မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×


ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္ကစားသမား အန္ဂိုလိုကန္ေတကေတာ့ သူ႔ရဲ႕ ျဖဴစင္ရိုးသားတဲ့ စိတ္ထားနဲ႔ ပရိသတ္ေတြကို ဖမ္းစားလိုက္ျပန္ျပီ ျဖစ္ပါတယ္။ ကြင္းအတြင္းမွာ စက္ရုပ္တစ္ရုပ္လို ေျပးလႊားလႈပ္ရွားျပီး ကစားေနတတ္တဲ့ ကန္ေတဟာ လူျမင္ကြင္းေရွ႕မွာေတာ့ ရွက္ရြံ႕တတ္၊ အားနာတတ္တဲ့ ကစားသမားလို႔ လူသိမ်ားသူ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ လန္ဒန္ဒါဘီပြဲအျပီးမွာလည္း ကန္ေတရဲ႕ ရိုးရွင္းတဲ့ သေဘာထားနဲ႔ အားနာတတ္မႈေတြကို ထပ္မံျမင္ေတြ႕ခဲ့ရျပန္ပါတယ္။ အာဆင္နယ္ကို ခ်ယ္လ္ဆီးက (၃-၂) ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ ပြဲအျပီးမွာ ကန္ေတဟာ အာဆင္နယ္ပရိသတ္တစ္ဦးကို ၀မ္းနည္းစကား ေျပာဆိုခဲ့တယ္လို႔ အဆိုပါ ပရိသတ္က ဖြင့္ဟေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ကန္ေတ နဲ႔  ရွာကီလို႔ အမည္ရ အာဆင္နယ္ပရိသတ္ဟာ ပခံုးဖက္ ဓာတ္ပံုရိုက္ကူးမႈေတြ ျပဳလုပ္ခဲ့ျပီး ရွာကီက သူ႔ရဲ႕ တြစ္တာအေကာင့္မွာ တင္ထားခဲ့ပါတယ္။ "ဒီပုဂၢိဳလ္နဲ႔ ေတြ႕ခဲ့ပါတယ္၊ ကၽြန္ေတာ္က အာဆင္နယ္ပရိသတ္ပါလို႔ သူ႔ကို ေျပာခဲ့ျပီး ဒီပြဲက တကယ့္ကို စိတ္ပ်က္စရာ ပြဲတစ္ပြဲျဖစ္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္၊ သူက ရယ္ေမာျပီး ကၽြန္ေတာ့္ကို စိတ္မေကာင္းပါဘူးလို႔ ျပန္ေျပာခဲ့ပါတယ္၊ ဘယ္လိုကစားသမားမ်ိဳး မ်ားလဲဗ်ာ" လို႔ ရွာကီက ေရးသားခဲ့ပါတယ္။

ကန္ေတဟာ လန္ဒန္ဒါဘီပြဲစဥ္မွာ ခ်ယ္လ္ဆီးအတြက္ အေရးပါတဲ့ အခြင့္အေရး (၄)ၾကိမ္ ဖန္တီးေပးႏိုင္ခဲ့ျပီး ေျခစြမ္းျပကစားခဲ့ပါတယ္။ အာဆင္နယ္အသင္းရဲ႕ တတိယဇုန္ခံစစ္စည္းအတြင္းမွာ ေဘာလံုးေပးပို႔မႈ (၁၆)ၾကိမ္အထိ ကန္ေတက ျပဳလုပ္ႏိုင္ခဲ့့ပါတယ္။ ကမၻာ့ဖလား ခ်န္ပီယံဆုရ ျပင္သစ္အသင္းနဲ႔ ေအာင္ပြဲခံရာမွာလည္း လူအမ်ားရဲ႕ ေနာက္ကြယ္မွာသာ ရွိေနခဲ့တဲ့  ကန္ေတဟာ ေအာင္ပြဲအတြက္ သိုသိုသိပ္သိပ္သာ ေနခဲ့ျပီး ဓာတ္ပံုရိုက္ကူးဖို႔ေတာင္ ရွက္ရြံ႕ေနခဲ့သူ ျဖစ္ပါတယ္။


ခ်ယ္လ္ဆီးနည္းျပ ဆာရီလက္ထက္မွာလည္း အဓိကကစားသမားအျဖစ္ ကန္ေတက သတ္မွတ္ခံထားရျပီး အေရးပါတဲ့ ကစားသမားအျဖစ္ ေျခစြမ္းျပလ်က္ရွိပါတယ္။ ဒီလိုအျပဳအမူေတြေၾကာင့္ပဲ ကန္ေတဟာ ေဘာလံုးကစားသမားေတြထဲမွာ စိတ္သေဘာထားအေကာင္းမြန္ဆံံုးနဲ႔ ေဖာ္ေရြမႈရွိတဲ့ ကစားသမားအျဖစ္ အားလံုးက သတ္မွတ္လာၾကျပီ ျဖစ္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version #
ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေကတော့ သူ့ရဲ့ ဖြူစင်ရိုးသားတဲ့ စိတ်ထားနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ကွင်းအတွင်းမှာ စက်ရုပ်တစ်ရုပ်လို ပြေးလွှားလှုပ်ရှားပြီး ကစားနေတတ်တဲ့ ကန်တေဟာ လူမြင်ကွင်းရှေ့မှာတော့ ရှက်ရွံ့တတ်၊ အားနာတတ်တဲ့ ကစားသမားလို့ လူသိများသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လန်ဒန်ဒါဘီပွဲအပြီးမှာလည်း ကန်တေရဲ့ ရိုးရှင်းတဲ့ သဘောထားနဲ့ အားနာတတ်မှုတွေကို ထပ်မံမြင်တွေ့ခဲ့ရပြန်ပါတယ်။ အာဆင်နယ်ကို ချယ်လ်ဆီးက (၃-၂) ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ကန်တေဟာ အာဆင်နယ်ပရိသတ်တစ်ဦးကို ၀မ်းနည်းစကား ပြောဆိုခဲ့တယ်လို့ အဆိုပါ ပရိသတ်က ဖွင့်ဟပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကန်တေ နဲ့  ရှာကီလို့ အမည်ရ အာဆင်နယ်ပရိသတ်ဟာ ပခုံးဖက် ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပြီး ရှာကီက သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ထားခဲ့ပါတယ်။ "ဒီပုဂ္ဂိုလ်နဲ့ တွေ့ခဲ့ပါတယ်၊ ကျွန်တော်က အာဆင်နယ်ပရိသတ်ပါလို့ သူ့ကို ပြောခဲ့ပြီး ဒီပွဲက တကယ့်ကို စိတ်ပျက်စရာ ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်၊ သူက ရယ်မောပြီး ကျွန်တော့်ကို စိတ်မကောင်းပါဘူးလို့ ပြန်ပြောခဲ့ပါတယ်၊ ဘယ်လိုကစားသမားမျိုး များလဲဗျာ" လို့ ရှာကီက ရေးသားခဲ့ပါတယ်။

ကန်တေဟာ လန်ဒန်ဒါဘီပွဲစဉ်မှာ ချယ်လ်ဆီးအတွက် အရေးပါတဲ့ အခွင့်အရေး (၄)ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းပြကစားခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ တတိယဇုန်ခံစစ်စည်းအတွင်းမှာ ဘောလုံးပေးပို့မှု (၁၆)ကြိမ်အထိ ကန်တေက ပြုလုပ်နိုင်ခဲ့့ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံဆုရ ပြင်သစ်အသင်းနဲ့ အောင်ပွဲခံရာမှာလည်း လူအများရဲ့ နောက်ကွယ်မှာသာ ရှိနေခဲ့တဲ့  ကန်တေဟာ အောင်ပွဲအတွက် သိုသိုသိပ်သိပ်သာ နေခဲ့ပြီး ဓာတ်ပုံရိုက်ကူးဖို့တောင် ရှက်ရွံ့နေခဲ့သူ ဖြစ်ပါတယ်။


ချယ်လ်ဆီးနည်းပြ ဆာရီလက်ထက်မှာလည်း အဓိကကစားသမားအဖြစ် ကန်တေက သတ်မှတ်ခံထားရပြီး အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြလျက်ရှိပါတယ်။ ဒီလိုအပြုအမူတွေကြောင့်ပဲ ကန်တေဟာ ဘောလုံးကစားသမားတွေထဲမှာ စိတ်သဘောထားအကောင်းမွန်ဆုံံးနဲ့ ဖော်ရွေမှုရှိတဲ့ ကစားသမားအဖြစ် အားလုံးက သတ်မှတ်လာကြပြီ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top