ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×





Credit: Popolay

#Unicode Version#
လင်မယားနှစ်ယောက် အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် စကားများကြရာ ခင်ပွန်းဖြစ်သူ၏ လုံချည်ကျွတ်ကျချိန်တွင် ဇနီးသည်က ငယ်ပါကို ပါးစပ်နဲ့ကိုက်ဖြတ်ကာ ထွက်ပြေးခဲ့မှု တစ်ခု ပြီးခဲ့သည့် တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက သူမ၏ ခင်ပွန်း ဘာဘူ (လယ်ယာလုပ်ကိုင်သူ)နှင့် တမီလ်နာဒူးတွင် ပြဇာတ်အတူတူ သွားကြည့်ခဲ့ကြသည်။ ထို့နောက် ခင်ပွန်းသည်အား အပေါ့အပါးသွားမည်ဟုဆိုကာ အသာလေးလစ်ထွက်ပြီး သူမရဲ့ ချစ်သူနဲ့ ချိန်းတွေ့နေခဲ့သည်။

တစ်နာရီကျော်ကြာသည့်တိုင် မိန်းမဖြစ်သူ ပြန်မလာသဖြင့် ခင်ပွန်းက နောက်ကနေ လိုက်သွားခဲ့ရာ မှောင်ရိပ်ကျသော တစ်နေရာတွင် ဇနီးဖြစ်သူကို အခြားအမျိုးသားတစ်ဦးနဲ့ အနီးကပ်ဆုံးပုံစံနှင့် မြင်တွေ့လိုက်ရသည်။
ဒေါသဖြစ်သွားပြီး ကြာကူလီအမျိုးသားနှင့် ထိုးကြိတ်ရန်ဖြစ်ပြီး လုံးထွေးသတ်ပုတ်နေစဉ် သူဝတ်ထားသော လုံချည်မှာ ကျွတ်သွားခဲ့သည်။ ထိုအချိန်မှာ ဇနီးဖြစ်သူက သူ့ရဲ့ ငယ်ပါကို တစ်အားကုန်းကိုက်သဖြင့် ပြတ်လုနီးပါးဖြစ်ပြီး နာကျင်စွာအော်ဟစ်နေခဲ့ချိန် ဇနီးဖြစ်သူက သူမရဲ့ ချစ်သူနဲ့ ထွက်ပြေးသွားခဲ့တယ်လို့ ဘာဘူက ပရာကတ်ရှ် ရဲဌါနမှာ ထွက်ဆိုခဲ့ပါတယ်။

အော်ဟစ်သံကြောင့် ရွားသားများ ရောက်လာကာ သွေးသံရဲရဲဖြစ်နေသော ဘာဘူကို ဆေးရုံတင်ပို့ခဲ့ပြီး ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဗုဒ္ဒဟူးနေ့မှာတော့ သူ၏ဇနီးဖြစ်သူကို ရဲအဖွဲ့က ဖမ်းဆီးရမိခဲ့ပြီး ဘာဘူကတော့ ဆေးရုံမှာ ဆက်လက်ကုသခံနေရဆဲဖြစ်ကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top