ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

ၾသဂုတ္ ၈ ရက္က အာဖဂန္နစၥတန္ေျမာက္ပုိင္း Balkh ျပည္နယ္တြင္ ခရီးသည္တင္ယာဥ္တစ္စီး ေမာင္းႏွင္ေနစဥ္ လမ္းေဘးဗုံးခြဲ တုိက္ခုိက္ခံရေသာေၾကာင့္ ယာဥ္ေပၚတြင္လုိက္ပါလာသူ အနည္းဆုံး ၆ ဦး ေသဆုံးခဲ့ၿပီး ၇ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ယင္းျပည္နယ္အစုိးရအရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။

အဆုိပါတုိက္ခုိက္မႈမွာ ၾသဂုတ္ ၈ ရက္ နံနက္ပုိင္း ၅ နာရီခြဲခန္႔က  Balkh ျပည္နယ္ Sholgara ေဒသ ေတာလမ္းတစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ၊ ေသဆုံးသူမ်ားမွာ သာမန္အရပ္သားမ်ားျဖစ္ၿပီး ကေလးငယ္ ၄ ဦး ပါ၀င္ေၾကာင္း ၊ ယာဥ္လည္း ဆုိးဆုိး၀ါး၀ါး ပ်က္စီးခဲ့ေၾကာင္း ယင္းအစုိးရ ေျပာေရးဆုိခြင့္ရွိသူ Munir Ahmad Farhadက ဆင္ဟြာကုိ ေျပာၾကားခဲ့သည္။

တုိက္ခုိက္မႈႏွင့္စပ္လ်ဥ္း၍ လက္ရွိ အခ်ိန္တြင္ မည္သည့္ အဖြဲ႔အစည္းကမွ ေၾကညာခ်က္ ထုတ္ျပန္ျခင္း မရွိေသးေၾကာင္းသိရသည္။

ယခုကာလမ်ားတြင္ အာဖဂန္စစ္တပ္က Balkh ျပည္နယ္ Sholgara ေဒသ၌ တာလီဘန္လက္နက္ ကုိင္ ရွင္းလင္းေရးမ်ား လုပ္ေဆာင္ေနသည္ဟု ေဒသခံ တစ္ဦးက ဆုိပါသည္။

အာဖဂန္ Pajhwok သတင္းေအဂ်င္စီ၏ ထုတ္ျပန္ခ်က္မ်ားအရ ယခုႏွစ္ ၇ လၾကာ ကာလ တြင္ အာဖဂန္၌ျဖစ္ပြားေသာ လက္နက္ကုိင္ပဋိပကၡႏွင့္အၾကမ္းဖက္မႈမ်ားေၾကာင့္ လူ ေပါင္း ၁၅၀၀၀ ခန္႔ ေသဆုံး ဒဏ္ရာရခဲ့ေၾကာင္း ၊ ဇူလုိင္လ တစ္လတည္းတြင္ပင္ တုိက္ခုိက္မႈေၾကာင့္ ေသဆုံးဒဏ္ရာရသူ ၂၇၀၀ ေက်ာ္ရွိၿပီး ဇြန္လႏွင့္စာလွ်င္ ၂၉ % တုိးလာေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (Xinhua)
# Unicode Version ျဖင့္ ဖတ္ပါ #
 သြဂုတ် ၈ ရက်က အာဖဂန်နစ္စတန်မြောက်ပိုင်း Balkh ပြည်နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီး မောင်းနှင်နေစဉ် လမ်းဘေးဗုံးခွဲ တိုက်ခိုက်ခံရသောကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းပြည်နယ်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုမှာ သြဂုတ် ၈ ရက် နံနက်ပိုင်း ၅ နာရီခွဲခန့်က  Balkh ပြည်နယ် Sholgara ဒေသ တောလမ်းတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ သေဆုံးသူများမှာ သာမန်အရပ်သားများဖြစ်ပြီး ကလေးငယ် ၄ ဦး ပါဝင်ကြောင်း ၊ ယာဉ်လည်း ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ကြောင်း ယင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ Munir Ahmad Farhadက ဆင်ဟွာကို ပြောကြားခဲ့သည်။

တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လက်ရှိ အချိန်တွင် မည်သည့် အဖွဲ့အစည်းကမှ ကြေညာချက် ထုတ်ပြန်ခြင်း မရှိသေးကြောင်းသိရသည်။

ယခုကာလများတွင် အာဖဂန်စစ်တပ်က Balkh ပြည်နယ် Sholgara ဒေသ၌ တာလီဘန်လက်နက် ကိုင် ရှင်းလင်းရေးများ လုပ်ဆောင်နေသည်ဟု ဒေသခံ တစ်ဦးက ဆိုပါသည်။

အာဖဂန် Pajhwok သတင်းအေဂျင်စီ၏ ထုတ်ပြန်ချက်များအရ ယခုနှစ် ၇ လကြာ ကာလ တွင် အာဖဂန်၌ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခနှင့်အကြမ်းဖက်မှုများကြောင့် လူ ပေါင်း ၁၅၀၀၀ ခန့် သေဆုံး ဒဏ်ရာရခဲ့ကြောင်း ၊ ဇူလိုင်လ တစ်လတည်းတွင်ပင် တိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ ၂၇၀၀ ကျော်ရှိပြီး ဇွန်လနှင့်စာလျှင် ၂၉ % တိုးလာကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: (Xinhua)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top