ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

 ေဆာ္ဒီအာေရးဘီးယားနိုင္ငံတြက္ အမ်ိဳးသမီးတစ္ဦးကို ဓားျဖင့္ထိုးသတ္မွုျဖင့္ ျမန္မာအမ်ိဳးသားတစ္ဦးကို ေခါင္းျဖတ္ကြပ္မ်က္ကာ ခႏၶာကိုယ္ကို ကားစင္တင္ၿပီး မကၠာၿမိဳ႕တြင္ ဗုဒၶဟူးေန႔က ျပသထားခဲ့သည္။

Elias Jamaleddeen ဟု ေဖာ္ျပထားေသာ ျမန္မာအမ်ိဳးသားဟာ အမ်ိဳးသမီးတစ္ဦးရဲ့ ေနအိမ္ထဲသို႔ ဝင္ေရာက္ကာ ဓါးျပတိုက္ခဲ့ၿပီး အဓၶမက်ဴးလြန္ရန္ႀကိဳးစားခဲ့ၿပီးေနာက္ အမ်ိဳးသမီးကို ဓားနဲ႔ထိုးသတ္ကာ ေနအိမ္ရွိ လက္နက္မ်ားကို ခိုးယူသြားခဲ့ေၾကာင္း သတင္းတြင္ေဖာ္ျပပါရွိသည္။

အဆိုပါအမ်ိဳးသားကို ဖမ္းဆီးရမိခဲ့ၿပီးေနာက္ အမ်ိဳးသမီးရဲ့ ေနအိမ္နဲ႔ အျခားေနအိမ္ကိုပါ ဓါးျပတိုက္ခဲ့ေၾကာင္း၊ အဓၶမျပဳက်င့္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္းႏွင့္ လက္နက္ခဲယမ္းမ်ား ခိုးယူခဲ့ေၾကာင္း ဝန္ခံထြက္ဆိုခဲ့သည္။

တရား႐ုံးတြင္ စစ္ေဆးခဲ့ၿပီးေနာက္ ေဆာ္ဒီဘုရင္ ဆယ္လ္မန္ ရဲ့ အတည္ျပဳခ်က္နဲ႔ အမ်ိဳးသားကို ေခါင္းျဖတ္ကြပ္မ်က္ခဲ့ေၾကာင္း ေဆာ္ဒီသတင္းေအဂ်င္စီက ေျပာဆိုခဲ့သည္။ ေဆာ္ဒီအာေရးဘီးယားနိုင္ငံဟာ ကြပ္မ်က္တဲ့ေနရာမွာ ကမၻာထိပ္တန္းနိုင္ငံတစ္ခုျဖစ္ၿပီး အေလာင္းကို ကားစင္တင္ၿပီး ျပသထားတဲ့ လုပ္ရပ္ကေတာ့ ျပစ္တင္ရွုံ႔ခ်စရာတစ္ခု ျဖစ္ေနပါတယ္။

ေဆာ္ဒီဘုရင္ ဆယ္လ္မန္

ယခုႏွစ္ရဲ့ ပထမေလးလပိုင္းမွာတင္ လူေပါင္း ၄၈ ဦး ကို ကြပ္မ်က္ခဲ့ၿပီး သူတို႔ထဲက တစ္ဝက္ေလာက္က မူးယစ္ေဆးဝါးမွုေတြေၾကာင့္ျဖစ္တယ္လို႔ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
လက္ရွိမွာ ေဆာ္ဒီနိုင္ငံဟာ ကေနဒါနိုင္ငံနဲ႔လည္း လူ႔အခြင့္အေရးဆိုင္ရာ အျငင္းပြားမွု ျပႆနာျဖစ္ေနၿပီး ႏွစ္နိုင္ငံ ကုန္သြယ္ေရး ရပ္ဆိုင္းထားသလို ကေနဒါသံအမတ္ကိုလည္း ေဆာ္ဒီနိုင္ငံကေန ေမာင္းထုတ္ခံထားရပါတယ္။

ယခုျဖစ္စဥ္မွာ ျမန္မာအမ်ိဳးသားဟု ေဖာ္ျပထားေသာ္လည္း ကိုယ္ေရးအခ်က္အလက္ အေသးစိတ္ကိုမူ ေဆာ္ဒီသတင္းေအဂ်င္စီက ေဖာ္ျပထားျခင္းမရွိပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
 ဆော်ဒီအာရေးဘီးယားနိုင်ငံတွက် အမျိုးသမီးတစ်ဦးကို ဓားဖြင့်ထိုးသတ်မှုဖြင့် မြန်မာအမျိုးသားတစ်ဦးကို ခေါင်းဖြတ်ကွပ်မျက်ကာ ခန္ဓာကိုယ်ကို ကားစင်တင်ပြီး မက္ကာမြို့တွင် ဗုဒ္ဓဟူးနေ့က ပြသထားခဲ့သည်။

Elias Jamaleddeen ဟု ဖော်ပြထားသော မြန်မာအမျိုးသားဟာ အမျိုးသမီးတစ်ဦးရဲ့ နေအိမ်ထဲသို့ ဝင်ရောက်ကာ ဓါးပြတိုက်ခဲ့ပြီး အဓ္ဓမကျူးလွန်ရန်ကြိုးစားခဲ့ပြီးနောက် အမျိုးသမီးကို ဓားနဲ့ထိုးသတ်ကာ နေအိမ်ရှိ လက်နက်များကို ခိုးယူသွားခဲ့ကြောင်း သတင်းတွင်ဖော်ပြပါရှိသည်။

အဆိုပါအမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီးနောက် အမျိုးသမီးရဲ့ နေအိမ်နဲ့ အခြားနေအိမ်ကိုပါ ဓါးပြတိုက်ခဲ့ကြောင်း၊ အဓ္ဓမပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်းနှင့် လက်နက်ခဲယမ်းများ ခိုးယူခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

တရားရုံးတွင် စစ်ဆေးခဲ့ပြီးနောက် ဆော်ဒီဘုရင် ဆယ်လ်မန် ရဲ့ အတည်ပြုချက်နဲ့ အမျိုးသားကို ခေါင်းဖြတ်ကွပ်မျက်ခဲ့ကြောင်း ဆော်ဒီသတင်းအေဂျင်စီက ပြောဆိုခဲ့သည်။ ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ ကွပ်မျက်တဲ့နေရာမှာ ကမ္ဘာထိပ်တန်းနိုင်ငံတစ်ခုဖြစ်ပြီး အလောင်းကို ကားစင်တင်ပြီး ပြသထားတဲ့ လုပ်ရပ်ကတော့ ပြစ်တင်ရှုံ့ချစရာတစ်ခု ဖြစ်နေပါတယ်။

ဆော်ဒီဘုရင် ဆယ်လ်မန်

ယခုနှစ်ရဲ့ ပထမလေးလပိုင်းမှာတင် လူပေါင်း ၄၈ ဦး ကို ကွပ်မျက်ခဲ့ပြီး သူတို့ထဲက တစ်ဝက်လောက်က မူးယစ်ဆေးဝါးမှုတွေကြောင့်ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ ဆော်ဒီနိုင်ငံဟာ ကနေဒါနိုင်ငံနဲ့လည်း လူ့အခွင့်အရေးဆိုင်ရာ အငြင်းပွားမှု ပြဿနာဖြစ်နေပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး ရပ်ဆိုင်းထားသလို ကနေဒါသံအမတ်ကိုလည်း ဆော်ဒီနိုင်ငံကနေ မောင်းထုတ်ခံထားရပါတယ်။

ယခုဖြစ်စဉ်မှာ မြန်မာအမျိုးသားဟု ဖော်ပြထားသော်လည်း ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုမူ ဆော်ဒီသတင်းအေဂျင်စီက ဖော်ပြထားခြင်းမရှိပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top