ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျဗိတိသွ်အစိုးရသည္ ျမန္မာႏုိင္ငံကိုသိမ္းပိုက္ျပီးေနာက္ ၁၈၉၇ ခုႏွစ္တြင္ မႏၲေလးမွဗန္းေမာ္သို႔မီးရထားလမ္း ေဖာက္လုပ္ခဲ႔ျပီး မႏၲေလးႏွင့္ ကြန္လံုကိုလည္း မီးရထားလမ္း ေဖာက္လုပ္ရန္ စီစဥ္ခဲ႔ရာ မီးရထားျဖတ္သြားႏုိင္မည့္ ဂုပ္ထိပ္တံတားကို ေဆာက္လုပ္ခဲ႔ျကသည္။
ကမာၻေက်ာ္ ဂုပ္ထိပ္တံတား တည္ေဆာက္ခဲ့စဥ္က

ရထားလမ္းေဖာက္လုပ္ရာတြင္ အျကီးမားဆံုး အခက္အခဲမွာ ေနာင္ခ်ဴ ိႏွင့္ ေက်ာက္မဲခရုိင္ ေနာင္ပိန္ျမိဳ႕အျကား ဂုတ္တြင္း
လွ်ဴ ိကမ္းပါးျကီးကို ဆက္သြယ္ရသည့္လုပ္ငန္းပင္ျဖစ္ေလသည္။ ကမ္းပါးျပတ္ေခ်ာက္ျကီးမွာ တစ္ဖက္ႏွင့္တစ္ဖက္
ေပ ၂၀၀၀ ေက်ာ္မွ် ကြာလွမ္းေနျပီး နက္ရႈိင္းလွသည့္လွ်ဴ ိျကီးမွာ ေပ ၃၀၀ ေက်ာ္မွ်ရွိေနျပန္ရာ ထိုေက်ာက္ေတာင္ကမ္းပါးျကီး ႏွစ္ဖက္ကို ရထားတံစင္း ျဖစ္သြားလာႏုိင္ေသာ တံတားျကီးတည္ ေဆာက္ရန္မွာ လြယ္ကူလိမ့္မည္မဟုတ္ေပ.။

ကမာၻ႔ေပၚတြင္အျမင့္ဆံုး ရထားလမ္းျဖစ္လာမည့္ ဂုပ္ထိပ္တံတားကို တည္ေဆာက္ရန္ ျဗိတသွ်အစိုးရက ျမန္မာမီးရထား ကုမၸဏီကို တည္ေထာင္ေပးခဲ႔သည္။

ထို႔ေျကာင့္ ၁၈၉၉ ခုႏွစ္တြင္ ျမန္မာ့မီးရထားကုမၸဏီက ဂုပ္ထိပ္တံတားျကီးေဆာက္လုပ္ရန္အဂၤလန္ႏုိင္ငံ လန္ဒန္ျမိဳ႕ရွိ ( Sir A . M .Fendal In Co ) အားတံတားတည္ေဆာက္ရန္ ပံုစံဒီဇိုင္းအပ္ႏွံ၍ ေဆာက္လုပ္ရန္ကိုမႈ အေမရိကန္ႏုိင္ငံရွိ
( Pennsylvania andMaryland ) ကုမၸဏီအား တာဝန္ေပးအပ္ႏွံခဲ႔ေလသည္။

ေတာအထပ္ထပ္ ေတင္အသြယ္သြယ္ကို ျဖတ္သန္းေဖာက္လုပ္ရသည့္ ဂုပ္ထိပ္တံတားစီမံကိန္းသည္ ေနာင္ခ်ဴ ိျမိဳ႕မွ ရထားလမ္းအတိုင္း ( ၇ ) မိုင္ခန္႔အကြာမိုင္တိုင္ ( ၄၆၃ . ၀၉ ) တြင္ စတင္ျပီး ျမန္မာႏုိင္ငံရွိ တံတားမ်ားတြင္ အျမင့္ဆံုးတံတား ျဖစ္ခဲ႔ေလသည္။
ကမာၻေက်ာ္ ဂုပ္ထိပ္တံတား

အေမရိကန္ႏုိင္ငံ နယူးေယာက္ျမိဳ႕မွ သေဘာၤျကီးမ်ားျဖင့္ တံတားသံေပါင္ျကီးမ်ားကိုတံတား တည္ေဆာက္မည့္ေနရာအထိ ခဲရာခဲဆစ္ သယ္ယူခဲ႔ရေလသည္။

တံတား၏ေျမာက္ဘက္ျခမ္းရွိ ေက်ာက္ေတာင္ျကီးကို ထြင္းေဖာက္၍ ဥမင္လႈိင္ေခါင္းျကီးႏွစ္ခုကိုလည္း ရထားျဖတ္သန္းရန္ ေဖာက္လုပ္ျကရျပန္ပါသည္။

တံတားျကီးကိုေထာက္ပင့္ထားေသာ သံတိုင္မ်ားအနက္ အျမင့္ဆံုးတိုင္သည္ ေပ ၃၂၀ ျမင့္၍ အနိမ့္ဆံုး သံတိုင္မွာ ၄၅ ေပျမင့္သည္။

ဂုတ္ထိပ္တံတားသည္ ေပ ၂၂၆၀ ရွည္လ်ားျပီး တံတား၏ေအာက္ေျခသံတိုင္အခ်ဴ ိ႔ကို အနိမ့္ဆံုးခ်ဴ ိင့္ဝွမ္း ေျမျပင္မွေပ ၁၁၀၀ ခန္႔အျမင့္တြင္ စိုက္ထူထားသည္။ တံတား၏ပ်မ္းမွ် အျမင့္သည္ တံတားေအာက္ရွိလိႈိင္ဂူ ေအာက္တြင္ ျဖတ္သန္းစီးဆင္းေနေသာ ျမစ္ေရျပင္မွအထက္ေပ ၈၂၀ ျဖစ္ျပီး အျမင့္ဆံုးေထာက္တိုင္ေနရာ ရွိမီးရထားသံလမ္းသည္ တံတားေအာက္ေျမျပင္မွ ေပ ၃၃၅ အျမင့္တြင္တည္ရွိသည္။

တံတားတစ္ခုလံုးအတြက္ သံႏွင့္ သံမဏီတန္ခ်ိန္ ၄၃၁၁ တန္ သံမႈိေပါင္း ၁သန္း အသံုးျပဳခဲ႔ရသည္။ တံတားတိုင္ေပါင္း ၁၆ တိုင္ရွိရာ တံတား၏အလယ္တိုင္ မ်ားျဖစ္ျကသည့္ တိုင္အမွတ္ ၈ ႏွင့္ ၉ သည္ အျမင့္ဆံုးျဖစ္သည္။


ဂုတ္ထိပ္တံတားထူးျခားခ်က္မွာ  အျခားေသာတံတားျကီးမ်ားကဲ႔သို႔ ျမစ္ေခ်ာင္းမ်ားကို ျဖတ္ေက်ာ္ ေဆာက္လုပ္ထားျခင္းမဟုတ္ဘဲ  ေပ ၃၀၀ ေက်ာ္မတ္ ေဆာက္သည့္ လွ်ဴ ိျကီးႏွစ္ခုကို ျဖတ္သန္းတည္ေဆာက္ ထားျခင္းျဖစ္သည္။

တံတားျကီးေဆာက္လုပ္မႈ လုပ္ငန္းမ်ားကို ၁၈၉၉ ခု ဧျပီလ ( ၂၈ ) ရက္္တြင္ စတင္ေဆာင္ရြက္ခဲ႔ျပီး ၁၉၀၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၁ ရက္ေန႔တြင္ ျပီးစီးခဲ႔ကာ ထိုေခတ္က ေငြက်ပ္ ( ၁၆၉၈၂၀၀ ) ကုန္က်ခဲ႔သည္.၁၉၀၃ ခုႏွစ္ တံတားျကီးကို စတင္အသံုးျပဳခဲ႔သည္။

အထက္ပါတင္ျပရက္စြဲသည္ လမ္းအူေျကာင္းေဖာက္ျခင္း သံေပါင္မ်ားသယ္ယူျခင္းႏွင့္ ေျမျပင္အေန အထားခ်ိန္ညွိျခင္းအပါအဝင္ ျဖစ္ပါသည္။ အမွန္တကယ္ တံတားအုတ္ျမစ္ခ်သည္မွ ျပီးစီးသည့္အထိမႈ တည္ေဆာက္ခ်ိန္ ကိုးလသာရွိခဲ႔သည္။

ဂုတ္ထိပ္တံတားသည္ ရွမ္းျပည္နယ္ေျမာက္ပိုင္းေနာင္ခ်ဴ ိႏွင့္ ေက်ာက္မဲအျကား မႏၱေလး လားရႈိး မီးရထားလမ္းေပၚတြင္တည္ရွိပါသည္။ အမွားပါရင္ေထာက္ျပျကပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ho zide fee (အညာတရလုလင္ပ်ဴ ိ)
Via: Sai Laung Hein

#Unicode Version#
ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကိုသိမ်းပိုက်ပြီးနောက် ၁၈၉၇ ခုနှစ်တွင် မန္တလေးမှဗန်းမော်သို့မီးရထားလမ်း ဖောက်လုပ်ခဲ့ပြီး မန္တလေးနှင့် ကွန်လုံကိုလည်း မီးရထားလမ်း ဖောက်လုပ်ရန် စီစဉ်ခဲ့ရာ မီးရထားဖြတ်သွားနိုင်မည့် ဂုပ်ထိပ်တံတားကို ဆောက်လုပ်ခဲ့ကြသည်။
ကမ္ဘာကျော် ဂုပ်ထိပ်တံတား တည်ဆောက်ခဲ့စဉ်က

ရထားလမ်းဖောက်လုပ်ရာတွင် အကြီးမားဆုံး အခက်အခဲမှာ နောင်ချူ ိနှင့် ကျောက်မဲခရိုင် နောင်ပိန်မြို့အကြား ဂုတ်တွင်း
လျှူ ိကမ်းပါးကြီးကို ဆက်သွယ်ရသည့်လုပ်ငန်းပင်ဖြစ်လေသည်။ ကမ်းပါးပြတ်ချောက်ကြီးမှာ တစ်ဖက်နှင့်တစ်ဖက်
ပေ ၂၀၀၀ ကျော်မျှ ကွာလှမ်းနေပြီး နက်ရှိုင်းလှသည့်လျှူ ိကြီးမှာ ပေ ၃၀၀ ကျော်မျှရှိနေပြန်ရာ ထိုကျောက်တောင်ကမ်းပါးကြီး နှစ်ဖက်ကို ရထားတံစင်း ဖြစ်သွားလာနိုင်သော တံတားကြီးတည် ဆောက်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ.။

ကမ္ဘာ့ပေါ်တွင်အမြင့်ဆုံး ရထားလမ်းဖြစ်လာမည့် ဂုပ်ထိပ်တံတားကို တည်ဆောက်ရန် ဗြိတသျှအစိုးရက မြန်မာမီးရထား ကုမ္ပဏီကို တည်ထောင်ပေးခဲ့သည်။
ကမ္ဘာကျော် ဂုပ်ထိပ်တံတား

ထို့ကြောင့် ၁၈၉၉ ခုနှစ်တွင် မြန်မာ့မီးရထားကုမ္ပဏီက ဂုပ်ထိပ်တံတားကြီးဆောက်လုပ်ရန်အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ( Sir A . M .Fendal In Co ) အားတံတားတည်ဆောက်ရန် ပုံစံဒီဇိုင်းအပ်နှံ၍ ဆောက်လုပ်ရန်ကိုမှု အမေရိကန်နိုင်ငံရှိ
( Pennsylvania andMaryland ) ကုမ္ပဏီအား တာဝန်ပေးအပ်နှံခဲ့လေသည်။

တောအထပ်ထပ် တေင်အသွယ်သွယ်ကို ဖြတ်သန်းဖောက်လုပ်ရသည့် ဂုပ်ထိပ်တံတားစီမံကိန်းသည် နောင်ချူ ိမြို့မှ ရထားလမ်းအတိုင်း ( ၇ ) မိုင်ခန့်အကွာမိုင်တိုင် ( ၄၆၃ . ၀၉ ) တွင် စတင်ပြီး မြန်မာနိုင်ငံရှိ တံတားများတွင် အမြင့်ဆုံးတံတား ဖြစ်ခဲ့လေသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှ သဘောၤကြီးများဖြင့် တံတားသံပေါင်ကြီးများကိုတံတား တည်ဆောက်မည့်နေရာအထိ ခဲရာခဲဆစ် သယ်ယူခဲ့ရလေသည်။

တံတား၏မြောက်ဘက်ခြမ်းရှိ ကျောက်တောင်ကြီးကို ထွင်းဖောက်၍ ဥမင်လှိုင်ခေါင်းကြီးနှစ်ခုကိုလည်း ရထားဖြတ်သန်းရန် ဖောက်လုပ်ကြရပြန်ပါသည်။

တံတားကြီးကိုထောက်ပင့်ထားသော သံတိုင်များအနက် အမြင့်ဆုံးတိုင်သည် ပေ ၃၂၀ မြင့်၍ အနိမ့်ဆုံး သံတိုင်မှာ ၄၅ ပေမြင့်သည်။

ဂုတ်ထိပ်တံတားသည် ပေ ၂၂၆၀ ရှည်လျားပြီး တံတား၏အောက်ခြေသံတိုင်အချူ ိ့ကို အနိမ့်ဆုံးချူ ိင့်ဝှမ်း မြေပြင်မှပေ ၁၁၀၀ ခန့်အမြင့်တွင် စိုက်ထူထားသည်။ တံတား၏ပျမ်းမျှ အမြင့်သည် တံတားအောက်ရှိလှိုင်ဂူ အောက်တွင် ဖြတ်သန်းစီးဆင်းနေသော မြစ်ရေပြင်မှအထက်ပေ ၈၂၀ ဖြစ်ပြီး အမြင့်ဆုံးထောက်တိုင်နေရာ ရှိမီးရထားသံလမ်းသည် တံတားအောက်မြေပြင်မှ ပေ ၃၃၅ အမြင့်တွင်တည်ရှိသည်။

တံတားတစ်ခုလုံးအတွက် သံနှင့် သံမဏီတန်ချိန် ၄၃၁၁ တန် သံမှိုပေါင်း ၁သန်း အသုံးပြုခဲ့ရသည်။ တံတားတိုင်ပေါင်း ၁၆ တိုင်ရှိရာ တံတား၏အလယ်တိုင် များဖြစ်ကြသည့် တိုင်အမှတ် ၈ နှင့် ၉ သည် အမြင့်ဆုံးဖြစ်သည်။

ဂုတ်ထိပ်တံတားထူးခြားချက်မှာ  အခြားသောတံတားကြီးများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် ဆောက်လုပ်ထားခြင်းမဟုတ်ဘဲ  ပေ ၃၀၀ ကျော်မတ် ဆောက်သည့် လျှူ ိကြီးနှစ်ခုကို ဖြတ်သန်းတည်ဆောက် ထားခြင်းဖြစ်သည်။

တံတားကြီးဆောက်လုပ်မှု လုပ်ငန်းများကို ၁၈၉၉ ခု ဧပြီလ ( ၂၈ ) ရက်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြီးစီးခဲ့ကာ ထိုခေတ်က ငွေကျပ် ( ၁၆၉၈၂၀၀ ) ကုန်ကျခဲ့သည်.၁၉၀၃ ခုနှစ် တံတားကြီးကို စတင်အသုံးပြုခဲ့သည်။

အထက်ပါတင်ပြရက်စွဲသည် လမ်းအူကြောင်းဖောက်ခြင်း သံပေါင်များသယ်ယူခြင်းနှင့် မြေပြင်အနေ အထားချိန်ညှိခြင်းအပါအဝင် ဖြစ်ပါသည်။ အမှန်တကယ် တံတားအုတ်မြစ်ချသည်မှ ပြီးစီးသည့်အထိမှု တည်ဆောက်ချိန် ကိုးလသာရှိခဲ့သည်။

ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချူ ိနှင့် ကျောက်မဲအကြား မန္တလေး လားရှိုး မီးရထားလမ်းပေါ်တွင်တည်ရှိပါသည်။ အမှားပါရင်ထောက်ပြကြပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:  ho zide fee (အညာတရလုလင်ပျူ ိ)
Via: Sai Laung Hein


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top