ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဦးဇင္း ​အ​ေမ့ကို မသနားဘူးလား ဘုရား

စာဝါခ်ိန္​​ေလးၿပီးလို္႔ ဖုန္​း​ေလး​ေကာက္​ကိုင္​ ဖုန္​းစာအုပ္​ထဲက ဖုန္​းနံပါတ္​ အမွတ္​အသား အ​ေမဆိုတဲ့ နာမည္​​ေလးကို ႏွိပ္​ၿပီး ဖုန္​း​ေခၚမိတယ္​

ဖုန္​းကိုင္​ခဲ့သူက အ​ေမ ညင္​သာတဲ့စကားလံုး​ေလးနဲ႔ ဦးဇင္​းဘာအလို႐ွိလည္​းတဲ့ အ​ေမစကားသံ​ေလး ၾကားမိ​ေတာ့ ​​​လူထြက္​မယ္​လို႔ ေျပာခ်င္​တဲ့ စကား ေျပာမထြက္ခဲ့ဘူး ဆြံ႔အ​​ေနခဲ့တယ္

အ​ေမ​ေျပာတဲ့စကားက ဦးဇင္​းဘာအလို႐ွိလည္​းတဲ့ ​ေပးဆပ္​ျခင္​းနဲ႔ ခ်စ္​​ျပၿပီး ခ်စ္​​ေနခဲ့တဲ့အ​ေမ ဦးဇင္​း အ​ေမ့ကို ဘာ​ေပးမလို႔လည္​း မ​​ေျပာခဲ့ဘူး သားသမီး​ေတြရဲ႕အ​ေပၚ ဘာတစ္​ခုမွ မ​ေတာင္​းဆိုခဲ့သလို ဘယ္​အရာကိုမွလည္​း မ​ေမွ်ာ္​လင္​့ခဲ့ဘူး

ဦးဇင္​းဘဝကို လို​ေလ​ေသးမ႐ွိ​ေအာင္​ ​ေမတၱာတရား​ေတြ လႊမ္​းျခံဳၿပီး ျပည္​့ျပည္​့စံုစံု ခ်စ္​​ေပးခဲ့တဲ့ အ​ေမ့ကို ဦးဇင္​း​ေျပာခ်င္​တဲ့ စကားက ​ေက်းဇူးကန္​းသလိုမ်ား ျဖစ္​​ေနမလားလို႔ ​ေတြး​ေနမိတယ္​

လယ္​ယာ​ေျမမွာ ​ေခြၽးဒီးဒီးက်​ေအာင္​ လုပ္​ၿပီးမွ တစ္​​ေန႔လုပ္​ တစ္​​ေန႔စား​ေနရတဲ့ အ​ေမ ခုခ်ိန္​မွာ​ေတာ့ ဦးဇင္​းအ​ေမ့ဆီက ဘာမွမလိုခ်င္​​ေတာ့ပါဘူး အ​ေမရယ္​ ကိုယ္​အားကိုယ္​ကိုးၿပီး ​ေနတတ္​​ေနပါၿပီအ​ေမ

ဦးဇင္​းအ​ေမ့ဆီ ဖုန္​းဆက္​ရတဲ့ အ​ေၾကာင္​းရင္​းက အ​ေမ့ကို ယာခင္​းထဲမွာ ​ေနပူပူ မိုးရြာရြာ က်န္​းမာ​ေရးကို ဂ႐ုမစိုက္​အား အလုပ္​ လုပ္​​ေနတာကို မၾကည္​့ရက္​ မျမင္​ရက္​​ေတာ့လို႔ပါ အ​ေမ ဦးဇင္း​အ​ေမ့ကို လူထြက္​ၿပီး လုပ္​​ေကြၽးပါရ​ေစ အ​ေမ

အ​ေမ့ဘက္​က စကားျပန္​မ​ေျပာရက္​ႏိုင္​​ေအာင္​ တိတ္​ဆိပ္​ၿငိမ္​သက္​​ေနခဲ့တယ္​ ခနအၾကာမွာ​ေတာ့ ငို​ေႂကြးသံနဲ႔ တုန္​တုန္​ယင္​ယင္​ အ​ေမ​ေျပာတဲ့ စကား ဦးဇင္​းတပည္​့​ေတာ္​ကို `မသနားဘူးလားဘုရားတဲ့´

​သာသနာ့​ေဘာင္​မွာ ​ေနတဲ့ ရဟန္​းသံဃာတိုင္​းဟာ ဦးဇင္​း​ေျပာသလို အိမ္​ကမိဘ​ေတြ အဆင္​​ေျပ​ေျပ​ေနရလို႔ သာသနာ့​ေဘာင္​မွာ ​ရဟန္းဝတ္​​ေနၾကတယ္​လို႔ ဦးဇင္​းထင္​လို႔လားဘုရား အနည္​းနဲ႔အမ်ား​ေတာ့ အ​ေမတို႔နဲ႔ဘဝတူ ရဟန္​းသံဃာ​ေတြ႐ွိ​ေနမွာပါဘုရား ဦးဇင္​းရဲ႕လူထြက္​မယ္​ဆိုတဲ့စကား​က တပည္​့​ေတာ္​မရဲ႕ ရင္​ဝကို ​ေဆာင္​့ကန္​လိုက္​သလို ခံစားရတယ္​ဘုရား အ​ေမ့ကိုစိတ္​ခ်မ္​းသာ​ေစခ်င္​ရင္​ လူမထြက္​ခဲ့ပါနဲ႔ဘုရား အ​ေမ့ပါးျပင္​က မ်က္​ရည္​ ဦးဇင္​း​ေၾကာင္​း မက်ပါရ​ေစနဲ႔ဘုရား

အ​ေမ့ဘဝမွာ မၾကားခ်င္​ဆံုး စကားက ဦးဇင္​း႐ွီက လူထြက္​မယ္​ဆိုတဲ့ စကားပါ ဦးဇင္​းဘုရား ဘာအဆင္​မ​ေျပတာ႐ွိလို႔ လူထြက္​ခ်င္​ရတာလည္​း ဦးဇင္​းဘုရား အ​ေမ့ကို လုပ္​ေက်ြးခ်င္လို႔​​ဆိုတဲ့ အ​ေၾကာင္​းျပခ်က္​နဲ႔​ေတာ့ လူထြက္​ဖို႔ စိတ္​မကူးပါနဲ႔ ဘုရား

ဦးဇင္​း႐ွီက တပည္​့​ေတာ္​ ဘာတစ္​ခုမွ မ​ေမွ်ာ္​လင္​့ခဲ့သလို ဘာတစ္​ခုမွလည္​း မ​ေတာင္​းဆိုခဲ့ဘူး အ​ေမ့​ေမြး​ေက်းဇူးကို စာနာ ​ေထာက္​ထား​ေသာအားျဖင္​့ ​ေတာင္​းဆိုပါရ​ေစ တပည္​့​ေတာ္​ သက္​ဆံုးတိုင္​ ဦးဇင္​းကို အဝါ​ေရာင္​ သကၤန္​းဆင္​ျမန္​းဝတ္​ရံု​ေလးနဲ႔ ျမင္​ပါရ​ေစ ဦးဇင္​းရယ္​

အ​ေမ့ကို သနားရင္​ လူမထြက္ခဲ့​​ပါနဲ႔ဘုရား အ​ေမ့ရဲ႕​ေ​မြး​ေက်းဇူးကိုဆပ္​တဲ့အ​ေနနဲ႔ သာသနာ​့​ေဘာင္​မွာ ​ေန​ေပးပါ တပည္​့​ေတာ္​​ လယ္​ထဲမွာ ​ေခြၽးဒီးဒီးျပန္​​ေအာင္​ လုပ္​ကိုင္​​ေနရ​တာကို မျမင္​ရက္​လို႔ လူထြက္​ၿပီး လုပ္​​ေကြၽးမယ္​လို႔ စိတ္​မကူးပါနဲ႔ ဦးဇင္​းဘုရား

တပည္​့​ေတာ္​ ခႏၶာပင္​ပမ္​း​ေပမယ္​့ သာသနာ့​ေဘာင္​မွာ သားဦးဇင္​း႐ွိတယ္​ဆိုတဲ့ အသိနဲ႔ တပည္​့​ေတာ္​ စိတ္​ခ်မ္​းသာ​ေနရတယ္​ဘုရား ဦးဇင္​းလူထြက္​လို႔ အ​ေမ့ကို လုပ္​​ေကြၽးရင္​ တပည္​့​ေတာ္​ရဲ႕ခႏၶာမပင္​ပမ္​းရ​ေပမယ္​့ စိတ္​ခ်မ္​းသာမွာမဟုတ္​ဘူး ဦးဇင္​းဘုရား

လူ႔​ေဘာင္​ လူ႔​ေလာကဆိုတာ ဦးဇင္​းထင္​သလို မလြယ္​ကူလွပါဘူးဘုရား ပူပင္​ဒုကၡ​ေတြနဲ႔ ​လံုး​ေထြး​ေနတဲ့ ​ေလာကပါ ဦးဇင္​းကို အ႐ွဳပ္​​ေတြနဲ႔ လူမလုပ္​​ေစခ်င္​ဘူးဘုရား

သာသနာ့​ေဘာင္​မွာ​ေနၿပီး ဘုရားရိပ္​ကိုခိုလွံဳ တရား​ေတာ္​​ေတြကို သင္​ၾကားသာ ျမင္​​ေန ၾကား​ေနရရင္​ တပည္​့​ေတာ္​ၾကည္​ႏူးဝမ္​းသာလွပါတယ္​ဘုရား

ဦးဇင္းလည္း သာသနာ့​ေျမမွာ ​​ေပ်ာ္​​ေအာင္​​ေနၿပီး သံသရာလြတ္​​ေၾကာင္​း နည္​းလမ္​း​ေကာင္​​း​ေတြနဲ႔ တရားဓမၼ​ေတြကို ​ေလ့လာဆည္​းပူး သင္​ၾကားရင္​ ဘုရား႐ွင္​ရဲ႕ ဝိနည္​း​ေတာ္​နဲ႔ အညီ လိုက္​နာက်င္​့သံုး ေနထိုင္​ႏိုင္​​ေအာင္​ ႀကိဳးစားပါဘုရား

အ​ေမ့တို႔အတြက္​ ဘာမွမပူခဲ့ပါနဲ႔ ဦးဇင္​းဘုရား ဦးဇင္​းသာ သာသနာ့​ေဘာင္​မွာ ​​ေပ်ာ္​​ေပ်ာ္​ရႊင္​ရႊင္​နဲ႔ ဘုရားသား​ေတာ္​ ရဟန္​းတစ္​ပါးပီပီသာသနာ့တာဝန္​ကို ထမ္​း​ေဆာင္​ၿပီး ရဟန္​း​ေကာင္​းရဟန္​းျမတ္​ျဖစ္​​ေအာင္​ ​ေနထိုင္​က်င္​့သံုးႏိုင္​​ပါ​ေစဘုရား။

အ႐ွင္​​ေခမိႏၵ-အင္​ၾကင္​း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္​းမား – ဂ်ိန္​း​ေဖါ့​ေျမ
# Unicode Version ျဖင့္ ဖတ္ပါ #
ဦးဇင်း အမေ့ကို မသနားဘူးလား ဘုရား

စာဝါချိန်လေးပြီးလို့် ဖုန်းလေးကောက်ကိုင် ဖုန်းစာအုပ်ထဲက ဖုန်းနံပါတ် အမှတ်အသား အမေဆိုတဲ့ နာမည်လေးကို နှိပ်ပြီး ဖုန်းခေါ်မိတယ်

ဖုန်းကိုင်ခဲ့သူက အမေ ညင်သာတဲ့စကားလုံးလေးနဲ့ ဦးဇင်းဘာအလိုရှိလည်းတဲ့ အမေစကားသံလေး ကြားမိတော့ လူထွက်မယ်လို့ ပြောချင်တဲ့ စကား ပြောမထွက်ခဲ့ဘူး ဆွံ့အနေခဲ့တယ်

အမေပြောတဲ့စကားက ဦးဇင်းဘာအလိုရှိလည်းတဲ့ ပေးဆပ်ခြင်းနဲ့ ချစ်ပြပြီး ချစ်နေခဲ့တဲ့အမေ ဦးဇင်း အမေ့ကို ဘာပေးမလို့လည်း မပြောခဲ့ဘူး သားသမီးတွေရဲ့အပေါ် ဘာတစ်ခုမှ မတောင်းဆိုခဲ့သလို ဘယ်အရာကိုမှလည်း မမျှော်လင့်ခဲ့ဘူး

ဦးဇင်းဘဝကို လိုလေသေးမရှိအောင် မေတ္တာတရားတွေ လွှမ်းခြုံပြီး ပြည့်ပြည့်စုံစုံ ချစ်ပေးခဲ့တဲ့ အမေ့ကို ဦးဇင်းပြောချင်တဲ့ စကားက ကျေးဇူးကန်းသလိုများ ဖြစ်နေမလားလို့ တွေးနေမိတယ်

လယ်ယာမြေမှာ ချွေးဒီးဒီးကျအောင် လုပ်ပြီးမှ တစ်နေ့လုပ် တစ်နေ့စားနေရတဲ့ အမေ ခုချိန်မှာတော့ ဦးဇင်းအမေ့ဆီက ဘာမှမလိုချင်တော့ပါဘူး အမေရယ် ကိုယ်အားကိုယ်ကိုးပြီး နေတတ်နေပါပြီအမေ

ဦးဇင်းအမေ့ဆီ ဖုန်းဆက်ရတဲ့ အကြောင်းရင်းက အမေ့ကို ယာခင်းထဲမှာ နေပူပူ မိုးရွာရွာ ကျန်းမာရေးကို ဂရုမစိုက်အား အလုပ် လုပ်နေတာကို မကြည့်ရက် မမြင်ရက်တော့လို့ပါ အမေ ဦးဇင်းအမေ့ကို လူထွက်ပြီး လုပ်ကျွေးပါရစေ အမေ

အမေ့ဘက်က စကားပြန်မပြောရက်နိုင်အောင် တိတ်ဆိပ်ငြိမ်သက်နေခဲ့တယ် ခနအကြာမှာတော့ ငိုကြွေးသံနဲ့ တုန်တုန်ယင်ယင် အမေပြောတဲ့ စကား ဦးဇင်းတပည့်တော်ကို `မသနားဘူးလားဘုရားတဲ့´

သာသနာ့ဘောင်မှာ နေတဲ့ ရဟန်းသံဃာတိုင်းဟာ ဦးဇင်းပြောသလို အိမ်ကမိဘတွေ အဆင်ပြေပြေနေရလို့ သာသနာ့ဘောင်မှာ ရဟန်းဝတ်နေကြတယ်လို့ ဦးဇင်းထင်လို့လားဘုရား အနည်းနဲ့အများတော့ အမေတို့နဲ့ဘဝတူ ရဟန်းသံဃာတွေရှိနေမှာပါဘုရား ဦးဇင်းရဲ့လူထွက်မယ်ဆိုတဲ့စကားက တပည့်တော်မရဲ့ ရင်ဝကို ဆောင့်ကန်လိုက်သလို ခံစားရတယ်ဘုရား အမေ့ကိုစိတ်ချမ်းသာစေချင်ရင် လူမထွက်ခဲ့ပါနဲ့ဘုရား အမေ့ပါးပြင်က မျက်ရည် ဦးဇင်းကြောင်း မကျပါရစေနဲ့ဘုရား

အမေ့ဘဝမှာ မကြားချင်ဆုံး စကားက ဦးဇင်းရှီက လူထွက်မယ်ဆိုတဲ့ စကားပါ ဦးဇင်းဘုရား ဘာအဆင်မပြေတာရှိလို့ လူထွက်ချင်ရတာလည်း ဦးဇင်းဘုရား အမေ့ကို လုပ်ကျွေးချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ လူထွက်ဖို့ စိတ်မကူးပါနဲ့ ဘုရား

ဦးဇင်းရှီက တပည့်တော် ဘာတစ်ခုမှ မမျှော်လင့်ခဲ့သလို ဘာတစ်ခုမှလည်း မတောင်းဆိုခဲ့ဘူး အမေ့မွေးကျေးဇူးကို စာနာ ထောက်ထားသောအားဖြင့် တောင်းဆိုပါရစေ တပည့်တော် သက်ဆုံးတိုင် ဦးဇင်းကို အဝါရောင် သင်္ကန်းဆင်မြန်းဝတ်ရုံလေးနဲ့ မြင်ပါရစေ ဦးဇင်းရယ်

အမေ့ကို သနားရင် လူမထွက်ခဲ့ပါနဲ့ဘုရား အမေ့ရဲ့မွေးကျေးဇူးကိုဆပ်တဲ့အနေနဲ့ သာသနာ့ဘောင်မှာ နေပေးပါ တပည့်တော် လယ်ထဲမှာ ချွေးဒီးဒီးပြန်အောင် လုပ်ကိုင်နေရတာကို မမြင်ရက်လို့ လူထွက်ပြီး လုပ်ကျွေးမယ်လို့ စိတ်မကူးပါနဲ့ ဦးဇင်းဘုရား

တပည့်တော် ခန္ဓာပင်ပမ်းပေမယ့် သာသနာ့ဘောင်မှာ သားဦးဇင်းရှိတယ်ဆိုတဲ့ အသိနဲ့ တပည့်တော် စိတ်ချမ်းသာနေရတယ်ဘုရား ဦးဇင်းလူထွက်လို့ အမေ့ကို လုပ်ကျွေးရင် တပည့်တော်ရဲ့ခန္ဓာမပင်ပမ်းရပေမယ့် စိတ်ချမ်းသာမှာမဟုတ်ဘူး ဦးဇင်းဘုရား

လူ့ဘောင် လူ့လောကဆိုတာ ဦးဇင်းထင်သလို မလွယ်ကူလှပါဘူးဘုရား ပူပင်ဒုက္ခတွေနဲ့ လုံးထွေးနေတဲ့ လောကပါ ဦးဇင်းကို အရှုပ်တွေနဲ့ လူမလုပ်စေချင်ဘူးဘုရား

သာသနာ့ဘောင်မှာနေပြီး ဘုရားရိပ်ကိုခိုလှုံ တရားတော်တွေကို သင်ကြားသာ မြင်နေ ကြားနေရရင် တပည့်တော်ကြည်နူးဝမ်းသာလှပါတယ်ဘုရား

ဦးဇင်းလည်း သာသနာ့မြေမှာ ပျော်အောင်နေပြီး သံသရာလွတ်ကြောင်း နည်းလမ်းကောင်းတွေနဲ့ တရားဓမ္မတွေကို လေ့လာဆည်းပူး သင်ကြားရင် ဘုရားရှင်ရဲ့ ဝိနည်းတော်နဲ့ အညီ လိုက်နာကျင့်သုံး နေထိုင်နိုင်အောင် ကြိုးစားပါဘုရား

အမေ့တို့အတွက် ဘာမှမပူခဲ့ပါနဲ့ ဦးဇင်းဘုရား ဦးဇင်းသာ သာသနာ့ဘောင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘုရားသားတော် ရဟန်းတစ်ပါးပီပီသာသနာ့တာဝန်ကို ထမ်းဆောင်ပြီး ရဟန်းကောင်းရဟန်းမြတ်ဖြစ်အောင် နေထိုင်ကျင့်သုံးနိုင်ပါစေဘုရား။

အရှင်ခေမိန္ဒ-အင်ကြင်း

ဖိုးသူတော် (www.phothutaw.com)
Credit: နန်းမား – ဂျိန်းဖေါ့မြေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top