ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာေဘာလုံးပရိတ္သတ္တစ္ခ်ိဳ႕ အျမဲေျပာေနက်စကားေလးတစ္ခြန္း ႐ွိပါတယ္။

” ျမန္မာေဘာလုံးအသင္းေတြဟာ မ်ိဳးဆက္ျပတ္လပ္မႈအေနအထားေတြေၾကာင့္ ၿပိဳင္ပြဲေတြကုိ ဝင္ေရာက္ယွဥ္ၿပိဳင္တဲ့ေနရာမွာ လူစာရင္းေတြထပ္တဲ့အေၾကာင္း ”

ဒီစကားဟာ မွန္သင့္သေလာက္လည္း မွန္ပါတယ္။

ၿပိဳင္ပြဲတုိင္း ကစားသမားတစ္ခ်ိဳ႕ လူစာရင္းထပ္မ်ိဳးခဏ ခဏ ၾကံဳေတြ႔ေနရတာမ်ိဳးေတြဟာ ျမန္မာေဘာလုံးေလာကရဲ႕ မထူးဆန္းေတာ့တဲ့ ႐ုိးရာတစ္ခလုိေတာင္ျဖစ္ေနပါၿပီ။

ပူပူေႏြးေႏြးက်င္းပၿပီးစီးခဲ့တဲ့ M150 ဖိတ္ေခၚဖလားေဘာလုံးၿပိဳင္ပြဲမွာေတာင္ ျမန္မာ ယူ၂၃ အသင္းမွာလက္ေရြးစင္ကစားသမားတစ္ခ်ိဳ႕ ျပန္ပါလာတာအားလုံးအသိပါ။

ဒါေၾကာင့္ တစ္ခ်ိဳ႕ျမန္မာပရိတ္သတ္ေတြကျမန္မာေဘာလုံးေလာကအေပၚ” ေဘာလုံးသမားမ်ိုးဆက္ေတြ စဥ္ဆက္မျပတ္ေမြးထုတ္ႏုိင္မႈ ၊ ပ်ိဳးေထာင္ႏုိင္မႈ အားနည္းျခင္းကုိ “အားမလုိ အားမရနဲ႔ ေဝဖန္မႈေတြ ခဏ ၊ ခဏထြက္ေပၚခဲ့ဖူးပါတယ္။

ဒါေပမယ့္ ဒီေနရာမွာ ေမးခြန္ ထုတ္စရာ႐ွိလာတာကစဥ္ဆက္မျပတ္ မ်ိဳးဆက္ေတြ ေမြးထုတ္တဲ့ေနရာမွာေဘာလုံးသမားမ်ိဳးဆက္ ျပတ္ေတာက္ျခင္း႐ွားပါးျခင္းလား ၊ ေမြးထုတ္ဖုိ႔ မႀကိဳးစားျခင္းလားဆုိတာအေျဖ႐ွာၾကည့္ဖုိ႔ေတာ့ လုိပါတယ္။

အဲ့ဒီ အေျဖကုိ႐ွာၾကည့္ႏုိင္တဲ့သူ တစ္ဦးေတာ့႐ွိပါတယ္။သူကေတာ့ တျခားသူမဟုတ္ပါဘူး။လက္႐ွိ ျမန္မာ ယူ၂၁ နည္းျပ ဦးၾကည္လြင္ျဖစ္ပါတယ္။

ဦးၾကည္လြင္ဟာ မ်က္ႏွာသစ္ေဘာလုံးသမားေတြကုိပ်ိဳးေထာင္တဲ့ေနရာမွာ အလြန္ေတာ္တဲ့ ၊ ကြၽမ္းက်င္တဲ့နည္းျပတစ္ဦးဆုိတာ ယုံမွား သံသယျဖစ္စရာမ႐ွိေလာက္ေအာင္ သူရဲ႕စြမ္းေဆာင္ခ်က္ေတြကသက္သျပခဲ့ၿပီးသားျဖစ္တယ္ဆုိတာ အားလုံးအသိပါ။

၂၀၁၅ ခုႏွစ္ စင္ကာပူဆီးဂိမ္းမွာတုန္းကလည္းသူကုိင္တြယ္ခဲ့တဲ့ ယူ၂၃ အသင္းဟာ တစ္သင္းလုံးနီးပါးႏုိင္ငံတကာၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ဖူးျခင္းနည္းပါးတဲ့မ်က္ႏွာသစ္ကစားသမားေတြခ်ည္း ျဖစ္ခဲ့ပါတယ္။

ထုိအခ်ိန္က လက္ေရြးစင္အသင္းကလည္းကမာၻဖလားေျခစစ္ပြဲကန္ေနခ်ိန္ယူ ၂၀ ကလည္း ကမာၻဖလားဝင္ေရာက္ယွဥ္ၿပိဳင္ေနခ်ိန္နဲ႔တုိက္ဆုိင္ေနတာမုိ႔ ဦးၾကည္လြင္ဟာေရြးက်န္ က်န္ခဲ့တဲ့ ေဘာလုံးသမားေတြကုိ စုစည္းၿပီးမ်က္ႏွာသစ္ကစားသမ်ားစြာနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရၿပီးစင္ကာပူဆီးဂိမ္းမွာ ဘယ္သူမွေမ်ွာ္လင့္မထားတဲ့အေကာင္းဆုံးေျခစြမ္းေတြနဲ႔ ဗုိလ္လုပြဲထိ တက္ႏုိင္ခဲ့ပါတယ္။

စည္သူေအာင္လုိ ကစားသမားမ်ိဳးကုိ ထိပ္တန္းအဆင့္ေျခစြမ္းပုိင္႐ွင္ျဖစ္လာေအာင္ လုပ္ႏုိင္ခဲ့တယ္။

ရဲကုိဦး ၊ ေက်ာ္ဇင္လြင္ ၊ ေက်ာ္ဇင္ၿဖိဳး ၊ ေနလင္းထြန္းေကာင္းဆက္ႏုိင္၊႐ႈိင္းသူရ၊လႈိင္းဘုိဘုိ၊ဟိန္းသီဟေဇာ္တုိ႔ဟာ သူတုိ႔ရဲ ႔ေျခစြမ္းကုိ ေနာက္တစ္ဆင့္တက္ႏုိင္ခဲ့တယ္။

ထုိၿပိဳင္ပြဲအၿပီးမွာ ထုိကစားေတြထဲမွ ေတာ္ေတာ္မ်ားမ်ားဟာလက္ေရြးစင္ကစားသမားေတြအျဖစ္ အေရြးခံခဲ့ရတယ္။ေဘာလုံးတစ္သင္းစာေလာက္ အားထားရတဲ့ေဘာလုံးသမားမ်ားစြာ ေပၚထြက္ေရြးခ်ယ္ႏုိင္ခဲ့တယ္။

ယခု က်င္းပၿပီးစီးခဲ့တဲ့ ဗီယက္နမ္ဖိတ္ေခၚဖလားမွာလည္း မ်က္ႏွာသစ္ကစားသမားမ်ားစြာနဲ႔ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ရ ေပမယ့္ အာဆီယံထိပ္သီးၿပိဳင္ဘက္ လူငယ္အသင္းေတြကုိအေကာင္းဆုံးယွဥ္ကစားႏုိင္ခဲ့ၿပီး အစဥ္အလာၿပိဳင္ဘက္ထုိင္းအသင္းကုိ ႏွစ္ႀကိမ္တိတိ အႏုိင္ရခဲ့တယ္။

ဒီတစ္ႀကိမ္မွာလည္း အနာဂတ္ျမန္မာေဘာလုံးေလာကအတြကအားထားရနုိင္တဲ့ မ်က္ႏွာသစ္လူငယ္ကစားသမားမ်ားစြာကုိ တစ္သင္းစာ ေမြးထုတ္ႏုိင္ခဲ့ျပန္တယ္။

ဒါေၾကာင့္ ျမန္မာေဘာလုံးပရိတ္သတ္တစ္ခ်ိဳ႕ အျမဲေဝဖန္ေထာက္ျပေနၾကသလုိ စဥ္ဆက္မျပတ္ မ်ိဳးဆက္ေဘာလုံးသမားေတြ ျပတ္ေတာက္ျခင္းနည္းပါးျခင္းဟာ ေမြးထုတ္ႏုိင္မႈ အားနည္းျခင္းသာျဖစ္ၿပီးအေျခခံမ်ိဳးဆက္ျပတ္ေတာက္ျခင္း မဟုတ္ဘူးဆုိတာသိသားထင္႐ွားေစပါတယ္။

ပုံမွန္အားျဖင့္ က်ေနာ္တုိ႔ျမန္မာလူမ်ိဳးေတြဟာဘာလုံးနဲ႔ပတ္သက္ရင္ ေရခံ ေျမခံ ေကာင္းသလုိအစဥ္အလာလည္း ႀကီးမားပါတယ္။

အေျခခံအေဆာက္အဦးအပုိင္းေတြပ်ိဳးေထာင္ႏုိင္မႈ အပုိင္းေတြ လုိအပ္ခ်က္ေၾကာင့္သာေရာက္သင့္တဲ့ အဆင့္ ၊ နဂုိ႐ွိခဲ့တဲ့ အဆင့္ေတြကုိျပန္မေရာက္ေသးတာ ျဖစ္ပါတယ္။

ေဘာလုံးမ်ိဳး႐ုိး အေျခခံဗီဇ ၊ ပါရမီရင့္သန္မႈေတြမွာေတာ့က်န္တဲ့အာဆီယံ ဘယ္ႏုိင္ငံႏွင့္မဆုိ ေခါင္းတစ္လုံးပုိျမင့္ပါတယ္။

ဦးၾကည္လြင္ ေျဖျပခဲ့တဲ့ အေျဖေတြကုိၿမန္မာေဘာလုံးေလာက တာဝန ္႐ွိသူေတြႏွင့္ျမန္မာႏုိင္ငံေဘာလုံးအဖြဲ႔ခ်ဴပ္တုိ႔ ဝုိင္းဝန္းစဥ္းစားအေျဖထုတ္ၿပီး နည္းမွန္ လမ္းမွန္နဲ႔ ဆုံးျဖတ္ခ်က္မွန္မွန္ ၊ လုပ္ရဲကုိ္င္ရဲစိတ္အျပည့္ျဖင့္ဒီထက္မ်ားစြာ တုိးတက္ေအာင္ လုပ္လာႏုိင္မယ္ဆုိရင္ေတာ့ျမန္မာေဘာလုံးေလာကမွာ ေဘာလုံးသမားေကာင္းမ်ားစြာအလွ်ံပယ္ေပၚမ်ားလာမွာ အမွန္ပင္ျဖစ္ပါေတာ့တယ္။

မူရင္းေ၇းသားသူ ko Moe Khar အား ရိုေသေလးစားစြာ credit ေပးပါတယ္ ခင္မ်ာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: KNကုိႏုိင္
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာဘောလုံးပရိတ်သတ်တစ်ချို့ အမြဲပြောနေကျစကားလေးတစ်ခွန်း ရှိပါတယ်။

” မြန်မာဘောလုံးအသင်းတွေဟာ မျိုးဆက်ပြတ်လပ်မှုအနေအထားတွေကြောင့် ပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ လူစာရင်းတွေထပ်တဲ့အကြောင်း ”

ဒီစကားဟာ မှန်သင့်သလောက်လည်း မှန်ပါတယ်။

ပြိုင်ပွဲတိုင်း ကစားသမားတစ်ချို့ လူစာရင်းထပ်မျိုးခဏ ခဏ ကြုံတွေ့နေရတာမျိုးတွေဟာ မြန်မာဘောလုံးလောကရဲ့ မထူးဆန်းတော့တဲ့ ရိုးရာတစ်ခလိုတောင်ဖြစ်နေပါပြီ။

ပူပူနွေးနွေးကျင်းပပြီးစီးခဲ့တဲ့ M150 ဖိတ်ခေါ်ဖလားဘောလုံးပြိုင်ပွဲမှာတောင် မြန်မာ ယူ၂၃ အသင်းမှာလက်ရွေးစင်ကစားသမားတစ်ချို့ ပြန်ပါလာတာအားလုံးအသိပါ။

ဒါကြောင့် တစ်ချို့မြန်မာပရိတ်သတ်တွေကမြန်မာဘောလုံးလောကအပေါ်” ဘောလုံးသမားမျိုးဆက်တွေ စဉ်ဆက်မပြတ်မွေးထုတ်နိုင်မှု ၊ ပျိုးထောင်နိုင်မှု အားနည်းခြင်းကို “အားမလို အားမရနဲ့ ဝေဖန်မှုတွေ ခဏ ၊ ခဏထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒီနေရာမှာ မေးခွန် ထုတ်စရာရှိလာတာကစဉ်ဆက်မပြတ် မျိုးဆက်တွေ မွေးထုတ်တဲ့နေရာမှာဘောလုံးသမားမျိုးဆက် ပြတ်တောက်ခြင်းရှားပါးခြင်းလား ၊ မွေးထုတ်ဖို့ မကြိုးစားခြင်းလားဆိုတာအဖြေရှာကြည့်ဖို့တော့ လိုပါတယ်။

အဲ့ဒီ အဖြေကိုရှာကြည့်နိုင်တဲ့သူ တစ်ဦးတော့ရှိပါတယ်။သူကတော့ တခြားသူမဟုတ်ပါဘူး။လက်ရှိ မြန်မာ ယူ၂၁ နည်းပြ ဦးကြည်လွင်ဖြစ်ပါတယ်။

ဦးကြည်လွင်ဟာ မျက်နှာသစ်ဘောလုံးသမားတွေကိုပျိုးထောင်တဲ့နေရာမှာ အလွန်တော်တဲ့ ၊ ကျွမ်းကျင်တဲ့နည်းပြတစ်ဦးဆိုတာ ယုံမှား သံသယဖြစ်စရာမရှိလောက်အောင် သူရဲ့စွမ်းဆောင်ချက်တွေကသက်သပြခဲ့ပြီးသားဖြစ်တယ်ဆိုတာ အားလုံးအသိပါ။

၂၀၁၅ ခုနှစ် စင်ကာပူဆီးဂိမ်းမှာတုန်းကလည်းသူကိုင်တွယ်ခဲ့တဲ့ ယူ၂၃ အသင်းဟာ တစ်သင်းလုံးနီးပါးနိုင်ငံတကာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖူးခြင်းနည်းပါးတဲ့မျက်နှာသစ်ကစားသမားတွေချည်း ဖြစ်ခဲ့ပါတယ်။

ထိုအချိန်က လက်ရွေးစင်အသင်းကလည်းကမ္ဘာဖလားခြေစစ်ပွဲကန်နေချိန်ယူ ၂၀ ကလည်း ကမ္ဘာဖလားဝင်ရောက်ယှဉ်ပြိုင်နေချိန်နဲ့တိုက်ဆိုင်နေတာမို့ ဦးကြည်လွင်ဟာရွေးကျန် ကျန်ခဲ့တဲ့ ဘောလုံးသမားတွေကို စုစည်းပြီးမျက်နှာသစ်ကစားသများစွာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပြီးစင်ကာပူဆီးဂိမ်းမှာ ဘယ်သူမှမျှော်လင့်မထားတဲ့အကောင်းဆုံးခြေစွမ်းတွေနဲ့ ဗိုလ်လုပွဲထိ တက်နိုင်ခဲ့ပါတယ်။

စည်သူအောင်လို ကစားသမားမျိုးကို ထိပ်တန်းအဆင့်ခြေစွမ်းပိုင်ရှင်ဖြစ်လာအောင် လုပ်နိုင်ခဲ့တယ်။

ရဲကိုဦး ၊ ကျော်ဇင်လွင် ၊ ကျော်ဇင်ဖြိုး ၊ နေလင်းထွန်းကောင်းဆက်နိုင်၊ရှိုင်းသူရ၊လှိုင်းဘိုဘို၊ဟိန်းသီဟဇော်တို့ဟာ သူတို့ရဲ့ခြေစွမ်းကို နောက်တစ်ဆင့်တက်နိုင်ခဲ့တယ်။

ထိုပြိုင်ပွဲအပြီးမှာ ထိုကစားတွေထဲမှ တော်တော်များများဟာလက်ရွေးစင်ကစားသမားတွေအဖြစ် အရွေးခံခဲ့ရတယ်။ဘောလုံးတစ်သင်းစာလောက် အားထားရတဲ့ဘောလုံးသမားများစွာ ပေါ်ထွက်ရွေးချယ်နိုင်ခဲ့တယ်။

ယခု ကျင်းပပြီးစီးခဲ့တဲ့ ဗီယက်နမ်ဖိတ်ခေါ်ဖလားမှာလည်း မျက်နှာသစ်ကစားသမားများစွာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရ ပေမယ့် အာဆီယံထိပ်သီးပြိုင်ဘက် လူငယ်အသင်းတွေကိုအကောင်းဆုံးယှဉ်ကစားနိုင်ခဲ့ပြီး အစဉ်အလာပြိုင်ဘက်ထိုင်းအသင်းကို နှစ်ကြိမ်တိတိ အနိုင်ရခဲ့တယ်။

ဒီတစ်ကြိမ်မှာလည်း အနာဂတ်မြန်မာဘောလုံးလောကအတွကအားထားရနိုင်တဲ့ မျက်နှာသစ်လူငယ်ကစားသမားများစွာကို တစ်သင်းစာ မွေးထုတ်နိုင်ခဲ့ပြန်တယ်။

ဒါကြောင့် မြန်မာဘောလုံးပရိတ်သတ်တစ်ချို့ အမြဲဝေဖန်ထောက်ပြနေကြသလို စဉ်ဆက်မပြတ် မျိုးဆက်ဘောလုံးသမားတွေ ပြတ်တောက်ခြင်းနည်းပါးခြင်းဟာ မွေးထုတ်နိုင်မှု အားနည်းခြင်းသာဖြစ်ပြီးအခြေခံမျိုးဆက်ပြတ်တောက်ခြင်း မဟုတ်ဘူးဆိုတာသိသားထင်ရှားစေပါတယ်။

ပုံမှန်အားဖြင့် ကျနော်တို့မြန်မာလူမျိုးတွေဟာဘာလုံးနဲ့ပတ်သက်ရင် ရေခံ မြေခံ ကောင်းသလိုအစဉ်အလာလည်း ကြီးမားပါတယ်။

အခြေခံအဆောက်အဦးအပိုင်းတွေပျိုးထောင်နိုင်မှု အပိုင်းတွေ လိုအပ်ချက်ကြောင့်သာရောက်သင့်တဲ့ အဆင့် ၊ နဂိုရှိခဲ့တဲ့ အဆင့်တွေကိုပြန်မရောက်သေးတာ ဖြစ်ပါတယ်။

ဘောလုံးမျိုးရိုး အခြေခံဗီဇ ၊ ပါရမီရင့်သန်မှုတွေမှာတော့ကျန်တဲ့အာဆီယံ ဘယ်နိုင်ငံနှင့်မဆို ခေါင်းတစ်လုံးပိုမြင့်ပါတယ်။

ဦးကြည်လွင် ဖြေပြခဲ့တဲ့ အဖြေတွေကိုမြန်မာဘောလုံးလောက တာဝန ်ရှိသူတွေနှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ်တို့ ဝိုင်းဝန်းစဉ်းစားအဖြေထုတ်ပြီး နည်းမှန် လမ်းမှန်နဲ့ ဆုံးဖြတ်ချက်မှန်မှန် ၊ လုပ်ရဲကိုင်ရဲစိတ်အပြည့်ဖြင့်ဒီထက်များစွာ တိုးတက်အောင် လုပ်လာနိုင်မယ်ဆိုရင်တော့မြန်မာဘောလုံးလောကမှာ ဘောလုံးသမားကောင်းများစွာအလျှံပယ်ပေါ်များလာမှာ အမှန်ပင်ဖြစ်ပါတော့တယ်။

မူရင်းရေးသားသူ ko Moe Khar အား ရိုသေလေးစားစွာ credit ပေးပါတယ် ခင်မျာ

ဖိုးသူတော် (www.phothutaw.com)
Credit: KNကိုနိုင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top