မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မီးယပ္ေရာဂါဟာ အေတာ္စိတ္ညစ္ရသလို မသက္မသာလဲ ျဖစ္ေစႏိုင္ပါတယ္။ ဒါေပမယ့္ ဘယ္လို တိတိပပကိစၥေတြက မီးယပ္ေရာဂါကို ျဖစ္ေစတာလဲ။ ေအာက္မွေဖာ္ျပထားတဲ့ အေၾကာင္းအရာက မီးယပ္ေရာဂါျဖစ္ေစတဲ့ အခ်က္ ၄ ခ်က္အေၾကာင္း အခ်က္အလက္ေတြကို ေပးပါလိမ့္မယ္။

မီးယပ္ေရာဂါအေၾကာင္း ဘာသိလဲ။

မီးယပ္ေရာဂါကို အမ်ိဳးသမီး မ်ိဳးပြားစနစ္ရဲ႕ လုပ္ေဆာင္မႈအေပၚ ထင္ထင္ရွားရွား သက္ေရာက္မႈရွိတဲ့ စနစ္မက်မႈလို႔ ျမင္ၾကပါတယ္။ မၾကာခဏ အျမင္ရဆံုးျဖစ္တဲ့ လကၡဏာေတြကေတာ့ ေယာနိယားယံျခင္း၊ ရာသီလာျခင္း၊ တင္ပါးဆံုနာက်င္ကိုက္ခဲျခင္း၊ ေယာနိမွ မူမမွန္ေသာ ေသြးဆင္းျခင္း၊ ရင္သားနာက်င္ျခင္းနဲ႔ အက်ိတ္္ထြက္ျခင္းတို႔ ျဖစ္ပါတယ္။ အဲ့လကၡဏာေတြရဲ႕ ျပင္းထန္မႈက ပံုမွန္ဆိုရင္ အမ်ိဳးသမီးေတြရဲ႕ အသက္ေပၚ မူတည္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီလကၡဏာေတြက အသက္ႀကီးတာနဲ႔အတူ ေျပာင္းလဲလာတဲ့   ေဟာ္မုန္းေတြေၾကာင့္ ျဖစ္လာတဲ့အတြက္ပါ။ ဒါ့အျပင္ hairsutism သို႔မဟုတ္ hairiness လို႔ သိၾကတဲ့ အေမႊးအမွ်င္ ထူထပ္ျခင္းကလဲ မီးယပ္လကၡဏာလို႔ တခါတရံ သတ္မွတ္တတ္ပါတယ္။ အမ်ိဳးသမီးေတြအတြက္ အေမႊးအမွ်င္ထူတယ္ဆိုတာ ပံုမွန္မဟုတ္လို႔ပါ။ ထပ္ေျပာရရင္ အေမႊးအမွ်င္ထူတာဟာ အမ်ိဳးသမီး မ်ိဳးပြားစနစ္ကို သက္ေရာက္ေစတဲ့ အမ်ိဳးသားေဟာ္မုန္းပမာဏ မ်ားျပားျခင္းေၾကာင့္ျဖစ္ပါတယ္။

မီးယပ္ေရာဂါျဖစ္ေစတဲ့ အခ်က္ ၄ ခ်က္

၁။ သားအိမ္ေခါင္းကင္ဆာ

သားအိမ္ေခါင္းကင္ဆာဟာ ထိန္းခ်ဳပ္လို႔သာ ရႏိုင္ၿပီး ကုသလို႔ မရႏိုင္တဲ့ ဗိုင္းရပ္စ္ေၾကာင့္ ျဖစ္တာပါ။ ဆိုလိုတာကေတာ့ အမ်ိဳးသမီးေတြဟာ သူတို႔ သက္တမ္းတေလွ်ာက္မွာ တခ်ိန္ခ်ိန္ေတာ့ သားအိမ္ေခါင္းကင္ဆာ ျဖစ္ႏိုင္ပါတယ္။

သားအိမ္ေခါင္းကင္ဆာရွိတဲ့ အမ်ိဳးသမီးအခ်ိဳ႕က ဗိုင္းရပ္စ္ရွိတဲ့ လကၡဏာ မျပၾကပါဘူး။ pap smear လို႔ေခၚတဲ့ စမ္းသပ္မႈျဖင့္သာ ရွိမရွိ သိႏိုင္ပါတယ္။ တျခားတစ္ဖက္မွာ သားအိမ္ေခါင္းကင္ဆာ လကၡဏာျပတဲ့ အမ်ိဳးသမီးေတြမွာ အျဖဴေရာင္၊ ခရမ္းေရာင္၊ မီးခိုးေရာင္ လိင္အဂၤါၾကြက္ႏို႔ေတြက ေယာနိ သို႔မဟုတ္ စအို၊ ေယာနိအျပင္ပိုင္း သို႔မဟုတ္ ေပါင္ၿခံေတြမွာ လကၡဏာအေနနဲ႔ ေပၚလာတတ္ပါတယ္။ လိင္အဂၤါၾကြက္ႏို႔ျဖစ္တဲ့သူေတြဟာ နာက်င္မႈကို ခံစားရတတ္ပါတယ္။ တခ်ိဳ႕အမ်ိဳးအစားဗိုင္းရပ္စ္ေတြက သားအိမ္ေခါင္းကင္ဆာ သို႔မဟုတ္ သားအိမ္ေခါင္းနဲ႔ ပတ္သက္တဲ့ ေနာက္ဆက္တြဲ ေရာဂါေတြ ျဖစ္ေစႏိုင္ပါတယ္။

၂။ မကူးစက္ႏိုင္တဲ့ ေယာနိေရာင္ရမ္းျခင္း

မကူးစက္ႏိုင္တဲ့ ေယာနိေရာင္ရမ္းျခင္းဆိုတာ ေယာနိအတြက္သံုးတဲ့ လိမ္းေဆး၊ မႈတ္ေဆး သို႔မဟုတ္ ဆပ္ျပာ၊ ေခ်းခၽြတ္ေဆးနဲ႔ အဝတ္အေမႊးဆီတို႔နဲ႔ ဓာတ္မတည့့္ျခင္း သို႔မဟုတ္ က်ိန္းစပ္ျခင္းတို႔ရဲ႕ စံရလဒ္တစ္ခု ျဖစ္ပါတယ္။ ဒါျဖစ္ေစတဲ့ ပစၥည္းေတြကို အသံုးမျပဳေတာ့တာနဲ႔ အခ်ိန္အနည္းငယ္ ၾကာသြားရင္ ဒီလကၡဏာေတြဟာ ေပ်ာက္ကြယ္သြားပါလိမ့္မယ္။ ဒါေပမယ့္ သင့္က်န္းမာေရးေစာင့္ေရွာက္မႈ ေပးတဲ့သူက က်ိန္းစပ္မႈ ေပ်ာက္တဲ့အထိ သက္သာေအာင္ လိမ္းေဆးတစ္မ်ိဳးကို ညႊန္ႏုိင္ပါတယ္။

၃။ Yeast infections

Yeast infection ဆိုတာ candida လို႔ေခၚတဲ့ မိႈတစ္မ်ိဳးေၾကာင့္ ျဖစ္တဲ့ ကူးစက္မႈမ်ိဳးပါ။ yeast infection ရဲ႕ သိသာထင္ရွားတဲ့ ေရာဂါလကၡဏာကေတာ့ ေစးပစ္တဲ့ အျဖဴေတြ ေယာနိမွ ဆင္းတာ ျဖစ္ပါတယ္။ တခ်ိဳ႕အမ်ိဳးသမီးေတြမွာ ေယာနိအျပင္သားက နီရဲၿပီး ယားယံေနခ်ိန္မွာကို အျဖဴဆင္းတာ ခံစားၾကရပါတယ္။ ဒါေပမယ့္ yeast infection အတြက္ ကုသမႈေတြဟာ ဆရာဝန္လက္မွတ္မပါပဲ အလြယ္တကူရႏိုင္ပါတယ္။ အကယ္၍ သင့္မွာ yeast infection ရွိတယ္လို႔ သံသယရွိပါက တျခားေရာဂါရွာေဖြရန္နဲ႔ ကုသမႈခံယူရန္ ေဆးခန္းသြားတာက အေကာင္းဆံုးပါ။

၄။ Bacterial vaginosis

ေယာနိမွာရွိတဲ့ ဘက္တီးရီးယားေတြ အဆမတန္ ႀကီးထြားမႈေၾကာင့္ ျဖစ္တာပါ။ ဒီေရာဂါခံစားရတဲ့ အမ်ိဳးသမီးေတြမွာ ငါးညွီနံ႔နဲ႔ ႏို႔ႏွစ္ေရာင္ အရည္က်ဲေတြ ဆင္းတတ္ပါတယ္။ ဒီျဖစ္ရပ္မွာဆိုရင္ ေနာက္ထပ္ ကုသမႈနဲ႔ ေဆးးေတြအတြက္ ဆရာဝန္ျဖင့္ ျပသသင့္ပါတယ္။

မီးယပ္ေရာဂါဟာ ဘဝရဲ႕ က႑အေတာ္မ်ားမ်ားအေပၚ သက္ေရာက္ႏိုင္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြဟာ ေဆးခန္းကို မွန္မွန္သြားၿပီး သူမတို႔ ခႏၶာကိုယ္သည္ နာမက်န္းမႈ၊ ေရာဂါ ဘာမွမရွိဘဲ ပံုမွန္ အလုပ္လုပ္ေနသလားဆိုတာ စစ္ေဆးဖို႔ အႀကံဥာဏ္ေပးထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hellosayarwon
#Unicode Version#
မီးယပ်ရောဂါဟာ အတော်စိတ်ညစ်ရသလို မသက်မသာလဲ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လို တိတိပပကိစ္စတွေက မီးယပ်ရောဂါကို ဖြစ်စေတာလဲ။ အောက်မှဖော်ပြထားတဲ့ အကြောင်းအရာက မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်အကြောင်း အချက်အလက်တွေကို ပေးပါလိမ့်မယ်။

မီးယပ်ရောဂါအကြောင်း ဘာသိလဲ။

မီးယပ်ရောဂါကို အမျိုးသမီး မျိုးပွားစနစ်ရဲ့ လုပ်ဆောင်မှုအပေါ် ထင်ထင်ရှားရှား သက်ရောက်မှုရှိတဲ့ စနစ်မကျမှုလို့ မြင်ကြပါတယ်။ မကြာခဏ အမြင်ရဆုံးဖြစ်တဲ့ လက္ခဏာတွေကတော့ ယောနိယားယံခြင်း၊ ရာသီလာခြင်း၊ တင်ပါးဆုံနာကျင်ကိုက်ခဲခြင်း၊ ယောနိမှ မူမမှန်သော သွေးဆင်းခြင်း၊ ရင်သားနာကျင်ခြင်းနဲ့ အကျိတ်ထွက်ခြင်းတို့ ဖြစ်ပါတယ်။ အဲ့လက္ခဏာတွေရဲ့ ပြင်းထန်မှုက ပုံမှန်ဆိုရင် အမျိုးသမီးတွေရဲ့ အသက်ပေါ် မူတည်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီလက္ခဏာတွေက အသက်ကြီးတာနဲ့အတူ ပြောင်းလဲလာတဲ့   ဟော်မုန်းတွေကြောင့် ဖြစ်လာတဲ့အတွက်ပါ။ ဒါ့အပြင် hairsutism သို့မဟုတ် hairiness လို့ သိကြတဲ့ အမွှေးအမျှင် ထူထပ်ခြင်းကလဲ မီးယပ်လက္ခဏာလို့ တခါတရံ သတ်မှတ်တတ်ပါတယ်။ အမျိုးသမီးတွေအတွက် အမွှေးအမျှင်ထူတယ်ဆိုတာ ပုံမှန်မဟုတ်လို့ပါ။ ထပ်ပြောရရင် အမွှေးအမျှင်ထူတာဟာ အမျိုးသမီး မျိုးပွားစနစ်ကို သက်ရောက်စေတဲ့ အမျိုးသားဟော်မုန်းပမာဏ များပြားခြင်းကြောင့်ဖြစ်ပါတယ်။

မီးယပ်ရောဂါဖြစ်စေတဲ့ အချက် ၄ ချက်

၁။ သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာဟာ ထိန်းချုပ်လို့သာ ရနိုင်ပြီး ကုသလို့ မရနိုင်တဲ့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ဆိုလိုတာကတော့ အမျိုးသမီးတွေဟာ သူတို့ သက်တမ်းတလျှောက်မှာ တချိန်ချိန်တော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာရှိတဲ့ အမျိုးသမီးအချို့က ဗိုင်းရပ်စ်ရှိတဲ့ လက္ခဏာ မပြကြပါဘူး။ pap smear လို့ခေါ်တဲ့ စမ်းသပ်မှုဖြင့်သာ ရှိမရှိ သိနိုင်ပါတယ်။ တခြားတစ်ဖက်မှာ သားအိမ်ခေါင်းကင်ဆာ လက္ခဏာပြတဲ့ အမျိုးသမီးတွေမှာ အဖြူရောင်၊ ခရမ်းရောင်၊ မီးခိုးရောင် လိင်အင်္ဂါကြွက်နို့တွေက ယောနိ သို့မဟုတ် စအို၊ ယောနိအပြင်ပိုင်း သို့မဟုတ် ပေါင်ခြံတွေမှာ လက္ခဏာအနေနဲ့ ပေါ်လာတတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ဖြစ်တဲ့သူတွေဟာ နာကျင်မှုကို ခံစားရတတ်ပါတယ်။ တချို့အမျိုးအစားဗိုင်းရပ်စ်တွေက သားအိမ်ခေါင်းကင်ဆာ သို့မဟုတ် သားအိမ်ခေါင်းနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

၂။ မကူးစက်နိုင်တဲ့ ယောနိရောင်ရမ်းခြင်း

မကူးစက်နိုင်တဲ့ ယောနိရောင်ရမ်းခြင်းဆိုတာ ယောနိအတွက်သုံးတဲ့ လိမ်းဆေး၊ မှုတ်ဆေး သို့မဟုတ် ဆပ်ပြာ၊ ချေးချွတ်ဆေးနဲ့ အဝတ်အမွှေးဆီတို့နဲ့ ဓာတ်မတည့်ခြင်း သို့မဟုတ် ကျိန်းစပ်ခြင်းတို့ရဲ့ စံရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒါဖြစ်စေတဲ့ ပစ္စည်းတွေကို အသုံးမပြုတော့တာနဲ့ အချိန်အနည်းငယ် ကြာသွားရင် ဒီလက္ခဏာတွေဟာ ပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါပေမယ့် သင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့သူက ကျိန်းစပ်မှု ပျောက်တဲ့အထိ သက်သာအောင် လိမ်းဆေးတစ်မျိုးကို ညွှန်နိုင်ပါတယ်။

၃။ Yeast infections

Yeast infection ဆိုတာ candida လို့ခေါ်တဲ့ မှိုတစ်မျိုးကြောင့် ဖြစ်တဲ့ ကူးစက်မှုမျိုးပါ။ yeast infection ရဲ့ သိသာထင်ရှားတဲ့ ရောဂါလက္ခဏာကတော့ စေးပစ်တဲ့ အဖြူတွေ ယောနိမှ ဆင်းတာ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ ယောနိအပြင်သားက နီရဲပြီး ယားယံနေချိန်မှာကို အဖြူဆင်းတာ ခံစားကြရပါတယ်။ ဒါပေမယ့် yeast infection အတွက် ကုသမှုတွေဟာ ဆရာဝန်လက်မှတ်မပါပဲ အလွယ်တကူရနိုင်ပါတယ်။ အကယ်၍ သင့်မှာ yeast infection ရှိတယ်လို့ သံသယရှိပါက တခြားရောဂါရှာဖွေရန်နဲ့ ကုသမှုခံယူရန် ဆေးခန်းသွားတာက အကောင်းဆုံးပါ။

၄။ Bacterial vaginosis

ယောနိမှာရှိတဲ့ ဘက်တီးရီးယားတွေ အဆမတန် ကြီးထွားမှုကြောင့် ဖြစ်တာပါ။ ဒီရောဂါခံစားရတဲ့ အမျိုးသမီးတွေမှာ ငါးညှီနံ့နဲ့ နို့နှစ်ရောင် အရည်ကျဲတွေ ဆင်းတတ်ပါတယ်။ ဒီဖြစ်ရပ်မှာဆိုရင် နောက်ထပ် ကုသမှုနဲ့ ဆေးးတွေအတွက် ဆရာဝန်ဖြင့် ပြသသင့်ပါတယ်။

မီးယပ်ရောဂါဟာ ဘဝရဲ့ ကဏ္ဍအတော်များများအပေါ် သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဟာ ဆေးခန်းကို မှန်မှန်သွားပြီး သူမတို့ ခန္ဓာကိုယ်သည် နာမကျန်းမှု၊ ရောဂါ ဘာမှမရှိဘဲ ပုံမှန် အလုပ်လုပ်နေသလားဆိုတာ စစ်ဆေးဖို့ အကြံဉာဏ်ပေးထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top