iMyanmarHouse.com - Best Property Website for Myanmar
×


(ထိုင္းနာမည္ၾကီးသတင္းတစ္ပုဒ္)

အေဖ့ကိုခ်စ္လြန္းတဲ့သမီးေလး
~~သနားစရာမိသားစု~~`
ဒီကေလး၆လ သမီးအရြယ္ကတည္းက မိခင္က စြန္ ့သြားခဲ့တာပါ။
အေမဆိုတာ ျဖဴသလားမည္းသလား မသိခဲ့ရွာဘူး။

ဆင္းဆင္းရဲရဲႏွင့္ အေဖနဲ ့အတူဘ၀ကိုၾကီးျပင္းလာခဲ့သူဆိုေတာ့ နို့ဗူးေသာက္ျပီး ႀကီးၿပင္းလာတဲ့ ကေလးမေလးပါ။ ကေလးက အေဖ့စကားနားေထာင္ၿပီးအရမ္းလိမ္မာတာပါ။
ဒါေပမယ့္ ကံတရားကအရမ္းရက္စက္တယ္ ကံတရားက မ်က္နွာသာမေပးခဲ့ဘူး
ဒီကေလးအတြက္ အားကိုးရာအစစ္ဆိုလို့ ဒီေလာကမွာ အေဖမွအပ မရွိေတာ့ပါ။ အေဖဆိုတာ သူ့ဘဝအတြက္ျမင့္မိုရ္ေတာင္ပါ။ အေဖတစ္ခု သမီးတစ္ခုေပါ့ဗ်ာ။။

သားအဖနွစ္ေယာက္အတြက္ ကံႀကမၼာဆိုးဝင္လာခဲ့တာက ဖခင္အလုပ္လုပ္ေနရင္း ေခ်ာ္လဲခဲ့ရာကေန နံရံနဲ ့ေခါင္းနဲ ့ရိုက္မိလို ့ ဦးေနွာက္နဲ ့ အာရံုေၾကာ ထိသြားပါတယ္၊

လက္တြန္းလွည္းနဲ ့ တခ်ိန္လံုးေနရျပီး မထနိုင္မလွဳပ္ႏိုင္တဲ့ အေဖကို ေက်ာင္းတဖက္နဲ ့ပါ အေဖျဖစ္သူေရမခ်ိဳးနိုင္ဘူးဆိုတာသိေတာ့ ဇလံုထဲမွာေရထည့္ အေဖ့ခႏၶာကိုယ္ကို ေရပတ္တိုက္တယ္။ ေခ်ြးထြက္ေနတဲ့ အေဖ့ခႏၶာကိုယ္ကို ေန့စဥ္သုတ္ေပးတယ္။
အေဖက အေပါ့အေလးသြားခ်င္တယ္ဆိုလဲ ေထြးခံေတြယူေပး ျပီးေတာ့အိမ္သာသြားစြန့္ပစ္ျပီးရင္ သူကိုယ္တိုင္ပဲ မရြံမရွာေဆးေႀကာေနတတ္တယ္။

ဇြန္နဲ့အေဖ့ကို အာဟာရေတြတိုက္ေက်ြးေပးေနတယ္။ အိပ္ေတာ့လဲ အေဖ့ကိုရွိခိုးျပီးရင္ အေဖ့ကိုဖက္ျပီးအိပ္ရမွ နွစ္ႏွစ္ျခစ္ျခစ္ အိပ္ေပ်ာ္တတ္တဲ့ကေလးပါ။
အရြယ္နဲ့မလိုက္ေအာင္ အင္အားရွိသမ်ွ အနားမွာ ျပဳစုေနတဲ ့ ထိုင္းနိုင္ငံက သမီးငယ္ေလးတဦးကို အြန္လိုင္းကေန ေဖၚျပေပးရင္း ခေလးငယ္ရဲ ့ ဖခင္ေပၚထားတဲ့ ေမတၱာကို ေလးစားဂုဏ္ယူရပါတယ္။ ကေလးအျမဲေျပာေနတဲ့မပီကလာ ပီကလားစကားေတြက
‘သမီးေဖေဖဘယ္ေတာ့ေနေကာင္းမလဲတဲ့’
‘သမီးေဖေဖေနေကာင္းမွ ေက်ာင္းလိုက္ပို့ခိုင္းမယ္တဲ့’
‘သမီးေဖေဖနဲ့မခြဲနိုင္ဘူးတဲ့’
‘သမီးေဖေဖျမန္ျမန္ေနေကာင္းေအာင္ ဘုရားမွာေန့တိုင္းဆုေတာင္းေနတယ္တဲ့’
‘သမီးေဖေဖကိုအရမ္းခ်စ္တယ္တဲ့’
အရြယ္နဲ့မလိုက္ေအာင္ အေဖ့ကိုခ်စ္ေနတဲ့ ဒီကေလးကိုႀကည့္ျပီး မ်က္ရည္ဝဲရပါတယ္ဗ်ာ။

‘အိုး ကေလးေရ သူမ်ားကေလးေတြလို ဒီအရြယ္မွာ အပူကင္းကင္းနဲ့ ေပ်ာ္ေပ်ာ္ပါးပါးေနရမယ့္အခ်ိန္မွာ အရြယ္နဲ့မလိုက္ေအာင္
ဘာျဖစ္လို့ခါးသီးတဲ့ ေလာကဓံႀကီးေတြ ဒဏ္ရာဒဏ္ခ်က္ႀကီးေတြနဲ့ေတြ့ဆံုေနရတာလဲကြယ္
ေအးေလ ဘာပဲျဖစ္ျဖစ္ သမီးရဲ့စစ္မွန္တဲ့ ေမတၱာေႀကာင့္ သမီးေဖေဖျမန္ျမန္ေနေကာင္းပါေစကြယ္’

(သေဗၺသတၱာကမၼသကာ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ရသစံု ဓမၼေပါင္းခ်ဳပ္
# Unicode Version ျဖင့္ ဖတ္ပါ #
(ထိုင်းနာမည်ကြီးသတင်းတစ်ပုဒ်)

အဖေ့ကိုချစ်လွန်းတဲ့သမီးလေး
~~~~~±±~~~~~~~~~~~
~~သနားစရာမိသားစု~~`
ဒီကလေး၆လ သမီးအရွယ်ကတည်းက မိခင်က စွန့်သွားခဲ့တာပါ။
အမေဆိုတာ ဖြူသလားမည်းသလား မသိခဲ့ရှာဘူး။

ဆင်းဆင်းရဲရဲနှင့် အဖေနဲ့အတူဘဝကိုကြီးပြင်းလာခဲ့သူဆိုတော့ နို့ဗူးသောက်ပြီး ကြီးပြင်းလာတဲ့ ကလေးမလေးပါ။ ကလေးက အဖေ့စကားနားထောင်ပြီးအရမ်းလိမ်မာတာပါ။
ဒါပေမယ့် ကံတရားကအရမ်းရက်စက်တယ် ကံတရားက မျက်နှာသာမပေးခဲ့ဘူး
ဒီကလေးအတွက် အားကိုးရာအစစ်ဆိုလို့ ဒီလောကမှာ အဖေမှအပ မရှိတော့ပါ။ အဖေဆိုတာ သူ့ဘဝအတွက်မြင့်မိုရ်တောင်ပါ။ အဖေတစ်ခု သမီးတစ်ခုပေါ့ဗျာ။။

သားအဖနှစ်ယောက်အတွက် ကံကြမ္မာဆိုးဝင်လာခဲ့တာက ဖခင်အလုပ်လုပ်နေရင်း ချော်လဲခဲ့ရာကနေ နံရံနဲ့ခေါင်းနဲ့ရိုက်မိလို့ ဦးနှောက်နဲ့ အာရုံကြော ထိသွားပါတယ်၊

လက်တွန်းလှည်းနဲ့ တချိန်လုံးနေရပြီး မထနိုင်မလှုပ်နိုင်တဲ့ အဖေကို ကျောင်းတဖက်နဲ့ပါ အဖေဖြစ်သူရေမချိုးနိုင်ဘူးဆိုတာသိတော့ ဇလုံထဲမှာရေထည့် အဖေ့ခန္ဓာကိုယ်ကို ရေပတ်တိုက်တယ်။ ချွေးထွက်နေတဲ့ အဖေ့ခန္ဓာကိုယ်ကို နေ့စဉ်သုတ်ပေးတယ်။
အဖေက အပေါ့အလေးသွားချင်တယ်ဆိုလဲ ထွေးခံတွေယူပေး ပြီးတော့အိမ်သာသွားစွန့်ပစ်ပြီးရင် သူကိုယ်တိုင်ပဲ မရွံမရှာဆေးကြောနေတတ်တယ်။

ဇွန်နဲ့အဖေ့ကို အာဟာရတွေတိုက်ကျွေးပေးနေတယ်။ အိပ်တော့လဲ အဖေ့ကိုရှိခိုးပြီးရင် အဖေ့ကိုဖက်ပြီးအိပ်ရမှ နှစ်နှစ်ခြစ်ခြစ် အိပ်ပျော်တတ်တဲ့ကလေးပါ။
အရွယ်နဲ့မလိုက်အောင် အင်အားရှိသမျှ အနားမှာ ပြုစုနေတဲ့ ထိုင်းနိုင်ငံက သမီးငယ်လေးတဦးကို အွန်လိုင်းကနေ ဖေါ်ပြပေးရင်း ခလေးငယ်ရဲ့ ဖခင်ပေါ်ထားတဲ့ မေတ္တာကို လေးစားဂုဏ်ယူရပါတယ်။ ကလေးအမြဲပြောနေတဲ့မပီကလာ ပီကလားစကားတွေက
‘သမီးဖေဖေဘယ်တော့နေကောင်းမလဲတဲ့’
‘သမီးဖေဖေနေကောင်းမှ ကျောင်းလိုက်ပို့ခိုင်းမယ်တဲ့’
‘သမီးဖေဖေနဲ့မခွဲနိုင်ဘူးတဲ့’
‘သမီးဖေဖေမြန်မြန်နေကောင်းအောင် ဘုရားမှာနေ့တိုင်းဆုတောင်းနေတယ်တဲ့’
‘သမီးဖေဖေကိုအရမ်းချစ်တယ်တဲ့’
အရွယ်နဲ့မလိုက်အောင် အဖေ့ကိုချစ်နေတဲ့ ဒီကလေးကိုကြည့်ပြီး မျက်ရည်ဝဲရပါတယ်ဗျာ။

‘အိုး ကလေးရေ သူများကလေးတွေလို ဒီအရွယ်မှာ အပူကင်းကင်းနဲ့ ပျော်ပျော်ပါးပါးနေရမယ့်အချိန်မှာ အရွယ်နဲ့မလိုက်အောင်
ဘာဖြစ်လို့ခါးသီးတဲ့ လောကဓံကြီးတွေ ဒဏ်ရာဒဏ်ချက်ကြီးတွေနဲ့တွေ့ဆုံနေရတာလဲကွယ်
အေးလေ ဘာပဲဖြစ်ဖြစ် သမီးရဲ့စစ်မှန်တဲ့ မေတ္တာကြောင့် သမီးဖေဖေမြန်မြန်နေကောင်းပါစေကွယ်’

(သဗ္ဗေသတ္တာကမ္မသကာ)

ဖိုးသူတော် (www.phothutaw.com)
Credit: ရသစုံ ဓမ္မပေါင်းချုပ်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top