iMyanmarHouse.com - Best Property Website for Myanmar
×

ထိုင္းႏိုင္ငံမွ ဗုဒၶဘာသာဘုန္းႀကီးေက်ာင္းတေက်ာင္းတြင္းက ေရအိမ္ထဲမွာ ၾသဂုတ္လ ၇ ရက္ေန႔ညပိုင္းက ေမြးကင္းစကေလးငယ္တဦး စြန္႔ပစ္ခံခဲ့ရတယ္လို႔ သည္ေနးရွင္း သတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

ဒီအျဖစ္အပ်က္ဟာ ဘန္ေကာက္ၿမိဳ႕၊ ဖရာခႏြန္ခ႐ိုင္ထဲက ဝပ္မဟာဘတ္ ဘုန္းႀကီးေက်ာင္းထဲမွာ ျဖစ္ခဲ့တာျဖစ္ၿပီး အမ်ိဳးသားတဦးက ကံေကာင္းေထာက္မစြာ ေတြ႔ရွိခဲ့တာ ျဖစ္ပါတယ္။

တြန္ခ်န္ဖြန္ အမည္နဲ႔ ေဖ့စ္ဘြတ္ခ္အသံုးျပဳတဲ့ အဆိုပါအမ်ိဳးသားဟာ ကေလးငယ္ကို ကယ္တင္ခဲ့တဲ့ အေျခအေနကို အြန္လိုင္းေပၚမွတဆင့္ တိုက္႐ုိက္ထုတ္လႊင့္ျပသခဲ့တာ ျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ သူဟာ သူငယ္ခ်င္းေတြနဲ႔အတူ ဘုန္းႀကီးေက်ာင္းအနီးမွာ အရက္ေသာက္ေနခဲ့ၾကတာ ျဖစ္ၿပီး ကေလးငိုသံကို စတင္ၾကားခဲ့ရတယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ လိုက္လံရွာေဖြခ်္ိန္မွာေတာ့ ေရအိမ္ထဲက ၾကမ္းျပင္ေပၚမွာ အစိမ္းေရာင္ တီရွပ္တထည္ေပၚက ခ်က္ႀကိဳးတန္းလန္းနဲ႔ ေမြးကင္းစကေလးငယ္တဦးကို ေတြ႔ရွိခဲ့ရတာလို႔ သူက ေျပာပါတယ္။

အဆိုပါဘုန္းႀကီးေက်ာင္းဟာ မယ့္နတ္ခ္ဖရာခေနာင္း အမည္ရတဲ့ ထိုင္းဒ႑ာရီလာ နတ္ဘုရားမရဲ႕ နတ္ကြန္းရွိတာမို႔ လူသိမ်ား ထင္ရွားတာမို႔ ခုလို ေမြးကင္းစကေလးငယ္ကို အခ်ိန္မီ ကယ္တင္ႏိုင္တာဟာ နတ္ဘုရားမ နတ္ခ္ေၾကာင့္လို႔ ယံုၾကည္ေနၾကတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတကျောင်းတွင်းက ရေအိမ်ထဲမှာ သြဂုတ်လ ၇ ရက်နေ့ညပိုင်းက မွေးကင်းစကလေးငယ်တဦး စွန့်ပစ်ခံခဲ့ရတယ်လို့ သည်နေးရှင်း သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘန်ကောက်မြို့၊ ဖရာခနွန်ခရိုင်ထဲက ဝပ်မဟာဘတ် ဘုန်းကြီးကျောင်းထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး အမျိုးသားတဦးက ကံကောင်းထောက်မစွာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တွန်ချန်ဖွန် အမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုတဲ့ အဆိုပါအမျိုးသားဟာ ကလေးငယ်ကို ကယ်တင်ခဲ့တဲ့ အခြေအနေကို အွန်လိုင်းပေါ်မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ သူဟာ သူငယ်ချင်းတွေနဲ့အတူ ဘုန်းကြီးကျောင်းအနီးမှာ အရက်သောက်နေခဲ့ကြတာ ဖြစ်ပြီး ကလေးငိုသံကို စတင်ကြားခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက် လိုက်လံရှာဖွေချိန်မှာတော့ ရေအိမ်ထဲက ကြမ်းပြင်ပေါ်မှာ အစိမ်းရောင် တီရှပ်တထည်ပေါ်က ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေးငယ်တဦးကို တွေ့ရှိခဲ့ရတာလို့ သူက ပြောပါတယ်။

အဆိုပါဘုန်းကြီးကျောင်းဟာ မယ့်နတ်ခ်ဖရာခနောင်း အမည်ရတဲ့ ထိုင်းဒဏ္ဍာရီလာ နတ်ဘုရားမရဲ့ နတ်ကွန်းရှိတာမို့ လူသိများ ထင်ရှားတာမို့ ခုလို မွေးကင်းစကလေးငယ်ကို အချိန်မီ ကယ်တင်နိုင်တာဟာ နတ်ဘုရားမ နတ်ခ်ကြောင့်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top