iMyanmarHouse.com - Best Property Website for Myanmar
×

သားသမီးကို မိဘတုိင္း ခ်စ္ၾကတာခ်ည္းပါဘဲ။ သားသမီးတုိင္းကလည္း မိဘေတြကုိ ခ်စ္ခင္ၾကမွာပါ။ ဒါေပမယ့္ မိဘတုိင္း၊ သားသမီးတုိင္း အၿမဲတမ္း ကံေကာင္းေနၾကတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ တစ္ခါတရံမွာ ဘဝေပးကံတရားေတြေၾကာင့္ မိမစုံ၊ဖမစုံနဲ႔ ဘဝကုိ ခက္ခဲစြာျဖတ္သန္းရတဲ့ သားသမီးေတြရွိပါတယ္။

ဒီလုိပဲ အေဖလုိတစ္မ်ိဳး အေမလုိတစ္သြယ္ သားသမီးငယ္ေတြကို သြန္သင္ဆုံးမရတဲ့ မိဘေတြလည္း ရွိပါတယ္။ အခုလည္း ငယ္ငယ္ရြယ္ရြယ္နဲ႔ မိခင္မဲ့သြားတဲ့ သားေလးကုိ မုဆုိးဖုိဖခင္ျဖစ္သူ Chatchai Parn-uthai က မိခင္လုိဝတ္စားဆင္ယင္ၿပီး ကေလးရဲ႕ဆႏၵကုိ ျဖည့္ဆည္းေပးခဲ့ပါတယ္။

ကေလးဟာ ေက်ာင္းမွာက်င္းပတဲ့ မိခင္မ်ားေန႔မွာ ကန္ေတာ့စရာမိခင္မရွိျဖစ္ေနလုိ႔ အားငယ္ေနရွာသူပါ။ ဒါကုိ ဖခင္ျဖစ္သူက ရိပ္မိၿပီး သားရဲ႕ဆႏၵကုိ ျဖည့္ဆည္းေပးခဲ့ပါတယ္။ Kanchanaburi စီရင္စု Wat Trai Rattanaram Charity School က်ာင္းမွာ ၿပီးခဲ့တဲ့တနဂၤေႏြက မိခင္မ်ားေန႔ကုိ က်င္းပခဲ့တာျဖစ္ၿပီး မိခင္ေတြကို သားေတြသမီးေတြက ပန္းကုံးေတြနဲ႔ အေလးအျမတ္ျပဳကာ ရွိခုိးဦးခ်တဲ့အခမ္းအနားကို က်င္းပခဲ့ပါတယ္။

ဒီဗြီဒီယုိဖုိင္ေလးဟာ အခုဆုိရင္ (၅)သန္းနီးပါး ရွိေနပါၿပီ။ ယမန္ႏွစ္ကလည္း မိခင္မဲ့ ေက်ာင္းသူေလးတစ္ဦးဟာ ခုံအလြတ္တစ္ခုေပၚမွာ ပန္းကုံးေလးကို ခ်ၿပီး မိခင္ကုိမွန္းဆကာ ကန္ေတာ့ခဲ့တဲ့ဓာတ္ပုံေလးဟာလည္း ျမင္ရသူေတြကုိ မ်က္ရည္မခုိင္ ျဖစ္ေစခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  coconuts.co

#Unicode Version#
သားသမီးကို မိဘတိုင်း ချစ်ကြတာချည်းပါဘဲ။ သားသမီးတိုင်းကလည်း မိဘတွေကို ချစ်ခင်ကြမှာပါ။ ဒါပေမယ့် မိဘတိုင်း၊ သားသမီးတိုင်း အမြဲတမ်း ကံကောင်းနေကြတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ခါတရံမှာ ဘဝပေးကံတရားတွေကြောင့် မိမစုံ၊ဖမစုံနဲ့ ဘဝကို ခက်ခဲစွာဖြတ်သန်းရတဲ့ သားသမီးတွေရှိပါတယ်။

ဒီလိုပဲ အဖေလိုတစ်မျိုး အမေလိုတစ်သွယ် သားသမီးငယ်တွေကို သွန်သင်ဆုံးမရတဲ့ မိဘတွေလည်း ရှိပါတယ်။ အခုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ မိခင်မဲ့သွားတဲ့ သားလေးကို မုဆိုးဖိုဖခင်ဖြစ်သူ Chatchai Parn-uthai က မိခင်လိုဝတ်စားဆင်ယင်ပြီး ကလေးရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။

ကလေးဟာ ကျောင်းမှာကျင်းပတဲ့ မိခင်များနေ့မှာ ကန်တော့စရာမိခင်မရှိဖြစ်နေလို့ အားငယ်နေရှာသူပါ။ ဒါကို ဖခင်ဖြစ်သူက ရိပ်မိပြီး သားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ Kanchanaburi စီရင်စု Wat Trai Rattanaram Charity School ကျာင်းမှာ ပြီးခဲ့တဲ့တနင်္ဂနွေက မိခင်များနေ့ကို ကျင်းပခဲ့တာဖြစ်ပြီး မိခင်တွေကို သားတွေသမီးတွေက ပန်းကုံးတွေနဲ့ အလေးအမြတ်ပြုကာ ရှိခိုးဦးချတဲ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။

ဒီဗွီဒီယိုဖိုင်လေးဟာ အခုဆိုရင် (၅)သန်းနီးပါး ရှိနေပါပြီ။ ယမန်နှစ်ကလည်း မိခင်မဲ့ ကျောင်းသူလေးတစ်ဦးဟာ ခုံအလွတ်တစ်ခုပေါ်မှာ ပန်းကုံးလေးကို ချပြီး မိခင်ကိုမှန်းဆကာ ကန်တော့ခဲ့တဲ့ဓာတ်ပုံလေးဟာလည်း မြင်ရသူတွေကို မျက်ရည်မခိုင် ဖြစ်စေခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  coconuts.co
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top