ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကေလးတစ္ေယာက္ကို ဝမ္းနဲ႔လြယ္ထားရတဲ့ မိခင္တစ္ေယာက္အတြက္ က်န္းမာေရးပအေရးႀကီးဆံုးပါ။ ကိုယ္ဝန္ေဆာင္ထားရတဲ့အခ်ိန္မွာ က်န္းမာေရးကိုေသခ်ာေလးဂ႐ုစိုက္ေပးႏိုင္မွ ကေလးငယ္ေလးအတြက္ေရာ၊ မိခင္အတြက္ပါ က်န္းမာေစမွာေပါ႔။ ဒါေၾကာင့္ ကေလးေလးကိုလြယ္ထားရတဲ့ မိခင္ေတြ ကိုယ္ဝန္ေဆာင္ေနတဲ့အခ်ိန္တြင္းမွာ က်န္းမာေရးအတြက္ေသာက္ေပးသင့္တာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ေရမ်ားမ်ားေသာက္ေပးပါ

ကိုယ္ဝန္ေဆာင္သည္မွမဟုတ္ပါဘူး လူတိုင္းေရမ်ားမ်ားေသာက္ေပးဖို႔လိုအပ္ေနတဲ့အခ်ိန္မွာ ကိုယ္ဝန္ေဆာင္သည္ေတြကေတာ့ ပိုၿပီးေသာက္ဖို႔အေရးႀကီးပါတယ္။ ေရမ်ားမ်ားေသာက္ေပးတဲ့အခါမွာ ခႏၶာကိုယ္ထဲမွာေရဓာတ္ျပည့္ဝေနေစၿပီး က်န္းမာတဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္ရႏိုင္ပါတယ္။ ဒါ့အျပင္ ဗုိက္ထဲကကေလးငယ္ေလးဆီကိုလည္း အာဟာရဓာတ္ေတြ ေကာင္းေကာင္းေရာက္ရွိသြားေစႏိုင္ပါတယ္။

လိေမၼာ္ရည္

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအေနနဲ႔ ေနာက္ထပ္ေသာက္ေပးဖို႔ ေရြးခ်ယ္သင့္တဲ့အရာကေတာ့ လိေမၼာ္ရည္ပဲျဖစ္ပါတယ္။ လိေမၼာ္ရည္မွာ ဗီတာမင္ဓာတ္ေတြမ်ားစြာပါဝင္ေနတာေၾကာင့္ မိခင္ေရာ၊ ကေလးငယ္ေလးအတြက္ပါ အ႐ိုးအဆစ္ေတြကို သန္မာေစမွာပဲျဖစ္ပါတယ္။

ႏြားႏို႔

ဟိုအရင္ထဲက ကိုယ္ဝန္ေဆာင္သည္ေတြအတြက္ ႏြားႏို႔ကအေကာင္းဆံုးပဲလို႔ အႀကံေပးလာၾကတာပဲျဖစ္ပါတယ္။ ႏြားႏို႔မွာ ပါဝင္ေနတဲ့ ပ႐ိုတင္းဓာတ္နဲ႔ တျခားေသာဗီတာမင္ဓာတ္ေတြက အ႐ိုးအဆစ္ေတြကို သန္မာေစ႐ံုသာမကပဲ ခႏၶာကိုယ္ႀကီးထြားဖို႔အတြက္လည္း အေထာက္အကူျဖစ္ေစပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myfood

#Unicode Version#
ကလေးတစ်ယောက်ကို ဝမ်းနဲ့လွယ်ထားရတဲ့ မိခင်တစ်ယောက်အတွက် ကျန်းမာရေးပအရေးကြီးဆုံးပါ။ ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်မှာ ကျန်းမာရေးကိုသေချာလေးဂရုစိုက်ပေးနိုင်မှ ကလေးငယ်လေးအတွက်ရော၊ မိခင်အတွက်ပါ ကျန်းမာစေမှာပေါ့။ ဒါကြောင့် ကလေးလေးကိုလွယ်ထားရတဲ့ မိခင်တွေ ကိုယ်ဝန်ဆောင်နေတဲ့အချိန်တွင်းမှာ ကျန်းမာရေးအတွက်သောက်ပေးသင့်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ရေများများသောက်ပေးပါ

ကိုယ်ဝန်ဆောင်သည်မှမဟုတ်ပါဘူး လူတိုင်းရေများများသောက်ပေးဖို့လိုအပ်နေတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်သည်တွေကတော့ ပိုပြီးသောက်ဖို့အရေးကြီးပါတယ်။ ရေများများသောက်ပေးတဲ့အခါမှာ ခန္ဓာကိုယ်ထဲမှာရေဓာတ်ပြည့်ဝနေစေပြီး ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်ထဲကကလေးငယ်လေးဆီကိုလည်း အာဟာရဓာတ်တွေ ကောင်းကောင်းရောက်ရှိသွားစေနိုင်ပါတယ်။

လိမ္မော်ရည်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ နောက်ထပ်သောက်ပေးဖို့ ရွေးချယ်သင့်တဲ့အရာကတော့ လိမ္မော်ရည်ပဲဖြစ်ပါတယ်။ လိမ္မော်ရည်မှာ ဗီတာမင်ဓာတ်တွေများစွာပါဝင်နေတာကြောင့် မိခင်ရော၊ ကလေးငယ်လေးအတွက်ပါ အရိုးအဆစ်တွေကို သန်မာစေမှာပဲဖြစ်ပါတယ်။

နွားနို့

ဟိုအရင်ထဲက ကိုယ်ဝန်ဆောင်သည်တွေအတွက် နွားနို့ကအကောင်းဆုံးပဲလို့ အကြံပေးလာကြတာပဲဖြစ်ပါတယ်။ နွားနို့မှာ ပါဝင်နေတဲ့ ပရိုတင်းဓာတ်နဲ့ တခြားသောဗီတာမင်ဓာတ်တွေက အရိုးအဆစ်တွေကို သန်မာစေရုံသာမကပဲ ခန္ဓာကိုယ်ကြီးထွားဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: Myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top