iMyanmarHouse.com - Best Property Website for Myanmar
×

ပလက္စတစ္ေကာက္ေနတဲ့ သူတစ္ေယာက္ကို ကားေက်ာ္တက္ဖို႔လမ္းမေပးတာေၾကာင့္ ေသနတ္နဲ႔ ၄ ခ်က္ပစ္မႈတစ္ခု တာခ်ီလိတ္ၿမိဳ႕မွာ ၾသဂုတ္လ ၆ ရက္ေန႔ညပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ တာခ်ီလိတ္ရဲစခန္းကသိရပါတယ္။

လြယ္စီတုံအမႈိက္ပုံအနီးမွာ တဲထိုးေနထိုင္တဲ့ မ်ိဳးေက်ာ္(ခ)ကရင္မ ဆိုသူဟာ ပလက္စတစ္ေတြေကာက္ဖို႔ လက္တြန္းလွည္းနဲ႔ ထြက္လာတုန္း လမ္းမွာ အေနာက္ဘက္ကေန 4 wheel drive အျပာေရာင္ကားတစ္စီးေက်ာ္တက္ဖို႔အတြက္ေမာင္းလာတာေၾကာင့္ လမ္းေဘးကို လွည္းေ႐ြ႕ေပးခဲ့ေပးခဲ့တယ္လို႔ဆိုပါတယ္။ အဲ့ဒီေနာက္ ကားက ပလတ္စတစ္ေကာက္သူကို ေက်ာ္သြားခဲ့ေပမယ့္ ေနာက္ျပန္ဆုတ္လာၿပီး ကားေပၚက လူတစ္ေယာက္ ေသနတ္နဲ႔ ၄ ခ်က္ဆင့္ပစ္ခဲ့တာလို႔ရဲတပ္ဖြဲ႕ဆိုပါတယ္။

ေသနတ္နဲ႔ပစ္ခတ္ခံရတာေၾကာင့္ မ်ိဳးေက်ာ္(ခ)ကရင္မရဲ႕ ဝဲဘက္ေပါင္မွာက်ည္ေဖါက္ဝင္ဒဏ္ရာ (၁)ခ်က္ ယာေပါင္မွာက်ည္ေဖါက္ထြက္ဒဏ္ရာ(၁)ခ်က္၊ ဝဲဘက္လည္ပင္းမွာ က်ည္ေဖါက္ဝင္ဒဏ္ရာ(၁)ခ်က္ ၊ယာဘက္လည္ပင္းမွာ က်ည္ေဖာက္ထြက္ဒဏ္ရာ(၁)ခ်က္ ၊ဝဲလက္ေကာက္ဝတ္မွာ က်ည္ေဖာက္ဝင္ဒဏ္ရာ(၁)ခ်က္နဲ႔က်ည္ေဖါက္ထြက္ဒဏ္ရာ(၁)ခ်က္ ၊ စုစုေပါင္း ဒဏ္ရာ(၆)ခ်က္ ရရွိခဲ့ပါတယ္။

ေသနတ္နဲ႔ပစ္ခတ္သူဟာ အသက္ ၃၀ ဝန္းက်င္ ေလာက္ျဖစ္ၿပီး ပစ္ခတ္ၿပီးေနာက္ ယာဥ္ေပၚပါ ေနာက္ထပ္အမ်ိဳးသား ၁ ဦးနဲ႔ ရွမ္းစကားေျပာဆိုခဲ့ၿပီး ကားေပၚျပန္တက္ေမာင္းႏွင္သြားတယ္လို႔ မ်ိဳးေက်ာ္(ခ)ကရင္မ က ရဲစခန္းမွာ ထြက္ဆိုထားပါတယ္။

ေသနတ္ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ေနရာမွာ 9mm – LUGER က်ည္ခြံ(၄)ခု ၊ အ႐ိုးအသြား ၁၀ လက္မရွိ ဓားတစ္ေခ်ာင္းတို႔ကို ေတြ႕ရွိသိမ္းဆည္းရမိတယ္လို႔ ဆိုပါတယ္။ တြန္းလွည္းနဲ႔ ကီလိုေကာက္ဖို႔ ထြက္အလာ ေနာက္က ကားေက်ာ္တက္ဖို႔ လုပ္ေနစဥ္မွာ ၾကန႔္ၾကာသြားတာေၾကာင့္ သနတ္နဲ႔ပစ္ခတ္သြားျခင္းျဖစ္ႏိုင္တယ္လို႔ ရဲကသုံးသပ္ပါတယ္။

“ေသနတ္နဲ႔ ေလးခ်က္အပစ္ခံခဲ့ရတာဆိုေတာ့ စိုးရိမ္ရတဲ့ အေျခအေနရွိပါတယ္။ ပစ္သြားတဲ့သူေတြကိုေတာ့ ကြၽန္ေတာ္တို႔ လိုက္ၿပီးစုံစမ္းေနပါတယ္။”လို႔ တာခ်ီလိတ္ ရဲစခန္းက တာဝန္ရွိသူ ရဲတစ္ဦးကေျပာပါတယ္။

အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး တာခ်ီလိတ္ၿမိဳ႕မစခန္းမွာ (ပ) ၂၆၃/ ၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇/၃၂၆ နဲ႔အမႈဖြင့္ၿပီး တရားခံ ဖမ္းဆီးႏိုင္ေရးေဆာင္႐ြက္ေနတယ္လို႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ပလက်စတစ်ကောက်နေတဲ့ သူတစ်ယောက်ကို ကားကျော်တက်ဖို့လမ်းမပေးတာကြောင့် သေနတ်နဲ့ ၄ ချက်ပစ်မှုတစ်ခု တာချီလိတ်မြို့မှာ သြဂုတ်လ ၆ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ တာချီလိတ်ရဲစခန်းကသိရပါတယ်။


လွယ်စီတုံအမှိုက်ပုံအနီးမှာ တဲထိုးနေထိုင်တဲ့ မျိုးကျော်(ခ)ကရင်မ ဆိုသူဟာ ပလက်စတစ်တွေကောက်ဖို့ လက်တွန်းလှည်းနဲ့ ထွက်လာတုန်း လမ်းမှာ အနောက်ဘက်ကနေ 4 wheel drive အပြာရောင်ကားတစ်စီးကျော်တက်ဖို့အတွက်မောင်းလာတာကြောင့် လမ်းဘေးကို လှည်းရွေ့ပေးခဲ့ပေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက် ကားက ပလတ်စတစ်ကောက်သူကို ကျော်သွားခဲ့ပေမယ့် နောက်ပြန်ဆုတ်လာပြီး ကားပေါ်က လူတစ်ယောက် သေနတ်နဲ့ ၄ ချက်ဆင့်ပစ်ခဲ့တာလို့ရဲတပ်ဖွဲ့ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် မျိုးကျော်(ခ)ကရင်မရဲ့ ဝဲဘက်ပေါင်မှာကျည်ဖေါက်ဝင်ဒဏ်ရာ (၁)ချက် ယာပေါင်မှာကျည်ဖေါက်ထွက်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်လည်ပင်းမှာ ကျည်ဖေါက်ဝင်ဒဏ်ရာ(၁)ချက် ၊ယာဘက်လည်ပင်းမှာ ကျည်ဖောက်ထွက်ဒဏ်ရာ(၁)ချက် ၊ဝဲလက်ကောက်ဝတ်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်နဲ့ကျည်ဖေါက်ထွက်ဒဏ်ရာ(၁)ချက် ၊ စုစုပေါင်း ဒဏ်ရာ(၆)ချက် ရရှိခဲ့ပါတယ်။

သေနတ်နဲ့ပစ်ခတ်သူဟာ အသက် ၃၀ ဝန်းကျင် လောက်ဖြစ်ပြီး ပစ်ခတ်ပြီးနောက် ယာဉ်ပေါ်ပါ နောက်ထပ်အမျိုးသား ၁ ဦးနဲ့ ရှမ်းစကားပြောဆိုခဲ့ပြီး ကားပေါ်ပြန်တက်မောင်းနှင်သွားတယ်လို့ မျိုးကျော်(ခ)ကရင်မ က ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။

သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ 9mm – LUGER ကျည်ခွံ(၄)ခု ၊ အရိုးအသွား ၁၀ လက်မရှိ ဓားတစ်ချောင်းတို့ကို တွေ့ရှိသိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ တွန်းလှည်းနဲ့ ကီလိုကောက်ဖို့ ထွက်အလာ နောက်က ကားကျော်တက်ဖို့ လုပ်နေစဉ်မှာ ကြန့်ကြာသွားတာကြောင့် သနတ်နဲ့ပစ်ခတ်သွားခြင်းဖြစ်နိုင်တယ်လို့ ရဲကသုံးသပ်ပါတယ်။

“သေနတ်နဲ့ လေးချက်အပစ်ခံခဲ့ရတာဆိုတော့ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ ပစ်သွားတဲ့သူတွေကိုတော့ ကျွန်တော်တို့ လိုက်ပြီးစုံစမ်းနေပါတယ်။”လို့ တာချီလိတ် ရဲစခန်းက တာဝန်ရှိသူ ရဲတစ်ဦးကပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တာချီလိတ်မြို့မစခန်းမှာ (ပ) ၂၆၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၂၆ နဲ့အမှုဖွင့်ပြီး တရားခံ ဖမ်းဆီးနိုင်ရေးဆောင်ရွက်နေတယ်လို့သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top