ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အိမ္ေထာင္သက္တမ္း ရင့္လာတဲ့ ဇနီးမယား တစ္ေယာက္ဟာ ကိုယ့္ရဲ႕ ေယာက်ၤား အေၾကာင္းကို သူေမြးထားတဲ့ အေမထက္ ပိုသိတယ္။

အၾကည့္တစ္ခ်က္ စကားတစ္ခြန္း ကိုယ္အမူအယာ အေျပာင္းအလဲက အစ ဘယ္ေျခကို လွမ္းၿပီး ဘယ္ကမ္း ကပ္မလဲ ဆိုတာ ပါသိတယ္။

ပါးစပ္ဟ လိုက္တာနဲ႔ အူဘယ္ႏွစ္ေခြ တင္မကဘူူး ရင္ထဲက အသည္း ႏွလံုး ေက်ာက္ကပ္ ထိပါ ျမင္တာ။

စကားေတြေတာေျပာ ေတာင္ေျပာ ေျပာခ်င္ရာေျပာ တစ္လံုးခ်င္း မွတ္ၿပီး ဘာသာေတြ ျပန္ေနတဲ့ သူေတြ။

ရယ္စရာ ေျပာေျပာ အတည္ေျပာေျပာ ရင္ထဲ အကုန္ သိမ္းၿပီး အကန္႔ေတြခြဲထည့္ေနက်။

လိုအပ္လာရင္ဘယ္အခ်ိန္က ဘယ္မွာ ဘယ္လို ေျပာခဲ့တာ ဆိုတာကအစ အတိအက် ျပန္ေျပာႏိုင္ၾကသူခ်ည္းပဲ။ တျခားလူေတြကိုသာ အမွတ္မထားရင္ေနမယ္ ကိုယ့္လင္ ေျပာတာ အကုန္အမွတ္ရတယ္။

မမွတ္မိဘူး ဆိုတာ အလကား.. မမွတ္မိခ်င္လို႔သာ မမွတ္မိတာ။ မွတ္မိခ်င္တာ အကုန္ မွတ္မိတဲ့ သူေတြခ်ည္းပဲ။

ဟာ... မိန္းမကလဲကြာ မဟုတ္ပါဘူးကြာ.. မလုပ္ပါဘူးကြာ.. ဆိုတာကို မ်က္ေစ့မွိတ္ ယံုေနၾကတာ မဟုတ္ဖူး။ တစ္ခါတစ္ေလ ပလစ္လို႔ရလို႔ ပလစ္ ေပးထားတာ။ တစ္ခါတစ္ေလက် ငါ့ကို လိမ္ေနတာ ဆိုတာ သိသိနဲ႔ တမင္ အလိမ္ခံ ေနၾကရတာ။

လိမ္စမ္း ႀကိဳက္သေလာက္ ဆိုၿပီး တစ္ခါတစ္ေလ မ်က္လံုးေလးေမွး လက္ေလးပိုက္ၿပီး ခပ္မဲ့မဲ့ၿပံဳးရင္း ၾကည့္ေနတတ္ ၾကေသးတာ။

ကိုယ့္ေယာက်ၤား ေခ်ာက္ ထဲလွမ္းသလား.. အေပါက္ထဲ လွမ္းသလား သိပ္သိတာေပါ့။

ေအး.. သိပ္ စိတ္နာလာရင္ အဲ့ေခ်ာက္ေတြ အဲ့ အေပါက္ေတြထဲ တြင္းဆုံးက်ေအာင္ ကူတြန္းေပး ခ်င္ေပးၾကအုံးမွာ။

ေျပာခ်င္တာက ငါ့မိန္းမ မသိေလာက္ပါဘူး လို႔ ထင္မေနၾကနဲ႔ လို႔။ သိတယ္ သိတယ္ အကုန္သိတယ္။ မသိခ်င္ေယာင္ ေဆာင္တာနဲ႔ မသိခ်င္လို႔ ပလစ္ထားတာ ပဲ ရွိတယ္လို႔။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Ma Natthamee

#Unicode Version#
အိမ်ထောင်သက်တမ်း ရင့်လာတဲ့ ဇနီးမယား တစ်ယောက်ဟာ ကိုယ့်ရဲ့ ယောင်္ကျား အကြောင်းကို သူမွေးထားတဲ့ အမေထက် ပိုသိတယ်။

အကြည့်တစ်ချက် စကားတစ်ခွန်း ကိုယ်အမူအယာ အပြောင်းအလဲက အစ ဘယ်ခြေကို လှမ်းပြီး ဘယ်ကမ်း ကပ်မလဲ ဆိုတာ ပါသိတယ်။

ပါးစပ်ဟ လိုက်တာနဲ့ အူဘယ်နှစ်ခွေ တင်မကဘူူး ရင်ထဲက အသည်း နှလုံး ကျောက်ကပ် ထိပါ မြင်တာ။

စကားတွေတောပြော တောင်ပြော ပြောချင်ရာပြော တစ်လုံးချင်း မှတ်ပြီး ဘာသာတွေ ပြန်နေတဲ့ သူတွေ။

ရယ်စရာ ပြောပြော အတည်ပြောပြော ရင်ထဲ အကုန် သိမ်းပြီး အကန့်တွေခွဲထည့်နေကျ။

လိုအပ်လာရင်ဘယ်အချိန်က ဘယ်မှာ ဘယ်လို ပြောခဲ့တာ ဆိုတာကအစ အတိအကျ ပြန်ပြောနိုင်ကြသူချည်းပဲ။ တခြားလူတွေကိုသာ အမှတ်မထားရင်နေမယ် ကိုယ့်လင် ပြောတာ အကုန်အမှတ်ရတယ်။

မမှတ်မိဘူး ဆိုတာ အလကား.. မမှတ်မိချင်လို့သာ မမှတ်မိတာ။ မှတ်မိချင်တာ အကုန် မှတ်မိတဲ့ သူတွေချည်းပဲ။

ဟာ... မိန်းမကလဲကွာ မဟုတ်ပါဘူးကွာ.. မလုပ်ပါဘူးကွာ.. ဆိုတာကို မျက်စေ့မှိတ် ယုံနေကြတာ မဟုတ်ဖူး။ တစ်ခါတစ်လေ ပလစ်လို့ရလို့ ပလစ် ပေးထားတာ။ တစ်ခါတစ်လေကျ ငါ့ကို လိမ်နေတာ ဆိုတာ သိသိနဲ့ တမင် အလိမ်ခံ နေကြရတာ။

လိမ်စမ်း ကြိုက်သလောက် ဆိုပြီး တစ်ခါတစ်လေ မျက်လုံးလေးမှေး လက်လေးပိုက်ပြီး ခပ်မဲ့မဲ့ပြုံးရင်း ကြည့်နေတတ် ကြသေးတာ။

ကိုယ့်ယောင်္ကျား ချောက် ထဲလှမ်းသလား.. အပေါက်ထဲ လှမ်းသလား သိပ်သိတာပေါ့။

အေး.. သိပ် စိတ်နာလာရင် အဲ့ချောက်တွေ အဲ့ အပေါက်တွေထဲ တွင်းဆုံးကျအောင် ကူတွန်းပေး ချင်ပေးကြအုံးမှာ။

ပြောချင်တာက ငါ့မိန်းမ မသိလောက်ပါဘူး လို့ ထင်မနေကြနဲ့ လို့။ သိတယ် သိတယ် အကုန်သိတယ်။ မသိချင်ယောင် ဆောင်တာနဲ့ မသိချင်လို့ ပလစ်ထားတာ ပဲ ရှိတယ်လို့။

ဖိုးသူတော် (www.phothutaw.com)
Credit: Ma Natthamee
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top