ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မေကြးတုိင္းေဒသႀကီး ပခုကၠဴၿမိဳ႔က Myanmar Fu Fung အထည္ခ်ဳပ္စက္ရံုမွာ အလုပ္သမားေတြကို တစ္လစာ လုပ္ခမေပးဘဲ အလုပ္ရွင္ထြက္ေျပးသြားတဲ့အတြက္ အဲဒီစက္ရံုကို အစိုးရက မေန႔ညက ခ်ိတ္ပိတ္လိုက္ပါတယ္။

စက္ရံုမွာက်န္ရွိေနတ့ဲ စက္ပစၥည္းေတြနဲ႔ အထည္လိပ္ေတြကို ေလလံတင္ေရာင္းခ်ၿပီး အလုပ္သမားေတြရဲ့ လုပ္ခလစာေတြကို ေပးေခ်သြားမွာ ျဖစ္တယ္လို႔ ပခုကၠဴၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဟန္ေဇာ္ဝင္း က ေျပာပါတယ္။

“လုပ္ခလစာ ၁ လစာေပးဖို႔က်န္တယ္။ သူတို႔ကေတာ့ ထြက္သြားတဲ့ အေနအထားေပါ့။ ထားသြားတဲ့ ပစၥည္းေတြ စက္ေတြအထည္အလိပ္ေတြ အဲဒါေတြကို အစိုးရလံုၿခံဳေရးနဲ႔ေစာင့္ၿပီး ခ်ိတ္ပိတ္ထားတယ္။ အလုပ္သမားဝန္ႀကီးဌာနနဲ႔ ညိွၿပီးေလလံေတြ ဘာေတြပစ္မယ္ေပါ့။ ပိုင္ရွင္မရွိရင္ ေလလံေတြပစ္ၿပီး ရလာတဲ့ေငြေတြကို အလုပ္သမားေတြရဲ့ တန္ဖိုးလုပ္အားခေတြကို ေပးေခ်မယ္ဆိုၿပီး အဲလို ညိွႏိႈင္းထားတာေပါ့ေနာ္။”

လစာထုတ္ရက္ျဖစ္တဲ့ ၾသဂုတ္လ ၅ ရက္ေန႔မွာ လစာမရတဲ့အတြက္ ၾသဂုတ္လ ၆ ရက္ေန႔အထိ အလုပ္သမားေတြ က ေစာင့္ဆိုင္းခဲ့ၿပီးေနာက္မွာ အလုပ္ရွင္က ထြက္ေျပးတိမ္းေရွာင္သြားတာကို သိရွိတာ ျဖစ္ပါတယ္။

မေန႔ညက စက္ရံုဝင္းအတြင္း အလုပ္သမားေတြ စုရံုးေနတဲ့အတြက္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ရဲတပ္ဖြဲ႔၊ အလုပ္သမားညြန္ၾကားမွဳဦးစီးဌာနနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အလုပ္သမားေတြနဲ႔ သြားေရာက္ ညိွႏွဳိင္းခဲ့ၾကတာ ျဖစ္ပါတယ္။

စက္ရံုမွာ က်န္ရွိေနတဲ့ တန္ဖိုးရွိပစၥည္းေတြကို အလုပ္သမားေခါင္းေဆာင္ေတြေရွ႕မွာ ေရတြက္ၿပီး ခ်ိတ္ပိတ္ခဲ့ ပါတယ္။   အဲဒီပစၥည္းေတြကို ေလလံတင္ေရာင္းခ်ႏိုင္ဖို႔အတြက္ လာမယ့္ ၾသဂုတ္လ ၁၂ ရက္ေန႔မွာ အလုပ္သမားေတြနဲ႔ အေသးစိတ္ ေဆြးေႏြးမွာျဖစ္ပါတယ္။

Myanmar Fu Fung အထည္ခ်ဳပ္စက္ရံုဟာ တရုတ္ႏိုင္ငံသားပိုင္စက္ရံုျဖစ္ၿပီး အလုပ္သမားရာနဲ႔ခ်ီ ရွိတယ္လို႔ ဦးဟန္ေဇာ္ဝင္း ကေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: RFA Burmese
# Unicode Version ျဖင့္ ဖတ္ပါ #
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့က Myanmar Fu Fung အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေကို တစ်လစာ လုပ်ခမပေးဘဲ အလုပ်ရှင်ထွက်ပြေးသွားတဲ့အတွက် အဲဒီစက်ရုံကို အစိုးရက မနေ့ညက ချိတ်ပိတ်လိုက်ပါတယ်။

စက်ရုံမှာကျန်ရှိနေတဲ့ စက်ပစ္စည်းတွေနဲ့ အထည်လိပ်တွေကို လေလံတင်ရောင်းချပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို ပေးချေသွားမှာ ဖြစ်တယ်လို့ ပခုက္ကူမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်း က ပြောပါတယ်။

“လုပ်ခလစာ ၁ လစာပေးဖို့ကျန်တယ်။ သူတို့ကတော့ ထွက်သွားတဲ့ အနေအထားပေါ့။ ထားသွားတဲ့ ပစ္စည်းတွေ စက်တွေအထည်အလိပ်တွေ အဲဒါတွေကို အစိုးရလုံခြုံရေးနဲ့စောင့်ပြီး ချိတ်ပိတ်ထားတယ်။ အလုပ်သမားဝန်ကြီးဌာနနဲ့ ညှိပြီးလေလံတွေ ဘာတွေပစ်မယ်ပေါ့။ ပိုင်ရှင်မရှိရင် လေလံတွေပစ်ပြီး ရလာတဲ့ငွေတွေကို အလုပ်သမားတွေရဲ့ တန်ဖိုးလုပ်အားခတွေကို ပေးချေမယ်ဆိုပြီး အဲလို ညှိနှိုင်းထားတာပေါ့နော်။”

လစာထုတ်ရက်ဖြစ်တဲ့ သြဂုတ်လ ၅ ရက်နေ့မှာ လစာမရတဲ့အတွက် သြဂုတ်လ ၆ ရက်နေ့အထိ အလုပ်သမားတွေ က စောင့်ဆိုင်းခဲ့ပြီးနောက်မှာ အလုပ်ရှင်က ထွက်ပြေးတိမ်းရှောင်သွားတာကို သိရှိတာ ဖြစ်ပါတယ်။

မနေ့ညက စက်ရုံဝင်းအတွင်း အလုပ်သမားတွေ စုရုံးနေတဲ့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ အလုပ်သမားညွန်ကြားမှုဦးစီးဌာနနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အလုပ်သမားတွေနဲ့ သွားရောက် ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

စက်ရုံမှာ ကျန်ရှိနေတဲ့ တန်ဖိုးရှိပစ္စည်းတွေကို အလုပ်သမားခေါင်းဆောင်တွေရှေ့မှာ ရေတွက်ပြီး ချိတ်ပိတ်ခဲ့ ပါတယ်။   အဲဒီပစ္စည်းတွေကို လေလံတင်ရောင်းချနိုင်ဖို့အတွက် လာမယ့် သြဂုတ်လ ၁၂ ရက်နေ့မှာ အလုပ်သမားတွေနဲ့ အသေးစိတ် ဆွေးနွေးမှာဖြစ်ပါတယ်။

Myanmar Fu Fung အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမားရာနဲ့ချီ ရှိတယ်လို့ ဦးဟန်ဇော်ဝင်း ကပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top