ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

နယူးဇီလန္သား ေကာင္ေလး ဇက္ခ္ဟာ သူ႔အသက္ (၅)ႏွစ္ျပည့္ေမြးေန႔ပြဲကို ရဲသားၾကီးေတြ လာေရာက္ဖို႔ ဖိတ္ေခၚခ်င္ေၾကာင္း မိခင္ျဖစ္သူကို ပူဆာခဲ့ပါတယ္။ သူကိုယ္တုိင္ အေရးေပၚဖုန္းနံပတ္ကို ႏွိပ္ၿပီး (၂)ၾကိမ္တိုင္တိုင္ ရဲစခန္းကို ဖုန္းဆက္ခဲ့ပါတယ္္။ ဖုန္းခဏခဏေခၚလိုက္ ျပန္ခ်လိုက္လုပ္ေနတာေၾကာင့္ ရဲစခန္းက အိမ္ကို ထပ္မံဖုန္းဆက္တဲ့အခါမွာေတာ့ မိခင္ျဖစ္သူ ဆာရာဟာ ၾကံရာမရျဖစ္သြားခဲ့ပါတယ္။

ဆာရာက “ေတာင္းပန္ပါတယ္ရွင္။ စခန္းကို ဖုန္းခဏခဏေခၚေနတာ ကၽြန္မရဲ႕ ကေလးပါ။ သူက ငါးႏွစ္ေတာင္ မျပည့္ေသးပါဘူး။ သူက စခန္းက ရဲေတြကို သူ႔ေမြးေန႔လာေပးဖို႔ ကၽြန္မကို ဖိတ္ခိုင္းေနတာပါ” လို႔ ရွင္းျပခဲ့ပါတယ္။ တစ္ဖက္က ဖုန္းကိုင္သူရဲေမကလည္း သူမအေနနဲ႔ ရဲေတြကို ထပ္မံေမးျမန္းရမွာျဖစ္ေပမယ့္ ေမြးေန႔အတြက္ မွတ္ထားေပးပါ့မယ္လို႔ ဆိုခဲ့ပါတယ္။

ေမြးေန႔ပါတီအေရာက္မွာေတာ့ ရဲကားၾကီးတစ္စီးဟာ ဇက္ခ္တို႔ အိမ္ေရွ႕ကို ဆိုက္ေရာက္လာခဲ့ပါတယ္။ ရဲသားၾကီးေတြက တံခါးကို ပုတ္ၿပီး ဇက္ခ္ကို ေခၚလိုက္တဲ့အခါမွာေတာ့ အိမ္ေရွ႕တံခါးနားကို ဇက္ခ္က ေရာက္လာခဲ့ပါတယ္။ ဇက္ခ္က သူကိုယ္တုိင္ ရဲစခန္းကို ဖုန္းဆက္ခဲ့ေပမယ့္ တကယ္တမ္း ရဲသားၾကီးေတြ ေရာက္လာတဲ့အခါမွာေတာ့ ရွက္ေနခဲ့ပါတယ္။

ဒါေပမယ့္ ရဲအရာရိွၾကီးက ဇက္ခ္ကို ရဲဂ်က္ကတ္ေလး ၀တ္ေပးထားတဲ့ ေခြးရုပ္တစ္ရုပ္ လက္ေဆာင္ေပးလိုက္တဲ့အခါမွာေတာ့ ဇက္ခ္ဟာ ရဲသားၾကီးေတြကို လိုလိုလားလားနဲ႔ အိမ္ထဲဖိတ္ေခၚခဲ့ပါတယ္။ ထို႔ေနာက္မွာေတာ့ ေပ်ာ္ရႊင္ေနၾကတဲ့ ကေလးေတြဟာ ရဲသားၾကီးေတြ စီးလာတဲ့ ကားေပၚကို လိုက္ၿပီး ကားထဲမွာ လိုက္ေဆာ့ခဲ့ၾကပါတယ္။ သူတို႔ရဲ႕ ေခါင္းေပၚမွာ ပ်ံ၀ဲေနတဲ့ ရဲတပ္ဖြဲ႕က ဟယ္လီေကာ္ပတာကိုလည္း တအံ့တၾသ ေငးၾကည့္ၾကပါတယ္။

ၿပီးေနာက္မွာေတာ့ ဇက္ခ္ဟာ ေမြးေန႔ကိတ္ေပၚက အဂၤလိပ္အကၡရာနံပတ္ (၅) ပံုစံရွိတဲ့ ဖေယာင္းတိုင္ေလးကို မီးမွႈတ္ခဲ့ပါတယ္။ ဇက္ခ္ရဲ႕ သူငယ္ခ်င္းေတြနဲ႔ ရဲအရာရွိေတြအားလံုးဟာ ဇက္ခ္ကုိ ေမြးေန႔ဆုမြန္ေကာင္း ေတာင္းေပးခဲ့ၾကပါတယ္။ ဇက္ခ္ရဲ႕ ေမြးေန႔ပြဲမွတ္တမ္းေလးကိုေတာ့ ရဲသားၾကီးတစ္ေယာက္က ေဖ့စ္ဘုတ္စာမ်က္ႏွာေပၚတင္ခဲ့ရာကေန အခုလို လူသိမ်ားလာခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MMFeed
# Unicode Version ျဖင့္ ဖတ္ပါ #
နယူးဇီလန်သား ကောင်လေး ဇက်ခ်ဟာ သူ့အသက် (၅)နှစ်ပြည့်မွေးနေ့ပွဲကို ရဲသားကြီးတွေ လာရောက်ဖို့ ဖိတ်ခေါ်ချင်ကြောင်း မိခင်ဖြစ်သူကို ပူဆာခဲ့ပါတယ်။ သူကိုယ်တိုင် အရေးပေါ်ဖုန်းနံပတ်ကို နှိပ်ပြီး (၂)ကြိမ်တိုင်တိုင် ရဲစခန်းကို ဖုန်းဆက်ခဲ့ပါတယ်။ ဖုန်းခဏခဏခေါ်လိုက် ပြန်ချလိုက်လုပ်နေတာကြောင့် ရဲစခန်းက အိမ်ကို ထပ်မံဖုန်းဆက်တဲ့အခါမှာတော့ မိခင်ဖြစ်သူ ဆာရာဟာ ကြံရာမရဖြစ်သွားခဲ့ပါတယ်။

ဆာရာက “တောင်းပန်ပါတယ်ရှင်။ စခန်းကို ဖုန်းခဏခဏခေါ်နေတာ ကျွန်မရဲ့ ကလေးပါ။ သူက ငါးနှစ်တောင် မပြည့်သေးပါဘူး။ သူက စခန်းက ရဲတွေကို သူ့မွေးနေ့လာပေးဖို့ ကျွန်မကို ဖိတ်ခိုင်းနေတာပါ” လို့ ရှင်းပြခဲ့ပါတယ်။ တစ်ဖက်က ဖုန်းကိုင်သူရဲမေကလည်း သူမအနေနဲ့ ရဲတွေကို ထပ်မံမေးမြန်းရမှာဖြစ်ပေမယ့် မွေးနေ့အတွက် မှတ်ထားပေးပါ့မယ်လို့ ဆိုခဲ့ပါတယ်။

မွေးနေ့ပါတီအရောက်မှာတော့ ရဲကားကြီးတစ်စီးဟာ ဇက်ခ်တို့ အိမ်ရှေ့ကို ဆိုက်ရောက်လာခဲ့ပါတယ်။ ရဲသားကြီးတွေက တံခါးကို ပုတ်ပြီး ဇက်ခ်ကို ခေါ်လိုက်တဲ့အခါမှာတော့ အိမ်ရှေ့တံခါးနားကို ဇက်ခ်က ရောက်လာခဲ့ပါတယ်။ ဇက်ခ်က သူကိုယ်တိုင် ရဲစခန်းကို ဖုန်းဆက်ခဲ့ပေမယ့် တကယ်တမ်း ရဲသားကြီးတွေ ရောက်လာတဲ့အခါမှာတော့ ရှက်နေခဲ့ပါတယ်။

ဒါပေမယ့် ရဲအရာရှိကြီးက ဇက်ခ်ကို ရဲဂျက်ကတ်လေး ဝတ်ပေးထားတဲ့ ခွေးရုပ်တစ်ရုပ် လက်ဆောင်ပေးလိုက်တဲ့အခါမှာတော့ ဇက်ခ်ဟာ ရဲသားကြီးတွေကို လိုလိုလားလားနဲ့ အိမ်ထဲဖိတ်ခေါ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ပျော်ရွှင်နေကြတဲ့ ကလေးတွေဟာ ရဲသားကြီးတွေ စီးလာတဲ့ ကားပေါ်ကို လိုက်ပြီး ကားထဲမှာ လိုက်ဆော့ခဲ့ကြပါတယ်။ သူတို့ရဲ့ ခေါင်းပေါ်မှာ ပျံဝဲနေတဲ့ ရဲတပ်ဖွဲ့က ဟယ်လီကော်ပတာကိုလည်း တအံ့တသြ ငေးကြည့်ကြပါတယ်။

ပြီးနောက်မှာတော့ ဇက်ခ်ဟာ မွေးနေ့ကိတ်ပေါ်က အင်္ဂလိပ်အက္ခရာနံပတ် (၅) ပုံစံရှိတဲ့ ဖယောင်းတိုင်လေးကို မီးမှှုတ်ခဲ့ပါတယ်။ ဇက်ခ်ရဲ့ သူငယ်ချင်းတွေနဲ့ ရဲအရာရှိတွေအားလုံးဟာ ဇက်ခ်ကို မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြပါတယ်။ ဇက်ခ်ရဲ့ မွေးနေ့ပွဲမှတ်တမ်းလေးကိုတော့ ရဲသားကြီးတစ်ယောက်က ဖေ့စ်ဘုတ်စာမျက်နှာပေါ်တင်ခဲ့ရာကနေ အခုလို လူသိများလာခဲ့တာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MMFeed
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top