iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ့္ေယာက်္ားရဲ႕ အခ်စ္ေတြ ခ်စ္သူဘဝကထက္ ပိုၿပီး ရရွိႏိုင္ဖို႔ အခ်ိန္ၾကာၾကာ သူ႔စိတ္ကို သိမ္းပိုက္ႏိုင္ဖို႔ဆိုရင္ေတာ့ ဗ်ဴဟာေကာင္းေကာင္းေလးေတြ လိုအပ္ပါတယ္ေနာ္။

ခ်စ္သူဘဝတုနး္က တစ္ေန႔မေတြ႔ရ မေနႏိုင္သလို တီတီတာတာေတြ ေျပာၿပီး ခ်စ္ခဲ့ၾကေပမယ့္ အိမ္ေထာင္က်ၿပီးလို႔ အခ်ိန္ၾကာလာတဲ့အခါမွာ အခ်စ္ေတြ ေလ်ာ့သထက္ ေလ်ာ့နည္းလာၾကတယ္လို႔ ေတာ္ေတာ္မ်ားမ်ား ေျပာၾကပါတယ္။ တကယ္ေတာ့ အခ်စ္ေတြက မရွိေတာ့တာ မဟုတ္ပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ ထုတ္ေဖာ္မေျပာၾကေတာ့တာပါ။ တကယ္ေတာ့ မိနး္ကေလးဆုိတာ အခ်ိန္ဘယ္ေလာက္ေလာက္ ၾကာၾကာ အခ်စ္ခံခ်င္တဲ့ ဆႏၵရွိပါတယ္။ ကိုယ့္ေယာက်္ားရဲ႕ အခ်စ္ေတြ ခ်စ္သူဘဝကထက္ ပိုၿပီး ရရွိႏိုင္ဖို႔ အခ်ိန္ၾကာၾကာ သူ႔စိတ္ကို သိမ္းပိုက္ႏိုင္ဖို႔ဆိုရင္ေတာ့ ဗ်ဴဟာေကာင္းေကာင္းေလးေတြ လိုအပ္ပါတယ္ေနာ္။

ခ်စ္ျပပါ

အိမ္ေထာင္ရွင္မေလးတို႔ေရ ကိုယ္တိုင္က အခ်စ္ခံခ်င္တယ္ဆိုရင္ေတာ့ ကိုယ္တိုင္က အရင္ခ်စ္ျပဖို႔ လိုပါတယ္။ တစ္ဦးက ေမတၱာ၊ တစ္ဦးက ေစတနာဆိုသလိုေပါ့ေနာ္။ ကိုယ့္ဘက္က အရင္ဆံုး ခ်စ္ျပပါ။ သူ႔ေမြးေန႔ေလး မွတ္ထားၿပီး အမွတ္တရ တစ္ခုခု လုပ္ေပးပါ။ ဒါက အခ်စ္ေတြတိုးပြားေစၿပီး ကိုယ့္ကို သူ အၾကာႀကီး ခ်စ္ေနမွာပါ။
ျပင္ဆင္ေပးပါ

ကိုယ့္ေယာက်္ားအတြက္ ျပင္ဆင္ေပးလို႔ ရသမွ်ေလးေတြ အကုန္လံုး ျပင္ဆင္ေပးၾကည့္ပါ။ ေယာက်္ားအတြက္ အဝတ္အစား ျပင္ဆင္ေပးတာ၊ မနက္စာေလးက အစ ကိုယ့္လက္ကိုယ့္ေျခ ျဖစ္ေအာင္ ျပင္ဆင္ေပးတာမ်ိဳးေတြ လုပ္ပါ။ ကိုယ့္ရဲ႕ ေယာက်္ား ျပံဳးရႊင္ေစမယ့္ ျပင္ဆင္တာမ်ိဳး လုပ္ပါ။ ေယာက်္ားအလုပ္က ျပန္လာရင္လည္း ျပံဳးျပၿပီး ထမင္းခူးေကၽြးတာမ်ိဳး လုပ္ပါ။ ဒါက အိမ္ေထာင္ရွင္မေလးေတြကို ပိုတိုးၿပီး ခ်စ္ေစမွာပါ။ အကယ္လို႔ ကိုယ္က အျပင္မွာလည္း အလုပ္ထြက္လုပ္ေသးတယ္ဆိုရင္ေတာင္ ပိတ္ရက္မွာေတာ့ ခ်က္ျပဳတ္ျပင္ဆင္ေပးပါ။

တီတီတာတာေလးေတြ ေျပာပါ

ခ်စ္သူဘဝတုနး္က ခၽြဲႏြဲ႔ခဲ့သလိုမ်ိဳးပဲ အိမ္ေထာင္သည္ဘဝမွာလည္း ခၽြဲႏြဲ႔ပါ။ အလိုက္တသိနဲ႔ တီတီတာတာေလးေတြ ေျပာပါေနာ္။ အိမ္ေထာင္သည္ဘဝေရာက္လုိ႔ တီတီတာတာေလးေတြ မေျပာရေတာ့ဘူး မထင္ပါနဲ႔ေနာ္။ အိမ္ေထာင္သည္ ဘဝေရာက္ရင္ ပိုလို႔ေတာင္ လိုအပ္ပါေသးတယ္။ ကိုယ္ေ့ယာက်္ား အခ်စ္ပိုေစမယ့္ အျပဳအမူေလးေတြ၊ တီတီတာတာေတြ ေျပာပါ။ သူႀကိဳက္တဲ့ အက်ႌေလးေတြ ဝတ္ျပၿပီး အရင္လိုေရာ လွရဲ႕လားလို႔ ေမးတာမ်ိဳးေလးေတြက ခ်စ္သူဘဝကို ျပန္လည္မွတ္မိေစမွာမို႔ အခ်စ္စိတ္ေတြ  ႏိုးၾကားလာမွာပါ။
ကိုယ္ခ်င္းစာပါ

ကိုယ္ခ်င္းစာတတ္ဖို႔ဆိုတာ အိမ္ေထာင္ေရးမွာ အရမ္းအေရးႀကီးတဲ့အရာပါ။ အိမ္ေထာင္ရွင္မေလးတို႔ အေနနဲ႔ ကိုယ့္ေယာက်္ားအေပၚမွာ ကိုယ္ခ်င္းစာတတ္ဖို႔ လိုပါတယ္။ ကိုယ့္ကို မယံုၾကည္တာကို မႀကိဳက္ဘူးဆိုရင္ အိမ္ေထာင္ဖက္လည္း ႀကိဳက္မွာ မဟုတ္ပါဘူးေနာ္။ ကိုယ္က မိသားစုကို ခ်စ္တတ္သလို သူလဲ သူ႕မိသားစုကို ခ်စ္မွာပါ။ ဒါေၾကာင့္ ေယာကၡမနဲ႔ မတည့္တာေတြ၊ ေယာင္းမနဲ႔ အဆင္မေျပတာေတြ အရမ္းမလုပ္ပါနဲ႔။ သူ႔ေနရာမွာ ကိုယ္ဆိုတဲ့ စိတ္နဲ႔ ကိုယ္ခ်င္းစာၾကည့္ပါ။ ဒီလိုဆိုရင္ ကိုယ့္ေယာက်္ားက ကိုယ့္ကိုပိုနားလည္ေပးႏိုင္လာၿပီး ပိုခ်စ္လာမွာ အေသအခ်ာပါပဲ။

အိမ္ေထာင္ရွင္မေလးတို႔ေရ ကိုယ့္ေယာက်္ားရဲ႕ အခ်စ္ေတြ အခ်ိန္အၾကာႀကီး ကိုယ့္ဆီမွာပဲ ရွိေနေစဖို႔နဲ႔ သူ႔စိတ္ေတြကို အၾကာႀကီး သိမး္ပိုက္ထားႏိုင္ဖုိ႔ဆိုရင္ေတာ့ အေပၚမွာေျပာျပထားတဲ့ ဗ်ဴဟာေလးေတြ သံုးၾကည့္ပါေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Marry

#Unicode Version#
ကိုယ့်ယောကျ်ားရဲ့ အချစ်တွေ ချစ်သူဘဝကထက် ပိုပြီး ရရှိနိုင်ဖို့ အချိန်ကြာကြာ သူ့စိတ်ကို သိမ်းပိုက်နိုင်ဖို့ဆိုရင်တော့ ဗျူဟာကောင်းကောင်းလေးတွေ လိုအပ်ပါတယ်နော်။

ချစ်သူဘဝတုန်းက တစ်နေ့မတွေ့ရ မနေနိုင်သလို တီတီတာတာတွေ ပြောပြီး ချစ်ခဲ့ကြပေမယ့် အိမ်ထောင်ကျပြီးလို့ အချိန်ကြာလာတဲ့အခါမှာ အချစ်တွေ လျော့သထက် လျော့နည်းလာကြတယ်လို့ တော်တော်များများ ပြောကြပါတယ်။ တကယ်တော့ အချစ်တွေက မရှိတော့တာ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ထုတ်ဖော်မပြောကြတော့တာပါ။ တကယ်တော့ မိန်းကလေးဆိုတာ အချိန်ဘယ်လောက်လောက် ကြာကြာ အချစ်ခံချင်တဲ့ ဆန္ဒရှိပါတယ်။ ကိုယ့်ယောကျ်ားရဲ့ အချစ်တွေ ချစ်သူဘဝကထက် ပိုပြီး ရရှိနိုင်ဖို့ အချိန်ကြာကြာ သူ့စိတ်ကို သိမ်းပိုက်နိုင်ဖို့ဆိုရင်တော့ ဗျူဟာကောင်းကောင်းလေးတွေ လိုအပ်ပါတယ်နော်။

ချစ်ပြပါ

အိမ်ထောင်ရှင်မလေးတို့ရေ ကိုယ်တိုင်က အချစ်ခံချင်တယ်ဆိုရင်တော့ ကိုယ်တိုင်က အရင်ချစ်ပြဖို့ လိုပါတယ်။ တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာဆိုသလိုပေါ့နော်။ ကိုယ့်ဘက်က အရင်ဆုံး ချစ်ပြပါ။ သူ့မွေးနေ့လေး မှတ်ထားပြီး အမှတ်တရ တစ်ခုခု လုပ်ပေးပါ။ ဒါက အချစ်တွေတိုးပွားစေပြီး ကိုယ့်ကို သူ အကြာကြီး ချစ်နေမှာပါ။
ပြင်ဆင်ပေးပါ

ကိုယ့်ယောကျ်ားအတွက် ပြင်ဆင်ပေးလို့ ရသမျှလေးတွေ အကုန်လုံး ပြင်ဆင်ပေးကြည့်ပါ။ ယောကျ်ားအတွက် အဝတ်အစား ပြင်ဆင်ပေးတာ၊ မနက်စာလေးက အစ ကိုယ့်လက်ကိုယ့်ခြေ ဖြစ်အောင် ပြင်ဆင်ပေးတာမျိုးတွေ လုပ်ပါ။ ကိုယ့်ရဲ့ ယောကျ်ား ပြုံးရွှင်စေမယ့် ပြင်ဆင်တာမျိုး လုပ်ပါ။ ယောကျ်ားအလုပ်က ပြန်လာရင်လည်း ပြုံးပြပြီး ထမင်းခူးကျွေးတာမျိုး လုပ်ပါ။ ဒါက အိမ်ထောင်ရှင်မလေးတွေကို ပိုတိုးပြီး ချစ်စေမှာပါ။ အကယ်လို့ ကိုယ်က အပြင်မှာလည်း အလုပ်ထွက်လုပ်သေးတယ်ဆိုရင်တောင် ပိတ်ရက်မှာတော့ ချက်ပြုတ်ပြင်ဆင်ပေးပါ။

တီတီတာတာလေးတွေ ပြောပါ

ချစ်သူဘဝတုန်းက ချွဲနွဲ့ခဲ့သလိုမျိုးပဲ အိမ်ထောင်သည်ဘဝမှာလည်း ချွဲနွဲ့ပါ။ အလိုက်တသိနဲ့ တီတီတာတာလေးတွေ ပြောပါနော်။ အိမ်ထောင်သည်ဘဝရောက်လို့ တီတီတာတာလေးတွေ မပြောရတော့ဘူး မထင်ပါနဲ့နော်။ အိမ်ထောင်သည် ဘဝရောက်ရင် ပိုလို့တောင် လိုအပ်ပါသေးတယ်။ ကိုယ်ေ့ယာကျ်ား အချစ်ပိုစေမယ့် အပြုအမူလေးတွေ၊ တီတီတာတာတွေ ပြောပါ။ သူကြိုက်တဲ့ အင်္ကျီလေးတွေ ဝတ်ပြပြီး အရင်လိုရော လှရဲ့လားလို့ မေးတာမျိုးလေးတွေက ချစ်သူဘဝကို ပြန်လည်မှတ်မိစေမှာမို့ အချစ်စိတ်တွေ  နိုးကြားလာမှာပါ။
ကိုယ်ချင်းစာပါ

ကိုယ်ချင်းစာတတ်ဖို့ဆိုတာ အိမ်ထောင်ရေးမှာ အရမ်းအရေးကြီးတဲ့အရာပါ။ အိမ်ထောင်ရှင်မလေးတို့ အနေနဲ့ ကိုယ့်ယောကျ်ားအပေါ်မှာ ကိုယ်ချင်းစာတတ်ဖို့ လိုပါတယ်။ ကိုယ့်ကို မယုံကြည်တာကို မကြိုက်ဘူးဆိုရင် အိမ်ထောင်ဖက်လည်း ကြိုက်မှာ မဟုတ်ပါဘူးနော်။ ကိုယ်က မိသားစုကို ချစ်တတ်သလို သူလဲ သူ့မိသားစုကို ချစ်မှာပါ။ ဒါကြောင့် ယောက္ခမနဲ့ မတည့်တာတွေ၊ ယောင်းမနဲ့ အဆင်မပြေတာတွေ အရမ်းမလုပ်ပါနဲ့။ သူ့နေရာမှာ ကိုယ်ဆိုတဲ့ စိတ်နဲ့ ကိုယ်ချင်းစာကြည့်ပါ။ ဒီလိုဆိုရင် ကိုယ့်ယောကျ်ားက ကိုယ့်ကိုပိုနားလည်ပေးနိုင်လာပြီး ပိုချစ်လာမှာ အသေအချာပါပဲ။

အိမ်ထောင်ရှင်မလေးတို့ရေ ကိုယ့်ယောကျ်ားရဲ့ အချစ်တွေ အချိန်အကြာကြီး ကိုယ့်ဆီမှာပဲ ရှိနေစေဖို့နဲ့ သူ့စိတ်တွေကို အကြာကြီး သိမ်းပိုက်ထားနိုင်ဖို့ဆိုရင်တော့ အပေါ်မှာပြောပြထားတဲ့ ဗျူဟာလေးတွေ သုံးကြည့်ပါနော်။


ဖိုးသူတော် (www.phothutaw.com)
Credit: Marry
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top