iMyanmarHouse.com - Best Property Website for Myanmar
×






#Unicode Version#
မင်းသားစိုးသူထံ သတ်မှတ်ရက် မတိုင်ခင် အကြွေး သိန်း၃၅၀ကျော်ကို နိုင်ငံပိုင်သတင်းစာ မှ တဆင့်တောင်းခံရုံတင်မက မင်းသမီးစိုးမြတ်နန္ဒာရဲ့ နာမည်ကိုပါ ထည့်သွင်းအသုံးပြုထားတာကြောင့် စိုးမြတ်နန္ဒာက သူမရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတာကြောင့်

သူမက တစ်ပတ်အတွင် နစ်နာကြေး သိန်းပေါင်းတစ်သောင်းငါးထောင်ကျပ်တောင်းရမ်းခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ မင်းသား စိုးသူဘက်မှ သတ်မှတ်ရက်မတိုင်ခင် သတင်းစာထဲထည့်ကာ ကြေညာခဲ့ခြင်းဟာ ရည်ရွယ်ချက်ရှိရှိ ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်တာကြောင့် သူ့ဘက်ကနေလဲ တရားစွဲဆိုသွားမယ်ဆိုတဲ့အကြောင်းတို့ကို သတင်းထဲမှာ တစ်ရက်ထဲ ထည့်သွင်းကြေညာခဲ့ပါတယ်။

ယနေ့မှာတော့ အကြွေးတောင်ခံခဲ့တဲ့ ဦးကျော်ကျော်ထွန်းဆိုသူကို မင်းသမီး စိုးမြတ်နန္ဒာက အသရေဖျက်မှု ရာဇဝတ်ဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ နဲ့ ယနေ့(ဩဂုတ်လ ၂၄ ရက်) မှာ မရမ်းကုန်းမြို့နယ် တရားရုံး၌ ဦးတိုက်လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။

သက်သေအခိုင်အလုံရှိတာကြောင့် တရားရုံးက လက်ခံခဲ့ပြီး အမှုဖွင့်ခံထားရမှုနှင့် ပတ်သက်ပြီး တိုင်ကြားခံထားရတဲ့ ဦးကျော်ကျော်ထွန်းအနေနဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ တရားရုံးကို လာရောက်ဖြေရှင်းပေးရမှာဖြစ်တယ်လို့လဲ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: popular journal’s fb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top