ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျမန္မာစာကိုျမန္မာလိုမေရးေတာ့ခံေပါ့ 😂😛😂😛😂😛😂😛😂😛

ရီရလြန္းလို႔သူမ်ားဆီကျပန္ကူးလာတာသင္ဒီစာေလးဖတ္ျပီး 😂😂😂😁😁

“ေမေမ …ေခြးေတြကစာဖတ္တတ္လားဟင္”

အိမ္ကအစ္မနဲ႔ သူ႔သား က်ဴပ္တူေျပာေနၾကတာေလ။

“ငါ့သားကလဲ …ဘယ္ေခြးက စာတတ္မွာလဲကြယ္”

“အာ့ဆုိ … ဦးဦးက ေခြးဆီစာေရးတယ္၊ ဝဆဲြ(၀)ေတြက်န္ေနလုိ႔ သားေတာင္ျဖည့္ေပးလိုက္ေသးတယ္”

“ဟင္ … ဘာေတြလဲ သားရယ္ …”

သားလဲေမးျပီး … ခဏၾကာေသာ္ …

“အစ္မ …ညည္းသား …ညည္းရုိက္မလား … ငါရုိက္ရမလား”

“ဟင္ … ဘာလုိ႔လဲ … ငါ့ေမာင္ရယ္”

“ငါ့ေခးဆီ … ေခ်ာ့တဲ့စာ …သူေလ်ာက္ျဖည့္ထားတယ္၊ စာကေပးျပီးျပီ …”

“ေခး … … ဆုိတာက”

“ငါ့ခ်စ္သူေလ …ငါ့ထက္ငယ္လုိ႔ …ေခး … ေခး … လုိ႔ေခၚတာ”

က်ဴပ္နဲ႔ … အဲ …ေခးျပတ္ျပီေလ။ ျပတ္မွာေပါ့ က်ဴပ္ေပးတဲ႔စာက တမ်ိဳး၊ အစ္မသား …ဝဆြဲ ျဖည္႔လိုက္ေတာ႔ မျပတ္ပဲေနမလား။

က်ဴပ္က … ခ်စ္စႏိုး …ေခး လို႔ေခၚတာေလ …သူက ဝဆြဲ ျဖည္႔လိုက္ေတာ့ …

သုိ႔ ……. ေခြး

ကုိကုိစာေရးလိုက္တယ္။ ေခြးစားခ်င္တာေကြ်းမယ္ေလ … ေနာ္၊ ပိုက္ဆံျပတ္ေနလုိ႔ပါ ေခြးရယ္ …။ကုိကုိပါတဲ့ေန႔ … ေခြးကုိ အဝေကြ်းမယ္၊ေခြးက လမ္းေဘးစာႀကိဳက္တယ္ေနာ္။ ယင္နားစာေတြ မစားပါနဲ႔လား … ေခြးရယ္၊ ကုိကုိစိတ္ပူလုိ႔ပါ …ေခြးစားခ်င္ … ကုိကုိပါတာနဲ႔ ေကြ်းပါ့မယ္။

စိတ္မဆုိးေတာ့နဲ႔ေနာ္ …ေခြးရဲ႕ကုိကုိ

အဲစာေပးလိုက္တာ …မျပတ္ေနမလား။

က်ဴပ္တူကုိ …နင္းကန္ရုိက္ပစ္ခ်င္တာ အစ္မကတားလုိ႔ေပါ့။ သူ႔ … ေစတနာက က်ဴပ္ေတာ့ …ပါးခ်မခံရတာကံေကာင္း။

အားလံုးရယ္ေမာေပ်ာ္ရႊင္ႏိုင္ၾကပါေစ” ေမတၱာျဖင့္မ်ွေဝပါသည္”
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer

#Unicode Version#




မြန်မာစာကိုမြန်မာလိုမရေးတော့ခံပေါ့ 😂😛😂😛😂😛😂😛😂😛

ရီရလွန်းလို့သူများဆီကပြန်ကူးလာတာသင်ဒီစာလေးဖတ်ပြီး 😂😂😂😁😁

“မေမေ …ခွေးတွေကစာဖတ်တတ်လားဟင်”

အိမ်ကအစ်မနဲ့ သူ့သား ကျူပ်တူပြောနေကြတာလေ။

“ငါ့သားကလဲ …ဘယ်ခွေးက စာတတ်မှာလဲကွယ်”

“အာ့ဆို … ဦးဦးက ခွေးဆီစာရေးတယ်၊ ဝဆွဲ(ဝ)တွေကျန်နေလို့ သားတောင်ဖြည့်ပေးလိုက်သေးတယ်”

“ဟင် … ဘာတွေလဲ သားရယ် …”

သားလဲမေးပြီး … ခဏကြာသော် …

“အစ်မ …ညည်းသား …ညည်းရိုက်မလား … ငါရိုက်ရမလား”

“ဟင် … ဘာလို့လဲ … ငါ့မောင်ရယ်”

“ငါ့ခေးဆီ … ချော့တဲ့စာ …သူလျောက်ဖြည့်ထားတယ်၊ စာကပေးပြီးပြီ …”

“ခေး … … ဆိုတာက”

“ငါ့ချစ်သူလေ …ငါ့ထက်ငယ်လို့ …ခေး … ခေး … လို့ခေါ်တာ”

ကျူပ်နဲ့ … အဲ …ခေးပြတ်ပြီလေ။ ပြတ်မှာပေါ့ ကျူပ်ပေးတဲ့စာက တမျိုး၊ အစ်မသား …ဝဆွဲ ဖြည့်လိုက်တော့ မပြတ်ပဲနေမလား။

ကျူပ်က … ချစ်စနိုး …ခေး လို့ခေါ်တာလေ …သူက ဝဆွဲ ဖြည့်လိုက်တော့ …

သို့ ……. ခွေး

ကိုကိုစာရေးလိုက်တယ်။ ခွေးစားချင်တာကျွေးမယ်လေ … နော်၊ ပိုက်ဆံပြတ်နေလို့ပါ ခွေးရယ် …။ကိုကိုပါတဲ့နေ့ … ခွေးကို အဝကျွေးမယ်၊ခွေးက လမ်းဘေးစာကြိုက်တယ်နော်။ ယင်နားစာတွေ မစားပါနဲ့လား … ခွေးရယ်၊ ကိုကိုစိတ်ပူလို့ပါ …ခွေးစားချင် … ကိုကိုပါတာနဲ့ ကျွေးပါ့မယ်။

စိတ်မဆိုးတော့နဲ့နော် …ခွေးရဲ့ကိုကို

အဲစာပေးလိုက်တာ …မပြတ်နေမလား။

ကျူပ်တူကို …နင်းကန်ရိုက်ပစ်ချင်တာ အစ်မကတားလို့ပေါ့။ သူ့ … စေတနာက ကျူပ်တော့ …ပါးချမခံရတာကံကောင်း။


အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ” မေတ္တာဖြင့်မျှဝေပါသည်”
ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top