ရန်ကင်းမြို့ နယ် Sedona Hotel အနီး အသင့်ဆောက်ပြီး စိမ်းလဲ့အောင်ကွန်ဒိုအရောင်းပြပွဲ
×







#Unicode Version#
ဒီနေ့ည ၇ နာရီခွဲမှာ မြန်မာ Idol grand final ကို ခြိမ့်ခြိမ့်သဲ ကျင်းပပါတော့မယ်။ ဆေးရုံတက်နေရတဲ့ ချမ်းမြေ့မောင်ချိုကတော့ ပြိုင်ပွဲကို ဝင်ရောက်ဖျော်ဖြေနိုင်ခြင်း ရှိမရှိကိုတော့ ခုထက်ထိ မသိရှိရသေးပါဘူး။ အားနဲနေခြင်း အားသီးရောင်နေခြင်း၊ တုပ်ကွေး လေးဘက်နာတို့ကြောင့် ရက်ရွှေ့ဆိုင်းဖို့ သတင်းများ ထွက်ပေါ်လာသော်လည်း

မြန်မာ idol တာဝန်ရှိသူများမှ ပြိုင်ပွဲကို ရက်ရွှေ့ဖို့ အစီစဉ်မရှိကြောင်း နောက်ဆုံးအချိန်ထိ ချမ်းမြေ့မောင်ချို လာရောက်မယှဉ်ပြိုင်နိုင်ပါက ဒိုပွဲရပ်အနေနဲ့ ဖြိုးမြတ်အောင် winner ဖြစ်ဖို့ အလားလာကောင်းကြောင်း၊ Voting စနစ်လည်းရှိတော့မည် မဟုတ်ကြောင်း၊ ချမ်းမြေ့မောင်ချိုအတွက် မနင့်နာရအောင်လည်း စီစဉ်ထားကြောင်း မြန်မအိုင်ဒေါ စီစဉ်သူများမှ မနေ့က ညနေ ၆ နာရီအချိန် ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်း၌ပြုလုပ်ခဲ့ သည့် သတင်စာရှင်းလင်းပွဲတွင် ဖြေကြားသွားခဲ့ပါတယ်။

Myanmar Idol Season Grand final 3 ၏ Finalist ချမ်းမြေ့မောင်ချိုမှာအာသီးရောင်ခြင်း၊ တုတ်ကွေးရောဂါဖြစ်ခြင်း နှင့် လေးဖက်နာ (ASO) တို့ကြောင့် သုခကမ္ဘာဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ဆေးရုံပိုင် လူမှုကွန်ယက်ကနေလည်း ထုတ်ပြန်ထားပါတယ်။ ယခုလို နေမကောင်းနေတဲ့အတွင် ချမ်းမြေ့မောင်ချိုဟာ full rehearsal မလုပ်ရသေးဘူးလို့ သိရပါတယ်။

မနေ့က ညပိုင်းကတော့ Music ဆရာ နည်းပြများဖြစ်သည့် မထရေစီ နဲ့ ကိုဥက္ကာဦးသာ တို့အပါအဝင် ပြိုင်းပွဲဝင်အားလုံးဟာ Rehearsal အပြီးမှာ ချမ်းမြေ့မောင်ချိုကို သွားရောက်ပြီး အားပေးစကားပြောခဲ့ကြပါတယ် ဆိုပြီး မြန်မာ Idol မူပိုင်လူမှုကွန်ယက်ကနေ ဖော်ပြထားပါတယ်။

ကျန်းမာရေးအခြေအနေတိုးတက်လာတဲ့ မောင်ချို နဲ့ပြိုင်ပွဲဝင်တို့ရဲ့ပြန်လည်တွေ့ဆုံမှုဟာ ယနေ့ညသည် ပထမဆုံးဖြစ်ပြီး ချစ်ခင်ရင်းနှီးစွာတွေ့ဆုံခဲ့ကြပြီး သူတို့တွေဆုံပွဲ ပုံရိပ်များကိုပြန်လည်ရှယ်ပေးထားပါတယ်။ ပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ပါစေ ညီမလေး ချမ်းမြေ့မောင်ချို
#getwellsoonmgcho #fightingmgcho #mmids3 Writer Robert ငြိမ်းမောင် –

ဖိုးသူတော် (www.phothutaw.com)
Credit: Myanmar Live လတ်တလောမြန်မာ့သတင်းများ Page
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top