ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အဆိုေတာ္ အိမ့္ခ်စ္ေလးတစ္ေယာက္ကေတာ့ မၾကာေသးခင္ကပဲ သူမရဲ့ ခမ္းနားၿပီး ခ်စ္စရာေကာင္းတဲ့ Decoration ေတြနဲ႔ အိမ္ေလးတစ္လုံးကို ဖန္တီးအေကာင္အထည္ေဖာ္ထားပါေသးတယ္။

ဘဝရဲ့ၾကမ္းတမ္းမႈေတြနဲ႔ မိသားစု ဒုကၡေတြၾကားမွာ ခက္ခဲစြာျဖတ္သန္းခဲ့ရတဲ့ အိမ့္ခ်စ္တစ္ေယာက္ကေတာ့ ဘုရား၊ တရားကိုသာ ဦးထိပ္ထားၿပီး ကိုးကြယ္ယုံၾကည္လၽွက္ရွိပါတယ္။ ဘဝရဲ့ အတိတ္ဆိုးေတြ အမ်ားႀကီးရွိခဲ့တဲ့ အိမ္ေလးကို စြန႔္ခြာခဲ့ေၾကာင္းကိုလည္း သူမရဲ့ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ရင္ဖြင့္ေလ့ရွိပါတယ္။

အိမ့္ခ်စ္ကေတာ့ ေအာင္ျမင္မႈေနာက္ကြယ္ ေတးစီးရီး အယ္လ္ဘမ္ကိုထြက္ရွိထားၿပီး အဲဒီသီခ်င္းထဲမွာေတာ့ သူမဘဝရဲ့ ၾကဳံေတြ႕ခဲ့ရတဲ့ ခံစားခ်က္ေတြကို ရင္ဖြင့္ထားတာလည္းျဖစ္ပါတယ္။ သူမတို႔ မိသားစုဟာ ၿပိဳလုလုျဖစ္ေနတဲ့အိမ္ေလးထဲမွာ ဘဝရွင္သန္နိုင္ဖို႔ အရက္ေရာင္းၿပီး ျဖတ္သန္းခဲ့ရတဲ့အေၾကာင္းကိုလည္း ဝမ္းနညး္စြာ ေျပာျပထားပါတယ္။ “အိမ့္ခ်စ္က ကိုယ္တိုင္ခံခဲ့ရေတာ့ သိတယ္။ အိမ့္ခ်စ္ ေအာင္ျမင္မႈေနာက္ကြယ္သီခ်င္းထြက္တုန္းကဆိုရင္ အမ်ားႀကီးေဝဖန္ခံရတယ္။
ခုခ်ိန္ထိ အဲ့ေကာမန႔္ေလးေတြဆိုရင္ SS ရိုက္ၿပီးသိမ္းထားတယ္။
ဘာလို႔လဲဆိုေတာ့ တခ်ိဳ႕ေတြက ေျပာတယ္ အမယ္ေလး သူ႔ကိုငါတို႔က ခ်စ္ေကာင္းသမီးမို႔ သိတာ မသိရင္သူက ကန္စြန္းခင္းထဲမွာ ကန္စြန္းရြက္ေရာင္းၿပီးတက္လာရတဲ့ မိန္းမက်ေနတာပဲေပါ့ ဘဝေတြ ဇာတ္ေတြနာျပေနတယ္ေပါ့”
“အိမ့္ခ်စ္တို႔က ကန္စြန္းရြက္ပဲေရာင္းရရင္ေတာ္ေသးတယ္။ အိမ့္ခ်စ္တို႔က အရက္ပါေရာင္းခဲ့ရတာ။

အဲ့အရက္ေရာင္းတဲ့ဘဝနဲ႔ အိမ့္ခ်စ္တို႔က တက္လာတာ။ အိမ္ကၿပိဳလုနီးပါးမွာ အရက္ေရာင္းခဲ့ရတယ္။ အိမ့္ခ်စ္တို႔က နဂိုတည္းက သူမ်ားေတြေျပာသလို ဆင္းရဲတြင္းနက္ခဲ့တာေတာ့မဟုတ္ဘူး။ ဒါေပမယ့္ မိသားစုျပသနာမ်ိဳးစုံျဖစ္ၿပီးေတာ့ တက္လိုက္၊ က်လိုက္ ဒဏ္ေတြကိုအရမ္းခံရတဲ့အခါက်ေတာ့ မခံနိုင္တဲ့အခါေတြလည္းရွိတယ္ေပါ့ေနာ္”

Ref;Myanmar Celebrity Interview and We Love Cele

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဗဟုသုတ
# Unicode Version ျဖင့္ ဖတ္ပါ #
အဆိုတော် အိမ့်ချစ်လေးတစ်ယောက်ကတော့ မကြာသေးခင်ကပဲ သူမရဲ့ ခမ်းနားပြီး ချစ်စရာကောင်းတဲ့ Decoration တွေနဲ့ အိမ်လေးတစ်လုံးကို ဖန်တီးအကောင်အထည်ဖော်ထားပါသေးတယ်။

ဘဝရဲ့ကြမ်းတမ်းမှုတွေနဲ့ မိသားစု ဒုက္ခတွေကြားမှာ ခက်ခဲစွာဖြတ်သန်းခဲ့ရတဲ့ အိမ့်ချစ်တစ်ယောက်ကတော့ ဘုရား၊ တရားကိုသာ ဦးထိပ်ထားပြီး ကိုးကွယ်ယုံကြည်လျှက်ရှိပါတယ်။ ဘဝရဲ့ အတိတ်ဆိုးတွေ အများကြီးရှိခဲ့တဲ့ အိမ်လေးကို စွန့်ခွာခဲ့ကြောင်းကိုလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရင်ဖွင့်လေ့ရှိပါတယ်။

အိမ့်ချစ်ကတော့ အောင်မြင်မှုနောက်ကွယ် တေးစီးရီး အယ်လ်ဘမ်ကိုထွက်ရှိထားပြီး အဲဒီသီချင်းထဲမှာတော့ သူမဘဝရဲ့ ကြုံတွေ့ခဲ့ရတဲ့ ခံစားချက်တွေကို ရင်ဖွင့်ထားတာလည်းဖြစ်ပါတယ်။ သူမတို့ မိသားစုဟာ ပြိုလုလုဖြစ်နေတဲ့အိမ်လေးထဲမှာ ဘဝရှင်သန်နိုင်ဖို့ အရက်ရောင်းပြီး ဖြတ်သန်းခဲ့ရတဲ့အကြောင်းကိုလည်း ဝမ်းနည်းစွာ ပြောပြထားပါတယ်။ “အိမ့်ချစ်က ကိုယ်တိုင်ခံခဲ့ရတော့ သိတယ်။ အိမ့်ချစ် အောင်မြင်မှုနောက်ကွယ်သီချင်းထွက်တုန်းကဆိုရင် အများကြီးဝေဖန်ခံရတယ်။
ခုချိန်ထိ အဲ့ကောမန့်လေးတွေဆိုရင် SS ရိုက်ပြီးသိမ်းထားတယ်။
ဘာလို့လဲဆိုတော့ တချို့တွေက ပြောတယ် အမယ်လေး သူ့ကိုငါတို့က ချစ်ကောင်းသမီးမို့ သိတာ မသိရင်သူက ကန်စွန်းခင်းထဲမှာ ကန်စွန်းရွက်ရောင်းပြီးတက်လာရတဲ့ မိန်းမကျနေတာပဲပေါ့ ဘဝတွေ ဇာတ်တွေနာပြနေတယ်ပေါ့”
“အိမ့်ချစ်တို့က ကန်စွန်းရွက်ပဲရောင်းရရင်တော်သေးတယ်။ အိမ့်ချစ်တို့က အရက်ပါရောင်းခဲ့ရတာ။

အဲ့အရက်ရောင်းတဲ့ဘဝနဲ့ အိမ့်ချစ်တို့က တက်လာတာ။ အိမ်ကပြိုလုနီးပါးမှာ အရက်ရောင်းခဲ့ရတယ်။ အိမ့်ချစ်တို့က နဂိုတည်းက သူများတွေပြောသလို ဆင်းရဲတွင်းနက်ခဲ့တာတော့မဟုတ်ဘူး။ ဒါပေမယ့် မိသားစုပြသနာမျိုးစုံဖြစ်ပြီးတော့ တက်လိုက်၊ ကျလိုက် ဒဏ်တွေကိုအရမ်းခံရတဲ့အခါကျတော့ မခံနိုင်တဲ့အခါတွေလည်းရှိတယ်ပေါ့နော်”

Ref;Myanmar Celebrity Interview and We Love Cele

ဖိုးသူတော် (www.phothutaw.com)
Credit: ဗဟုသုတ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top