မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×






# Unicode Version ဖြင့် ဖတ်ပါ #
အနုပညာရှင်ယုန်လေးရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ခြိမ်းခြောက်စာ ရေးထားခဲ့သည်နှင့်ပတ်သက်ပြီး ယုန်လေးက ဖုန်းနံပါတ်ပေးခဲ့ပါ။ ရှိတဲ့နေရာလာခဲ့ပါ့မယ်ဆိုပြီးပြောကြားခဲ့ပါတယ်။

“ကျွန်တော်ဟိုတနေ့က တရားစွဲသလိုမျိုး ရဲအတိုင်ခံခဲ့ရတယ်၊ အခုလည်း ဖေ့စ်ဘွတ်ခ်မှာတက်လာတယ်၊ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းချင်ရင်ဖမ်းပါလားဆိုပြီးတော့ပြောတယ်၊ နောက်ပြီးအခုရိုက်နေတဲ့ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီမှာ ဇာတ်ကားကို ကားလှည့်တယ်၊ အဲ့ကားမှာ ကပ်ထားတဲ့ ပိုစတာမှာ ကျွန်တော့်ရဲ့မျက်နှာကိုဆေးနဲ့မှုတ်ထားတယ်”

“ဒီကိစ္စကို ကြောက်လို့တော့ မဟုတ်ဘူး၊ သတိမထားလို့မရတော့ဘူး၊ မနေ့က နဝဒေးမှာလက်မှတ်ထိုးတဲ့ပို့တင်တော့အဲ့အောက်မှာ ခြိမ်းခြောက်စာရေးလာတယ်၊ ကျွန်တော်ဘာမှမလုပ်ပေမယ့် မုန်းချင်လည်းမုန်းနိုင်ပါတယ်၊ ကျွန်တော့်ကို ရန်ရှာချင်တာဘဲ ဖြစ်ဖြစ်၊ မုန်းချင်တာဘဲ ဖြစ်ဖြစ် ကျွန်တော် ရဲမတိုင်ပါဘူး၊ ကျွန်တော် မက်ဆင်ဂျာမှာ ဖုန်းနံပါတ်ဖြစ်ဖြစ်၊ ရှိတဲ့နေရာလေးကိုဖြစ်ဖြစ် ရေးထားခဲ့ပါ၊ လာခဲ့ပါ့မယ်၊ ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းကို သိရအောင် လာခဲ့ပါ့မယ်၊ ရဲမတိုင်ပါဘူး ၊ ဒဲ့ရှင်းချင်လို့ပါ ၊ ကျွန်တော်က ခင်ဗျားကိုမသိဘူး၊ ခင်ဗျားက ကျွန်တော့်ကိုသိတယ်၊ အဲ့တော့ ကျွန်တော်ရှိတဲ့နေရာတွေကို ကျွန်တော်ပြောပေးပါ့မယ်၊ လာခဲ့ပါ “လို့ အနုပညာရှင်ယုန်လေးကပြောကြားခဲ့ပါတယ်၊”

ဆက်လက်ပြီး ယခုရုံတင်ပြသနေသော လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ကားနှင့်ပတ်သက်ပြီး ယုန်လေးက ဘာသာရေးအစွန်းရောက်ကား မဟုတ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်၊

” ဒီရုပ်ရှင်ကားက ဘာသာရေးအစွန်းရောက်ကား မဟုတ်ပါဘူး၊ ကျွန်တော်ဘာသာရေးကား မရိုက်ပါဘူး၊ ဒီကားထဲမှာ ဘာသာရေးတော့ပါပါတယ်၊ အဲ့ကားကို ကြည့်ကြည့်ပါ၊ ရိုင်းတဲ့ဟာတခုမှမပါပါဘူး၊ ခရစ်ယာန်အစွန်းရောက် မှန်ပါတယ်၊ ဒါပေမယ့် ခရစ်ယာန်ကိုနစ်နစ်နာနာဘာမှမလုပ်ထားပါဘူး၊ ဗုဒ္ဓဘာသာကိုလည်းဘာမှမလုပ်ထားပါဘူး၊ ကြည့်ကြည့်ပါ ကွန်းမန့်ဝင်ရေးပေးပါ၊ “လို့လည်းပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ရှိုင်လေး - MyanmarNote
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top