မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×





Credit: Hlataw

#Unicode Verison#

မြန်မာနိုင်ငံရဲ့အတော်ဆုံး မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်ကတော့ အခက်အခဲတွေကြားထဲကမှ သူမယုံကြည်ရာဘဝကို ကြိုးစားလျှောက်လှမ်းနေသူတစ်ဦးပါ။ စိတ်ထားကလည်း လွတ်လပ်ပွင့်လင်းသူတစ်ဦးမို့ မထက်ရဲ့နေပုံထိုင်ပုံတွေကလည်း လွတ်လွတ်လပ်လပ် ရှိလှပါတယ်။ လတ်တလောမှာတော့ မထက်က သူတစ်ပါးကို မထိခိုက်နိုင်တဲ့ကိစ္စဆိုရင် ဘယ်သူ့အတွက်မှမငဲ့တော့ပဲ သူမရဲ့ဆန္ဒအလျှောက် ဝတ်ချင်သလိုဝတ်စားပြီး နေချင်သလိုနေတော့မည့်အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကြေညာထားတာပါ။

မထက်ရဲ့ကောက်ကြောင်းအလှကတော့ သေသွားမယ် ရှင်သွားမယ်နော်…

မထက်ကတော့ “ရှေ့လျှောက်… ဘယ်သူအတွက်မှ ငဲ့ပြီး ကိုယ့်ဘဝ ကိုယ့်ဆန္ဒတွေကို မထိန်းချုပ်တော့ပါ…. သူတပါးကို မထိခိုက်နိုင်မည့် မည့်သည့်ကိစ္စမဆို feeling လာရင် လာသလို နေထိုင်ပါမည်… ဝတ်ချင်တာတွေ ဝတ်ပါမယ်… စားချင်တာတွေ စားပါမယ်…. နေချင်သလိုလည်း နေပါမယ်…မိမိ အသိစိတ်ထဲက အတိုင်း ပြောဆိုနေထိုင် စားသောက်ပြီး ဘဝကို အေးဆေးစွာဖြတ်သန်းပါမယ်… မိမိဦခေါင်းမှ ဦးနှောက်နှင့် ရင်ဘက်ကခံစားချက်အတိုင်း ရှေ့ဆက်ပါတော့မည်…. ပုံ ဒေါ်ထက် (အခုတလော အရမ်းဂယက်ထနေသည်)” ဆိုပြီး ပွင့်ပွင့်လင်းလင်း ရေးသားထားတာပါ။

သူမကိုယ်သူမ အမြဲ ပြင်ပြင်ဆင်ဆင်နေတတ်တဲ့ မထက်ကတော့ တကယ့်မိန်းကလေးတစ်ဦးနဲ့မခြား လှရက်လွန်းသူတစ်ဦးပါ...

ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top