ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မႏၲေလးၿမိဳ႕၊ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၁၉×၆၆ လမ္းေထာင့္အနီးတြင္ ၾသဂုတ္လ ၁၂ရက္ေန႔ ည၁၀နာရီခြဲေက်ာ္ အခ်ိန္ခန္႔က Nissan အမ်ိဳးအစား ေအဒီဗင္အျဖဴေရာင္တစ္စီးႏွင့္ Tricker ေမာ္ေတာ္ဆိုင္ကယ္တစ္စီးတို႔ ယာဥ္တိုက္မွုျဖစ္ပြားခဲ႔ၿပီး ေမာ္ေတာ္ယာဥ္မွာ ရပ္တန္႔ေပးျခင္းမရွိဘဲ တိုက္မိသည့္ ဆိုင္ကယ္မွာ ကားတြင္ခ်ိတ္ပါသြားခဲ့ကာ ေမာင္းႏွင္ထြက္ေျပးရာမွ ၂၉လမ္း၊ ၆၅×၆၆လမ္းၾကား၌ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးရွိ ဗန္ဒါပင္ကို ဝင္တိုက္မွုျဖစ္ပြားခဲ့သည္။

အဆိုပါေမာ္ေတာ္ယာဥ္ေနာက္သို႔ အမွတ္(၁)ရဲစခန္းမွ လွည့္ကင္းတာဝန္ေဆာင္ရြက္ေနသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ ျပည္သူမ်ားမွ ထပ္ခ်ပ္လိုက္လံဖမ္းဆီးခဲ႔ရာ ၎ေမာ္ေတာ္ယာဥ္သည္ ၁၉လမ္းအတိုင္း အေရွ႕ဘက္သို႔ ေမာင္းႏွင္လာၿပီး ၆၂လမ္းအေရာက္တြင္ ေတာင္ဘက္သို႔ ခ်ိဳးေကြ႕ကာ ၆၂အတိုင္း ဆက္လက္ေမာင္းႏွင္လာ၍ လမ္း၃၀အေရာက္၌ အေနာက္ဘက္သို႔ ေကြ႕၍ ၆၆လမ္းအေရာက္ ေျမာက္ဘက္ ၂၉လမ္းအထိ ေမာင္းႏွင္ခဲ႔သည္။ ထို႔ေနာက္ ၂၉လမ္းေထာင့္ အေရာက္ အရွ႕ဘက္သို႔ ေကြ႕၍ ဆက္လက္ေမာင္းႏွင္ရာတြင္ ၂၉လမ္း၊ ၆၅×၆၆လမ္းၾကား၌ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးရွိ ဗန္ဒါပင္ကိုတိုက္မိကာ ယာဥ္ေမာင္းအား ဖမ္းဆီးရမိခဲ့သည္။

၎ယာဥ္တိုက္မွဳေၾကာင့္ ေမာ္ေတာ္ယာဥ္ေမာင္း အပါအဝင္ (၅)ဦးခန္႔ ဒဏ္ရာရရွိခဲ႔ၿပီး ထြက္ေျပးရာလမ္းတစ္ေလ်ာက္ရွိ ဆိုင္ကယ္ (၁၀)စီးခန္႔ပ်က္စီးခဲ႔ကာ ဒဏ္ရာရရွိသူမ်ားကို နန္းေတာ္ေရွ႕ လူမွဳကယ္ဆယ္ေရးအဖြဲ႕ဝင္မ်ားက မႏၲေလးအေထြေထြေရာဂါကုေဆး႐ံုႀကီး အေရးေအၚဌာနသို႔ ပို႔ေဆာင္ေပးခဲ႔ရေၾကာင္း ကူညီပို႔ေဆာင္သူတစ္ဦးက ဆိုသည္။

လက္ရွိအခ်ိန္တြင္ Nissan အမ်ိဳးအစား ေအဒီဗင္ ေမာ္ေတာ္ယာဥ္မာင္းႏွင္သူအား အမွတ္(၁)ရဲစခန္းသို႔ ေခၚေဆာင္၍ လိုအပ္သည္မ်ား စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin
#Unicode Version #
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၁၉×၆၆ လမ်းထောင့်အနီးတွင် သြဂုတ်လ ၁၂ရက်နေ့ ည၁၀နာရီခွဲကျော် အချိန်ခန့်က Nissan အမျိုးအစား အေဒီဗင်အဖြူရောင်တစ်စီးနှင့် Tricker မော်တော်ဆိုင်ကယ်တစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်မှာ ရပ်တန့်ပေးခြင်းမရှိဘဲ တိုက်မိသည့် ဆိုင်ကယ်မှာ ကားတွင်ချိတ်ပါသွားခဲ့ကာ မောင်းနှင်ထွက်ပြေးရာမှ ၂၉လမ်း၊ ၆၅×၆၆လမ်းကြား၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဗန်ဒါပင်ကို ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမော်တော်ယာဉ်နောက်သို့ အမှတ်(၁)ရဲစခန်းမှ လှည့်ကင်းတာဝန်ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ထပ်ချပ်လိုက်လံဖမ်းဆီးခဲ့ရာ ၎င်းမော်တော်ယာဉ်သည် ၁၉လမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်လာပြီး ၆၂လမ်းအရောက်တွင် တောင်ဘက်သို့ ချိုးကွေ့ကာ ၆၂အတိုင်း ဆက်လက်မောင်းနှင်လာ၍ လမ်း၃၀အရောက်၌ အနောက်ဘက်သို့ ကွေ့၍ ၆၆လမ်းအရောက် မြောက်ဘက် ၂၉လမ်းအထိ မောင်းနှင်ခဲ့သည်။ ထို့နောက် ၂၉လမ်းထောင့် အရောက် အရှ့ဘက်သို့ ကွေ့၍ ဆက်လက်မောင်းနှင်ရာတွင် ၂၉လမ်း၊ ၆၅×၆၆လမ်းကြား၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ဗန်ဒါပင်ကိုတိုက်မိကာ ယာဉ်မောင်းအား ဖမ်းဆီးရမိခဲ့သည်။

၎င်းယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ်မောင်း အပါအဝင် (၅)ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ထွက်ပြေးရာလမ်းတစ်လျောက်ရှိ ဆိုင်ကယ် (၁၀)စီးခန့်ပျက်စီးခဲ့ကာ ဒဏ်ရာရရှိသူများကို နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များက မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး အရေးအေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ကူညီပို့ဆောင်သူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် Nissan အမျိုးအစား အေဒီဗင် မော်တော်ယာဉ်မာင်းနှင်သူအား အမှတ်(၁)ရဲစခန်းသို့ ခေါ်ဆောင်၍ လိုအပ်သည်များ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top