ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×








#Unicode Version#
မော်ဒယ်စူုးရှထက်ကတော့ လက်တလောမှာ အမှုရင်ဆိုင်နေရသူတစ်ဦးဖြစ်ပြီး မကြာခင်ကမှ အဆိုတော်တစ်ဦးဖြစ်သူ အစ္စဏီကို တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။

မော်ဒယ်စူးရှထက်ရဲ့ ရုံးပြောင်းလျှောက်ထားမှုအပေါ်မှာတော့ တရားသူကြီးက ပယ်ချခဲ့ပြီးတော့ ယခင်စစ်ဆေးလျှက်ရှိနေတဲ့ တရားရုံးကိုသာ ပြန်လည် ချထားစေခဲ့ပါတယ်။

အနုပညာအလုပ်တွေကို လက်ရှိမှာတော့ လုပ်ကိုင်လျှက်ရှိနေပြီး ပရဟိတလုပ်ငန်းတွေမှာလည်း အင်တိုက်အားတိုက် ပါဝင် ကူညီတတ်တဲ့ စူးရှထက်ဟာ 8Days ရဲ့ အင်တာဗျူးမှာတော့ နိုင်ငံတော်သမ္မတဖြစ်ရင် ဘာလုပ်မလဲဆိုတဲ့ မေးခွန်းလေးကို လျှပ်တစ်ပြတ်ဖြေခဲ့ရပါတယ်။

သူမအနေနဲ့ကတော့ နိုင်ငံတော်သမ္မတဖြစ်ခဲ့ရင် အမျိုးသမီး လူထုဖက်က မားမားမတ်မတ်ရပ်တည်ပေးမယ်လို့ ရဲရဲဝံ့ဝံ့ဖြေဆိုလိုက်တာဖြစ်ပါတယ်။

အမျိုးသမီးတွေအပေါ် အနိုင်ကျင့် စော်ကားမှုတွေဟာ ဒီဘက်ခေတ်မှာ များသထက်များလာခဲ့တာလည်း လူမှုကွန်ယက်ဖေ့ဘုတ်တွေပေါ်မှာ နေ့စဉ်နဲ့အမျှတွေ့မြင်နေရပါတယ်။

စူးရှထက်ဟာလည်း အမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် အမျိုးသမီးတွေနဲ့ထပ်တူ ခံစားပြီး ကိုယ်ချင်းစာနာလို့ ယခုလို ပြောလိုက်ခြင်း ဖြစ်တယ်လို့ ထင်မိပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:8 Days TV & We Love Cele
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top