-အပါယ္ဆိုတာ ဘာကိုေခၚတာလဲ?
-အပါယ္ဆိုတာ ငရဲ, တိရစၧာန္, ျဗိတၱာ, အသူရကယ္ကို ေခၚပါတယ္။ အပါယ္ေဘးဆိုတာ သိပ္ေၾကာက္စရာ ေကာင္းပါတယ္။
ငရဲ= ငရဲ ဆိုတာ ခ်မ္းသာဟူသမ်ွ ျမဴမ်ွမရွိ , ဆင္းရဲျခင္းအတိ ျဖစ္လို႔ ငရဲလို႔ ေခၚတယ္။
တိရစၧာန္ = တိရစၧာန္ဆိုတာ အိပ္မႈ, စားမႈ, ေမထုန္မႈ ကိုပဲ သိတယ္, တိရစၧာန္ဆိုတာ မဂ္ဖိုလ္ နိဗၺာန္နဲ႔ ဖီလာတဲ႔ဘဝကို ေခၚတယ္။
ၿပိတၱာ =  ခ်မ္းသာျခင္းမွ ကင္းေဝးလို႔ ၿပိတၱာလို႔ ေခၚတယ္။
အသူရကယ္ = အစိုးရမႈ, ျမဴးထူးေပၚပါးမႈတို႔မွာ နတ္ေတြလို မေတာက္ပနိုင္လို႔ (အသူရကယ္နတ္) လို႔ ေခၚတယ္။ အဲဒါေတြဟာ အပါယ္ေလးပါးပဲ။
-ရတနာသံုးပါးကို ရွိခိုးတယ္, ယံုၾကည္ဆည္းကပ္တယ္ဆိုရင္ အပါယ္ေလးပါး က လြတ္ေျမာက္ႏိုင္သလား ?
အပါယ္ေဘးက အျပီးတိုင္ေတာ့ မလြတ္ဘူး။ ဒါေပမယ့္ ရတနာသံုးပါးကို ယံုၾကည္ကိုးကြယ္ ဆည္းကပ္တဲ႔ ေစတနာကံေၾကာင့္ တစ္ဘဝအတြက္ အပါယ္တံခါး ပိတ္ျပီး ဒုတိယဘဝမွာ လူ႔ဘဝ, နတ္ဘဝကို ရႏိုင္တယ္။
တကယ္အပါယ္သံသရာက လြတ္ေျမာက္ဖို႔ေတာ့ မဂ္ဉာဏ္, ဖိုလ္ဉာဏ္ကသာ တတ္နိုင္ပါတယ္။
မဂ္ဉာဏ္, ဖိုလ္ဉာဏ္မရမီ ၾကားကာလမွာ အပါယ္မက်ေအာင္ ေနနည္းကိုလည္း သိရပါမယ္။ အဲဒါကေတာ့ ငါးပါးသီလ ၿမဲေအာင္ ေနျခင္းပါပဲ။
ပုထုစဥ္အကန္းဟာ ဘယ္ေတာ့မွ ငါးပါးသီလ မၿမဲႏိုင္ဘူး။ ဒါေၾကာင့္ ကလ်ာဏပုထုစဥ္ ျဖစ္ေအာင္ လုပ္ရမယ္။ ကလ်ာဏပုထုစဥ္ ျဖစ္ေအာင္ ဘယ္လို လုပ္ရမလဲ။
ရုပ္နာမ္ကို သိတဲ႔ဉာဏ္, ပဋိစၥသမုပၸာဒ္ကို သိတဲ႔ဉာဏ္ရေအာင္ ဝိပႆနာတရား အေျခခံမ်ားကို အားထုတ္ရမယ္။
အဲဒီဉာဏ္ႏွစ္မ်ိဳး , ရုပ္နာမ္ကို သိတဲ႔ နာမ,ရူပ, ပရိေစၧဒ ဉာဏ္နဲ႔ ရုပ္, နာမ္, ဖႆ, ေဝဒနာ, တဏွာေတြ ျဖစ္ရတဲ႔ အေၾကာင္းကို သိတဲ႔ ပစၥယပရိဂၢဟ ဉာဏ္လို႔ ေခၚတယ္။
အဲဒါကိုရရင္ ငါးပါးသီလျမဲတယ္။ ငါးပါးသီလျမဲရင္ အပါယ္ေလးပါးေဘး ကလည္း လြတ္ပါျပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (ဆန္းလြင္, ေထရဝါဒအုတ္ျမစ္မ်ားအဖြင့္)  မွ ပူေဇာ္ပါ၏
ေမတၱာျဖင့္ ဓမၼႏွစ္သက္သူ။

#Unicode Version#
-အပါယ်ဆိုတာ ဘာကိုခေါ်တာလဲ?
-အပါယ်ဆိုတာ ငရဲ, တိရစ္ဆာန်, ဗြိတ္တာ, အသူရကယ်ကို ခေါ်ပါတယ်။ အပါယ်ဘေးဆိုတာ သိပ်ကြောက်စရာ ကောင်းပါတယ်။
ငရဲ= ငရဲ ဆိုတာ ချမ်းသာဟူသမျှ မြူမျှမရှိ , ဆင်းရဲခြင်းအတိ ဖြစ်လို့ ငရဲလို့ ခေါ်တယ်။
တိရစ္ဆာန် = တိရစ္ဆာန်ဆိုတာ အိပ်မှု, စားမှု, မေထုန်မှု ကိုပဲ သိတယ်, တိရစ္ဆာန်ဆိုတာ မဂ်ဖိုလ် နိဗ္ဗာန်နဲ့ ဖီလာတဲ့ဘဝကို ခေါ်တယ်။
ပြိတ္တာ =  ချမ်းသာခြင်းမှ ကင်းဝေးလို့ ပြိတ္တာလို့ ခေါ်တယ်။
အသူရကယ် = အစိုးရမှု, မြူးထူးပေါ်ပါးမှုတို့မှာ နတ်တွေလို မတောက်ပနိုင်လို့ (အသူရကယ်နတ်) လို့ ခေါ်တယ်။ အဲဒါတွေဟာ အပါယ်လေးပါးပဲ။
-ရတနာသုံးပါးကို ရှိခိုးတယ်, ယုံကြည်ဆည်းကပ်တယ်ဆိုရင် အပါယ်လေးပါး က လွတ်မြောက်နိုင်သလား ?
အပါယ်ဘေးက အပြီးတိုင်တော့ မလွတ်ဘူး။ ဒါပေမယ့် ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်တဲ့ စေတနာကံကြောင့် တစ်ဘဝအတွက် အပါယ်တံခါး ပိတ်ပြီး ဒုတိယဘဝမှာ လူ့ဘဝ, နတ်ဘဝကို ရနိုင်တယ်။
တကယ်အပါယ်သံသရာက လွတ်မြောက်ဖို့တော့ မဂ်ဉာဏ်, ဖိုလ်ဉာဏ်ကသာ တတ်နိုင်ပါတယ်။
မဂ်ဉာဏ်, ဖိုလ်ဉာဏ်မရမီ ကြားကာလမှာ အပါယ်မကျအောင် နေနည်းကိုလည်း သိရပါမယ်။ အဲဒါကတော့ ငါးပါးသီလ မြဲအောင် နေခြင်းပါပဲ။
ပုထုစဉ်အကန်းဟာ ဘယ်တော့မှ ငါးပါးသီလ မမြဲနိုင်ဘူး။ ဒါကြောင့် ကလျာဏပုထုစဉ် ဖြစ်အောင် လုပ်ရမယ်။ ကလျာဏပုထုစဉ် ဖြစ်အောင် ဘယ်လို လုပ်ရမလဲ။
ရုပ်နာမ်ကို သိတဲ့ဉာဏ်, ပဋိစ္စသမုပ္ပာဒ်ကို သိတဲ့ဉာဏ်ရအောင် ဝိပဿနာတရား အခြေခံများကို အားထုတ်ရမယ်။
အဲဒီဉာဏ်နှစ်မျိုး , ရုပ်နာမ်ကို သိတဲ့ နာမ,ရူပ, ပရိစ္ဆေဒ ဉာဏ်နဲ့ ရုပ်, နာမ်, ဖဿ, ဝေဒနာ, တဏှာတွေ ဖြစ်ရတဲ့ အကြောင်းကို သိတဲ့ ပစ္စယပရိဂ္ဂဟ ဉာဏ်လို့ ခေါ်တယ်။
အဲဒါကိုရရင် ငါးပါးသီလမြဲတယ်။ ငါးပါးသီလမြဲရင် အပါယ်လေးပါးဘေး ကလည်း လွတ်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit: (ဆန်းလွင်, ထေရဝါဒအုတ်မြစ်များအဖွင့်)  မှ ပူဇော်ပါ၏
မေတ္တာဖြင့် ဓမ္မနှစ်သက်သူ။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top