iMyanmarHouse.com - Best Property Website for Myanmar
×

တပင္ေ႐ႊထီး၊ဘုရင့္ေနာင္ တို႔တည္ေထာင္ခဲ့သည့္ ဒုတိယျပည္ေထာင္စု ျမန္မာႏိုင္ငံႀကီးသည္ ဘုရင့္ေနာင္၏ သားေတာ္ နႏၵဘုရင္ လက္ထက္အေရာက္တြင္ အခ်ိန္တိုတိုျဖင့္ လြယ္ကူစြာၿပိဳကြဲသြားရၿပီးေနာက္ ႏိုင္ငံတဝန္းလုံးတြင္ ပေဒသရာဇ္ငယ္မ်ား တစ္နယ္တစ္မင္း အသီးသီး ထူေထာင္ၾကၿပီး အခ်င္းခ်င္းတိုက္ခိုက္ခဲ့ၾကသည္။ ထိုသို႔ေသာအေျခအေနတြင္ ဘုရင့္ေနာင္၏ သားေတာ္ တစ္ပါးျဖစ္သည့္ မင္းရဲနႏၵမိတ္ဘြဲ႕ခံ ေညာင္ရမ္းစား ရွင္သစၥာသည္ မဟာသီဟသူရ ဘြဲ႕ျဖင့္ ေညာင္ရမ္းမင္းဆက္(၁၆၀၀-၁၇၅၂) ကိုစတင္တည္ေထာင္သည္။ ၎ႏွင့္ ၎ေနာက္ နန္းတက္ၾကသည့္ အေနာက္ဖက္လြန္မင္း၊ သာလြန္မင္းတို႔သည္ အင္းဝ၊ ျပည္၊ ေတာင္ငူ၊ ဟံသာဝတီ ႏွင့္ သန္လ်င္စသည့္ ေဒသမ်ားကို အစဥ္အဆက္ သိမ္းပိုက္ကာ မတည္မၿငိမ္ျဖစ္မႈမ်ားကို အဆုံးသတ္ခဲ့ၾကသည္။

ေညာင္ရမ္းမင္းဆက္ ၁၀ဆက္သည္ အင္း၀ကို ဗဟိုျပဳကာ အုပ္ခ်ဳပ္ၾကသည့္အတြက္ ေညာင္ရမ္းေခတ္ကို ဒုတိယအင္းဝေခတ္ ဟုလည္းေခၚေဝၚၾကသည္။ ေညာင္ရမ္းမင္းဆက္သည္ သာလြန္မင္းလက္ထက္တြင္ အထြန္းေတာက္ဆုံးျဖစ္ခဲ့ၿပီး ေနာက္ပိုင္းမင္းမ်ားလက္ထက္တြင္ အင္အားဩဇာေလ်ာ့နည္းလာခဲ့သည္။ ေနာက္ဆုံးမင္းျဖစ္သည့္ မဟာဓမၼရာဇာဓိပတိ(ဟံသာ၀တီေရာက္မင္း)လက္ထက္တြင္ ဇင္းမယ္ရွမ္းဇာတိျဖစ္သည့္ ဆင္ဝန္ဦးေအာင္လွက ျဗမိုင္းဓိရာဇာဘြဲ႕ခံ၍ မြန္တို႔ကို စည္း႐ုံးကာ ပုန္ကန္သည္။ ေနာက္ဆုံး အင္းဝကိုပါသိမ္းယူကာ အင္းဝဘုရင္ မဟာဓမၼရာဇာဓိပတိကို ဟံသာဝတီသို႔ေခၚေဆာင္သြားၿပီး ကြပ္မ်က္ခဲ့သည္။ ထိုေနာက္တြင္ မုဆိုးဖို႐ြာသူႀကီး ဦးေအာင္ေဇယ်က အေလာင္းဘုရားဘြဲ႕ျဖင့္ မြန္တို႔ကို တြန္းလွန္ကာ တတိယျပည္ေထာင္စု ျမန္မာႏိုင္ငံႀကီး ကိုတည္ေထာင္ခဲ့သည္။

ေညာင္ရမ္းမင္းဆက္မ်ားမွာ

၁။ ေညာင္ရမ္းမင္းတရားႀကီး (မဟာသီဟသူရ ဓမၼရာဇာ)(၁၆၀၀-၁၆၀၆)
၂။ အေနာက္ဖက္လြန္မင္း (မဟာဓမၼရာဇာ)(၁၆၀၆-၁၆၂၈)
၃။ မင္းရဲဒိဗၺ (၁၆၂၈)
၄။ သာလြန္မင္း (သတိုးဓမၼရာဇာ)(၁၆၂၈-၁၆၄၈)

၅။ ပင္းတလဲမင္း (သီရိနႏၵသူရဓမၼရာဇာ) (၁၆၄၈-၁၆၆၁)
၆။ ျပည္မင္း (၁၆၆၁-၁၆၇၇)
၇။ နရာဝရ
၈။ မင္းရဲေက်ာ္ထင္ (သီရိပရဝ မဟာဓမၼရာဇာ)(၁၆၇၇ -၁၆၉၈ )

၉။ စေနမင္း (၁၆၉၈-၁၇၁၄ )
၁၀။ တနဂၤေႏြမင္း (၁၇၁၄-၁၇၃၃ )
၁၁။ မဟာဓမၼရာဇာဓိပတိ (ဟံသာဝတီေရာက္မင္း/ေလာကသရဖူ ဒါယကာမင္း)(၁၇၃၃-၁၇၅၂)
တို႔ျဖစ္ၾကသည္။

၁။ ေညာင္ရမ္းမင္းတရားႀကီး

မိတၳီလာခ႐ိုင္ရွိ ေညာင္ရမ္းသည္ ကေမၺာဇ တိုင္းႏွင့္ တမၸဒီပတိုင္း ႏွစ္ဘက္စပ္ၾကား လူတို႔မေရာစပ္စိမ့္ ေသာငွာ နယ္ျခားၿမိဳ႕ေပါင္း ၄၃ ၿမိဳ႕ကို သကၠရာဇ္ ၃၉၅ ခုႏွစ္ တြင္တည္ရာ ေညာင္ရမ္းၿမိဳ႕လည္း အပါအဝင္ျဖစ္သည္။ ၿမိဳ႕ဝန္း မွာ ၆၅၄ တာရွိသည္။ သီဟသူရမဟာဓမၼရာဇာအမည္ရွိေသာ ေညာင္ရမ္းမင္းတရားသည္ ငယ္စဥ္ကစ၍ မင္းျဖစ္သည္တိုင္ ဤၿမိဳ႕ကိုစားရေသာေၾကာင့္ ဤၿမိဳ႕အမည္ျဖင့္ထင္ရွားေလသည္။ ေညာင္ရမ္းမင္းတရားသည္ ဘုရင့္ေနာင္မင္းႀကီးႏွင့္ မိဖုရားခင္ျပည့္စုံတို႔မွ သကၠရာဇ္ ၉၁၇ ခုႏွစ္တြင္ ဖြားျမင္ေသာ ဒုတိယသားေတာ္ျဖစ္သည္။ ငယ္မည္မွာ ရွင္သစၥာျဖစ္၍၊ ဘြဲ႕ မည္မွာ မင္းရဲနႏၵာမိတ္(မင္းရဲရႏၲမိတ္)ျဖစ္သည္။ ၉၅၈ ခုႏွစ္ ပုခန္းႀကီးတြင္ အခိုင္အလုံေနေသာ ျပည္စားရဲမက္တို႔ကို ႏိုင္ေအာင္တိုက္သည္အတြက္ ေနာင္ေတာ္ဟံသာဝတီဘုရင္ ငါးဆူဒါယကာ (နႏၵဘုရင္)က ေအာင္ဆုေပး၍ ယင္းဘြဲ႕ ကိုရသည္။

ခရစ္ႏွစ္ ၁၆၀၀တြင္ အင္းဝနန္းကို သိမ္းပိုက္ကာ မဟာ သီဟသူရဓမၼရာဇာဘြဲ႕ျဖင့္ မင္းအျဖစ္ကို ခံယူသည္။ သားေတာ္ သခင္လတ္(ေနာင္တြင္ အေနာက္ဖက္လြန္မင္း)ကို ဥပရာဇာဘြဲ႕ျဖင့္ အိမ္ေရွ႕အရာေပးသည္။ သခင္လတ္မွာ ေညာင္ရမ္းမင္းတရားအတြက္ အလြန္အားထားရသည့္ စစ္ဗိုလ္ခ်ဳပ္လည္းျဖစ္သည္။ ထိုစဥ္က အသက္ ၂၃ခန္႔သာရွိေသးသည္။ တစ္ႏွစ္ခန္႔အၾကာတြင္ ရမည္းသင္းအားသိမ္းပိုက္သည္။ ထိုေနာက္ ေညာင္ေ႐ႊ၊ ဗန္းေမာ္၊ မိုးနဲ၊ မိုးေကာင္း၊ သိႏၷီ၊ သီေပါ အစရွိသည့္ ရွမ္းျပည္တစ္လႊားကို သိမ္းသြင္းသည္။ ထိုတိုက္ပြဲစဥ္မ်ားအတြင္း သားေတာ္အိမ္ေရွ႕မင္းက ဗိုလ္မင္းအျဖစ္ႏွင့္ တိုက္ပြဲတိုင္းကို အစြမ္းျပေအာင္ႏိုင္သည္။

မင္းတရားႀကီး သည္ စစ္ေရးကိစၥတိုင္ပင္ေတာ္မူရာ အိမ္ေရွ႕မင္းက ေျမာက္ ဘက္တစ္လႊားကိုသိမ္းၿပီးမွ ေတာင္ဘက္ ျပည္၊ ေတာင္ငူကို သိမ္းမည္ဟု နားေတာ္ေလၽွာက္သည္။ ထိုေၾကာင့္ ထိုႏွစ္တြင္ မိုးမိတ္သို႔ခ်ီသည္။ အလြယ္ႏွင့္ေအာင္ေတာ္မူ၏။ သိႏၷီသို႔ခ်ီျပန္ သည္။ ေအာင္ေတာ္မူျပန္၏။  ၉၆၇ ခုႏွစ္၊ တစ္ေပါင္းလျပည့္ေက်ာ္ တစ္ဆယ့္တစ္ရက္ ေသာၾကာေန႔ ေညာင္ရမ္းမင္းတရားႀကီးစစ္ခရီးတြင္ လူ႕ျပည္ၿငီး၍ နတ္ျပည္ စံေတာ္မူသည္။

၂။ အေနာက္ဘက္လြန္မင္း

မဟာဓမၼရာဇာ ဘြဲ႕ခံ အေနာက္ဖက္လြန္မင္း(၁၆၀၆-၁၆၂၈)သည္ ေညာင္ရမ္းမင္းဆက္၏ ဒုတိယေျမာက္မင္းျဖစ္သည္။ အေနာက္ဘက္လြန္မင္းတရားႀကီးသည္ ေညာင္ရမ္းမင္း တရားႏွင့္ မိဖုရားေခါင္ႀကီး သီရိ မဟာ ဓမၼရာဇာ ဓိပတိ ေဒဝီတို႔မွ သကၠရာဇ္ ၉၃၉ ခုႏွစ္တြင္ ဖြားျမင္ေတာ္မူေသာ သားေတာ္ႀကီး သခင္လတ္ျဖစ္သည္။ ဖခင္ျဖစ္သူ ေညာင္ရမ္းမင္းတရားႀကီးမၿပီးျပတ္ခဲ့သည့္ ႏိုင္ငံသိမ္းသြင္းေရးလုပ္ငန္းမ်ားကို ဆက္လက္၍ အားထုတ္ေဆာင္႐ြက္ခဲ့သူလည္း ျဖစ္သည္။ ခမည္းေတာ္လက္ထက္ကပင္ လက္နက္ႏိုင္ငံ ျဖစ္ၿပီးေသာ္လည္း ျပည္၊ ေတာင္ငူ၊ ပဲခူး၊ သံလ်င္စေသာ ေဒသ မ်ားကို သိမ္းသြင္းရန္ က်န္ရွိ ေနေသးသည္ကို မင္းတရားႀကီး သည္ သိမ္းသြင္းေတာ္မူသည္။ သံလ်င္ၿမိဳ႕ကို အေနာက္ဘက္လြန္မင္းတရားႀကီး ေအာင္ႏိုင္လိုက္ျခင္းမွာ ျမန္မာႏိုင္ငံတြင္း၌ စတင္ေျခကုပ္ယူေန ေသာ နယ္ခ်ဲ႕စနစ္ကို အျမစ္မွ ႏုတ္ပစ္လိုက္ျခင္းပင္ ျဖစ္သည္ ဟု ဆိုရေပမည္။

သကၠရာဇ္ ၉၇၅ ခုႏွစ္တြင္ ထားဝယ္ၿမိဳ႕ကို ရေတာ္မူျပန္ သည္။ ထားဝယ္ကိုရၿပီးေနာက္ ၉၇၆ ခုႏွစ္တြင္ ဇင္းမယ္ၿမိဳ႕သို႔ ခ်ီတက္လုပ္ႀကံရာ ၿမိဳ႕ရံ ၅၇ ၿမိဳ႕ႏွင့္တကြ ရေတာ္မူသည္။ လင္းဇင္းက စစ္ကူလာေသာ ရဲမက္ ေတာ္တို႔ကိုလည္း အကုန္ပင္ ရေတာ္မူသည္။ ထိုႏွစ္တြင္ပင္ ရခိုင္ဘုရင္က ကြမ္းသီးကၽြန္း၊ အုန္း ကၽြန္းေတာင္းလာေသာေၾကာင့္ အမ်က္ေတာ္ရွိ၍ တပ္ႀကီးငါး တပ္၊ တိုက္ဆင္ ၁၅ဝ၊ ျမင္း ၁၅ဝဝ၊ စစ္သည္သူရဲေကာင္း ၅ဝဝဝဝ ႏွင့္ သံတြဲဥယ်ာဥ္ပုေၾကာင္းကို ခ်ီေစသည္။ သံတြဲ ပ်က္၍ တစ္ၿမိဳ႕လုံးကို ရေတာ္မူေသာ္ လူသူသုံ႔ပန္းကိုယူ၍ ျပန္ခဲ့ေစသည္။ မင္းတရားႀကီး၏ႏိုင္ငံေတာ္ကား အထက္ကို ဗန္းေမာ္ ေအာက္ကို ထားဝယ္ထိ၍ အေရွ႕ကို ဇင္းမယ္ ထိသည္။ ဗဂၤလားၿမိဳ႕၊ အခ်ည္ၿမိဳ႕၊ ေဒလီၿမိဳ႕မ်ားက လက္ေဆာင္မ်ားႏွင့္ သံမ်ားေရာက္သည္။ ဂိုးအားၿမိဳ႕ ေပၚတူကီဘုရင္ခံႏွင့္လည္း ဆက္သြယ္ေပါက္ေရာက္သည္။

ဟံသာ၀တီေခ်ာင္းသစ္အေနာက္ဖက္တြင္ ယာယီနန္းတည္၍ ေနထိုင္ေနစဥ္သားေတာ္ မင္းရဲဒိဗၺက ကိုယ္လုပ္ေတာ္ က်ိဳင္းတုံေစာ္ဘြားသမီး ႏွင္းခမ္းေပါႏွင့္ ရည္ငံသည္ကို သိသျဖင့္ အမ်က္ထြက္ကာ သားေတာ္အား သံအိုကြင္းႏွင့္ ေၾကာ္မည္ ဟုဆူပူႀကိမ္းေမာင္းသည္။ ထိုေနာက္ သားေတာ္ မင္းရဲဒိဗၺက လုပ္ႀကံသျဖင့္ ၂၉၊ ေမ၊ ၁၆၂၈တြင္ နတ္႐ြာစံသည္။

၃။ မင္းရဲဒိဗၺ

မင္းရဲဒိဗၺသည္ ဖခင္ျဖစ္သူ အေနာက္ဖက္လြန္မင္းကို လုပ္ႀကံကာ ဟံသာဝတီတြင္ နန္းတက္သည္။ မင္းရဲဒိဗၺ(၁၆၂၈)၏နန္းသက္မွာ တစ္ႏွစ္ပင္မရွိေခ်။ နန္းတက္လၽွင္ အင္းဝႏွင့္ စစ္ကိုင္းရွိ သစၥာခံမ်ားကို အေၾကာင္းၾကားကာ သစၥာေပးသည္။ ထိုေနာက္ အေဝး(ဇင္းမယ္)ေရာက္ေနသည့္ ဘေထြးေတာ္မ်ားျဖစ္သည့္ သတိုးဓမၼရာဇာ(သာလြန္မင္း) ႏွင့္ မင္းရဲေက်ာ္စြာတို႔ကို သံသယမ်ားျဖစ္ေစရန္ ေသြးခြဲသည့္အေနျဖင့္ စာမ်ားေစသည္။ သတိုးဓမၼရာဇာ၏ ကၽြန္ယုံမ်ားက အလ်င္ေရာက္ကာ သတင္းေပးသျဖင့္ သတိုးဓမၼရာဇာ အေၾကာင္းစုံသိႏွင့္ ေသာ္လည္း ညီေတာ္ မင္းရဲေက်ာ္စြာကမူ ယုံမွားသံသယရွိသျဖင့္ ေနာင္ေတာ္တပ္ကို ညအခ်ိန္တြင္ ဝင္ေရာက္တိုက္ခိုက္သည္။ သတိုးဓမၼရာဇာတပ္မ်ားက ႏွိမ္ႏွင္းႏိုင္သျဖင့္ ႐ႈံးနိမ့္သြားၿပီး မင္းရဲေက်ာ္စြာကို အျပစ္မွလႊတ္ေသာ္လည္း ကၽြန္မ်ားကိုသတ္ေစသည္။

ဇင္းမယ္မွ အင္းဝသို႔ျပန္ရန္ စီစဥ္ေသာ္လည္း မိုးကာလျဖစ္သျဖင့္ ျဖည္းျဖည္းသာခ်ီခဲ့ရသည္။ က်န္ရွိေနေသာ ဇင္းမယ္မွ ပုန္ကန္ေသာ္လည္း မည္သို႔မွ မလုပ္သာခဲ့ေပ။ ထိုအခ်ိန္၌ပင္ ဟံသာဝတီမွ မင္းလွေနာ္ရထာကဦးေဆာင္သည့္ မႉးမတ္မ်ားက မင္းရဲဒိဗၺကို ဖမ္းဆီးနန္းခ်ကာ လုံၿခဳံေအာင္ထား၍ သတိုးဓမၼရာဇာကို ပင့္ဖိတ္သည္။ သို႔ျဖင့္ မင္းရဲဒိဗၺ နန္းက်ကာ သတိုးဓမၼရာဇာ ဘြဲ႕ခံ သာလြန္မင္း ဟံသာ၀တီနန္းတြင္ အုပ္ခ်ဳပ္သည္။ အုပ္ခ်ဳပ္သည္ဟု ဆိုရသည္မွာ နန္းတက္ဘိသိက္မခံပဲ ၄ ႏွစ္တိုင္တိုင္ တိုင္းျပည္အေရးမ်ားကို ေဆာင္႐ြက္ေနေသာေၾကာင့္ျဖစ္သည္။

၄။ သာလြန္မင္း

သတိုးဓမၼရာဇာဘြဲ႕ျဖင့္ နန္းတက္သည္တိုင္ သာလြန္မင္း(၁၆၃၂-၁၆၄၈)ဟုေခၚၾကျခင္းမွာ “တိုင္းကားျပည္႐ြာ အသာလြန္ေသာေၾကာင့္လည္းေကာင္း၊ ေ႐ႊနန္းေတာ္ထက္တြင္ သာယာစြာ လြန္ရေသာေၾကာင့္လည္းေကာင္း သာလြန္မင္း ဟုေခၚျခင္းျဖစ္သည္”ဟု ဆိုသည္။ သာလြန္မင္းသည္ ေနာင္ေတာ္ အေနာက္ဖက္လြန္မင္းအား တူေတာ္ မင္းရဲဒိဗၺက လုပ္ႀကံနန္းတက္သည္ကို ႏွိမ္ႏွင္းၿပီးေနာက္ နန္းတက္သည္။ နန္းတက္စတြင္ ဘိသက္ခံကာ ဘုရင္အျဖစ္ရယူျခင္းမရွိပဲ ေလးႏွစ္(၁၆၂၈ မွ ၁၆၃၃ထိ)တိုင္ တိုင္းျပည္စည္း႐ုံးေရးကို ေဆာင္႐ြက္ခဲ့သည္။ သာလြန္မင္းလက္ထက္ ၁၆၃၇တြင္ ပထမဆုံးေသာ သမိုင္းဝင္ လူဦးေရ ႏွင့္ ေျမယာစစ္တမ္းမ်ားကို စတင္ေကာက္ယူခဲ့သည္။

ဇင္းမယ္သို႔ တဖန္သြားေရာက္ကာ ပုန္ကန္မႈမ်ားကို ႏွိမ္ႏွင္းသည္။ ထိုေနာက္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမ်ား ႏွင့္ဇင္းမယ္တစ္ဝိုက္တြင္ ၿငိမ္ဝပ္ပိျပားေစရန္ ေဆာင္႐ြက္သည္။ ထိုေနာက္ ယိုးဒယားသို႔ သံေစလႊတ္သည္။ သို႔ေသာ္ ဟံသာဝတီတြင္ နန္းတက္၍ မၾကာမွီတြင္ ပုန္ကန္မႈမ်ားႏွင့္ ရင္ဆိုင္ရသည္။ ပုန္ကန္သူမ်ား ေမာ္လၿမိဳင္သို႔ ေျပးသည္ကို လိုက္လံႏွိမ္ႏွင္းရေသးသည္။ ၁၆၃၄တြင္ သာလြန္မင္းသည္ မင္းေနျပည္ေတာ္ကို ဟံသာဝတီမွ အင္းဝသို႔ တဖန္ျပန္လည္ေျပာင္းေ႐ႊ႕စံျမန္းသည္။ ၁၆၃၆တြင္ ေကာင္းမႈေတာ္ ရာဇစူဠာမဏိေစတီ(စစ္ကိုင္းေကာင္းမႈေတာ္)ကို အုတ္ျမစ္ခ်သည္။

အင္း၀သို႔ေရာက္ၿပီး ကုသိုလ္ေကာင္းမႈမ်ား ေဆာင္႐ြက္ေနစဥ္ ညီေတာ္အိမ္ေရွ႕မင္း မင္းရဲေက်ာ္စြာ ကြယ္လြန္သျဖင့္ သားေတာ္ ပင္းတလဲမင္းသားအား အိမ္ေရွ႕အရာေပးသည္။ ထိုအခါ နန္းရရန္ ေမၽွာ္မွန္းသည့္ အျမင့္စားရွင္တ႐ုတ္က လူသူစုေဆာင္းကာ ပုန္ကန္သည္။ သာလြန္မင္းလည္း အငိုက္မိကာ အားမတန္သျဖင့္ ေလးထပ္ေက်ာင္းသို႔ဝင္ေရာက္ခိုလႈံသည္။ သို႔ေသာ္ ေလးထပ္ေက်ာင္းဆရာေတာ္ႀကီးက ေလာကီႏွင့္ ေလာကုတၱရာ မေရာယွက္လိုသျဖင့္ ခိုလႈံခြင့္မေပးေခ်။ ထို႔ေၾကာင့္ စံေက်ာင္းသို႔ေျပာင္းေ႐ႊ႕ခိုလႈံရသည္။ စံေက်ာင္းဆရာေတာ္မွာ ေလာကီဆန္သည့္ ပြဲေက်ာင္းဆရာေတာ္ျဖစ္သည့္ အတြက္ေနာက္ပါရဟန္းမ်ားကို စုစည္းကာ တုတ္ဓါးလက္နက္မ်ားျဖင့္ သာလြန္မင္းႏွင့္ မႉးမတ္မ်ားကို ေစာင့္ေရွာက္ေပးသည္။ ၿမိဳ႕တြင္းတြင္က်န္ရွိေနခဲ့သည္ မႉးမတ္မ်ားလည္း အျမင့္စားကိုေၾကာက္႐ြံသျဖင့္ ေနၾကရေသာ္လည္း မင္းတရားႀကီးကို သစၥာခံေၾကာင္း တိတ္တဆိတ္ေလၽွာက္တင္ၾကသည္။ ထိုပုန္ကန္မႈကို မႉးမတ္မ်ား႐ြတ္႐ြတ္ခၽြံခၽြံ ထမ္းေဆာင္ႏွိမ္ႏွင္းသျဖင့္ ရွင္တ႐ုတ္က်ဆုံးၿပီး ေအာင္ျမင္သည္။ ထို႔ေနာက္ ေလးထပ္ေက်ာင္းႏွင့္ စံေက်ာင္းတို႔တြင္ အလႈႀကီးမ်ားေပးကာ ေလးထပ္ေက်ာင္းဆရာေတာ္ကို သံသရာဆရာေတာ္ ၊ စံေက်ာင္းဆရာေတာ္ကို ပစၥဳပၸန္ဆရာေတာ္ဟူ၍ ေခၚေဝၚခ်ီးက်ဴးေလသည္။

ထိုပုန္ကန္မႈၿပီးေနာက္ ေျမာက္ပိုင္းမွ ကသည္းလူမ်ိဳးတို႔ က်ဴးေက်ာ္လာသည္ကို တိုက္ခိုက္ႏွိမ္ႏွင္းရေသးသည္။ သို႔ေသာ္ အလြယ္တကူသာ တိုက္ယူလိုက္ရၿပီး ေအာင္ႏိုင္သည္။ ထိုပုန္ကန္မႈအၿပီး တစ္ႏွစ္အၾကာ ၁၆၄၈တြင္ သာလြန္မင္း အင္း၀နန္းေတာ္တြင္ နတ္႐ြာစံသည္။ နန္းသက္ ၁၉ႏွစ္၊ သက္ေတာ္ ၆၅ႏွစ္ အဝင္တြင္ျဖစ္သည္။ နတ္႐ြာစံလၽွင္ သားေတာ္ အိမ္ေရွ႕မင္း ပင္းတလဲမင္းက နန္းဆက္ခံသည္။

၅။ ပင္းတလဲမင္း

သီရိနႏၵသူရဓမၼရာဇာ ဘြဲ႕ခံ ပင္းတလဲမင္း(၁၆၄၈-၁၆၆၁)သည္ ဖခင္သာလြန္မင္း နတ္႐ြာစံလၽွင္ အင္းဝထီးနန္းကို စိုးစံသည္။ ၎လက္ထက္တြင္လည္း ဖခင္သာလြန္မင္းကဲ့သို႔ပင္ စစ္သည္ေတာ္မ်ားကို အစုအဖြဲ႕အလိုက္ စာရင္းမ်ားေကာက္ယူေစခဲ့သည္။ ထို႔ျပင္ ျမန္မာႏိုင္ငံအတြင္းေနထိုင္ၾကသည့္ ႏိုင္ငံျခားသားျခားအေနျဖင့္ မိမိေနရပ္သို႔ ျပန္ေသာအခါတြင္ ျမန္မာႏိုင္ငံရွိ ေနအိမ္ႏွင့္ ပိုင္ဆိုင္မႈမ်ားကို ေရာင္းခ်ခဲ့ျခင္းမျပဳရန္ အမိန္႔ျဖင့္ တားဆီးခဲ့သည္။ ၁၆၆၁တြင္ညီေတာ္ျပည္မင္းက ေနာင္ေတာ္ ပင္းတလဲမင္းကို ဖမ္းဆီးနန္းခ်ကာ နန္းတက္သည္။ နန္းတက္ၿပီးေနာက္တြင္ ပင္းတလဲမင္းႏွင့္အတူ မိဖုရားေခါင္ႀကီး၊အသက္ရွစ္ႏွစ္ အ႐ြယ္ရွိ သားေတာ္ မင္းရဲသိခၤသူ၊ အသက္ေလးႏွစ္အ႐ြယ္ရွိ ေျမးေတာ္နရာဒိဗၺ တို႔ကို ေရခ်ေဖ်ာက္ဖ်က္သည္။

၆။ ျပည္မင္း

ျပည္မင္းသည္ ေနာင္ေတာ္ ပင္းတလဲမင္းကို ပုန္ကန္ကာ နန္းတက္ေလသည္။ ထိုသို႔ မျပဳသင့္သည့္ အမႈကို ျပဳခဲ့သျဖင့္ ေျပလည္ရာေျပလည္ေၾကာင္းအေနျဖင့္ ဆရာေတာ္၊ သံဃာေတာ္မ်ားကို နန္းတြင္းသို႔ပင့္ဖိတ္ကာ မိမိဆႏၵအေလ်ာက္ ျပဳက်င့္ျခင္းမဟုတ္ေၾကာင္း၊ အမႉးအမတ္တို႔၏ ဆႏၵအရသာျဖစ္ေၾကာင္း ေလၽွာက္တင္ေလသည္။ ဆရာေတာ္အမ်ားက ခ်ီးပေျပာဆိုၾကေသာ္လည္း၊ ေျမာက္နန္းေက်ာင္းဆရာေတာ္ကမူ “ယခု ဒကာေတာ္ ေလၽွာက္ထားသည္မွာ ငါတို႔အရာမဟုတ္၊ ညီေတာ္ေနာင္ေတာ္ႏွစ္ပါး ဟုတ္မဟုတ္ကို ေအာက္ကိုေရာက္မွပဲ ျငင္းၾကခုန္ၾကေပေရာ့”ဟု မိန္႔ေတာ္မူေလသည္။ သို႔ေသာ္ ျပည္မင္း၏ေတာင္းပန္ မႈေၾကာင့္ ဆရာေတာ္လည္း ရာဇဝင္ခ်ဳပ္ တစ္ေစာင္ေရးသားစီရင္ေတာ္မူခဲ့ေလသည္။ ထိုမင္းလက္ထက္တြင္ နာမည္ေက်ာ္ နန္းစဥ္ရတနာျဖစ္သည့္ ပတၱျမားငေမာက္ကို ရွာေဖြေတြ႕ရွိၿပီး နန္းတြင္းသို႔ ဆက္သလာေလသည္။ သို႔ေသာ္ ေႏွာင္တြင္ ငေမာက္သည္ မိမိအား ပတၱျမားကို အျပည့္အဝ မဆက္သေၾကာင္းသိလၽွင္ ေဆြမ်ိဳးမ်ားႏွင့္ တကြသတ္ေစသည္။နန္းသက္ ၁၁ အေရာက္တြင္ နတ္႐ြာစံသျဖင့္ သားေတာ္ နရာဝရ အင္းဝနန္းကို ဆက္ခံသည္။

၇။ နရာဝရ

ျပည္မင္း လြန္လၽွင္ သားျဖစ္သူ နရာဝရ အင္းဝနန္းကို စိုးစံသည္။ နန္းစံသက္ ၁၁ လသာရွိကာ ထူးျခားေသာ အမွတ္အသား၊အေၾကာင္းအရာမ်ား မွတ္တမ္းက်န္ရစ္ခဲ့ျခင္းမရွိေပ။ ထိုမင္းလြန္လၽွင္ နန္းလ်ာမသတ္မွတ္ခဲ့သျဖင့္ မႉးမတ္တို႔လည္း မင္းျဖစ္ေလာက္မည့္ မင္းညီမင္းသားကို ေ႐ြးခ်ယ္၍ နန္းတင္ရန္ ဘုရင့္ႏွမေတာ္ႏွင့္ တိုင္ပင္ဆုံးျဖတ္ေလသည္။ သို႔ျဖင့္ ဘုရင္နတ္႐ြာလားေၾကာင္း မေၾကညာပဲ လၽွိဳ႕ဝွက္ထားၿပီး မင္းျဖစ္ေလာက္မည့္ မင္းညီမင္းသားအား ရွာေဖြေလ့လာေလသည္။ ဘုရင့္ညီေတာ္သူ မင္းရဲေက်ာ္ထင္အား ထုံးတမ္းစဥ္လာကိုသိျမင္ကာ ရာဇဝင္တြင္လည္းႏွံစပ္သည္ဟု သေဘာက်ႏွစ္ၿခိဳက္ကာ အိမ္ေရွ႕အရာအပ္ႏွင္းေၾကာင္း ပင့္ဖိတ္၍ လႊတ္ေတာ္တက္ခ်ိန္တြင္မွ ဘုရင္နတ္႐ြာလားေၾကာင္း ေၾကညာကာ ညီေတာ္ ဝရေဇယ (ေခၚ) မင္းရဲေက်ာ္ထင္ (ဝမ္းဘဲအင္းစံမင္း)က အင္းဝ တြင္ နန္းတက္ေလသည္။

၈။ မင္းရဲေက်ာ္ထင္

ေနာင္ေတာ္ နရာဝရလြန္လၽွင္ ညီေတာ္ ဝရေဇယ (ေခၚ) မင္းရဲေက်ာ္စြာ(ဝမ္းဘဲအင္းစံမင္း)က သီရိပရဝ မဟာဓမၼရာဇာဘြဲ႕ျဖင့္ အင္းဝ တြင္ နန္းတက္ေလသည္။ ထိုမင္းလက္ထက္တြင္ လူတို႔ ယဥ္ေက်းမႈႏွင့္ မညီပ်က္ျပားၾကသျဖင့္ တင္းက်ပ္ေသာ အမိန္႔တို႔ကို ထုတ္ျပန္ရေလသည္။ ထို႔ျပင္ အခြန္အတုတ္တို႔ ႀကီးေလးေၾကာင္းလူတို႔ ၿငီးျငဴေလေသာေၾကာင့္ အခြန္စည္းက်ပ္ပုံကို ျပင္ဆင္ခဲ့ရသည္။ အင္းဝနန္းေတာ္ကိုလည္း ႏွစ္ႀကိမ္တိုင္တိုင္ အသစ္တည္သည္ဟု မွတ္တမ္းမ်ားအရ သိရွိရသည္။ ထူးျခားခ်က္အေနျဖင့္ ၎လက္ထက္တြင္ ေပကို သ႐ိုး၊သစ္ေစးကိုင္ၿပီး ေဆးဒန္းႏွင့္ အကၡရာေရးကာ ေ႐ႊခ်သည့္ ေ႐ႊစာေရးနည္းစတင္ ေပၚေပါက္လာခဲ့ျခင္းျဖစ္သည္။ နန္းသက္ ၂၆ႏွစ္တြင္ နတ္႐ြာစံရာ သားေတာ္ စေနမင္း နန္းတက္သည္။

၉။ စေနမင္း

မာန္ေအာင္ရတနာေစတီ ဒါယကာ စေနမင္း(၁၆၉၈-၁၇၁၄) နန္းတက္လၽွင္ ညီေတာ္ပုဂံစားကို အိမ္ေရွ႕အရာထားသည္။ သို႔ေသာ္သားေတာ္ (တနဂၤေႏြမင္းျဖစ္မည့္သူ) ေမြးၿပီးေနာက္တြင္ စိတ္ထားေျပာင္းကာ ညီေတာ္အစား သားေတာ္ကို နန္းလ်ာထားရန္ ႀကံသည္။ ထိုမင္းလက္ထက္တြင္ သံဃာထုအတြင္း အတင္ဂိုဏ္း ႏွင့္ အ႐ုံဂိုဏ္း ဟုႏွစ္ဖက္ အျငင္းပြားသည္ကို ေျပလည္ေအာင္ မေျဖရွင္းႏိုင္ခဲ့ေပ။ ထို႔ျပင္ ဇင္းမယ္၊ရခိုင္၊က်ိဳင္းတုံ တို႔မွ မေလးမခန္႔ျဖစ္လာခဲ့သည္။သားေတာ္အသက္ ၁၉ႏွစ္တြင္ ညီေတာ္ကို ပုဂံသို႔ ျပန္ေစၿပီး သားေတာ္အားအိမ္ေရွ႕အရာေပးကာ “ဘုန္းႀကီးေသာအရွင္” ဟုေခၚေဝၚေစသည္။ သို႔ျဖင့္ စေနမင္းနတ္႐ြာစံလၽွင္ သားေတာ္ တနဂၤေႏြမင္း နန္းတက္သည္။

၁၀။ တနဂၤေႏြမင္း

စေနမင္း လြန္လၽွင္ သားျဖစ္သူ တနဂၤေႏြမင္း(၁၇၁၄-၁၇၃၄)နန္းတက္သည္။ နန္းတက္လၽွင္ အိမ္ေရွ႕စံျဖစ္ဖူးသည့္ ဦးရီးေတာ္ ပုဂံစားက ပုန္ကန္နန္းလုသည္။ သို႔ေသာ္အင္အားသာသည့္ အင္းဝက အႏိုင္ရသျဖင့္ ပုဂံစားက်ေလသည္။ တနဂၤေႏြမင္း လက္ထက္တြင္ အဆိုးဆုံးရင္ဆိုင္ရသည့္ ျပႆနာမွာ ရာသီဥတုျဖစ္သည္။ ရာသီဥတုဆိုးဝါးသျဖင့္ စိုက္ပ်ိဳးေရးပ်က္ဆီးလာၿပီး ျပည္သူမ်ား ငတ္မြတ္ေခါင္းပါးလာရသည္။ ထိုျပႆနာကို ႏိုင္ႏွင္းစြာ အေျဖရွင္းႏိုင္ခင္မွာပင္ အေနာက္ဖက္မဏိပူရမွ ကသည္းမ်ားက ဘာသာေရးအေျခခံကာ က်ဴးေက်ာ္လာသည္။(ဟိႏၵဴႏြယ္သည့္ ကသည္းမ်ားက ဧရာဝတီျမစ္ေရျဖင့္ သန္႔စင္ျခင္းျပဳပါက အျပစ္တို႔မွ လြတ္ၿငိမ္းမည္ဟု ယုံၾကည္ခဲ့ၾကည္။)ထို႔အတူ ဇင္းမယ္မွလည္း ပုန္ကန္သည္ကို ႏွိမ္နင္းႏိုင္ျခင္းမရွိသည့္အတြက္ ဘုရင့္ေနာင္မင္းတရားလက္ထက္မွစကာ ပိုင္ဆိုင္လာသည့္ ဇင္းမယ္ကို လက္လြတ္ရျပန္သည္။ ခရစ္ႏွစ္ ၁၇၃၃တြင္ တနဂၤေႏြမင္းလြန္ေသာ္ သားေတာ္ မဟာဓမၼရာဇာဓိပတိ နန္းတက္သည္။

၁၁။ မဟာဓမၼရာဇာဓိပတိ (ဟံသာဝတီေရာက္မင္း)

တနဂၤေႏြမင္းလြန္ခ်ိန္က နန္းရင္းဝန္ႀကီး ဦးပုက ဦးေဆာင္ကာ အသက္(၁၆)ႏွစ္အ႐ြယ္ မင္းသားငယ္ကို ဝိုင္းဝန္းနန္းတင္လိုက္ရာမွ မဟာဓမၼရာဇာဓိပတိဘြဲ႕ျဖင့္ ၂၃၊ ႏိုဝင္ဘာ၊ ၁၇၃၃ တြင္ အင္းဝနန္းကို စိုးစံရသည္။ ထိုမင္းသည္ ရာဇဝင္၊ ပုံျပင္၊ ေဗဒင္၊ ဂဏန္း၊ ဗဟုသုတ၊ ေစာင္းၫွင္း စေသာ အတီးအမႈတ္တို႔ႏွင့္တကြ ကဗ်ာလကၤာေရးသားစပ္ဆိုရာ၌ မ်ားစြာ ကၽြမ္းက်င္ေတာ္မူ၏။ သို႔ေသာ္ တိုင္းေရးျပည္မႈတို႔ကို မ်ားစြာ ဂ႐ုမစိုက္၊ ေသာက္စားေပ်ာ္ပါးမႈတို႔ႏွင့္သာ အခ်ိန္ကုန္တတ္၏။

ဖခင္ျဖစ္သူလက္ထက္က ပ်က္စီးေနေသာ လယ္ယာစိုက္ပ်ိဳးေရး ႏွင့္ျပည္ပ က်ဴးေက်ာ္ေႏွာင့္ယွက္မႈမ်ားကို ေျဖရွင္းရန္ တာဝန္ရွိေသာ္လည္း ငယ္႐ြယ္သူျဖစ္သည့္ အတြက္ ဝါသနာပါရာ ေဗဒင္ကိန္းခန္းႏွင့္ ဇာတာခြင္ စစ္ေဆးျခင္း အလုပ္မ်ားတြင္သာ အာ႐ုံထားၿပီး တိုင္းျပည္တာဝန္ကို လွစ္လၽွဳ႐ႈၿမဲ ႐ႈေနခဲ့သည္။ သဘင္ႀကီးစြာခံကာ ဧရာဝတီျမစ္႐ိုးတစ္ေလၽွာက္ ေနာက္လိုက္မ်ားျဖင့္ ခရီးထြက္ေပ်ာ္ပါးေနခဲ့သည္။ ထို႔ျပင္ ေဗဒင္ကိန္းခန္း အလိုအရဟုဆိုကာ အင္းဝအေနာက္ေတာင္ဖက္ရွိ ဆင္တဲအရပ္တြင္ သစ္နန္းတည္ကာ နန္းစံေနခဲ့သည္။ အဆိုးဆုံးေသာအမွားမွာ မိမိငယ္ဆရာ ေ႐ႊၿဖိဳးကို နႏၵမိတ္ေက်ာ္ ဘြဲ႕ျဖင့္အပါးတြင္ခစားေစျခင္း၊ ထိုသူႏွင့္ အေပါင္းအပါမ်ားကေသြးထိုးသည္ေၾကာင့္ နန္းရင္ဝန္ဦးပုအပါအဝင္၊ ေ႐ႊတိုက္စိုး၊ အသည္ဝန္၊ သက္ေတာ္ရွည္အမတ္ႀကီး ႏွင့္ ဝန္တစ္ပါး အပါအဝင္ အေရးပါသည့္ လူငါးဦးလုံးကို ကြပ္မ်က္ခဲ့ျခင္းျဖစ္သည္။ ထိုျပင္လည္း ေပ်ာ္ပါးဘက္ မႉးမတ္ငယ္မ်ားကိုသာ အေရးတယူ ျပဳမႈေသာေၾကာင့္ ကာယ၊ ဉာဏ အရည္အခ်င္းျပည့္ဝသည့္ မႉးႀကီး မတ္ႀကီးတို႔ လြတ္ရာ ေရွာင္တိမ္းေနၾက ရသည္။ ဤသို႔အားျဖင့္ ႏိုင္ငံေတာ္သည္ မ်ားစြာ အင္အား ခ်ိဳ႕တဲ့လ်က္ရွိသည္သာမက မၿငိမ္မဝပ္ အစားအစာ ရွားပါး ေလသည္။

ထိုအခါ ေရွးမင္းမ်ားလက္ထက္က စိုးပိုင္ခဲ့ဖူးသည့္ ယိုးဒယား၊ ဇင္းမယ္၊ ရွမ္းနယ္၊ မြန္ျပည္နယ္တို႔သည္ ျမန္မာမင္းအား ပမာမထား ျခားနား ေထာင္ထားၾကေလ၏။ မဏိပူရ ကသည္းတို႔ကလည္း ႏွစ္ႏွစ္တႀကိမ္၊ သုံးႏွစ္တစ္ႀကိမ္ ထိုမင္းလက္ထက္ ကုန္ဆုံးသည့္တိုင္ ျမန္မာႏိုင္ငံေတာ္သို႔ ဆက္ကာဆက္ကာ လာေရာက္ ထိပါး ေႏွာက္ယွက္ခဲ့ရာ တစ္ႀကိမ္တြင္ အင္းဝၿမိဳ႕အနီးတိုင္ ေရာက္လာၾကၿပီးလၽွင္ မ်ားစြာ ဖ်က္ဆီးသြား ၾကေလသည္။ သကၠရာဇ္ ၁၁ဝ၉ ခုႏွစ္ခန္႔တြင္ ငစဥ့္ကိုင္ အေရွ႕ အုတ္ဖိုေတာင္ေျခ၌ေနေသာ ေကြ႕ရွမ္းတို႔သည္ မိမိတို႔ အႀကီးအကဲ ဂုဏၰအိမ္ႏွင့္တကြ မတၱရာ၊ အုတ္ဖို စေသာ အညာျမစ္စင္ တစ္ေလၽွာက္တြင္ ခ်ထားေနထိုင္ရေသာ မြန္ဟူသမၽွႏွင့္ ညီၫြတ္ ပုန္ကန္ၾကသည္။

ဟံသာဝတီကလည္း ၁၁ဝ၁ ခုႏွစ္မွ အစျပဳ၍ ပုန္ကုန္ ျခားနားလာခဲ့ရာ အင္းဝလက္ေအာက္ခံအျဖစ္မွ လြတ္ေျမာက္ကာ အင္အား တျဖည္းျဖည္း တိုးတက္လာၿပီးလၽွင္ အင္းဝတပ္မ်ားကိုပင္ တြန္းလွန္ႏိုင္ခဲ့သည္။ အခ်ိန္တိုအတြင္းတြင္ ဟံသာဝတီ၌ ဦးေအာင္လွက ျဗမိုင္းဓိရာဇာဘြဲ႕ျဖင့္ နန္းတက္ေတာ့သည္။ ျဗမိုင္းဓိရာဇာမွာ ျမန္မာမဟုတ္ေပ။ ဇင္းမယ္ဇာတိ လင္ဇင္းရွမ္းအႏြယ္ ျဖစ္သည္။ ဆင္မႈကၽြမ္းက်င္သျဖင့္ အင္းဝမင္းက ပဲခူးတြင္ ဆင္ဝန္ခန္႔ထားသူ ျဖစ္သည္။ သကၠရာဇ္ ၁၁၁၃ ခုႏွစ္တြင္ ဟံသာဝတီဘုရင့္ညီေတာ္အိမ္ေရွ႕ဥပရာဇာႏွင့္ ညီေတာ္ ဗညားဒလတို႔ ေရေၾကာင္း၊ ၾကည္းေၾကာင္း အလုံးအရင္းႏွင့္တကြ ခ်ီတက္လာၿပီးလၽွင္ အင္းဝၿမိဳ႕ကို ဝန္းရံ လုပ္ႀကံသည္။ အင္းဝမွာလည္း ဆယ္ႏွစ္၊ ကိုးႏွစ္အတြင္း ႏိုင္ငံ မၿငိမ္မသက္ရွိ၍ ဆင္းရဲသားတို႔ ေကာင္းစြာ မလုပ္ေဆာင္ၾကရေသာေၾကာင့္ ဆန္ေရစပါး ပါးရွားငတ္မြတ္သည္ႏွင့္ ရဲမက္ေတာ္တို႔ ေကာင္းစြာ မခုခံ မတိုက္ခိုက္ႏိုင္သျဖင့္ တစ္ၿမိဳ႕လုံး မြန္တို႔လက္သို႔ ေရာက္ရေလသည္။

ထိုအခါ မင္း၊ မိဖုရား၊ သားေတာ္ သမီးေတာ္၊ မႉးမတ္၊ သူေဌး သူႂကြယ္မွစ၍ ပိဋကတ္စာေပမက်န္ သိမ္းယူၿပီးေသာ္ ဟံသာဝတီသို႔ ေဆာင္ယူေလသည္။ ဤတြင္ မဟာဓမၼရာဇဓိပတိမင္းကို ဟံသာဝတီေရာက္ မင္းတရားႀကီးဟု တြင္ေလသည္။ မႉးမတ္မ်ားတြင္လည္း ကဗ်ာအရာတြင္ အလြန္ေက်ာ္ၾကားေသာ ဝန္ႀကီးပေဒသရာဇာလည္း ပါဝင္၏။ ၂၁၊ မတ္၊ ၁၇၅၂ တြင္ အင္းဝက်ကာ မဟာဓမၼရာဇာဓိပတိမင္းလည္း ေဆြေတာ္မ်ိဳးေတာ္မ်ားႏွင့္ တကြ ဟံသာဝတီသို႔ အက်ယ္ခ်ဳပ္ျဖင့္ ပါကာ ေညာင္ရမ္းမင္းဆက္ ျပတ္ေလေတာ့သည္။ ဟံသာဝတီအနီး ေခ်ာင္းတစ္ေခ်ာင္းတြင္ ၁၃၊ေအာက္တိုဘာ၊ ၁၇၅၄ ညေန၌ အေဆြအမ်ိဳးမ်ားႏွင့္တကြ ေရခ်ကာ ကြပ္မ်က္ခံခဲ့ရသည္။

ေနာက္ဆက္တြဲ

အင္းဝမင္း ဟံသာဝတီသို႔ပါလၽွင္ မုဆိုးဘို႐ြာသူႀကီး ဦေအာင္ေဇယ်သည္ မုဆိုးဘိုႏွင့္ အနီးအပါးမွ လူစြမ္းေကာင္းမ်ားကို စုစည္းကာ အင္းဝအေစာင့္ေနသည့္ မြန္စစ္သူႀကီး တလပန္းအား ရင္ဆိုင္ကာတိုက္ခိုက္သည္။ ျဗမိုင္းဓိရာဇာ၏ မႉးမတ္မ်ား ကုန္းတိုက္သည္ေၾကာင့္၎၊ ေတာင္ပိုင္းတနသၤာရီေဒသကို ယိုးဒယားတို႔ ထိပါးသည္ေၾကာင့္၎ မုဆိုးဘိုကို ရင္ဆိုင္ဆဲမွာပင္ တလပန္းအား ဟံသာဝတီသို႔ျပန္ေခၚကာ အင္းဝတြင္ ေငြခြန္ဝန္မႉးဆိုသူကို အႀကီးအကဲခန္႔ကာ မုဆိုးဘိုကို ဆက္လက္တိုက္ခိုက္ေစသည္။ ေနာင္တြင္ ဦးေအာင္ေဇယ်က အေလာင္းဘုရားဘြဲ႕ျဖင့္ ကုန္းေဘာင္မင္းဆက္ကို တည္ေထာင္သည္။

ႏွစ္ ၆၀၀ အင္း၀ – ေရႊကုိင္းသား
မင္း ၁၀ပါး ရာဇ၀င္ – ေဒါက္တာမတင္၀င္း
ျမန္မာ့စြယ္စုံက်မ္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar Wikipedia
# Unicode Version ျဖင့္ ဖတ္ပါ #
တပင်ရွှေထီး၊ဘုရင့်နောင် တို့တည်ထောင်ခဲ့သည့် ဒုတိယပြည်ထောင်စု မြန်မာနိုင်ငံကြီးသည် ဘုရင့်နောင်၏ သားတော် နန္ဒဘုရင် လက်ထက်အရောက်တွင် အချိန်တိုတိုဖြင့် လွယ်ကူစွာပြိုကွဲသွားရပြီးနောက် နိုင်ငံတဝန်းလုံးတွင် ပဒေသရာဇ်ငယ်များ တစ်နယ်တစ်မင်း အသီးသီး ထူထောင်ကြပြီး အချင်းချင်းတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့သောအခြေအနေတွင် ဘုရင့်နောင်၏ သားတော် တစ်ပါးဖြစ်သည့် မင်းရဲနန္ဒမိတ်ဘွဲ့ခံ ညောင်ရမ်းစား ရှင်သစ္စာသည် မဟာသီဟသူရ ဘွဲ့ဖြင့် ညောင်ရမ်းမင်းဆက်(၁၆၀၀-၁၇၅၂) ကိုစတင်တည်ထောင်သည်။ ၎င်းနှင့် ၎င်းနောက် နန်းတက်ကြသည့် အနောက်ဖက်လွန်မင်း၊ သာလွန်မင်းတို့သည် အင်းဝ၊ ပြည်၊ တောင်ငူ၊ ဟံသာဝတီ နှင့် သန်လျင်စသည့် ဒေသများကို အစဉ်အဆက် သိမ်းပိုက်ကာ မတည်မငြိမ်ဖြစ်မှုများကို အဆုံးသတ်ခဲ့ကြသည်။

ညောင်ရမ်းမင်းဆက် ၁၀ဆက်သည် အင်းဝကို ဗဟိုပြုကာ အုပ်ချုပ်ကြသည့်အတွက် ညောင်ရမ်းခေတ်ကို ဒုတိယအင်းဝခေတ် ဟုလည်းခေါ်ဝေါ်ကြသည်။ ညောင်ရမ်းမင်းဆက်သည် သာလွန်မင်းလက်ထက်တွင် အထွန်းတောက်ဆုံးဖြစ်ခဲ့ပြီး နောက်ပိုင်းမင်းများလက်ထက်တွင် အင်အားဩဇာလျော့နည်းလာခဲ့သည်။ နောက်ဆုံးမင်းဖြစ်သည့် မဟာဓမ္မရာဇာဓိပတိ(ဟံသာဝတီရောက်မင်း)လက်ထက်တွင် ဇင်းမယ်ရှမ်းဇာတိဖြစ်သည့် ဆင်ဝန်ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ခံ၍ မွန်တို့ကို စည်းရုံးကာ ပုန်ကန်သည်။ နောက်ဆုံး အင်းဝကိုပါသိမ်းယူကာ အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ခေါ်ဆောင်သွားပြီး ကွပ်မျက်ခဲ့သည်။ ထိုနောက်တွင် မုဆိုးဖိုရွာသူကြီး ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ တတိယပြည်ထောင်စု မြန်မာနိုင်ငံကြီး ကိုတည်ထောင်ခဲ့သည်။

ညောင်ရမ်းမင်းဆက်များမှာ

၁။ ညောင်ရမ်းမင်းတရားကြီး (မဟာသီဟသူရ ဓမ္မရာဇာ)(၁၆၀၀-၁၆၀၆)
၂။ အနောက်ဖက်လွန်မင်း (မဟာဓမ္မရာဇာ)(၁၆၀၆-၁၆၂၈)
၃။ မင်းရဲဒိဗ္ဗ (၁၆၂၈)
၄။ သာလွန်မင်း (သတိုးဓမ္မရာဇာ)(၁၆၂၈-၁၆၄၈)

၅။ ပင်းတလဲမင်း (သီရိနန္ဒသူရဓမ္မရာဇာ) (၁၆၄၈-၁၆၆၁)
၆။ ပြည်မင်း (၁၆၆၁-၁၆၇၇)
၇။ နရာဝရ
၈။ မင်းရဲကျော်ထင် (သီရိပရဝ မဟာဓမ္မရာဇာ)(၁၆၇၇ -၁၆၉၈ )

၉။ စနေမင်း (၁၆၉၈-၁၇၁၄ )
၁၀။ တနင်္ဂနွေမင်း (၁၇၁၄-၁၇၃၃ )
၁၁။ မဟာဓမ္မရာဇာဓိပတိ (ဟံသာဝတီရောက်မင်း/လောကသရဖူ ဒါယကာမင်း)(၁၇၃၃-၁၇၅၂)
တို့ဖြစ်ကြသည်။

၁။ ညောင်ရမ်းမင်းတရားကြီး

မိတ္ထီလာခရိုင်ရှိ ညောင်ရမ်းသည် ကမ္ဗောဇ တိုင်းနှင့် တမ္ပဒီပတိုင်း နှစ်ဘက်စပ်ကြား လူတို့မရောစပ်စိမ့် သောငှာ နယ်ခြားမြို့ပေါင်း ၄၃ မြို့ကို သက္ကရာဇ် ၃၉၅ ခုနှစ် တွင်တည်ရာ ညောင်ရမ်းမြို့လည်း အပါအဝင်ဖြစ်သည်။ မြို့ဝန်း မှာ ၆၅၄ တာရှိသည်။ သီဟသူရမဟာဓမ္မရာဇာအမည်ရှိသော ညောင်ရမ်းမင်းတရားသည် ငယ်စဉ်ကစ၍ မင်းဖြစ်သည်တိုင် ဤမြို့ကိုစားရသောကြောင့် ဤမြို့အမည်ဖြင့်ထင်ရှားလေသည်။ ညောင်ရမ်းမင်းတရားသည် ဘုရင့်နောင်မင်းကြီးနှင့် မိဖုရားခင်ပြည့်စုံတို့မှ သက္ကရာဇ် ၉၁၇ ခုနှစ်တွင် ဖွားမြင်သော ဒုတိယသားတော်ဖြစ်သည်။ ငယ်မည်မှာ ရှင်သစ္စာဖြစ်၍၊ ဘွဲ့ မည်မှာ မင်းရဲနန္ဒာမိတ်(မင်းရဲရန္တမိတ်)ဖြစ်သည်။ ၉၅၈ ခုနှစ် ပုခန်းကြီးတွင် အခိုင်အလုံနေသော ပြည်စားရဲမက်တို့ကို နိုင်အောင်တိုက်သည်အတွက် နောင်တော်ဟံသာဝတီဘုရင် ငါးဆူဒါယကာ (နန္ဒဘုရင်)က အောင်ဆုပေး၍ ယင်းဘွဲ့ ကိုရသည်။

ခရစ်နှစ် ၁၆၀၀တွင် အင်းဝနန်းကို သိမ်းပိုက်ကာ မဟာ သီဟသူရဓမ္မရာဇာဘွဲ့ဖြင့် မင်းအဖြစ်ကို ခံယူသည်။ သားတော် သခင်လတ်(နောင်တွင် အနောက်ဖက်လွန်မင်း)ကို ဥပရာဇာဘွဲ့ဖြင့် အိမ်ရှေ့အရာပေးသည်။ သခင်လတ်မှာ ညောင်ရမ်းမင်းတရားအတွက် အလွန်အားထားရသည့် စစ်ဗိုလ်ချုပ်လည်းဖြစ်သည်။ ထိုစဉ်က အသက် ၂၃ခန့်သာရှိသေးသည်။ တစ်နှစ်ခန့်အကြာတွင် ရမည်းသင်းအားသိမ်းပိုက်သည်။ ထိုနောက် ညောင်ရွှေ၊ ဗန်းမော်၊ မိုးနဲ၊ မိုးကောင်း၊ သိန္နီ၊ သီပေါ အစရှိသည့် ရှမ်းပြည်တစ်လွှားကို သိမ်းသွင်းသည်။ ထိုတိုက်ပွဲစဉ်များအတွင်း သားတော်အိမ်ရှေ့မင်းက ဗိုလ်မင်းအဖြစ်နှင့် တိုက်ပွဲတိုင်းကို အစွမ်းပြအောင်နိုင်သည်။

မင်းတရားကြီး သည် စစ်ရေးကိစ္စတိုင်ပင်တော်မူရာ အိမ်ရှေ့မင်းက မြောက် ဘက်တစ်လွှားကိုသိမ်းပြီးမှ တောင်ဘက် ပြည်၊ တောင်ငူကို သိမ်းမည်ဟု နားတော်လျှောက်သည်။ ထိုကြောင့် ထိုနှစ်တွင် မိုးမိတ်သို့ချီသည်။ အလွယ်နှင့်အောင်တော်မူ၏။ သိန္နီသို့ချီပြန် သည်။ အောင်တော်မူပြန်၏။  ၉၆၇ ခုနှစ်၊ တစ်ပေါင်းလပြည့်ကျော် တစ်ဆယ့်တစ်ရက် သောကြာနေ့ ညောင်ရမ်းမင်းတရားကြီးစစ်ခရီးတွင် လူ့ပြည်ငြီး၍ နတ်ပြည် စံတော်မူသည်။

၂။ အနောက်ဘက်လွန်မင်း

မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဖက်လွန်မင်း(၁၆၀၆-၁၆၂၈)သည် ညောင်ရမ်းမင်းဆက်၏ ဒုတိယမြောက်မင်းဖြစ်သည်။ အနောက်ဘက်လွန်မင်းတရားကြီးသည် ညောင်ရမ်းမင်း တရားနှင့် မိဖုရားခေါင်ကြီး သီရိ မဟာ ဓမ္မရာဇာ ဓိပတိ ဒေဝီတို့မှ သက္ကရာဇ် ၉၃၉ ခုနှစ်တွင် ဖွားမြင်တော်မူသော သားတော်ကြီး သခင်လတ်ဖြစ်သည်။ ဖခင်ဖြစ်သူ ညောင်ရမ်းမင်းတရားကြီးမပြီးပြတ်ခဲ့သည့် နိုင်ငံသိမ်းသွင်းရေးလုပ်ငန်းများကို ဆက်လက်၍ အားထုတ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ခမည်းတော်လက်ထက်ကပင် လက်နက်နိုင်ငံ ဖြစ်ပြီးသော်လည်း ပြည်၊ တောင်ငူ၊ ပဲခူး၊ သံလျင်စသော ဒေသ များကို သိမ်းသွင်းရန် ကျန်ရှိ နေသေးသည်ကို မင်းတရားကြီး သည် သိမ်းသွင်းတော်မူသည်။ သံလျင်မြို့ကို အနောက်ဘက်လွန်မင်းတရားကြီး အောင်နိုင်လိုက်ခြင်းမှာ မြန်မာနိုင်ငံတွင်း၌ စတင်ခြေကုပ်ယူနေ သော နယ်ချဲ့စနစ်ကို အမြစ်မှ နုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည် ဟု ဆိုရပေမည်။

သက္ကရာဇ် ၉၇၅ ခုနှစ်တွင် ထားဝယ်မြို့ကို ရတော်မူပြန် သည်။ ထားဝယ်ကိုရပြီးနောက် ၉၇၆ ခုနှစ်တွင် ဇင်းမယ်မြို့သို့ ချီတက်လုပ်ကြံရာ မြို့ရံ ၅၇ မြို့နှင့်တကွ ရတော်မူသည်။ လင်းဇင်းက စစ်ကူလာသော ရဲမက် တော်တို့ကိုလည်း အကုန်ပင် ရတော်မူသည်။ ထိုနှစ်တွင်ပင် ရခိုင်ဘုရင်က ကွမ်းသီးကျွန်း၊ အုန်း ကျွန်းတောင်းလာသောကြောင့် အမျက်တော်ရှိ၍ တပ်ကြီးငါး တပ်၊ တိုက်ဆင် ၁၅ဝ၊ မြင်း ၁၅ဝဝ၊ စစ်သည်သူရဲကောင်း ၅ဝဝဝဝ နှင့် သံတွဲဥယျာဉ်ပုကြောင်းကို ချီစေသည်။ သံတွဲ ပျက်၍ တစ်မြို့လုံးကို ရတော်မူသော် လူသူသုံ့ပန်းကိုယူ၍ ပြန်ခဲ့စေသည်။ မင်းတရားကြီး၏နိုင်ငံတော်ကား အထက်ကို ဗန်းမော် အောက်ကို ထားဝယ်ထိ၍ အရှေ့ကို ဇင်းမယ် ထိသည်။ ဗင်္ဂလားမြို့၊ အချည်မြို့၊ ဒေလီမြို့များက လက်ဆောင်များနှင့် သံများရောက်သည်။ ဂိုးအားမြို့ ပေါ်တူကီဘုရင်ခံနှင့်လည်း ဆက်သွယ်ပေါက်ရောက်သည်။

ဟံသာဝတီချောင်းသစ်အနောက်ဖက်တွင် ယာယီနန်းတည်၍ နေထိုင်နေစဉ်သားတော် မင်းရဲဒိဗ္ဗက ကိုယ်လုပ်တော် ကျိုင်းတုံစော်ဘွားသမီး နှင်းခမ်းပေါနှင့် ရည်ငံသည်ကို သိသဖြင့် အမျက်ထွက်ကာ သားတော်အား သံအိုကွင်းနှင့် ကြော်မည် ဟုဆူပူကြိမ်းမောင်းသည်။ ထိုနောက် သားတော် မင်းရဲဒိဗ္ဗက လုပ်ကြံသဖြင့် ၂၉၊ မေ၊ ၁၆၂၈တွင် နတ်ရွာစံသည်။

၃။ မင်းရဲဒိဗ္ဗ

မင်းရဲဒိဗ္ဗသည် ဖခင်ဖြစ်သူ အနောက်ဖက်လွန်မင်းကို လုပ်ကြံကာ ဟံသာဝတီတွင် နန်းတက်သည်။ မင်းရဲဒိဗ္ဗ(၁၆၂၈)၏နန်းသက်မှာ တစ်နှစ်ပင်မရှိချေ။ နန်းတက်လျှင် အင်းဝနှင့် စစ်ကိုင်းရှိ သစ္စာခံများကို အကြောင်းကြားကာ သစ္စာပေးသည်။ ထိုနောက် အဝေး(ဇင်းမယ်)ရောက်နေသည့် ဘထွေးတော်များဖြစ်သည့် သတိုးဓမ္မရာဇာ(သာလွန်မင်း) နှင့် မင်းရဲကျော်စွာတို့ကို သံသယများဖြစ်စေရန် သွေးခွဲသည့်အနေဖြင့် စာများစေသည်။ သတိုးဓမ္မရာဇာ၏ ကျွန်ယုံများက အလျင်ရောက်ကာ သတင်းပေးသဖြင့် သတိုးဓမ္မရာဇာ အကြောင်းစုံသိနှင့် သော်လည်း ညီတော် မင်းရဲကျော်စွာကမူ ယုံမှားသံသယရှိသဖြင့် နောင်တော်တပ်ကို ညအချိန်တွင် ဝင်ရောက်တိုက်ခိုက်သည်။ သတိုးဓမ္မရာဇာတပ်များက နှိမ်နှင်းနိုင်သဖြင့် ရှုံးနိမ့်သွားပြီး မင်းရဲကျော်စွာကို အပြစ်မှလွှတ်သော်လည်း ကျွန်များကိုသတ်စေသည်။

ဇင်းမယ်မှ အင်းဝသို့ပြန်ရန် စီစဉ်သော်လည်း မိုးကာလဖြစ်သဖြင့် ဖြည်းဖြည်းသာချီခဲ့ရသည်။ ကျန်ရှိနေသော ဇင်းမယ်မှ ပုန်ကန်သော်လည်း မည်သို့မှ မလုပ်သာခဲ့ပေ။ ထိုအချိန်၌ပင် ဟံသာဝတီမှ မင်းလှနော်ရထာကဦးဆောင်သည့် မှူးမတ်များက မင်းရဲဒိဗ္ဗကို ဖမ်းဆီးနန်းချကာ လုံခြုံအောင်ထား၍ သတိုးဓမ္မရာဇာကို ပင့်ဖိတ်သည်။ သို့ဖြင့် မင်းရဲဒိဗ္ဗ နန်းကျကာ သတိုးဓမ္မရာဇာ ဘွဲ့ခံ သာလွန်မင်း ဟံသာဝတီနန်းတွင် အုပ်ချုပ်သည်။ အုပ်ချုပ်သည်ဟု ဆိုရသည်မှာ နန်းတက်ဘိသိက်မခံပဲ ၄ နှစ်တိုင်တိုင် တိုင်းပြည်အရေးများကို ဆောင်ရွက်နေသောကြောင့်ဖြစ်သည်။

၄။ သာလွန်မင်း

သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်သည်တိုင် သာလွန်မင်း(၁၆၃၂-၁၆၄၈)ဟုခေါ်ကြခြင်းမှာ “တိုင်းကားပြည်ရွာ အသာလွန်သောကြောင့်လည်းကောင်း၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်ရသောကြောင့်လည်းကောင်း သာလွန်မင်း ဟုခေါ်ခြင်းဖြစ်သည်”ဟု ဆိုသည်။ သာလွန်မင်းသည် နောင်တော် အနောက်ဖက်လွန်မင်းအား တူတော် မင်းရဲဒိဗ္ဗက လုပ်ကြံနန်းတက်သည်ကို နှိမ်နှင်းပြီးနောက် နန်းတက်သည်။ နန်းတက်စတွင် ဘိသက်ခံကာ ဘုရင်အဖြစ်ရယူခြင်းမရှိပဲ လေးနှစ်(၁၆၂၈ မှ ၁၆၃၃ထိ)တိုင် တိုင်းပြည်စည်းရုံးရေးကို ဆောင်ရွက်ခဲ့သည်။ သာလွန်မင်းလက်ထက် ၁၆၃၇တွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေ နှင့် မြေယာစစ်တမ်းများကို စတင်ကောက်ယူခဲ့သည်။

ဇင်းမယ်သို့ တဖန်သွားရောက်ကာ ပုန်ကန်မှုများကို နှိမ်နှင်းသည်။ ထိုနောက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများ နှင့်ဇင်းမယ်တစ်ဝိုက်တွင် ငြိမ်ဝပ်ပိပြားစေရန် ဆောင်ရွက်သည်။ ထိုနောက် ယိုးဒယားသို့ သံစေလွှတ်သည်။ သို့သော် ဟံသာဝတီတွင် နန်းတက်၍ မကြာမှီတွင် ပုန်ကန်မှုများနှင့် ရင်ဆိုင်ရသည်။ ပုန်ကန်သူများ မော်လမြိုင်သို့ ပြေးသည်ကို လိုက်လံနှိမ်နှင်းရသေးသည်။ ၁၆၃၄တွင် သာလွန်မင်းသည် မင်းနေပြည်တော်ကို ဟံသာဝတီမှ အင်းဝသို့ တဖန်ပြန်လည်ပြောင်းရွှေ့စံမြန်းသည်။ ၁၆၃၆တွင် ကောင်းမှုတော် ရာဇစူဠာမဏိစေတီ(စစ်ကိုင်းကောင်းမှုတော်)ကို အုတ်မြစ်ချသည်။

အင်းဝသို့ရောက်ပြီး ကုသိုလ်ကောင်းမှုများ ဆောင်ရွက်နေစဉ် ညီတော်အိမ်ရှေ့မင်း မင်းရဲကျော်စွာ ကွယ်လွန်သဖြင့် သားတော် ပင်းတလဲမင်းသားအား အိမ်ရှေ့အရာပေးသည်။ ထိုအခါ နန်းရရန် မျှော်မှန်းသည့် အမြင့်စားရှင်တရုတ်က လူသူစုဆောင်းကာ ပုန်ကန်သည်။ သာလွန်မင်းလည်း အငိုက်မိကာ အားမတန်သဖြင့် လေးထပ်ကျောင်းသို့ဝင်ရောက်ခိုလှုံသည်။ သို့သော် လေးထပ်ကျောင်းဆရာတော်ကြီးက လောကီနှင့် လောကုတ္တရာ မရောယှက်လိုသဖြင့် ခိုလှုံခွင့်မပေးချေ။ ထို့ကြောင့် စံကျောင်းသို့ပြောင်းရွှေ့ခိုလှုံရသည်။ စံကျောင်းဆရာတော်မှာ လောကီဆန်သည့် ပွဲကျောင်းဆရာတော်ဖြစ်သည့် အတွက်နောက်ပါရဟန်းများကို စုစည်းကာ တုတ်ဓါးလက်နက်များဖြင့် သာလွန်မင်းနှင့် မှူးမတ်များကို စောင့်ရှောက်ပေးသည်။ မြို့တွင်းတွင်ကျန်ရှိနေခဲ့သည် မှူးမတ်များလည်း အမြင့်စားကိုကြောက်ရွံသဖြင့် နေကြရသော်လည်း မင်းတရားကြီးကို သစ္စာခံကြောင်း တိတ်တဆိတ်လျှောက်တင်ကြသည်။ ထိုပုန်ကန်မှုကို မှူးမတ်များရွတ်ရွတ်ချွံချွံ ထမ်းဆောင်နှိမ်နှင်းသဖြင့် ရှင်တရုတ်ကျဆုံးပြီး အောင်မြင်သည်။ ထို့နောက် လေးထပ်ကျောင်းနှင့် စံကျောင်းတို့တွင် အလှုကြီးများပေးကာ လေးထပ်ကျောင်းဆရာတော်ကို သံသရာဆရာတော် ၊ စံကျောင်းဆရာတော်ကို ပစ္စုပ္ပန်ဆရာတော်ဟူ၍ ခေါ်ဝေါ်ချီးကျူးလေသည်။

ထိုပုန်ကန်မှုပြီးနောက် မြောက်ပိုင်းမှ ကသည်းလူမျိုးတို့ ကျူးကျော်လာသည်ကို တိုက်ခိုက်နှိမ်နှင်းရသေးသည်။ သို့သော် အလွယ်တကူသာ တိုက်ယူလိုက်ရပြီး အောင်နိုင်သည်။ ထိုပုန်ကန်မှုအပြီး တစ်နှစ်အကြာ ၁၆၄၈တွင် သာလွန်မင်း အင်းဝနန်းတော်တွင် နတ်ရွာစံသည်။ နန်းသက် ၁၉နှစ်၊ သက်တော် ၆၅နှစ် အဝင်တွင်ဖြစ်သည်။ နတ်ရွာစံလျှင် သားတော် အိမ်ရှေ့မင်း ပင်းတလဲမင်းက နန်းဆက်ခံသည်။

၅။ ပင်းတလဲမင်း

သီရိနန္ဒသူရဓမ္မရာဇာ ဘွဲ့ခံ ပင်းတလဲမင်း(၁၆၄၈-၁၆၆၁)သည် ဖခင်သာလွန်မင်း နတ်ရွာစံလျှင် အင်းဝထီးနန်းကို စိုးစံသည်။ ၎င်းလက်ထက်တွင်လည်း ဖခင်သာလွန်မင်းကဲ့သို့ပင် စစ်သည်တော်များကို အစုအဖွဲ့အလိုက် စာရင်းများကောက်ယူစေခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်းနေထိုင်ကြသည့် နိုင်ငံခြားသားခြားအနေဖြင့် မိမိနေရပ်သို့ ပြန်သောအခါတွင် မြန်မာနိုင်ငံရှိ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ခြင်းမပြုရန် အမိန့်ဖြင့် တားဆီးခဲ့သည်။ ၁၆၆၁တွင်ညီတော်ပြည်မင်းက နောင်တော် ပင်းတလဲမင်းကို ဖမ်းဆီးနန်းချကာ နန်းတက်သည်။ နန်းတက်ပြီးနောက်တွင် ပင်းတလဲမင်းနှင့်အတူ မိဖုရားခေါင်ကြီး၊အသက်ရှစ်နှစ် အရွယ်ရှိ သားတော် မင်းရဲသိင်္ခသူ၊ အသက်လေးနှစ်အရွယ်ရှိ မြေးတော်နရာဒိဗ္ဗ တို့ကို ရေချဖျောက်ဖျက်သည်။

၆။ ပြည်မင်း

ပြည်မင်းသည် နောင်တော် ပင်းတလဲမင်းကို ပုန်ကန်ကာ နန်းတက်လေသည်။ ထိုသို့ မပြုသင့်သည့် အမှုကို ပြုခဲ့သဖြင့် ပြေလည်ရာပြေလည်ကြောင်းအနေဖြင့် ဆရာတော်၊ သံဃာတော်များကို နန်းတွင်းသို့ပင့်ဖိတ်ကာ မိမိဆန္ဒအလျောက် ပြုကျင့်ခြင်းမဟုတ်ကြောင်း၊ အမှူးအမတ်တို့၏ ဆန္ဒအရသာဖြစ်ကြောင်း လျှောက်တင်လေသည်။ ဆရာတော်အများက ချီးပပြောဆိုကြသော်လည်း၊ မြောက်နန်းကျောင်းဆရာတော်ကမူ “ယခု ဒကာတော် လျှောက်ထားသည်မှာ ငါတို့အရာမဟုတ်၊ ညီတော်နောင်တော်နှစ်ပါး ဟုတ်မဟုတ်ကို အောက်ကိုရောက်မှပဲ ငြင်းကြခုန်ကြပေရော့”ဟု မိန့်တော်မူလေသည်။ သို့သော် ပြည်မင်း၏တောင်းပန် မှုကြောင့် ဆရာတော်လည်း ရာဇဝင်ချုပ် တစ်စောင်ရေးသားစီရင်တော်မူခဲ့လေသည်။ ထိုမင်းလက်ထက်တွင် နာမည်ကျော် နန်းစဉ်ရတနာဖြစ်သည့် ပတ္တမြားငမောက်ကို ရှာဖွေတွေ့ရှိပြီး နန်းတွင်းသို့ ဆက်သလာလေသည်။ သို့သော် နှောင်တွင် ငမောက်သည် မိမိအား ပတ္တမြားကို အပြည့်အဝ မဆက်သကြောင်းသိလျှင် ဆွေမျိုးများနှင့် တကွသတ်စေသည်။နန်းသက် ၁၁ အရောက်တွင် နတ်ရွာစံသဖြင့် သားတော် နရာဝရ အင်းဝနန်းကို ဆက်ခံသည်။

၇။ နရာဝရ

ပြည်မင်း လွန်လျှင် သားဖြစ်သူ နရာဝရ အင်းဝနန်းကို စိုးစံသည်။ နန်းစံသက် ၁၁ လသာရှိကာ ထူးခြားသော အမှတ်အသား၊အကြောင်းအရာများ မှတ်တမ်းကျန်ရစ်ခဲ့ခြင်းမရှိပေ။ ထိုမင်းလွန်လျှင် နန်းလျာမသတ်မှတ်ခဲ့သဖြင့် မှူးမတ်တို့လည်း မင်းဖြစ်လောက်မည့် မင်းညီမင်းသားကို ရွေးချယ်၍ နန်းတင်ရန် ဘုရင့်နှမတော်နှင့် တိုင်ပင်ဆုံးဖြတ်လေသည်။ သို့ဖြင့် ဘုရင်နတ်ရွာလားကြောင်း မကြေညာပဲ လျှို့ဝှက်ထားပြီး မင်းဖြစ်လောက်မည့် မင်းညီမင်းသားအား ရှာဖွေလေ့လာလေသည်။ ဘုရင့်ညီတော်သူ မင်းရဲကျော်ထင်အား ထုံးတမ်းစဉ်လာကိုသိမြင်ကာ ရာဇဝင်တွင်လည်းနှံစပ်သည်ဟု သဘောကျနှစ်ခြိုက်ကာ အိမ်ရှေ့အရာအပ်နှင်းကြောင်း ပင့်ဖိတ်၍ လွှတ်တော်တက်ချိန်တွင်မှ ဘုရင်နတ်ရွာလားကြောင်း ကြေညာကာ ညီတော် ဝရဇေယ (ခေါ်) မင်းရဲကျော်ထင် (ဝမ်းဘဲအင်းစံမင်း)က အင်းဝ တွင် နန်းတက်လေသည်။

၈။ မင်းရဲကျော်ထင်

နောင်တော် နရာဝရလွန်လျှင် ညီတော် ဝရဇေယ (ခေါ်) မင်းရဲကျော်စွာ(ဝမ်းဘဲအင်းစံမင်း)က သီရိပရဝ မဟာဓမ္မရာဇာဘွဲ့ဖြင့် အင်းဝ တွင် နန်းတက်လေသည်။ ထိုမင်းလက်ထက်တွင် လူတို့ ယဉ်ကျေးမှုနှင့် မညီပျက်ပြားကြသဖြင့် တင်းကျပ်သော အမိန့်တို့ကို ထုတ်ပြန်ရလေသည်။ ထို့ပြင် အခွန်အတုတ်တို့ ကြီးလေးကြောင်းလူတို့ ငြီးငြူလေသောကြောင့် အခွန်စည်းကျပ်ပုံကို ပြင်ဆင်ခဲ့ရသည်။ အင်းဝနန်းတော်ကိုလည်း နှစ်ကြိမ်တိုင်တိုင် အသစ်တည်သည်ဟု မှတ်တမ်းများအရ သိရှိရသည်။ ထူးခြားချက်အနေဖြင့် ၎င်းလက်ထက်တွင် ပေကို သရိုး၊သစ်စေးကိုင်ပြီး ဆေးဒန်းနှင့် အက္ခရာရေးကာ ရွှေချသည့် ရွှေစာရေးနည်းစတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ နန်းသက် ၂၆နှစ်တွင် နတ်ရွာစံရာ သားတော် စနေမင်း နန်းတက်သည်။

၉။ စနေမင်း

မာန်အောင်ရတနာစေတီ ဒါယကာ စနေမင်း(၁၆၉၈-၁၇၁၄) နန်းတက်လျှင် ညီတော်ပုဂံစားကို အိမ်ရှေ့အရာထားသည်။ သို့သော်သားတော် (တနင်္ဂနွေမင်းဖြစ်မည့်သူ) မွေးပြီးနောက်တွင် စိတ်ထားပြောင်းကာ ညီတော်အစား သားတော်ကို နန်းလျာထားရန် ကြံသည်။ ထိုမင်းလက်ထက်တွင် သံဃာထုအတွင်း အတင်ဂိုဏ်း နှင့် အရုံဂိုဏ်း ဟုနှစ်ဖက် အငြင်းပွားသည်ကို ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေ။ ထို့ပြင် ဇင်းမယ်၊ရခိုင်၊ကျိုင်းတုံ တို့မှ မလေးမခန့်ဖြစ်လာခဲ့သည်။သားတော်အသက် ၁၉နှစ်တွင် ညီတော်ကို ပုဂံသို့ ပြန်စေပြီး သားတော်အားအိမ်ရှေ့အရာပေးကာ “ဘုန်းကြီးသောအရှင်” ဟုခေါ်ဝေါ်စေသည်။ သို့ဖြင့် စနေမင်းနတ်ရွာစံလျှင် သားတော် တနင်္ဂနွေမင်း နန်းတက်သည်။

၁၀။ တနင်္ဂနွေမင်း

စနေမင်း လွန်လျှင် သားဖြစ်သူ တနင်္ဂနွေမင်း(၁၇၁၄-၁၇၃၄)နန်းတက်သည်။ နန်းတက်လျှင် အိမ်ရှေ့စံဖြစ်ဖူးသည့် ဦးရီးတော် ပုဂံစားက ပုန်ကန်နန်းလုသည်။ သို့သော်အင်အားသာသည့် အင်းဝက အနိုင်ရသဖြင့် ပုဂံစားကျလေသည်။ တနင်္ဂနွေမင်း လက်ထက်တွင် အဆိုးဆုံးရင်ဆိုင်ရသည့် ပြဿနာမှာ ရာသီဥတုဖြစ်သည်။ ရာသီဥတုဆိုးဝါးသဖြင့် စိုက်ပျိုးရေးပျက်ဆီးလာပြီး ပြည်သူများ ငတ်မွတ်ခေါင်းပါးလာရသည်။ ထိုပြဿနာကို နိုင်နှင်းစွာ အဖြေရှင်းနိုင်ခင်မှာပင် အနောက်ဖက်မဏိပူရမှ ကသည်းများက ဘာသာရေးအခြေခံကာ ကျူးကျော်လာသည်။(ဟိန္ဒူနွယ်သည့် ကသည်းများက ဧရာဝတီမြစ်ရေဖြင့် သန့်စင်ခြင်းပြုပါက အပြစ်တို့မှ လွတ်ငြိမ်းမည်ဟု ယုံကြည်ခဲ့ကြည်။)ထို့အတူ ဇင်းမယ်မှလည်း ပုန်ကန်သည်ကို နှိမ်နင်းနိုင်ခြင်းမရှိသည့်အတွက် ဘုရင့်နောင်မင်းတရားလက်ထက်မှစကာ ပိုင်ဆိုင်လာသည့် ဇင်းမယ်ကို လက်လွတ်ရပြန်သည်။ ခရစ်နှစ် ၁၇၃၃တွင် တနင်္ဂနွေမင်းလွန်သော် သားတော် မဟာဓမ္မရာဇာဓိပတိ နန်းတက်သည်။

၁၁။ မဟာဓမ္မရာဇာဓိပတိ (ဟံသာဝတီရောက်မင်း)

တနင်္ဂနွေမင်းလွန်ချိန်က နန်းရင်းဝန်ကြီး ဦးပုက ဦးဆောင်ကာ အသက်(၁၆)နှစ်အရွယ် မင်းသားငယ်ကို ဝိုင်းဝန်းနန်းတင်လိုက်ရာမှ မဟာဓမ္မရာဇာဓိပတိဘွဲ့ဖြင့် ၂၃၊ နိုဝင်ဘာ၊ ၁၇၃၃ တွင် အင်းဝနန်းကို စိုးစံရသည်။ ထိုမင်းသည် ရာဇဝင်၊ ပုံပြင်၊ ဗေဒင်၊ ဂဏန်း၊ ဗဟုသုတ၊ စောင်းညှင်း စသော အတီးအမှုတ်တို့နှင့်တကွ ကဗျာလင်္ကာရေးသားစပ်ဆိုရာ၌ များစွာ ကျွမ်းကျင်တော်မူ၏။ သို့သော် တိုင်းရေးပြည်မှုတို့ကို များစွာ ဂရုမစိုက်၊ သောက်စားပျော်ပါးမှုတို့နှင့်သာ အချိန်ကုန်တတ်၏။

ဖခင်ဖြစ်သူလက်ထက်က ပျက်စီးနေသော လယ်ယာစိုက်ပျိုးရေး နှင့်ပြည်ပ ကျူးကျော်နှောင့်ယှက်မှုများကို ဖြေရှင်းရန် တာဝန်ရှိသော်လည်း ငယ်ရွယ်သူဖြစ်သည့် အတွက် ဝါသနာပါရာ ဗေဒင်ကိန်းခန်းနှင့် ဇာတာခွင် စစ်ဆေးခြင်း အလုပ်များတွင်သာ အာရုံထားပြီး တိုင်းပြည်တာဝန်ကို လှစ်လျှုရှုမြဲ ရှုနေခဲ့သည်။ သဘင်ကြီးစွာခံကာ ဧရာဝတီမြစ်ရိုးတစ်လျှောက် နောက်လိုက်များဖြင့် ခရီးထွက်ပျော်ပါးနေခဲ့သည်။ ထို့ပြင် ဗေဒင်ကိန်းခန်း အလိုအရဟုဆိုကာ အင်းဝအနောက်တောင်ဖက်ရှိ ဆင်တဲအရပ်တွင် သစ်နန်းတည်ကာ နန်းစံနေခဲ့သည်။ အဆိုးဆုံးသောအမှားမှာ မိမိငယ်ဆရာ ရွှေဖြိုးကို နန္ဒမိတ်ကျော် ဘွဲ့ဖြင့်အပါးတွင်ခစားစေခြင်း၊ ထိုသူနှင့် အပေါင်းအပါများကသွေးထိုးသည်ကြောင့် နန်းရင်ဝန်ဦးပုအပါအဝင်၊ ရွှေတိုက်စိုး၊ အသည်ဝန်၊ သက်တော်ရှည်အမတ်ကြီး နှင့် ဝန်တစ်ပါး အပါအဝင် အရေးပါသည့် လူငါးဦးလုံးကို ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။ ထိုပြင်လည်း ပျော်ပါးဘက် မှူးမတ်ငယ်များကိုသာ အရေးတယူ ပြုမှုသောကြောင့် ကာယ၊ ဉာဏ အရည်အချင်းပြည့်ဝသည့် မှူးကြီး မတ်ကြီးတို့ လွတ်ရာ ရှောင်တိမ်းနေကြ ရသည်။ ဤသို့အားဖြင့် နိုင်ငံတော်သည် များစွာ အင်အား ချို့တဲ့လျက်ရှိသည်သာမက မငြိမ်မဝပ် အစားအစာ ရှားပါး လေသည်။

ထိုအခါ ရှေးမင်းများလက်ထက်က စိုးပိုင်ခဲ့ဖူးသည့် ယိုးဒယား၊ ဇင်းမယ်၊ ရှမ်းနယ်၊ မွန်ပြည်နယ်တို့သည် မြန်မာမင်းအား ပမာမထား ခြားနား ထောင်ထားကြလေ၏။ မဏိပူရ ကသည်းတို့ကလည်း နှစ်နှစ်တကြိမ်၊ သုံးနှစ်တစ်ကြိမ် ထိုမင်းလက်ထက် ကုန်ဆုံးသည့်တိုင် မြန်မာနိုင်ငံတော်သို့ ဆက်ကာဆက်ကာ လာရောက် ထိပါး နှောက်ယှက်ခဲ့ရာ တစ်ကြိမ်တွင် အင်းဝမြို့အနီးတိုင် ရောက်လာကြပြီးလျှင် များစွာ ဖျက်ဆီးသွား ကြလေသည်။ သက္ကရာဇ် ၁၁ဝ၉ ခုနှစ်ခန့်တွင် ငစဉ့်ကိုင် အရှေ့ အုတ်ဖိုတောင်ခြေ၌နေသော ကွေ့ရှမ်းတို့သည် မိမိတို့ အကြီးအကဲ ဂုဏ္ဏအိမ်နှင့်တကွ မတ္တရာ၊ အုတ်ဖို စသော အညာမြစ်စင် တစ်လျှောက်တွင် ချထားနေထိုင်ရသော မွန်ဟူသမျှနှင့် ညီညွတ် ပုန်ကန်ကြသည်။

ဟံသာဝတီကလည်း ၁၁ဝ၁ ခုနှစ်မှ အစပြု၍ ပုန်ကုန် ခြားနားလာခဲ့ရာ အင်းဝလက်အောက်ခံအဖြစ်မှ လွတ်မြောက်ကာ အင်အား တဖြည်းဖြည်း တိုးတက်လာပြီးလျှင် အင်းဝတပ်များကိုပင် တွန်းလှန်နိုင်ခဲ့သည်။ အချိန်တိုအတွင်းတွင် ဟံသာဝတီ၌ ဦးအောင်လှက ဗြမိုင်းဓိရာဇာဘွဲ့ဖြင့် နန်းတက်တော့သည်။ ဗြမိုင်းဓိရာဇာမှာ မြန်မာမဟုတ်ပေ။ ဇင်းမယ်ဇာတိ လင်ဇင်းရှမ်းအနွယ် ဖြစ်သည်။ ဆင်မှုကျွမ်းကျင်သဖြင့် အင်းဝမင်းက ပဲခူးတွင် ဆင်ဝန်ခန့်ထားသူ ဖြစ်သည်။ သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ဟံသာဝတီဘုရင့်ညီတော်အိမ်ရှေ့ဥပရာဇာနှင့် ညီတော် ဗညားဒလတို့ ရေကြောင်း၊ ကြည်းကြောင်း အလုံးအရင်းနှင့်တကွ ချီတက်လာပြီးလျှင် အင်းဝမြို့ကို ဝန်းရံ လုပ်ကြံသည်။ အင်းဝမှာလည်း ဆယ်နှစ်၊ ကိုးနှစ်အတွင်း နိုင်ငံ မငြိမ်မသက်ရှိ၍ ဆင်းရဲသားတို့ ကောင်းစွာ မလုပ်ဆောင်ကြရသောကြောင့် ဆန်ရေစပါး ပါးရှားငတ်မွတ်သည်နှင့် ရဲမက်တော်တို့ ကောင်းစွာ မခုခံ မတိုက်ခိုက်နိုင်သဖြင့် တစ်မြို့လုံး မွန်တို့လက်သို့ ရောက်ရလေသည်။

ထိုအခါ မင်း၊ မိဖုရား၊ သားတော် သမီးတော်၊ မှူးမတ်၊ သူဌေး သူကြွယ်မှစ၍ ပိဋကတ်စာပေမကျန် သိမ်းယူပြီးသော် ဟံသာဝတီသို့ ဆောင်ယူလေသည်။ ဤတွင် မဟာဓမ္မရာဇဓိပတိမင်းကို ဟံသာဝတီရောက် မင်းတရားကြီးဟု တွင်လေသည်။ မှူးမတ်များတွင်လည်း ကဗျာအရာတွင် အလွန်ကျော်ကြားသော ဝန်ကြီးပဒေသရာဇာလည်း ပါဝင်၏။ ၂၁၊ မတ်၊ ၁၇၅၂ တွင် အင်းဝကျကာ မဟာဓမ္မရာဇာဓိပတိမင်းလည်း ဆွေတော်မျိုးတော်များနှင့် တကွ ဟံသာဝတီသို့ အကျယ်ချုပ်ဖြင့် ပါကာ ညောင်ရမ်းမင်းဆက် ပြတ်လေတော့သည်။ ဟံသာဝတီအနီး ချောင်းတစ်ချောင်းတွင် ၁၃၊အောက်တိုဘာ၊ ၁၇၅၄ ညနေ၌ အဆွေအမျိုးများနှင့်တကွ ရေချကာ ကွပ်မျက်ခံခဲ့ရသည်။

နောက်ဆက်တွဲ

အင်းဝမင်း ဟံသာဝတီသို့ပါလျှင် မုဆိုးဘိုရွာသူကြီး ဦအောင်ဇေယျသည် မုဆိုးဘိုနှင့် အနီးအပါးမှ လူစွမ်းကောင်းများကို စုစည်းကာ အင်းဝအစောင့်နေသည့် မွန်စစ်သူကြီး တလပန်းအား ရင်ဆိုင်ကာတိုက်ခိုက်သည်။ ဗြမိုင်းဓိရာဇာ၏ မှူးမတ်များ ကုန်းတိုက်သည်ကြောင့်၎င်း၊ တောင်ပိုင်းတနင်္သာရီဒေသကို ယိုးဒယားတို့ ထိပါးသည်ကြောင့်၎င်း မုဆိုးဘိုကို ရင်ဆိုင်ဆဲမှာပင် တလပန်းအား ဟံသာဝတီသို့ပြန်ခေါ်ကာ အင်းဝတွင် ငွေခွန်ဝန်မှူးဆိုသူကို အကြီးအကဲခန့်ကာ မုဆိုးဘိုကို ဆက်လက်တိုက်ခိုက်စေသည်။ နောင်တွင် ဦးအောင်ဇေယျက အလောင်းဘုရားဘွဲ့ဖြင့် ကုန်းဘောင်မင်းဆက်ကို တည်ထောင်သည်။

နှစ် ၆၀၀ အင်း၀ – ရွှေကိုင်းသား
မင်း ၁၀ပါး ရာဇဝင် – ဒေါက်တာမတင်ဝင်း
မြန်မာ့စွယ်စုံကျမ်း

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Wikipedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top