅.၃) တန်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒုစရိုက်သမားတွေဟာ ရှဲဒိုးကို ကြောက်ရွံ့လျက်ရှိနေပြီး

ရှဲဒိုးကြောင့် သူတို့ရဲ့ ဒုစရိုက်လုပ်ငန်းတွေပျက်စီးမှာကို စိုးရိမ်လာနေကြပါတယ်။ ဒါကြောင့် မူးယစ်လူဆိုးအများအပြားဟာ အခုဆိုရင် ရှဲဒိုးကို နောက်ယောက်ခံလိုက်နေကြပြီဖြစ်ကြောင်း သိရပါတယ်။

Ref: Dailymail

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top