ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ဒီမယ္ ကို အရမ္း Crush ရတဲ့ Crush ေလးရယ္ ….

မင္း လိုင္းေပၚမွာ ရွိေနပါ့မလား ဆိုတဲ႔ အေတြးနဲ႔ မင္းရဲ႕ မီးစိမ္းေလးကို သိန္းငွက္လို မ်က္လံုးနဲ႔ ႀကည့္ေနရတာကို ဆင္ႀကံႀကံ ၿပီး က်ားေခ်ာင္း ေခ်ာင္းေနတယ္လို႔ တစ္ဖတ္သတ္ႀကီး ျမင္းလို ခြာနဲ႔ မေပါက္လိုက္ပါနဲ႔ကြာ ။

တကယ္ေတာ့ ကုိယ္က မင္းတင္တဲ႔ ဓါတ္ပံုေလး ကို ေတြ႔လိုက္ရတာနဲ႔ ရင္ခုန္သံေတြက ” တဂိန္ ဂိန္ ” န႔႔႔ဲ ခဲ မွန္တဲ႔ ေခြးေလးလို ျဖစ္ေနရတာကို အေကာက္ႀကံတဲ႔ ဝံပုေလြ ႀကီးပါ လို႔ မင္း မေျပာသင့္ပါဘူး ။ တကယ္ဆို ကိုယ္က မင္းနဲ႔ေတြ႔မွ ေခြးအႀကီး လံုးလံုး ျဖစ္ခဲ႔ရတာ ။

လြမ္းတယ္ ။ အရမ္းကို လြမ္းတယ္ ။ မင္းကို လြမ္းတဲ႔ ေနတိုင္းဆို ကိုယ့္မွာ လဒ ႀကီး လို မႈိင္မႈိင္ေနရတာ သိပ္ကို ခက္ပါတယ္ ။

မင္း လိုင္းေပၚ ကို မတက္ တဲ႔ ရက္ေတြ ဆို မင္းကို သစ္ကုလားအုတ္ လို ေမ်ွာ္ေနရတာ လည္တံေတာင္ ရွည္လု နီးပါးျဖစ္ေနၿပီ ။

ကိုယ့္မွာ မင္းကို ေမ်ွာ္ရသေလာက္ မင္းကေတာ့ ကိုယ္ပို႔တဲ႔ စာေတြဆို seen ျဖစ္ဖို႔ ဆိုက လိပ္ သြားသေလာက္ ၾကာတယ္ ။ reply ျပန္ရင္လည္း ခရုနဲ႔ ပတ္က်ိ လို တစ္အားေနွးတယ္ ။

ကိုယ္ မင္း post ေတြမွာ မန္႔ တဲ႔ comment ေလးေတြကို မင္း reply ေလး ျပန္ရံုနဲ႔ ကိုယ့္ဘဝ ႀကီးက ဝက္ ရႊံ႕ လူးသလို ေပ်ာ္ေနရတယ္ ။ ဘယ္ေလာက္ထိ ေပ်ာ္လဲ ဆိုရင္ ရင္ထဲ မွာ ” တက်ြိ က်ြိ ” နဲ႔ ေျမၾကြက္ႀကီး လံုးလံုးကို ျဖစ္လို႔ ။ ဒါေတြကို မင္းကေတာ့ မသိဘူးေနာ္ ။

ကိုယ့္မွာ မင္းကုိ ခ်စ္တဲ႔ အေၾကာင္းေတြ ဘယ္လို ခ်ျပ ခ်ျပ ငဒူငအ ႀကီး လုပ္ေနတာ မင္းမွာ ပုရြတ္ဆိတ္ ဦးေႏွာက္ ေလာက္ေတာင္ မရွိဘူးလား ။ တကယ္ဆို ကိုယ္က မင္းေဘးမွာ ေတာက္တဲ႔လို တြယ္ကပ္ေနခ်င္တာကို မင္းသိသင့္တယ္ ။

ကိုယ့္မွာ မင္းကို ခ်စ္တဲ႔ စိတ္တခုထဲနဲ႔ ကိုယ့္မာနနဲ႔ သိကၡာေတြကို စာကေလးခ်ီး ပါ ခ် သလို ခံ လိုက္ရၿပီ ။ ကိုယ္ . . မင္းကို တခါတခါ လြမ္းတိုင္း ေမ်ာက္မီးခဲ ဖင္ခု ထားသလို ပ်ာယာေတြ ခတ္ ခတ္ ေနရတယ္ ။ မင္း ကိုယ့္ကို ေခ် , လိုက္တဲ႔ေန႔ ဆိုရင္ က်ြဲတေကာင္လို ေဒါသေတြ ထြက္ၿပီး ျမင္ျမင္ရာ လိုက္ေခြ႔မိေတာ့ တာပဲ ။

crush ရယ္ … ကိုယ့္ အခ်စ္က ငါး တေကာင္လို ညွီေစာ္ မနံပါဘူး ။ အရမ္းကို ျဖဴစင္တယ္ ။ ကိုယ့္အသည္းေလးက ေၾကာင္ေလး တေကာင္လို အရမ္း ထိရွခံစား လြယ္တယ္ ။ ပုတ္သင္ညိုလို ေတြ႔သမ်ွ လိုက္ျပီး ေခါင္းညိတ္ေနတဲ႔ သူလည္း ကိုယ္က မဟုတ္ရတာ အာမခံပါတယ္ ။

ဒီစကားေတြက လိပ္လို ကိုယ့္ဘက္ကို ယက္ၿပီး ေျပာေနတာ မဟုတ္ရပါဘူး ။ ၾကက္တူေရြး တေကာင္လို စကား တတ္ေနတာလည္း မဟုတ္ဘူး ။ မင္းရဲ႕ စပါးႀကီးေျမြလို ညိဳ႕ခ်က္ေတြ ထဲမွာ ကိုယ္ မိသြားခဲ႔ရံုပါ ။

မင္းက ကိုယ္လိုက္ေလ ေျပးေလ လုပ္ေနတဲ႔ ယုန္ တေကာင္လို ပဲ ။ မင္းဥေပကၡာ ျပဳထားတဲ႔ ကိုယ့္အခ်စ္နဲ႔ ေမွ်ာ္လင့္ခ်က္ေတြက သမင္ေမြးရင္း က်ားစားရင္းပဲ ။ ဟုတ္တယ္ ။ မင္းက သိပ္ကို အေရွာင္တိမ္းေကာင္းလြန္းတယ္ ။ ေတာ ရဲ႕ အထာကို နပ္ေနတဲ႔ ေတာဘုရင္ ေျခေသၤ႕ နဲ႔လည္း တူတယ္ ။

မငး္က ဘယ္လို ဖမ္းဖမ္း ဖမ္းမရတဲ့ ၾကက္နဲ႔လည္း တူတယ္ ။ ကုိယ္႔လက္ထဲ က ခ်လႊတ္ကနဲ ထြက္သြားတဲ႔ ငရွည့္ေျမြ လိုပဲ ။ အရမ္း အပုန္းေကာင္းတဲ႔ ငါးခူ ႀကီးပဲ ။

မင္းကို ခ်စ္မိလို႔ ကိုယ့္ ကို လူတိုင္းက ႏြားလို႔ ေျပာႀကတယ္ ။ ဘယ္သူေတြ ဘာပဲ ေျပာေျပာပါ ကိုယ္က မင္းအတြက္ ဆိုရင္ မင္း ေသဆံုးသြားရင္ေတာင္ ကိုယ္က လိုက္ေသေပးမဲ႔ ေအာက္ခ်င္းငွက္လို မ်ိဳးပါ ။

က်ီးကန္းက ဘဲ ဥ ကို ခ်ီတယ္ ပဲ ေျပာေျပာပါ ။ က်ြဲလို အသားမည္း မိတာ ကိုယ့္အျပစ္လား ။ တကယ္ဆို ဗ်ိဳင္းေလး တေကာင္လို ျဖဴ စင္ႏုနယ္တဲ႔ သူကို ခ်စ္မိတာ ကိုယ့္အမွားမွ မဟုတ္ပဲ ။

ကိုယ့္ ႏွလံုးသား ႏွစ္ ၁၀၀၀ ေလာက္ေနမွ တခါေလာက္ ေပၚတဲ႔ ဇာမဏီ ငွက္လိုပါ ။ ကိုယ့္လို အခ်စ္စစ္နဲ႔ ခ်စ္လာနိုင္မဲ႔ သူမ်ိဳးက ပိုလာဝက္ဝံ လို ရွားသြားပါျပီ ။ ကိုယ့္အခ်စ္ေတြက ဆင္တစ္ေကာင္လို ခြန္အားႀကီးတယ္။ မင္းအေပၚထားတဲ႔ ကိုယ့္အခ်စ္ေတြက က်ားသစ္ တေကာင္လို ဘယ္သူ လိုက္လိုက္ မမွီေစရဘူး။

ေက်းဇူးျပဳၿပီး မင္း အခ်စ္ေတြက ကိုယ့္အေပၚ ပင္ကြင္းငွက္ေတြ ေနတဲ႔ ေဒသက ေရခဲေတြလို မေအးစက္ပါနဲ႔ေတာ့ ။ ကုလားအုတ္ေတြ က်က္စားတဲ႔ သဲ ကႏၱာရလို မငး္ အခ်စ္ေတြ ကိုယ့္အေပၚ ပူေႏြးေပးပါေတာ့ ။

တကယ္ေတာ့ ကိုယ္ဆိုတာ မင္ေဘးမွာ မင္းကို ဖြန္လာေၾကာင္တဲ႔ သူေတြကို မရမက ကိုက္ခ်င္ေနတဲ႔ ျခင္တေကာင္ရယ္ပါ ။ ေရႊစြန္ညို ဘာကိုလိုလို႔ ဝဲသလဲ ဆိုတာ သိေနေတာ့လည္း မင္းေဘးက သူေတြကို မိေက်ာင္းလို အစိမ္းလိုက္ အေသကိုက္ခ်င္တာ ကိုယ့္အမွားေတာ့ မဟုတ္ပါဘူးေနာ္ ။

crush ရယ္ … မင္းေႀကာင့္ ကိုယ့္မွာ ဖြတ္ႀကီး လံုးလံုး ျဖစ္ခဲ႔ရပါၿပီ ။ မင္းသာ ကိုယ့္ကို ျပန္မခ်စ္ရင္ ေဂၚဇီလာေတြလို မ်ိဳးတံုးရ ပါေတာ့မယ္ ။

အခုဆို မင္းေၾကာင့္ ကိုယ့္ႏွလံုးသားေလး ပ်ားအတုတ္ ခံရတာထက္ ပိုၿပီး ကင္းထိုးတာထက္ နာပါတယ္ ။ ဒါ့ေၾကာင့္ မင္းေဘးနားမွာ ခါခ်ဥ္ေကာင္ေတြလို ဝိုင္းအံုေနတဲ႔ သူေတြကို ခါခ်ၿပီး ကိုယ္ႏွလံုးသားကို သားပိုက္ေကာင္လို မင္းရင္ခြင္ထဲ ထည့္ၿပီး သိမ္းပိုက္လိုက္ပါေတာ့ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ခဲတံ
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီမယ် ကို အရမ်း Crush ရတဲ့ Crush လေးရယ် ….

မင်း လိုင်းပေါ်မှာ ရှိနေပါ့မလား ဆိုတဲ့ အတွေးနဲ့ မင်းရဲ့ မီးစိမ်းလေးကို သိန်းငှက်လို မျက်လုံးနဲ့ ကြည့်နေရတာကို ဆင်ကြံကြံ ပြီး ကျားချောင်း ချောင်းနေတယ်လို့ တစ်ဖတ်သတ်ကြီး မြင်းလို ခွာနဲ့ မပေါက်လိုက်ပါနဲ့ကွာ ။

တကယ်တော့ ကိုယ်က မင်းတင်တဲ့ ဓါတ်ပုံလေး ကို တွေ့လိုက်ရတာနဲ့ ရင်ခုန်သံတွေက ” တဂိန် ဂိန် ” န့ဲ ခဲ မှန်တဲ့ ခွေးလေးလို ဖြစ်နေရတာကို အကောက်ကြံတဲ့ ဝံပုလွေ ကြီးပါ လို့ မင်း မပြောသင့်ပါဘူး ။ တကယ်ဆို ကိုယ်က မင်းနဲ့တွေ့မှ ခွေးအကြီး လုံးလုံး ဖြစ်ခဲ့ရတာ ။

လွမ်းတယ် ။ အရမ်းကို လွမ်းတယ် ။ မင်းကို လွမ်းတဲ့ နေတိုင်းဆို ကိုယ့်မှာ လဒ ကြီး လို မှိုင်မှိုင်နေရတာ သိပ်ကို ခက်ပါတယ် ။

မင်း လိုင်းပေါ် ကို မတက် တဲ့ ရက်တွေ ဆို မင်းကို သစ်ကုလားအုတ် လို မျှော်နေရတာ လည်တံတောင် ရှည်လု နီးပါးဖြစ်နေပြီ ။

ကိုယ့်မှာ မင်းကို မျှော်ရသလောက် မင်းကတော့ ကိုယ်ပို့တဲ့ စာတွေဆို seen ဖြစ်ဖို့ ဆိုက လိပ် သွားသလောက် ကြာတယ် ။ reply ပြန်ရင်လည်း ခရုနဲ့ ပတ်ကျိ လို တစ်အားနှေးတယ် ။

ကိုယ် မင်း post တွေမှာ မန့် တဲ့ comment လေးတွေကို မင်း reply လေး ပြန်ရုံနဲ့ ကိုယ့်ဘဝ ကြီးက ဝက် ရွှံ့ လူးသလို ပျော်နေရတယ် ။ ဘယ်လောက်ထိ ပျော်လဲ ဆိုရင် ရင်ထဲ မှာ ” တကျွိ ကျွိ ” နဲ့ မြေကြွက်ကြီး လုံးလုံးကို ဖြစ်လို့ ။ ဒါတွေကို မင်းကတော့ မသိဘူးနော် ။

ကိုယ့်မှာ မင်းကို ချစ်တဲ့ အကြောင်းတွေ ဘယ်လို ချပြ ချပြ ငဒူငအ ကြီး လုပ်နေတာ မင်းမှာ ပုရွတ်ဆိတ် ဦးနှောက် လောက်တောင် မရှိဘူးလား ။ တကယ်ဆို ကိုယ်က မင်းဘေးမှာ တောက်တဲ့လို တွယ်ကပ်နေချင်တာကို မင်းသိသင့်တယ် ။

ကိုယ့်မှာ မင်းကို ချစ်တဲ့ စိတ်တခုထဲနဲ့ ကိုယ့်မာနနဲ့ သိက္ခာတွေကို စာကလေးချီး ပါ ချ သလို ခံ လိုက်ရပြီ ။ ကိုယ် . . မင်းကို တခါတခါ လွမ်းတိုင်း မျောက်မီးခဲ ဖင်ခု ထားသလို ပျာယာတွေ ခတ် ခတ် နေရတယ် ။ မင်း ကိုယ့်ကို ချေ , လိုက်တဲ့နေ့ ဆိုရင် ကျွဲတကောင်လို ဒေါသတွေ ထွက်ပြီး မြင်မြင်ရာ လိုက်ခွေ့မိတော့ တာပဲ ။

crush ရယ် … ကိုယ့် အချစ်က ငါး တကောင်လို ညှီစော် မနံပါဘူး ။ အရမ်းကို ဖြူစင်တယ် ။ ကိုယ့်အသည်းလေးက ကြောင်လေး တကောင်လို အရမ်း ထိရှခံစား လွယ်တယ် ။ ပုတ်သင်ညိုလို တွေ့သမျှ လိုက်ပြီး ခေါင်းညိတ်နေတဲ့ သူလည်း ကိုယ်က မဟုတ်ရတာ အာမခံပါတယ် ။

ဒီစကားတွေက လိပ်လို ကိုယ့်ဘက်ကို ယက်ပြီး ပြောနေတာ မဟုတ်ရပါဘူး ။ ကြက်တူရွေး တကောင်လို စကား တတ်နေတာလည်း မဟုတ်ဘူး ။ မင်းရဲ့ စပါးကြီးမြွေလို ညို့ချက်တွေ ထဲမှာ ကိုယ် မိသွားခဲ့ရုံပါ ။

မင်းက ကိုယ်လိုက်လေ ပြေးလေ လုပ်နေတဲ့ ယုန် တကောင်လို ပဲ ။ မင်းဥပေက္ခာ ပြုထားတဲ့ ကိုယ့်အချစ်နဲ့ မျှော်လင့်ချက်တွေက သမင်မွေးရင်း ကျားစားရင်းပဲ ။ ဟုတ်တယ် ။ မင်းက သိပ်ကို အရှောင်တိမ်းကောင်းလွန်းတယ် ။ တော ရဲ့ အထာကို နပ်နေတဲ့ တောဘုရင် ခြေင်္သေ့ နဲ့လည်း တူတယ် ။

မင်းက ဘယ်လို ဖမ်းဖမ်း ဖမ်းမရတဲ့ ကြက်နဲ့လည်း တူတယ် ။ ကိုယ့်လက်ထဲ က ချလွှတ်ကနဲ ထွက်သွားတဲ့ ငရှည့်မြွေ လိုပဲ ။ အရမ်း အပုန်းကောင်းတဲ့ ငါးခူ ကြီးပဲ ။

မင်းကို ချစ်မိလို့ ကိုယ့် ကို လူတိုင်းက နွားလို့ ပြောကြတယ် ။ ဘယ်သူတွေ ဘာပဲ ပြောပြောပါ ကိုယ်က မင်းအတွက် ဆိုရင် မင်း သေဆုံးသွားရင်တောင် ကိုယ်က လိုက်သေပေးမဲ့ အောက်ချင်းငှက်လို မျိုးပါ ။

ကျီးကန်းက ဘဲ ဥ ကို ချီတယ် ပဲ ပြောပြောပါ ။ ကျွဲလို အသားမည်း မိတာ ကိုယ့်အပြစ်လား ။ တကယ်ဆို ဗျိုင်းလေး တကောင်လို ဖြူ စင်နုနယ်တဲ့ သူကို ချစ်မိတာ ကိုယ့်အမှားမှ မဟုတ်ပဲ ။

ကိုယ့် နှလုံးသား နှစ် ၁၀၀၀ လောက်နေမှ တခါလောက် ပေါ်တဲ့ ဇာမဏီ ငှက်လိုပါ ။ ကိုယ့်လို အချစ်စစ်နဲ့ ချစ်လာနိုင်မဲ့ သူမျိုးက ပိုလာဝက်ဝံ လို ရှားသွားပါပြီ ။ ကိုယ့်အချစ်တွေက ဆင်တစ်ကောင်လို ခွန်အားကြီးတယ်။ မင်းအပေါ်ထားတဲ့ ကိုယ့်အချစ်တွေက ကျားသစ် တကောင်လို ဘယ်သူ လိုက်လိုက် မမှီစေရဘူး။

ကျေးဇူးပြုပြီး မင်း အချစ်တွေက ကိုယ့်အပေါ် ပင်ကွင်းငှက်တွေ နေတဲ့ ဒေသက ရေခဲတွေလို မအေးစက်ပါနဲ့တော့ ။ ကုလားအုတ်တွေ ကျက်စားတဲ့ သဲ ကန္တာရလို မင်း အချစ်တွေ ကိုယ့်အပေါ် ပူနွေးပေးပါတော့ ။

တကယ်တော့ ကိုယ်ဆိုတာ မင်ဘေးမှာ မင်းကို ဖွန်လာကြောင်တဲ့ သူတွေကို မရမက ကိုက်ချင်နေတဲ့ ခြင်တကောင်ရယ်ပါ ။ ရွှေစွန်ညို ဘာကိုလိုလို့ ဝဲသလဲ ဆိုတာ သိနေတော့လည်း မင်းဘေးက သူတွေကို မိကျောင်းလို အစိမ်းလိုက် အသေကိုက်ချင်တာ ကိုယ့်အမှားတော့ မဟုတ်ပါဘူးနော် ။

crush ရယ် … မင်းကြောင့် ကိုယ့်မှာ ဖွတ်ကြီး လုံးလုံး ဖြစ်ခဲ့ရပါပြီ ။ မင်းသာ ကိုယ့်ကို ပြန်မချစ်ရင် ဂေါ်ဇီလာတွေလို မျိုးတုံးရ ပါတော့မယ် ။

အခုဆို မင်းကြောင့် ကိုယ့်နှလုံးသားလေး ပျားအတုတ် ခံရတာထက် ပိုပြီး ကင်းထိုးတာထက် နာပါတယ် ။ ဒါ့ကြောင့် မင်းဘေးနားမှာ ခါချဉ်ကောင်တွေလို ဝိုင်းအုံနေတဲ့ သူတွေကို ခါချပြီး ကိုယ်နှလုံးသားကို သားပိုက်ကောင်လို မင်းရင်ခွင်ထဲ ထည့်ပြီး သိမ်းပိုက်လိုက်ပါတော့ ။

ဖိုးသူတော် (www.phothutaw.com)
Credit: ခဲတံ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top