iMyanmarHouse.com - Best Property Website for Myanmar
×

သားသမီးေတြအေပၚထားတဲ့ မိခင္ေမတၱာဟာ အႏႈိင္းအဆမဲ့ျဖစ္ေၾကာင္း သက္ေသျပေနတဲ့ ဒီျဖစ္ရပ္ေလးေၾကာင့္ စာဖတ္သူတိုင္း ဝမ္းနည္းခံစားသြားရမွာေသခ်ာပါတယ္။ႏိုင္ငံတကာသတင္းဌာနမ်ားမွ တင္ျပခ်က္အရ တရုတ္ႏိုင္ငံအေရွ႕ပိုင္း က်န္းစုျပည္နယ္ Xuchang ၿမိဳ႕ေန အမည္မသိမိခင္တစ္ဦးဟာ အိမ္မီးေလာင္မႈျဖစ္စဥ္ သူမ၏သားသမီးႏွစ္ေယာက္အသက္ရွင္ေအာင္ အစြမ္းကုန္ႀကိဳးစားခဲ့ၿပီးေနာက္ မီးထဲမွာတင္ေသဆံုးသြားေၾကာင္းသိရပါတယ္။

ဗီဒီယိုမွတ္တမ္းမ်ားအရ အဆိုပါအမ်ိဳးသမီးေနထိုင္ရာတိုက္ခန္းဟာ မီးခိုးတလူလူႏွင့္ မီးေလာင္ေနၿပီး ျပတင္းေပါက္ကေန ေအာ္ဟစ္အကူအညီလွမ္းေတာင္းခဲ့ပါတယ္။ ထို႔ေနာက္ ေအာက္ကေနလွမ္းၾကည့္ေနသူေတြဆီ ဂြမ္းေစာင္အထူေတြအရင္ဆံုးပစ္ခ်ခဲ့ပါတယ္။ အဲဒီေနာက္မွာေတာ့ ဂြမ္းေစာင္ေတြကိုင္ၿပီးေစာင့္ေနတဲ့လူအုပ္ထဲကို (၃)ႏွစ္အရြယ္သမီးျဖစ္သူႏွင့္ (၉)ႏွစ္အရြယ္သားျဖစ္သူကို အားကုန္သံုးပစ္ခ်ခဲ့ပါတယ္။

ဒါေပမယ့္သူကေတာ့ မီးခိုးေတြေၾကာင့္သတိလစ္ေမ့ေျမာၿပီး မီးထဲမွာတင္္အသက္ဆံုးသြားခဲ့ေၾကာင္း သိရပါတယ္။ သက္ဆိုင္ရာမွေၾကညာခ်က္အရ ကေလးႏွစ္ေယာက္ကို အခ်ိန္မီေဆးရံုပို႔ကုသႏိုင္ခဲ့ၿပီး သမီးျဖစ္သူ ေျခေထာက္က်ိဳးသြားတာကလြဲရင္ ႏွစ္ေယာက္စလံုးအေျခအေနေကာင္းၿပီး က်န္းမာေၾကာင္း သိရပါတယ္။ ဒါေပမယ့္ မီးစေလာင္ရျခင္းအေၾကာင္းအရင္းကိုမသိရေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အိစံ - MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
သားသမီးတွေအပေါ်ထားတဲ့ မိခင်မေတ္တာဟာ အနှိုင်းအဆမဲ့ဖြစ်ကြောင်း သက်သေပြနေတဲ့ ဒီဖြစ်ရပ်လေးကြောင့် စာဖတ်သူတိုင်း ဝမ်းနည်းခံစားသွားရမှာသေချာပါတယ်။နိုင်ငံတကာသတင်းဌာနများမှ တင်ပြချက်အရ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းစုပြည်နယ် Xuchang မြို့နေ အမည်မသိမိခင်တစ်ဦးဟာ အိမ်မီးလောင်မှုဖြစ်စဉ် သူမ၏သားသမီးနှစ်ယောက်အသက်ရှင်အောင် အစွမ်းကုန်ကြိုးစားခဲ့ပြီးနောက် မီးထဲမှာတင်သေဆုံးသွားကြောင်းသိရပါတယ်။

ဗီဒီယိုမှတ်တမ်းများအရ အဆိုပါအမျိုးသမီးနေထိုင်ရာတိုက်ခန်းဟာ မီးခိုးတလူလူနှင့် မီးလောင်နေပြီး ပြတင်းပေါက်ကနေ အော်ဟစ်အကူအညီလှမ်းတောင်းခဲ့ပါတယ်။ ထို့နောက် အောက်ကနေလှမ်းကြည့်နေသူတွေဆီ ဂွမ်းစောင်အထူတွေအရင်ဆုံးပစ်ချခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂွမ်းစောင်တွေကိုင်ပြီးစောင့်နေတဲ့လူအုပ်ထဲကို (၃)နှစ်အရွယ်သမီးဖြစ်သူနှင့် (၉)နှစ်အရွယ်သားဖြစ်သူကို အားကုန်သုံးပစ်ချခဲ့ပါတယ်။

ဒါပေမယ့်သူကတော့ မီးခိုးတွေကြောင့်သတိလစ်မေ့မြောပြီး မီးထဲမှာတင်အသက်ဆုံးသွားခဲ့ကြောင်း သိရပါတယ်။ သက်ဆိုင်ရာမှကြေညာချက်အရ ကလေးနှစ်ယောက်ကို အချိန်မီဆေးရုံပို့ကုသနိုင်ခဲ့ပြီး သမီးဖြစ်သူ ခြေထောက်ကျိုးသွားတာကလွဲရင် နှစ်ယောက်စလုံးအခြေအနေကောင်းပြီး ကျန်းမာကြောင်း သိရပါတယ်။ ဒါပေမယ့် မီးစလောင်ရခြင်းအကြောင်းအရင်းကိုမသိရသေးကြောင်း ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အိစံ - MyanmarNote
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top