iMyanmarHouse.com - Best Property Website for Myanmar
×

ကားတစ္စီးနဲ႔အတူ ခရီးထြက္လာတဲ့ စုံတြဲဟာ အပူခ်ိန္လြန္ကဲတဲ့ ကားထဲကေန ကေလးငယ္တစ္ေယာက္ကို ခက္ခက္ခဲခဲ ကယ္ထုတ္ခဲ့ရေၾကာင္း သိရပါတယ္။ ကေလးရဲ႕ မိဘေတြဟာ ဘိန္းျဖဴကို အလြန္အကၽြံသုံးစြဲထားကာ လမ္းေဘးမွာ ပုိးလုိ႔ပတ္လက္ လဲေနၾကတာကို ကနဦးဆုံး အဆုိပါစုံတြဲက ေတြ႕လုိက္ရတာပါ။

ေနခင္းအပူခ်ိန္ကေလည္း အလြန္ျမင့္ေနၿပီး၊ လူမမယ္ ကေလးမေလးဟာ အပူခ်ိန္ 31C အထိရွိတဲ့ကားထဲမွာ ငုိေၾကြးေနပါတယ္။ ဒီအျဖစ္အပ်က္ဟာ Canton, Ohio မွာျဖစ္ခဲ့တာပါ။ ကေလးကို ကယ္ဆယ္ခဲ့သူေတာ့ Eric Asher နဲ႔ သူမရဲ႕ခ်စ္သူတုိ႔ ျဖစ္ၾကပါတယ္။ သူမတုိ႕ကလည္း ကားနဲ႔ျပန္လာစဥ္မွာ အခုလုိ ေတြ႕ခဲ့ရတာပါ။

ကေလးရဲ႕မိဘေတြကေတာ့ ေျမျပင္မွာ လူးလွိမ့္ေနၾကၿပီး အသားအေရာင္ကလည္း ျဖဴေရာ္ေရာ္ေတြ ျဖစ္ေနတယ္လုိ႔ ဆုိပါတယ္။ ကေလးကို အရင္ဆုံး မေၾကာက္ေအာင္ ေခ်ာ့ျမႇဴၿပီး ေရတုိက္ခဲ့ရပါတယ္။ ယင္းေနာက္ ေဘးကေနလာၾကည့္သူတစ္ဦးက ကေလးရဲ႕ မိဘေတြလည္း အေျခအေန မဟန္ေတာ့မွန္းသိၿပီးေနာက္ အေရးေပၚအဖြဲ႕ကို ဖုန္းဆက္ေခၚခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကုိ Eric က လူမႈကြန္ယက္ေပၚမွာ တင္ခဲ့ရာ အမ်ားက ေဝဖန္ခဲ့ၾကပါတယ္။ ဒါေပမယ့္ Eric က ထင္ေပၚေက်ာ္ၾကားလုိစိတ္ မရွိဘဲ၊ မိဘေတြအေနနဲ႔ ကေလးကို ဒီလုိအေနအထားနဲ႔ ထားရွိရင္ အလြန္အႏၱရာယ္မ်ားေၾကာင္း သတိေပးလုိ၍ျဖစ္တယ္လုိ႔ ကာကြယ္ေျပာၾကားခဲ့ပါတယ္။

ကေလးရဲ႕ မိဘေတြကိုေတာ့ သက္ဆုိင္ရာက အမႈဖြင့္ခဲ့ၿပီး အေမရိကန္ေဒၚလာ (၁၀၀၀)နဲ႔ အာမခံေပးထားတယ္လုိ႔ သိရပါတယ္။ ကေလးရဲ႕မိခင္ကလည္း Eric ကုိ လူခ်င္းျပန္လည္ဆက္သြယ္ခဲ့ၿပီး သူမတုိ႔ကေလးရဲ႕အသက္ကို ကယ္ခဲ့လုိ႔ အလြန္ေက်းဇူးတင္ေၾကာင္း ကုိယ္တုိင္ကုိယ္က် ေျပာခဲ့တယ္လုိ႔ သိရပါတယ္။

source : metro.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ကားတစ်စီးနဲ့အတူ ခရီးထွက်လာတဲ့ စုံတွဲဟာ အပူချိန်လွန်ကဲတဲ့ ကားထဲကနေ ကလေးငယ်တစ်ယောက်ကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရကြောင်း သိရပါတယ်။ ကလေးရဲ့ မိဘတွေဟာ ဘိန်းဖြူကို အလွန်အကျွံသုံးစွဲထားကာ လမ်းဘေးမှာ ပိုးလို့ပတ်လက် လဲနေကြတာကို ကနဦးဆုံး အဆိုပါစုံတွဲက တွေ့လိုက်ရတာပါ။

နေခင်းအပူချိန်ကလေည်း အလွန်မြင့်နေပြီး၊ လူမမယ် ကလေးမလေးဟာ အပူချိန် 31C အထိရှိတဲ့ကားထဲမှာ ငိုကြွေးနေပါတယ်။ ဒီအဖြစ်အပျက်ဟာ Canton, Ohio မှာဖြစ်ခဲ့တာပါ။ ကလေးကို ကယ်ဆယ်ခဲ့သူတော့ Eric Asher နဲ့ သူမရဲ့ချစ်သူတို့ ဖြစ်ကြပါတယ်။ သူမတို့ကလည်း ကားနဲ့ပြန်လာစဉ်မှာ အခုလို တွေ့ခဲ့ရတာပါ။

ကလေးရဲ့မိဘတွေကတော့ မြေပြင်မှာ လူးလှိမ့်နေကြပြီး အသားအရောင်ကလည်း ဖြူရော်ရော်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ကလေးကို အရင်ဆုံး မကြောက်အောင် ချော့မြှူပြီး ရေတိုက်ခဲ့ရပါတယ်။ ယင်းနောက် ဘေးကနေလာကြည့်သူတစ်ဦးက ကလေးရဲ့ မိဘတွေလည်း အခြေအနေ မဟန်တော့မှန်းသိပြီးနောက် အရေးပေါ်အဖွဲ့ကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကို Eric က လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ရာ အများက ဝေဖန်ခဲ့ကြပါတယ်။ ဒါပေမယ့် Eric က ထင်ပေါ်ကျော်ကြားလိုစိတ် မရှိဘဲ၊ မိဘတွေအနေနဲ့ ကလေးကို ဒီလိုအနေအထားနဲ့ ထားရှိရင် အလွန်အန္တရာယ်များကြောင်း သတိပေးလို၍ဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။

ကလေးရဲ့ မိဘတွေကိုတော့ သက်ဆိုင်ရာက အမှုဖွင့်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၀၀၀)နဲ့ အာမခံပေးထားတယ်လို့ သိရပါတယ်။ ကလေးရဲ့မိခင်ကလည်း Eric ကို လူချင်းပြန်လည်ဆက်သွယ်ခဲ့ပြီး သူမတို့ကလေးရဲ့အသက်ကို ကယ်ခဲ့လို့ အလွန်ကျေးဇူးတင်ကြောင်း ကိုယ်တိုင်ကိုယ်ကျ ပြောခဲ့တယ်လို့ သိရပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top