ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

မြန္ျပည္နယ္၊ ဘီးလင္းျမိဳ႕နယ္၊ ယကၠန္းသည္မ ရြာကေလးသည္ ပုဂံေခတ္မတိုင္မီက ထြန္းကားခဲ႔ေသာ သုဝဏၰဘူမိ-သထံု ျမိဳ႕ေဟာင္းေဒသပင္ျဖစ္ေလသည္။ အိမ္ေျခငါးရာေက်ာ္မွ် တည္ရွိေနခဲ႔ၾကျပီး အလြန္ပင္စည္းကားလ်က္ရွိေပသည္။ ရြာ၏အေရွ႕ဘက္တြင္ ေဝပုလႅေတာင္ေပၚတြင္ ဦးေကသလႅ ဆရာေတာ္ၾကီး သီတင္းသံုးေတာ္မူခဲ႔သည္။ ယကၠန္းသည္မရြာ အလယ္ေလာက္တြင္ စိမ္းညိဳ႕အုပ္ဆိုင္းေနခဲ႔ေသာ သကၤန္းေတာႀကီး ရွိေလ၏။ ရြာ၏အေရွ႕ပိုင္းႏွင့္ ေတာင္ပိုင္းကိုပင္ ၄င္းသကၤန္းေတာ္ႀကီးမွ ပိုင္းျခားထားခဲ႔ေလသည္။

သကၤန္းေတာအတြင္း၌လည္း ရြာ၏သခၤ်ဳိင္းကုန္း တည္ရွိေနခဲ႔သည္။ သကၤန္းပင္ႀကီးမ်ားေအာက္ လမ္းနံေဘးတြင္ ဘိုးဘိုးၾကီးဟုေခၚၾကေသာ ရြာေတာ္ရွင္ နတ္ကြန္း နတ္စင္ကေလးလည္း ရွိေသးသည္။ ရြာကအေရွ႕ပိုင္းမွ သြားေရာက္လ်င္ ဝင္းက၊ ကင္းရြာ၊ ေပါက္ေတာ၊ ေတာင္စြန္း စသည့္ရြာႀကီးမ်ားသို႔ ေရာက္ရွိနိုင္၏။ ရြာ၏အေရွ႕ပိုင္းမွ သြားေရာက္လ်င္ ပိုင္ဒန္ရြာ၊ တန္းရွည္၊ မရမ္းကုန္း၊ ငါးဘတ္ေခ်ာင္ ရြာမ်ားဆီသို႔ ေရာက္ရွိနိုင္ေလ၏။

ရြာ၏အေနာက္ဘက္တြင္လည္း ပင္လယ္ေဟာင္း လယ္ကြင္းျပင္မ်ားစြာ ရွိေသးသည္။ သိမ္ငူ၊ က်ိဳက္ပိေက်းရြာႀကီးတို႔ႏွင့္ (၅)မိုင္မွ် ေဝးကြာေသာ ကြင္းျပင္က်ယ္သည္လည္း ျခားလ်က္ရွိေနပါသည္။ အဆိုပါရြာမ်ားမွ လာေရာက္လ်င္လည္း နတ္စင္ကုန္းေဘးနားမွ ျဖတ္သန္းဝင္ေရာက္ႀကရေလျပီး၊ ရြာ၏အေရွ႕ပိုင္း မရမ္းကုန္းဘူတာဆီသို႔ သြားေရာက္လိုသူမ်ားသည္လည္း ေတာင္ပိုင္းဝင္းက ရြာႀကီးဘက္ဆီသို႔ သြားလိုသူမ်ားသည္လည္း ရြာ၏အေရွ႕ဘက္တြင္ရွိသည့္ ေတာင္ေက်ာ္လမ္းမွ ျဖတ္သန္းသြားၾကရေပသည္။

ယကၠန္းသည္မရြာ၏ အေရွ႕ပိုင္း ျမိဳ႕တံခါးေပါက္ဆီမွ ျဖတ္ဝင္ျပီး ျမိဳ႕တြင္းေျခေခ်ာင္းသြား ေတာင္ၾကားလမ္းေလးအတိုင္း ေတာင္ပိုင္းျမိဳ႕ရိုးႀကီးကို ျဖတ္ေဖာက္ထားေသာလမ္းျဖစ္သည္။ ရြာေတာင္ပိုင္း ဝင္းကရြာ အစပ္နားဆီထိေပါက္၏။ ဤလမ္းကိုပင္ လူသံုးမ်ားၾကသည္။ ရြာလမ္းအတိုင္းဆိုလ်င္ ဘိုးဘိုးႀကီး နတ္စင္အေရွ႕ဆီမွ ျဖတ္သန္းသြားၾကရေပသည္။ ထုိသကၤန္းေတာႀကီးမွာ အုပ္စိုင္းေနလ်က္ရွိျပီး ေနေပ်ာက္ပင္လ်င္ မထိုးနိုင္ေခ်။ ေတာက်ီးကန္း၊ ဥေဒါင္းငွက္၊ ေတာၾကက္မ်ား က်က္စားရာ ေနရာပင္ျဖစ္ေလသည္။

၄င္းၾကက္၊ငွက္ တိရိစာၦန္မ်ားကိုပင္ ဘိုးဘိုးႀကီး(ရွင္ႀကီး)ပိုင္သည္ဟူ၍ ယူဆလ်က္ မည္သူတစ္ဦးတစ္ေယာက္မွ ပစ္ခတ္ဖမ္းစားျခင္းမ်ားပင္ မျပဳလုပ္ရဲႀကေခ်။ သကၤန္းပင္ႀကီးမ်ားမွ သကၤန္းအေခါက္မ်ားအားလည္း မည္သူမွ မခြာရဲ။ ရွင္ႀကီး၏ နတ္စင္အေရွ႕ဆီမွ ျဖတ္သန္းသြားလာရေတာ့မည္ ဆိုလ်င္ ရွင္ႀကီး၏ နတ္စင္အေရွ႕႔ဆီသို႔ မေရာက္ရွိမွီ ဖိနပ္ကိုပင္ခြ်တ္လ်က္ ျဖတ္သန္းသြားလာၾကရေပသည္။ ထိုသို႔ျဖတ္သန္းသြားလာၾကပါက စားစရာတစ္ခုခုအာလည္း တင္ေျမွာက္ျပီးမွ်သာလ်င္ ျဖတ္သန္းသြားေရာက္ၾကေပသည္။

မည္သည့္စားစရာ တစ္ခုမွမပါလ်င္ သစ္ရြက္တစ္ရြက္ကိုပင္ ခူးယူလ်က္ ရွင္ႀကီး၏နတ္စင္အေပၚ၌ တင္ေျမွာက္သြားၾကရေပသည္။ အလြန္ပင္ နတ္ႀကီးသည္ဟု နာမည္ႀကီးေလ၏။ ရွင္ႀကီူသည္ ေပ်ာ္လည္းေပ်ာ္တတ္ျပီး၊ ယကၠန္းသည္မရြာသား ကာလသားမ်ားမွာ ထိုသူတို႔၏ေနအိမ္ဆီမွ ႀကက္ကိုပင္ ဖမ္းယူလာၾကျပီး ရွင္ႀကီး၏ၾကက္ႏွင့္ တိုက္ႀကမည္ဟု ဆိုေလကာ လာေရာက္ခြပ္လွည့္ၾကေလ ရွိေပသည္။ ထိုသို႔ေသာအခါမ်ားတြင္ ယကၠန္းပင္ႀကီးမ်ားအေပၚမွေန၍ မည္သည့္ေနရာဆီမွ ေရာက္ရွိလာခဲ႔သည္မွန္းမသိေသာ တိန္ညင္ၾကက္တစ္ေကာင္မွာ ေရာက္ရွိလာခဲ႔ရင္း ရြာသားမ်ား၏ၾကက္ႏွင့္ ခြပ္ၾကေလေတာ့သည္။

ထိုအခါ ကာလသားမ်ားမွာ ညာသံမ်ားပင္ေပးလ်က္ ဝုိင္းၾကည့္ၾကေလျပီး ေခတၱအၾကာတြင္ ရြာသားတစ္ဦးမွာ ရွင္ႀကီး၏ၾကက္ရံႈးျပီးဟု ေအာ္ဟစ္ေျပာဆိုေလခဲ႔ရင္း တိန္ညင္ၾကက္ဖ၏ ေျခေထာက္ကိုပင္ ဖမ္းဆြဲေလခါ ေခၚေဆာင္သြားေလ့ရွိေပသည္။ ဤသို႔ေသာ္အခါမ်ားတြင္ ရွင္ႀကီးမွာ စိတ္ဆိုးျခင္းပင္မရွိ၊ ခြင့္လြတ္တတ္ေလ၏။ သူ႔အား မထီေလးစားလုပ္သူမ်ားႏွင့္၊ သကၤန္းေတာအတြင္းမွ ၾကက္ငွက္မ်ားကိုပင္ လာေရာက္ပစ္ခတ္ဖမ္းစည္းသူမ်ား၊ ေလွရြက္ထည္ ဆိုးမည္ဆိုျပီး သကၤန္းေခါက္မ်ားကိုပင္ လာေရာက္ခြာယူၾကသူမ်ား၊ ထိုကဲ႔သို႔ေသာ္ သူမ်ားကိုသာ ရွင္ႀကီးမွာ ေျခာက္လန္႔ေစလြတ္တတ္ျခင္း ျဖစ္ေပသည္။

ကြ်န္ုပ္၏သူငယ္ခ်င္းျဖစ္သူ တင္ေအာင္ႀကီးသည္လည္း ထိုရြာသားပင္ျဖစ္ေလခဲ႔သည္။ ယကၠန္းသည္မရြာသား ျဖစ္လာခဲ႔ေသာ တင္ေအာင္ႀကီးမွာလည္း ထိုရြာေလးဆီသို႔ ေျပာင္းေရြ႕လာခဲ႔သည္မွာ မၾကာခဲ႔ေသးေပ။ ယကၠန္းေတာၾကီးအတြင္းမွ ရွင္ႀကီး၏အေၾကာင္းမ်ားအားလည္း သူတစ္ေယာက္ တစ္စြန္းတစ္စ ၾကားထားခဲ႔ေပသည္။ တစ္ေန႔တြင္ တင္ေအာင္ႀကီးမွာ ဖခင္ျဖစ္သူ၏ ကြ်ဲအုပ္ကိုပင္ ဝိုင္းဝန္းသိမ္းဆည္းေပးလာခဲ႔ရင္း ရွင္ႀကီး၏ နတ္စင္အေရွ႕ဆီသို႔ ျဖတ္သန္းသြားရေတာ့မည္ျဖစ္သည္။

ရြာမွ လူႀကီးမ်ားႏွင့္ ရြာသားတစ္ခ်ိဳ႕၏ ကိုယ္ေတြ႔ၾကံဳထားခဲ႔ရဘူးေသာ အေၾကာင္းမ်ားအားလည္း တင္ေအာင္ႀကီးမွာ မ်ားစြာၾကားထားခဲ႔ဘူးသည္။ ယခုအခါ မထင္မွတ္ခဲ႔ပဲ ရွင္ႀကီး၏နတ္စင္အေရွ႕ဆီသို႔ ျဖတ္သန္းရေတာ့မည္ေၾကာင့္ တင္ေအာင္ႀကီး၏ေျခလွမ္းမ်ားမွာ တြန္႔ဆုတ္ေနခဲ႔ရေပသည္။ အေၾကာင္းမွာ မိမိသည္ ရွင္ႀကီး၏နတ္စင္ အေရွ႕ဆီသို႔ ျဖတ္သန္းရလိမ့္မည္ဟု မထင္မွတ္ထားေသာေၾကာင့္ ရွင္ႀကီးကိုပင္ တင္ေျမာက္ေစရန္ မည္သည့္အစားအစာ တစ္စံုတစ္ခုမွ ပါမလာခဲ႔ျခင္းေၾကာင့္ ျဖစ္ေလသည္။

ထို႔ေၾကာင့္ ေနဝင္ရီသေရာ အခ်ိန္ပင္ျဖစ္ျပီး တင္ေအာင္ႀကီးမွာလည္း ေခြ်းစီးမ်ားပင္လ်င္ ထြက္လာခဲ႔ျပီးျဖစ္သည္။ မည္သို႔ပင္ ျပဳလုပ္ရမည္မွန္းလည္း မသိေတာ့ေပ။ သို႔ႏွင့္ မစဥ္းစားတတ္ေတာ့သည့္ အဆံုးမွာပင္ တင္ေအာင္ႀကီးမွာ တုန္တုန္ရီရီျဖင့္ ကြ်ဲအုပ္မ်ားထဲမွ ကြ်ဲေပါက္တစ္ေကာင္ကိုပင္ မ်က္လံုးစံုမွိတ္လ်က္ ရွင္ႀကီး၏ နတ္စင္တြင္ ခ်ီေျမာက္ထားခဲ႔ေပသည္။

ထို႔ေနာက္မွသာလ်င္ တင္ေအာင္ႀကီးမွာ ကြ်ဲအုပ္ႏွင့္အတူ ရြာအတြင္းသို႔ ဝင္ေရာက္ရန္အတြက္ ဟန္ျပင္လုိက္ရေလေတာ့သည္။ သူ၏အေဖာ္ျဖစ္ေသာ ကြ်ဲအုပ္ႀကီးထြက္ခြာသြားခဲ႔သည္ႏွင့္ ရွင္ႀကီး၏နတ္စင္တြင္ ေျမွာက္ထားခဲ႔ေသာ ကြ်ဲေပါက္တစ္ေကာင္မွာလည္း တညႊတ္ညႊတ္ျဖင့္ ေအာ္ဟစ္က်န္ေနခဲ႔ရျပီး၊ အဆံုးတြင္ သူ၏အေဖာ္ျဖစ္ေသာ ကြ်ဲအုပ္ႀကီး၏အေနာက္ဆီသို႔ ေျပးလိုက္ေလေတာ့သည္။

ထိုအခါ တုန္တုန္ရီရီ မ်က္စိကိုပင္ စံုမွိတ္လ်က္ခ်ီထားခဲ႔ေသာ တင္ေအာင္ႀကီး၏ ၾကိဳးမွာ ရွင္ႀကီး၏နတ္စင္တြင္မဟုတ္၊ ရွင္ႀကီးရုပ္ထု၏ လက္တြင္ျဖစ္ေလသည္။ ကြ်ဲေပါက္မွာ အေဖာ္ကြ်ဲအုပ္အေနာက္ဆီသို႔ ေျပးလိုက္လာခဲ႔သည္ႏွင့္ ရွင္ႀကီးရုပ္ထုသည္လည္း ကြ်ဲေပါက္ဆြဲေျပးရာ တလိမ့္ေခါက္ေကြး ပါသြားရရွာေလေတာ့သည္။ ထိုအခ်ိန္မွ စတင္ေလခဲ႔ရင္း ယကၠန္းေတာႀကီးအတြင္း၌ စိုးမိုးေနခဲ႔ေသာ ရွင္ႀကီးမွာ ကြ်တ္လြတ္သြားရျခင္းပင္လား။ မည္သူ႔ကိုမွ မေနွာက္ယွက္ေတာ့ပဲ စိတ္ရွည္သြားရေလေတာ့သည္။

ျပီး။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: ထီးကေလး
(ရင္ႏွင့္ရင္း၍ေရးသားသည္။)
ဤဇာတ္ေက်ာရိုးကိုပင္ ေျပာျပေပးခဲ႔ေသာ ဦးေလးဦးေဌးေမာင္အား ေက်းဇူးတင္ရွိပါသည္။

#Unicode Version#


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မ ရွာကလေးသည် ပုဂံခေတ်မတိုင်မီက ထွန်းကားခဲ့သော သုဝဏ္ဏဘူမိ-သထုံ မြို့ဟောင်းဒေသပင်ဖြစ်လေသည်။ အိမ်ခြေငါးရာကျော်မျှ တည်ရှိနေခဲ့ကြပြီး အလွန်ပင်စည်းကားလျက်ရှိပေသည်။ ရွာ၏အရှေ့ဘက်တွင် ဝေပုလ္လတောင်ပေါ်တွင် ဦးကေသလ္လ ဆရာတော်ကြီး သီတင်းသုံးတော်မူခဲ့သည်။ ယက္ကန်းသည်မရွာ အလယ်လောက်တွင် စိမ်းညို့အုပ်ဆိုင်းနေခဲ့သော သင်္ကန်းတောကြီး ရှိလေ၏။ ရွာ၏အရှေ့ပိုင်းနှင့် တောင်ပိုင်းကိုပင် ၎င်းသင်္ကန်းတော်ကြီးမှ ပိုင်းခြားထားခဲ့လေသည်။

သင်္ကန်းတောအတွင်း၌လည်း ရွာ၏သင်္ချိုင်းကုန်း တည်ရှိနေခဲ့သည်။ သင်္ကန်းပင်ကြီးများအောက် လမ်းနံဘေးတွင် ဘိုးဘိုးကြီးဟုခေါ်ကြသော ရွာတော်ရှင် နတ်ကွန်း နတ်စင်ကလေးလည်း ရှိသေးသည်။ ရွာကအရှေ့ပိုင်းမှ သွားရောက်လျင် ဝင်းက၊ ကင်းရွာ၊ ပေါက်တော၊ တောင်စွန်း စသည့်ရွာကြီးများသို့ ရောက်ရှိနိုင်၏။ ရွာ၏အရှေ့ပိုင်းမှ သွားရောက်လျင် ပိုင်ဒန်ရွာ၊ တန်းရှည်၊ မရမ်းကုန်း၊ ငါးဘတ်ချောင် ရွာများဆီသို့ ရောက်ရှိနိုင်လေ၏။

ရွာ၏အနောက်ဘက်တွင်လည်း ပင်လယ်ဟောင်း လယ်ကွင်းပြင်များစွာ ရှိသေးသည်။ သိမ်ငူ၊ ကျိုက်ပိကျေးရွာကြီးတို့နှင့် (၅)မိုင်မျှ ဝေးကွာသော ကွင်းပြင်ကျယ်သည်လည်း ခြားလျက်ရှိနေပါသည်။ အဆိုပါရွာများမှ လာရောက်လျင်လည်း နတ်စင်ကုန်းဘေးနားမှ ဖြတ်သန်းဝင်ရောက်ကြရလေပြီး၊ ရွာ၏အရှေ့ပိုင်း မရမ်းကုန်းဘူတာဆီသို့ သွားရောက်လိုသူများသည်လည်း တောင်ပိုင်းဝင်းက ရွာကြီးဘက်ဆီသို့ သွားလိုသူများသည်လည်း ရွာ၏အရှေ့ဘက်တွင်ရှိသည့် တောင်ကျော်လမ်းမှ ဖြတ်သန်းသွားကြရပေသည်။

ယက္ကန်းသည်မရွာ၏ အရှေ့ပိုင်း မြို့တံခါးပေါက်ဆီမှ ဖြတ်ဝင်ပြီး မြို့တွင်းခြေချောင်းသွား တောင်ကြားလမ်းလေးအတိုင်း တောင်ပိုင်းမြို့ရိုးကြီးကို ဖြတ်ဖောက်ထားသောလမ်းဖြစ်သည်။ ရွာတောင်ပိုင်း ဝင်းကရွာ အစပ်နားဆီထိပေါက်၏။ ဤလမ်းကိုပင် လူသုံးများကြသည်။ ရွာလမ်းအတိုင်းဆိုလျင် ဘိုးဘိုးကြီး နတ်စင်အရှေ့ဆီမှ ဖြတ်သန်းသွားကြရပေသည်။ ထိုသင်္ကန်းတောကြီးမှာ အုပ်စိုင်းနေလျက်ရှိပြီး နေပျောက်ပင်လျင် မထိုးနိုင်ချေ။ တောကျီးကန်း၊ ဥဒေါင်းငှက်၊ တောကြက်များ ကျက်စားရာ နေရာပင်ဖြစ်လေသည်။

၎င်းကြက်၊ငှက် တိရိစ္ဆာန်များကိုပင် ဘိုးဘိုးကြီး(ရှင်ကြီး)ပိုင်သည်ဟူ၍ ယူဆလျက် မည်သူတစ်ဦးတစ်ယောက်မှ ပစ်ခတ်ဖမ်းစားခြင်းများပင် မပြုလုပ်ရဲကြချေ။ သင်္ကန်းပင်ကြီးများမှ သင်္ကန်းအခေါက်များအားလည်း မည်သူမှ မခွာရဲ။ ရှင်ကြီး၏ နတ်စင်အရှေ့ဆီမှ ဖြတ်သန်းသွားလာရတော့မည် ဆိုလျင် ရှင်ကြီး၏ နတ်စင်အရှေ့ဆီသို့ မရောက်ရှိမှီ ဖိနပ်ကိုပင်ချွတ်လျက် ဖြတ်သန်းသွားလာကြရပေသည်။ ထိုသို့ဖြတ်သန်းသွားလာကြပါက စားစရာတစ်ခုခုအာလည်း တင်မြှောက်ပြီးမျှသာလျင် ဖြတ်သန်းသွားရောက်ကြပေသည်။

မည်သည့်စားစရာ တစ်ခုမှမပါလျင် သစ်ရွက်တစ်ရွက်ကိုပင် ခူးယူလျက် ရှင်ကြီး၏နတ်စင်အပေါ်၌ တင်မြှောက်သွားကြရပေသည်။ အလွန်ပင် နတ်ကြီးသည်ဟု နာမည်ကြီးလေ၏။ ရှင်ကြီူသည် ပျော်လည်းပျော်တတ်ပြီး၊ ယက္ကန်းသည်မရွာသား ကာလသားများမှာ ထိုသူတို့၏နေအိမ်ဆီမှ ကြက်ကိုပင် ဖမ်းယူလာကြပြီး ရှင်ကြီး၏ကြက်နှင့် တိုက်ကြမည်ဟု ဆိုလေကာ လာရောက်ခွပ်လှည့်ကြလေ ရှိပေသည်။ ထိုသို့သောအခါများတွင် ယက္ကန်းပင်ကြီးများအပေါ်မှနေ၍ မည်သည့်နေရာဆီမှ ရောက်ရှိလာခဲ့သည်မှန်းမသိသော တိန်ညင်ကြက်တစ်ကောင်မှာ ရောက်ရှိလာခဲ့ရင်း ရွာသားများ၏ကြက်နှင့် ခွပ်ကြလေတော့သည်။

ထိုအခါ ကာလသားများမှာ ညာသံများပင်ပေးလျက် ဝိုင်းကြည့်ကြလေပြီး ခေတ္တအကြာတွင် ရွာသားတစ်ဦးမှာ ရှင်ကြီး၏ကြက်ရှုံးပြီးဟု အော်ဟစ်ပြောဆိုလေခဲ့ရင်း တိန်ညင်ကြက်ဖ၏ ခြေထောက်ကိုပင် ဖမ်းဆွဲလေခါ ခေါ်ဆောင်သွားလေ့ရှိပေသည်။ ဤသို့သော်အခါများတွင် ရှင်ကြီးမှာ စိတ်ဆိုးခြင်းပင်မရှိ၊ ခွင့်လွတ်တတ်လေ၏။ သူ့အား မထီလေးစားလုပ်သူများနှင့်၊ သင်္ကန်းတောအတွင်းမှ ကြက်ငှက်များကိုပင် လာရောက်ပစ်ခတ်ဖမ်းစည်းသူများ၊ လှေရွက်ထည် ဆိုးမည်ဆိုပြီး သင်္ကန်းခေါက်များကိုပင် လာရောက်ခွာယူကြသူများ၊ ထိုကဲ့သို့သော် သူများကိုသာ ရှင်ကြီးမှာ ခြောက်လန့်စေလွတ်တတ်ခြင်း ဖြစ်ပေသည်။

ကျွန်ုပ်၏သူငယ်ချင်းဖြစ်သူ တင်အောင်ကြီးသည်လည်း ထိုရွာသားပင်ဖြစ်လေခဲ့သည်။ ယက္ကန်းသည်မရွာသား ဖြစ်လာခဲ့သော တင်အောင်ကြီးမှာလည်း ထိုရွာလေးဆီသို့ ပြောင်းရွေ့လာခဲ့သည်မှာ မကြာခဲ့သေးပေ။ ယက္ကန်းတောကြီးအတွင်းမှ ရှင်ကြီး၏အကြောင်းများအားလည်း သူတစ်ယောက် တစ်စွန်းတစ်စ ကြားထားခဲ့ပေသည်။ တစ်နေ့တွင် တင်အောင်ကြီးမှာ ဖခင်ဖြစ်သူ၏ ကျွဲအုပ်ကိုပင် ဝိုင်းဝန်းသိမ်းဆည်းပေးလာခဲ့ရင်း ရှင်ကြီး၏ နတ်စင်အရှေ့ဆီသို့ ဖြတ်သန်းသွားရတော့မည်ဖြစ်သည်။

ရွာမှ လူကြီးများနှင့် ရွာသားတစ်ချို့၏ ကိုယ်တွေ့ကြုံထားခဲ့ရဘူးသော အကြောင်းများအားလည်း တင်အောင်ကြီးမှာ များစွာကြားထားခဲ့ဘူးသည်။ ယခုအခါ မထင်မှတ်ခဲ့ပဲ ရှင်ကြီး၏နတ်စင်အရှေ့ဆီသို့ ဖြတ်သန်းရတော့မည်ကြောင့် တင်အောင်ကြီး၏ခြေလှမ်းများမှာ တွန့်ဆုတ်နေခဲ့ရပေသည်။ အကြောင်းမှာ မိမိသည် ရှင်ကြီး၏နတ်စင် အရှေ့ဆီသို့ ဖြတ်သန်းရလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့် ရှင်ကြီးကိုပင် တင်မြောက်စေရန် မည်သည့်အစားအစာ တစ်စုံတစ်ခုမှ ပါမလာခဲ့ခြင်းကြောင့် ဖြစ်လေသည်။

ထို့ကြောင့် နေဝင်ရီသရော အချိန်ပင်ဖြစ်ပြီး တင်အောင်ကြီးမှာလည်း ချွေးစီးများပင်လျင် ထွက်လာခဲ့ပြီးဖြစ်သည်။ မည်သို့ပင် ပြုလုပ်ရမည်မှန်းလည်း မသိတော့ပေ။ သို့နှင့် မစဉ်းစားတတ်တော့သည့် အဆုံးမှာပင် တင်အောင်ကြီးမှာ တုန်တုန်ရီရီဖြင့် ကျွဲအုပ်များထဲမှ ကျွဲပေါက်တစ်ကောင်ကိုပင် မျက်လုံးစုံမှိတ်လျက် ရှင်ကြီး၏ နတ်စင်တွင် ချီမြောက်ထားခဲ့ပေသည်။

ထို့နောက်မှသာလျင် တင်အောင်ကြီးမှာ ကျွဲအုပ်နှင့်အတူ ရွာအတွင်းသို့ ဝင်ရောက်ရန်အတွက် ဟန်ပြင်လိုက်ရလေတော့သည်။ သူ၏အဖော်ဖြစ်သော ကျွဲအုပ်ကြီးထွက်ခွာသွားခဲ့သည်နှင့် ရှင်ကြီး၏နတ်စင်တွင် မြှောက်ထားခဲ့သော ကျွဲပေါက်တစ်ကောင်မှာလည်း တညွှတ်ညွှတ်ဖြင့် အော်ဟစ်ကျန်နေခဲ့ရပြီး၊ အဆုံးတွင် သူ၏အဖော်ဖြစ်သော ကျွဲအုပ်ကြီး၏အနောက်ဆီသို့ ပြေးလိုက်လေတော့သည်။

ထိုအခါ တုန်တုန်ရီရီ မျက်စိကိုပင် စုံမှိတ်လျက်ချီထားခဲ့သော တင်အောင်ကြီး၏ ကြိုးမှာ ရှင်ကြီး၏နတ်စင်တွင်မဟုတ်၊ ရှင်ကြီးရုပ်ထု၏ လက်တွင်ဖြစ်လေသည်။ ကျွဲပေါက်မှာ အဖော်ကျွဲအုပ်အနောက်ဆီသို့ ပြေးလိုက်လာခဲ့သည်နှင့် ရှင်ကြီးရုပ်ထုသည်လည်း ကျွဲပေါက်ဆွဲပြေးရာ တလိမ့်ခေါက်ကွေး ပါသွားရရှာလေတော့သည်။ ထိုအချိန်မှ စတင်လေခဲ့ရင်း ယက္ကန်းတောကြီးအတွင်း၌ စိုးမိုးနေခဲ့သော ရှင်ကြီးမှာ ကျွတ်လွတ်သွားရခြင်းပင်လား။ မည်သူ့ကိုမှ မနှောက်ယှက်တော့ပဲ စိတ်ရှည်သွားရလေတော့သည်။

ပြီး။

ဖိုးသူတော် (www.phothutaw.com)
Credit: ထီးကလေး
(ရင်နှင့်ရင်း၍ရေးသားသည်။)
ဤဇာတ်ကျောရိုးကိုပင် ပြောပြပေးခဲ့သော ဦးလေးဦးဌေးမောင်အား ကျေးဇူးတင်ရှိပါသည်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top