ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
(၃)အားသာချက်ရှိခြင်း
Credit: nanmalgyi
#Unicode Version#
ယခုခေတ်တွင် ဖက်ရှင်ဒီဇိုင်းများ အရေးပါလာခဲ့သလို ကိုယ်ကာယကြံ့ခိုင်မှုအတွက် Gym ကစားခြင်းဟာလည်း လူငယ်တွေကြားမှာ ခေတ်စားလာတဲ့ အလေ့အကျင့်တခု ဖြစ်လာခဲ့ပါတယ်။ ဒီလို Gym ကစားကြတဲ့ အချိန်များတွင် ယောကျ်ားလေးအများစုဟာ အောက်ပိုင်းကစားရန် တွန့်ဆုတ်နေတက်ကြပါတယ်။
ဒီလိုတွန့်ဆုတ်နေကြတဲ့ အကြောင်းအရင်းများထဲတွင် တင်ပါးဖွံဖြိုးလာမည်ကို စိုးရိမ်မိသော အချက်မှာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုတင်ပါးဖွံဖြိုးမှုဟာ အမျိုးသမီးများသာမကပဲ အမျိုးသားအတွက်လည်း ကောင်းကျိုးများစွာ ရှိနေပါတယ်။ ဒါကြောင့် အမျိုးသားများ တင်ပါးကိတ်ခြင်း၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ရပါတယ်။
(၁) ဆွဲဆောင်မှုရှိခြင်း
တင်ပါးလုံးဝန်းပြီး ပြည့်ဝတောင့်တင်းသော အမျိုးသားများဟာ တင်ပါးရှူးသော အမျိုးသားများထက်ပိုမိုဆွဲဆောင်မှု ရှိစေပါတယ်။ အမျိုးသမီးအများစုဟာ တင်ပါးရှူးသော အမျိုးသမီးများထက် တင်ပါးဖွံဖြိုးကြီးမားသော အမျိုးသားတွေကို ပိုမိုနှစ်သက်ကြကြောင်း သိရှိရပါတယ်။
(၂) ဝတ်စားဆင်ယင်မှုတွင် စမတ်ကျခြင်း
တင်ပါးဖွံ့ဖြိုးတဲ့ အမျိုးသားများဟာ အနောက်တိုင်းဝတ်စုံ၊ ဂျင်းဘောင်းဘီများ ဝတ်ဆင်ရာမှာ ပိုမိုစမတ်ကျပြီး ကြည့်ကောင်းသူများ ဖြစ်ကြပါတယ်။ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ရာမှာ တင်ပါးဖွံဖြိုးပါက အလုံးအထည်ပိုမို ပေါ်လွင်မှုရှိစေကာ စမတ်ကျစေပါတယ်။ တင်ပါးဖွံဖြိုးမှု အားနည်းသည့် အမျိုးသားများထက် တင်ပါးဖွံ့ဖြိုးသည့်အမျိုးသားများမှာ ဝတ်စားဆင်ယင်မှုတွင် ပိုမိုအားသာချက်ရှိစေပြီး အခြားသော Free Style ပုံစံများတွင်လည်း ရွေးချယ်ဝတ်ဆင်စရာ ဒီဇိုင်းများ ပိုမိုများပြားတာကိုလည်း တွေ့မြင်နိုင်ပါတယ်။
(၃)အားသာချက်ရှိခြင်း
တင်ပါးဖွံ့ဖြိုးသော အမျိုးသား အိမ်ထောင်ရှင်များဟာ အခြားသော အမျိုးသားများထက် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ကြောင်း စစ်တမ်းများအရ သိရပါတယ်။
(၄) ကိုယ်ကာယ ကြံ့ခိုင်မှုပိုမိုကောင်းမွန်ခြင်း
တင်ပါးဖွံ့ဖြိုးသော အမျိုးသားများဟာ သာမန်အမျိုးသားများထက် ကိုယ်ကာယ ကြံ့ခိုင်မှု အားကောင်းကြပါတယ်။ Gym ကစားရာတွင် တင်ပါးဖွံ့ဖြိုးမှုအားနည်းသော အမျိုးသားများထက် ပိုမိုအဆင်ပြေကာ ကိုယ်ခန္ဓာကြံ့ခိုင်မှုတွင် မြန်ဆန်စွာ ဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။ အောက်ပိုင်းထိုင် လေ့ကျင့်ခန်းများတွင် တင်ပါးဖွံဖြိုးမှု အားနည်းသည့် အမျိုးသားများထက် အထိုင်ကျကျ ပြုလုပ်နိုင်သည့် အားသာချက်များလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top