ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
Credit:Mizzima
#Unicode Version #
သြဂုတ် ၂၀ ။                     ။ ခရိုအေးရှားနိုင်ငံအနီး ပင်လယ်ပြင်မှာ အပျော်စီးသင်္ဘောတစ်စင်းပေါ်ကနေ ပြုတ်ကျပြီး ဆယ်နာရီကြာ ရေထဲမျောပါနေခဲ့တဲ့ ဗြိတိန်နိုင်ငံသူခရီးသွားတစ်ဦးကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၄၆ နှစ်အရွယ် အဆိုပါ ဗြိတိန်သူကတော့ အေဒရီယက်တစ်ပင်လယ်ပြင်ထဲမှာ နာရီများစွာ မျောပါနေခဲ့ပြီးမှ ကယ်ဆယ်ပေးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
"ကျွန်မ ရေထဲမှာ ၁၀ နာရီလောက် ရှိနေခဲ့တယ်လေ၊ ပြီးမှာ သူတို့ ကျွန်မကို လာကယ်ပေးခဲ့ကြတယ်၊ ကျွန်မကံကောင်းခဲ့ပါတယ်" ဆိုပြီး အဆိုပါ ဗြိတိန်အမျိုးသမီးက ပြောပါတယ်။
နော်ဝေ အပျော်စီးသင်္ဘောတစ်စင်း ပေါ်ကနေ ပြုတ်ကျခဲ့တဲ့ သူမကို သြဂုတ် ၂၀ ရက်မှာ ခရိုအေးရှား ကမ်းခြေစောင့်တပ်က တွေ့ရှိ ကယ်ဆယ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
ယခုလို ခရီးသည်တစ်ဦး သင်္ဘောပေါ်ကနေ ပြုတ်ကျသွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ နော်ဝေ အပျော်စီးသင်္ဘောကုမ္ပဏီက မှတ်ချက်ပြုပြောဆိုသွားခြင်း မရှိပါဘူး။
ဖိုးသူတော် (www.phothutaw.com)
Credit:Mizzima
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top