ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဒီအိမ္မွာေနတာ ဒီေန႔ဆိုႏွစ္လခြဲျပည့္ၿပီ။

တိုက္က ကိုယ္ပိုင္ေဆာက္ထားတဲ့ ေလးထပ္တိုက္ ကၽြန္ေတာ္ေနတာက ပထမထပ္၊ ဒီတိုက္ခန္းကို ေျပာင္းလာတာ မၾကာေသးဘူး။

တိုက္ခန္းရဲ့ ေျမညီထပ္မွာ ေျမရွင္လင္းမယား ႏွစ္ေယာက္ေနတယ္၊ ပထမထပ္မွာက ကၽြန္ေတာ္ေနတယ္။ ဒုတိယထပ္နဲ႔ တတိယထပ္က လူမေနတဲ့ အခန္းလြတ္ေတြ။ ေလးလႊာမွာေတာ့ ဘာသာျခား မိသားစုေလးေယာက္ (အေဖ၊ အေမ၊ သားတစ္ေယာက္၊ သမီးတစ္ေယာက္) ေနၾကတယ္တဲ့ (ေနာက္မွျပန္သိရတာပါ)။ တိုက္ခန္းမွာ ေနသူေတြရဲ့ ထုံးစံအတိုင္း ပတ္ဝန္းက်င္နဲ႔ သိပ္ၿပီးေရာေရာယွက္ယွက္ မေနၾကဘူး။

ကၽြန္ေတာ္အိမ္ျပန္ေနာက္က်တဲ့ညေတြဆိုရင္ ေလွကားရင္းမွာထိုင္ၿပီး ဖုန္း ေျပာေျပာေနတဲ့ ေကာင္မေလးတစ္ေယာက္နဲ႔ အျမဲဆုံတယ္ (ခ်ာတိတ္မဆိုေတာ့ ဘဲနဲ႔ဖုန္းခိုးေျပာတာေနမွာေပါ့)။
ပထမကေတာ့ ကၽြန္ေတာ္လည္း အမွတ္တမဲ့ပါပဲ။ သူကလည္း လမ္းဖယ္ေပးပါတယ္။ ကိုယ္လည္း ကိုယ့္အခန္းေသာ့ဖြင့္ဝင္၊ အိပ္ ဒါပါပဲ။

ေနာက္ပိုင္းသူနဲ႔ ေလွကားမွာ ဆုံတဲ့အခါ ရီၿပ ျပဳံးျပရွိလာတယ္။ သူက ယဥ္ယဥ္ေက်းေက်းျပဳံးၿပ ႏွုတ္ဆက္ေတာ့ ကိုယ္လည္း ျပဳံးျပၿပီး ျပန္ႏွုတ္ဆက္ျဖစ္ပါတယ္။
သူကေလးလြာမွာေနတဲ့ ေကာင္မေလးဆိုတာေလာက္ေတာ့ ကၽြန္ေတာ္သိထားတယ္။ အိမ္ကတင္းၾကပ္လို႔ အားလုံးအိပ္မွ ခိုးဆင္းၿပီး ရည္းစားနဲ႔ ဖုန္းခိုးေျပာတဲ့ အေနအထားဆိုတာ ကိုယ္လည္းနားလည္ပါတယ္။

တစ္ခ်ိဳ႕ေန႔ေတြဆို “ျပန္လာၿပီလား ဘရားသား” ဘာညာနဲ႔ ႏွုတ္တ္ဆက္တတ္ပါေသးတယ္။ ကိုယ္လည္းေခါင္းၿငိမ့္ အသိအမွတ္ျပဳ အခန္းထဲဝင္လိုက္တယ္။
ကမၻာဖလားပြဲေတြစေတာ့ ည ၁၂ ခြဲပြဲလက္ဖက္ရည္ဆိုင္သြားၾကည့္၊ ျပန္လာရင္ ေတာ္ေတာ္မိုးခ်ဳပ္တယ္။ ေအာင္မယ္ ဒင္းကေတာ့ဖုန္းေျပာလို႔ ေကာင္းတုန္းဗ်ာ။

ေနာက္ပိုင္း သူ႔ရည္းစားနဲ႔ ဘာျဖစ္တယ္မသိလူး ကိုယ့္ေတာင္ လမ္းမဖယ္ေပးခ်င္ေတာ့ဘူး။ ကိုယ္လည္း နားလည္ေပးၿပီး ေရွာင္ကြင္းပဲ သြားလိုက္တယ္။ ကၽြန္ေတာ္ထင္တယ္။ လြန္ခဲ့တဲ့ဆယ္ရက္ ဆယ့္ငါးရက္ေလာက္ကမွ ေလွကားမွာမွီထိုင္းရင္း ငိုေနတာေတြ၊ နံရံကို ေခါင္းနဲ႔မွီထားတာေတြ ျဖစ္လာတယ္။ ဖုန္းေတာ့ပါတယ္။ ကိုယ္လည္း အားနာတာနဲ႔ မစပ္စုေတာ့ပါဘူး၊ ကိုယ့္ဟာကိုယ္အသာေလးပဲ အခန္းေပၚတက္သြားလိုက္တယ္။ နားလည္ပါတယ္ေလ။ သမီးရည္းစားေတြဆိုတာ ဒီလိုပဲ စိတ္ဆိုးစိတ္ေကာက္ ငိုလိုက္ရီလိုက္ဆိုတာ သဘာဝပဲေလ။

အမူမဲ့အမွတ္မဲ့ပဲထားလိုက္ေတာ့တယ္။ ေဘာလုံးပြဲေတြကလည္း ေကာင္းလိုက္တာ ေျပာမေနနဲ႔ သြားၾကည့္ၿပီးျပန္လာရင္ ပင္ပန္းၿပီး အိပ္ခ်င္ေနၿပီ။ သူကေတာ့ ထုံးစံအတိုင္း ေလွကားရင္းမွာ သူ႔ဖီးလ္နဲ႔သူ ဆိုေတာ့ ကိုယ္လဲ မေႏွာက္ယွက္ေတာ့ပါဘူး ကိုယ့္အခန္းကိုဝင္၊ သူႏွုတ္မဆက္ေတာ့လည္း ကိုယ္လည္း ႏွုတ္ဆက္မေနေတာ့ပါဘူး။
အဲတစ္ခုပဲ… လမ္းမဖယ္ေပးတာကေတာ့ စိတ္ထဲနဲနဲ ကသိကေအာက္ျဖစ္တယ္။

ဒီေန႔မနက္ေတာ့ ေကာင္မေလး ဘာေၾကာင့္ ညည ေလွကားရင္းမွာ ထိုင္ၿပီးငိုေနလည္းဆိုတာ အေျဖကရွင္းသြားတယ္။ အေျဖရွင္းသြားသလို လူလည္း ၾကက္သီးေမႊးညႇင္းထၿပီး ဖ်ားခ်င္သလိုလိုပါျဖစ္သြားတယ္။

မနက္က သူ႔အေမက နို႔စိမ္းေခါက္ဆြဲနဲ႔ မုန႔္အခ်ိဳေလးေတြ လာေပးသြားတယ္။ အန္တီ့သမီး ဆုံးတာ ေလးဆယ့္ငါးရက္ျပည့္ မို႔လို႔တဲ့။

ေသၿပီေလ… တစ္ကိုယ္လုံး ေတာင့္တင္းၿပီး ဘာျပန္ေျပာရမွန္ကို မသိပဲ ေမ့ေျမာခ်င္သလိုျဖစ္သြားတယ္။ ဒါေပမယ့္ ဟန္မပ်က္ေလးပဲ စိတ္မေကာင္းေၾကာင္းေျပာ ခ်ိဳင့္ျပန္လွယ္ေပးလိုက္တယ္။ ကၽြန္ေတာ္ ညတိုင္း ေလွကားရင္းမွာ ေတြ႕ခဲ့ရတာေတြကိုေတာ့ ျပန္မေျပာေတာ့ပါဘူး၊ ဘာသာျခားဆိုေတာ့ အယုံအၾကည္မရွိ မႀကိဳက္မွာစိုးတယ္ေလ။

ဘာသာျခားေတြဆိုေတာ့ တိုက္ေအာက္မွာ ကုလဖ်င္းမထိုးေတာ့ လူေသမွန္းလည္း မသိဘူးေလ။

ဒီေန႔ည ၁၂ နာရီခြဲပြဲ ကလည္း အရမ္းေကာင္းမွာ မၾကည့္ပဲလည္း မေနနိုင္ဘူး။ ျပန္လာရင္ ငိုေနတဲ့ေကာင္မေလးနားက ျဖတ္ၿပီးတက္သြားရမွာဆိုေတာ့.. ကၽြန္ေတာ္ ဘာလုပ္ရင္ေကာင္းမလဲေနာ္..

မွတ္ခ်က္။ ။ လူမွုကြန္ယက္တြင္ ပ်ံ႕ႏွံ့ေနေသာ အေကာင့္ပိုင္ရွင္ Rahul Jaykar ရဲ့ အျဖစ္ပ်က္ကို ဆီေလၽွာ္ေအာင္ အနည္းငယ္ျပဳျပင္ထားသည္မွအပ အျဖစ္ပ်က္အားလုံး မူရင္းအတိုင္းသာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myanmar News
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီအိမ်မှာနေတာ ဒီနေ့ဆိုနှစ်လခွဲပြည့်ပြီ။

တိုက်က ကိုယ်ပိုင်ဆောက်ထားတဲ့ လေးထပ်တိုက် ကျွန်တော်နေတာက ပထမထပ်၊ ဒီတိုက်ခန်းကို ပြောင်းလာတာ မကြာသေးဘူး။

တိုက်ခန်းရဲ့ မြေညီထပ်မှာ မြေရှင်လင်းမယား နှစ်ယောက်နေတယ်၊ ပထမထပ်မှာက ကျွန်တော်နေတယ်။ ဒုတိယထပ်နဲ့ တတိယထပ်က လူမနေတဲ့ အခန်းလွတ်တွေ။ လေးလွှာမှာတော့ ဘာသာခြား မိသားစုလေးယောက် (အဖေ၊ အမေ၊ သားတစ်ယောက်၊ သမီးတစ်ယောက်) နေကြတယ်တဲ့ (နောက်မှပြန်သိရတာပါ)။ တိုက်ခန်းမှာ နေသူတွေရဲ့ ထုံးစံအတိုင်း ပတ်ဝန်းကျင်နဲ့ သိပ်ပြီးရောရောယှက်ယှက် မနေကြဘူး။

ကျွန်တော်အိမ်ပြန်နောက်ကျတဲ့ညတွေဆိုရင် လှေကားရင်းမှာထိုင်ပြီး ဖုန်း ပြောပြောနေတဲ့ ကောင်မလေးတစ်ယောက်နဲ့ အမြဲဆုံတယ် (ချာတိတ်မဆိုတော့ ဘဲနဲ့ဖုန်းခိုးပြောတာနေမှာပေါ့)။
ပထမကတော့ ကျွန်တော်လည်း အမှတ်တမဲ့ပါပဲ။ သူကလည်း လမ်းဖယ်ပေးပါတယ်။ ကိုယ်လည်း ကိုယ့်အခန်းသော့ဖွင့်ဝင်၊ အိပ် ဒါပါပဲ။

နောက်ပိုင်းသူနဲ့ လှေကားမှာ ဆုံတဲ့အခါ ရီပြ ပြုံးပြရှိလာတယ်။ သူက ယဉ်ယဉ်ကျေးကျေးပြုံးပြ နှုတ်ဆက်တော့ ကိုယ်လည်း ပြုံးပြပြီး ပြန်နှုတ်ဆက်ဖြစ်ပါတယ်။
သူကလေးလွာမှာနေတဲ့ ကောင်မလေးဆိုတာလောက်တော့ ကျွန်တော်သိထားတယ်။ အိမ်ကတင်းကြပ်လို့ အားလုံးအိပ်မှ ခိုးဆင်းပြီး ရည်းစားနဲ့ ဖုန်းခိုးပြောတဲ့ အနေအထားဆိုတာ ကိုယ်လည်းနားလည်ပါတယ်။

တစ်ချို့နေ့တွေဆို “ပြန်လာပြီလား ဘရားသား” ဘာညာနဲ့ နှုတ်တ်ဆက်တတ်ပါသေးတယ်။ ကိုယ်လည်းခေါင်းငြိမ့် အသိအမှတ်ပြု အခန်းထဲဝင်လိုက်တယ်။
ကမ္ဘာဖလားပွဲတွေစတော့ ည ၁၂ ခွဲပွဲလက်ဖက်ရည်ဆိုင်သွားကြည့်၊ ပြန်လာရင် တော်တော်မိုးချုပ်တယ်။ အောင်မယ် ဒင်းကတော့ဖုန်းပြောလို့ ကောင်းတုန်းဗျာ။

နောက်ပိုင်း သူ့ရည်းစားနဲ့ ဘာဖြစ်တယ်မသိလူး ကိုယ့်တောင် လမ်းမဖယ်ပေးချင်တော့ဘူး။ ကိုယ်လည်း နားလည်ပေးပြီး ရှောင်ကွင်းပဲ သွားလိုက်တယ်။ ကျွန်တော်ထင်တယ်။ လွန်ခဲ့တဲ့ဆယ်ရက် ဆယ့်ငါးရက်လောက်ကမှ လှေကားမှာမှီထိုင်းရင်း ငိုနေတာတွေ၊ နံရံကို ခေါင်းနဲ့မှီထားတာတွေ ဖြစ်လာတယ်။ ဖုန်းတော့ပါတယ်။ ကိုယ်လည်း အားနာတာနဲ့ မစပ်စုတော့ပါဘူး၊ ကိုယ့်ဟာကိုယ်အသာလေးပဲ အခန်းပေါ်တက်သွားလိုက်တယ်။ နားလည်ပါတယ်လေ။ သမီးရည်းစားတွေဆိုတာ ဒီလိုပဲ စိတ်ဆိုးစိတ်ကောက် ငိုလိုက်ရီလိုက်ဆိုတာ သဘာဝပဲလေ။

အမူမဲ့အမှတ်မဲ့ပဲထားလိုက်တော့တယ်။ ဘောလုံးပွဲတွေကလည်း ကောင်းလိုက်တာ ပြောမနေနဲ့ သွားကြည့်ပြီးပြန်လာရင် ပင်ပန်းပြီး အိပ်ချင်နေပြီ။ သူကတော့ ထုံးစံအတိုင်း လှေကားရင်းမှာ သူ့ဖီးလ်နဲ့သူ ဆိုတော့ ကိုယ်လဲ မနှောက်ယှက်တော့ပါဘူး ကိုယ့်အခန်းကိုဝင်၊ သူနှုတ်မဆက်တော့လည်း ကိုယ်လည်း နှုတ်ဆက်မနေတော့ပါဘူး။
အဲတစ်ခုပဲ… လမ်းမဖယ်ပေးတာကတော့ စိတ်ထဲနဲနဲ ကသိကအောက်ဖြစ်တယ်။

ဒီနေ့မနက်တော့ ကောင်မလေး ဘာကြောင့် ညည လှေကားရင်းမှာ ထိုင်ပြီးငိုနေလည်းဆိုတာ အဖြေကရှင်းသွားတယ်။ အဖြေရှင်းသွားသလို လူလည်း ကြက်သီးမွှေးညှင်းထပြီး ဖျားချင်သလိုလိုပါဖြစ်သွားတယ်။

မနက်က သူ့အမေက နို့စိမ်းခေါက်ဆွဲနဲ့ မုန့်အချိုလေးတွေ လာပေးသွားတယ်။ အန်တီ့သမီး ဆုံးတာ လေးဆယ့်ငါးရက်ပြည့် မို့လို့တဲ့။

သေပြီလေ… တစ်ကိုယ်လုံး တောင့်တင်းပြီး ဘာပြန်ပြောရမှန်ကို မသိပဲ မေ့မြောချင်သလိုဖြစ်သွားတယ်။ ဒါပေမယ့် ဟန်မပျက်လေးပဲ စိတ်မကောင်းကြောင်းပြော ချိုင့်ပြန်လှယ်ပေးလိုက်တယ်။ ကျွန်တော် ညတိုင်း လှေကားရင်းမှာ တွေ့ခဲ့ရတာတွေကိုတော့ ပြန်မပြောတော့ပါဘူး၊ ဘာသာခြားဆိုတော့ အယုံအကြည်မရှိ မကြိုက်မှာစိုးတယ်လေ။

ဘာသာခြားတွေဆိုတော့ တိုက်အောက်မှာ ကုလဖျင်းမထိုးတော့ လူသေမှန်းလည်း မသိဘူးလေ။

ဒီနေ့ည ၁၂ နာရီခွဲပွဲ ကလည်း အရမ်းကောင်းမှာ မကြည့်ပဲလည်း မနေနိုင်ဘူး။ ပြန်လာရင် ငိုနေတဲ့ကောင်မလေးနားက ဖြတ်ပြီးတက်သွားရမှာဆိုတော့.. ကျွန်တော် ဘာလုပ်ရင်ကောင်းမလဲနော်..

မှတ်ချက်။ ။ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသော အကောင့်ပိုင်ရှင် Rahul Jaykar ရဲ့ အဖြစ်ပျက်ကို ဆီလျှော်အောင် အနည်းငယ်ပြုပြင်ထားသည်မှအပ အဖြစ်ပျက်အားလုံး မူရင်းအတိုင်းသာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar News
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top