(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

၅.၈.၂၀၁၈ ရက္ေန႔ ည ၂၀း၄၅ နာရီအခ်ိန္တြင္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊
စက္ဆန္းနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕၀င္ မ်ားသည္ ရဲစခန္း၌ လုပ္ငန္း
တာ၀န္မ်ားေဆာင္ရြက္ေနစဥ္ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ ေအးရြာရပ္ကြက္၊
သမၺန္ဆိပ္အနီးတြင္ ဓားထိုးမႈျဖစ္ပြားေၾကာင္း သတင္းအရ သက္ေသ
မ်ားႏွင့္အတူ သြားေရာက္စစ္ေဆးခ့ဲရာ အဆိုပါေနရာ၌ ဦးရန္ေအးတြင္
လည္ဂုတ္၊ ယာေက်ာကုန္း၊ ၀ဲရင္ညႊန္႔၊ ယာနံေဘး၊ ၀ဲလက္ေကာက္၀တ္၊
၀ဲလက္ဖ်ံတို႔တြင္ ထိုးသြင္းျပတ္ရွဒဏ္ရာမ်ားရရွိကာ ေသဆုံးေနသည့္ကို
ေတြ႕ရွိရၿပီး စုံစမ္းေမးျမန္းခ်က္အရ ေသဆုံးသူမွာ ေက်ာ္ရဲ၀င္း(ခ)
ေက်ာ္ႀကီး လမ္းေဘးတြင္အေပါ့စြန္႔သည့္ကိစၥႏွင့္ ပတ္သက္၍ စကားမ်ား
ရန္ျဖစ္စဥ္ ေက်ာ္ရဲ၀င္း(ခ)ေက်ာ္ႀကီးမွ အသင့္ပါလာသည့္ဓားျဖင့္ထိုးခ့ဲ၍
ဒဏ္ရာမ်ားရရွိကာ ေသဆုံးခ့ဲျခင္း ျဖစ္ေၾကာင္း သိရရွိရၿပီး ယင္းသို႔
ဦးရန္ေအးအား ေသဆုံးေအာင္ျပဳလုပ္သူ ေက်ာ္ရဲ၀င္း (ခ)ေက်ာ္ႀကီး အား
စက္ဆန္းနယ္ေျမရဲစခန္း(ပ) ၁၇၂/၂၀၁၈ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္
အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ခ့ဲသည္။

အမႈမွျပစ္မႈက်ဴးသူအား ဖမ္းဆီးရမိေရးအတြက္ အေနာက္ပိုင္းခရိုင္
ရဲတပ္ဖြဲ႕မွဴးရုံး၊ မႈခင္းႏွွိမ္နင္းေရးဌာနစုမွ တပ္ဖြဲ႕၀င္မ်ား၊ စက္ဆန္းနယ္ေျမ
ရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ားပါ၀င္ေသာ ပူးေပါင္းအဖြဲ႕က အဖြဲ႕ငယ္မ်ားခြဲ၍
စုံစမ္းရွာေဖြဖမ္းဆီးခ့ဲရာ ၉.၈.၂၀၁၈ ရက္ေန႔ ညေန ၁၆း၄၅ နာရီအခ်ိန္
တြင္ ျပစ္မႈက်ဴးလြန္ၿပီးထြက္ေျပး တိမ္းေရွာင္ေနသူ ၾကည့္ျမင္တိုင္ၿမိဳ႕
နယ္ေန ေက်ာ္ရဲ၀င္း(ခ)ေက်ာ္ႀကီးအား ၾကည့္ျမင္တိုင္ၿမိဳ႕နယ္၊ အလတ္
ေခ်ာင္းရပ္ကြက္၊ ဦးဥတၱမလမ္းေပၚမွ ေတြ႕ရွိဖမ္းဆီးရမိခ့ဲၿပီး အမႈျဖင့္
အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yangon Police
https://www.facebook.com/yangonpolice

#Unicode Version#

၅.၈.၂၀၁၈ ရက်နေ့ ည ၂၀း၄၅ နာရီအချိန်တွင် ကြည့်မြင်တိုင်မြို့နယ်၊
စက်ဆန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ရဲစခန်း၌ လုပ်ငန်း
တာဝန်များဆောင်ရွက်နေစဉ် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာရပ်ကွက်၊
သမ္ဗန်ဆိပ်အနီးတွင် ဓားထိုးမှုဖြစ်ပွားကြောင်း သတင်းအရ သက်သေ
များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာ၌ ဦးရန်အေးတွင်
လည်ဂုတ်၊ ယာကျောကုန်း၊ ဝဲရင်ညွှန့်၊ ယာနံဘေး၊ ဝဲလက်ကောက်ဝတ်၊
ဝဲလက်ဖျံတို့တွင် ထိုးသွင်းပြတ်ရှဒဏ်ရာများရရှိကာ သေဆုံးနေသည့်ကို
တွေ့ရှိရပြီး စုံစမ်းမေးမြန်းချက်အရ သေဆုံးသူမှာ ကျော်ရဲဝင်း(ခ)
ကျော်ကြီး လမ်းဘေးတွင်အပေါ့စွန့်သည့်ကိစ္စနှင့် ပတ်သက်၍ စကားများ
ရန်ဖြစ်စဉ် ကျော်ရဲဝင်း(ခ)ကျော်ကြီးမှ အသင့်ပါလာသည့်ဓားဖြင့်ထိုးခဲ့၍
ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရရှိရပြီး ယင်းသို့
ဦးရန်အေးအား သေဆုံးအောင်ပြုလုပ်သူ ကျော်ရဲဝင်း (ခ)ကျော်ကြီး အား
စက်ဆန်းနယ်မြေရဲစခန်း(ပ) ၁၇၂/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်
အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

အမှုမှပြစ်မှုကျူးသူအား ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ စက်ဆန်းနယ်မြေ
ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အဖွဲ့ငယ်များခွဲ၍
စုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ၉.၈.၂၀၁၈ ရက်နေ့ ညနေ ၁၆း၄၅ နာရီအချိန်
တွင် ပြစ်မှုကျူးလွန်ပြီးထွက်ပြေး တိမ်းရှောင်နေသူ ကြည့်မြင်တိုင်မြို့
နယ်နေ ကျော်ရဲဝင်း(ခ)ကျော်ကြီးအား ကြည့်မြင်တိုင်မြို့နယ်၊ အလတ်
ချောင်းရပ်ကွက်၊ ဦးဥတ္တမလမ်းပေါ်မှ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အမှုဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Yangon Police
https://www.facebook.com/yangonpolice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top