×

 ​ေခြးခ်စ္တတ္တဲ့ အမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ့အိမ္ေမြးေခြးက လၽွာနဲ႔လ်က္တာကို ခံခဲ့တဲ့အတြက္ ေျခေထာက္ႏွစ္ဖက္လုံးကို ဒူးေအာက္ပိုင္းကေန ျဖတ္ပစ္ခဲ့ရပါတယ္။ ဒါ့အျပင္ ဆိုးရြားတဲ့ ေရာဂါကူးစက္မွုခံေနရတာေၾကာင့္ အျခားကိုယ္အဂၤါ အစိပ္အပိုင္းေတြလည္း ျဖတ္ေတာက္ခဲ့ရၿပီး ေဆး႐ုံေပၚမွာ အသက္လုေနရတဲ့ အေျခအေနနဲ႔ ရင္ဆိုင္ေနရပါတယ္။

အေမရိကန္နိုင္ငံ West Bend နယ္ၿမိဳ႕ေလးက Greg Manteufel ဆိုသူအမ်ိဳးသားဟာ ၿပီးခဲ့တဲ့လကစၿပီး တုပ္ေကြးမီသလို အဖ်ားႀကီးျခင္း ေအာ့အန္ျခင္းစတဲ့ ေဝဒနာေတြကို စတင္ခံစားခဲ့ရပါတယ္။
သူ႔ရဲ့ ေျခေထာက္နဲ႔ လက္ေမာင္းေတြမွာ ပြန္းပဲ့ဒဏ္ရာေတြ ေပၚလာတဲ့အခါမွာ ေဆး႐ုံကိုအေရးေပၚတက္ေရာက္ ကုသခံခဲ့ပါတယ္။

သူ႔ရဲ့ ေျခလက္ ေလးဖက္စလုံးမွာ ေသြးအဆိပ္ေတြ ပ်ံ႕ႏွံ့ေနေၾကာင္း ဆရာဝန္ေတြက ေတြ႕ရွိခဲ့ၿပီး၊ အသားထဲမွာ တစ္ရွုးေတြပ်ံ႕ႏွံ့ေနသလို ႂကြက္သားေတြ ပ်က္ဆီးေနတာကိုလည္း ေတြ႕ခဲ့ၾကတဲ့အတြက္ ေျခလက္ေတြ အားလုံးျဖတ္ပစ္ဖို႔လိုတယ္လို႔ တိုက္တြန္းခဲ့ၾကပါတယ္။

“တစ္ကိုယ္လုံးမွာ ပြန္းပဲ့ဒဏ္ရာေတြခ်ည္းပဲ၊ မသိရင္ ေဘ့စ္ေဘာတုတ္နဲ႔ ရိုက္ခံထားရသလိုပဲ” ဟု Greg Manteufel ရဲ့ ဇနီးျဖစ္သူက ေျပာဆိုပါတယ္။ ဆရာဝန္ေတြက သူ႔ကို ေသြးစစ္ၿပီးေနာက္မွာ ဘတ္တီးရီးယားေတြ ပ်ံ႕ႏွံ့ေနေကာင္း ေျပာဆိုခဲ့ပါတယ္။

အမ်ိဳးသားက်န္းမာေရးအင္စတီက်ဳ႕ (NIH) ရဲ့ အဆိုအရ ဘတ္တီးရီးယားေတြကို ေၾကာင္ေတြေခြးေတြရဲ့ သြားရည္မွာ ေတြ႕ရွိေၾကာင္း၊ ၂၀၁၄ ခုႏွစ္ သုေတသနအရ ဘတ္တီးရီးယားေတြဟာ ေခြးေတြမွာ ၆၉% နဲ႔ ေၾကာင္ေတြမွာ ၅၄% ေတြ႕ရွိေၾကာင္း သိရွိရသည္။

ဘတ္တီးရီးယားေတြဟာ ကိုက္ခံရတာတို႔၊ လ်က္ခံရတာတို႔ကေနတစ္ဆင့္ လူရဲ့ခႏၶာကိုယ္ထဲ ဝင္ေရာက္ပ်ံ႕ႏွံ့သလို အကိုက္မခံ အလ်က္မခံရေသာ္လည္း အရမ္းပူးကပ္စြာေနပါကလည္း လူဆီကို စိမ့္ဝင္ကူးစက္တတ္ေၾကာင္း သိရွိရသည္။

ေဆး႐ုံတင္ၿပီး တစ္ပတ္အၾကာတြင္ ဆရာဝန္ေတြက Greg Manteufel ရဲ့ ေျခဖ်ားပိုင္းကို စျဖတ္ခဲ့ၿပီး အဲဒီေနာက္  ဒူးေအာက္ပိုင္းကိုပါ ထပ္မံျဖတ္ခဲ့ရသည္။ ေနာက္ထပ္ သုံးပတ္အၾကာမွာေတာ့ လက္ဖဝါးေအာက္ပိုင္းကို ျဖတ္ပစ္ခဲ့ရသည္။

ဒါေၾကာင့္ တိရိစၧာန္ခ်စ္တတ္တဲ့ သူေတြအေနနဲ႔ နီးနီကပ္ကပ္ေနၿပီးပါက ခႏၶာကိုယ္ကို သန႔္စင္ေအာင္ ေဆးေၾကာဖို႔ လိုအပ္ေၾကာင္း သတိျပဳေစခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
 ခွေးချစ်တတ်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့အိမ်မွေးခွေးက လျှာနဲ့လျက်တာကို ခံခဲ့တဲ့အတွက် ခြေထောက်နှစ်ဖက်လုံးကို ဒူးအောက်ပိုင်းကနေ ဖြတ်ပစ်ခဲ့ရပါတယ်။ ဒါ့အပြင် ဆိုးရွားတဲ့ ရောဂါကူးစက်မှုခံနေရတာကြောင့် အခြားကိုယ်အင်္ဂါ အစိပ်အပိုင်းတွေလည်း ဖြတ်တောက်ခဲ့ရပြီး ဆေးရုံပေါ်မှာ အသက်လုနေရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အမေရိကန်နိုင်ငံ West Bend နယ်မြို့လေးက Greg Manteufel ဆိုသူအမျိုးသားဟာ ပြီးခဲ့တဲ့လကစပြီး တုပ်ကွေးမီသလို အဖျားကြီးခြင်း အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို စတင်ခံစားခဲ့ရပါတယ်။
သူ့ရဲ့ ခြေထောက်နဲ့ လက်မောင်းတွေမှာ ပွန်းပဲ့ဒဏ်ရာတွေ ပေါ်လာတဲ့အခါမှာ ဆေးရုံကိုအရေးပေါ်တက်ရောက် ကုသခံခဲ့ပါတယ်။

သူ့ရဲ့ ခြေလက် လေးဖက်စလုံးမှာ သွေးအဆိပ်တွေ ပျံ့နှံ့နေကြောင်း ဆရာဝန်တွေက တွေ့ရှိခဲ့ပြီး၊ အသားထဲမှာ တစ်ရှုးတွေပျံ့နှံ့နေသလို ကြွက်သားတွေ ပျက်ဆီးနေတာကိုလည်း တွေ့ခဲ့ကြတဲ့အတွက် ခြေလက်တွေ အားလုံးဖြတ်ပစ်ဖို့လိုတယ်လို့ တိုက်တွန်းခဲ့ကြပါတယ်။

“တစ်ကိုယ်လုံးမှာ ပွန်းပဲ့ဒဏ်ရာတွေချည်းပဲ၊ မသိရင် ဘေ့စ်ဘောတုတ်နဲ့ ရိုက်ခံထားရသလိုပဲ” ဟု Greg Manteufel ရဲ့ ဇနီးဖြစ်သူက ပြောဆိုပါတယ်။ ဆရာဝန်တွေက သူ့ကို သွေးစစ်ပြီးနောက်မှာ ဘတ်တီးရီးယားတွေ ပျံ့နှံ့နေကောင်း ပြောဆိုခဲ့ပါတယ်။

အမျိုးသားကျန်းမာရေးအင်စတီကျု့ (NIH) ရဲ့ အဆိုအရ ဘတ်တီးရီးယားတွေကို ကြောင်တွေခွေးတွေရဲ့ သွားရည်မှာ တွေ့ရှိကြောင်း၊ ၂၀၁၄ ခုနှစ် သုတေသနအရ ဘတ်တီးရီးယားတွေဟာ ခွေးတွေမှာ ၆၉% နဲ့ ကြောင်တွေမှာ ၅၄% တွေ့ရှိကြောင်း သိရှိရသည်။

ဘတ်တီးရီးယားတွေဟာ ကိုက်ခံရတာတို့၊ လျက်ခံရတာတို့ကနေတစ်ဆင့် လူရဲ့ခန္ဓာကိုယ်ထဲ ဝင်ရောက်ပျံ့နှံ့သလို အကိုက်မခံ အလျက်မခံရသော်လည်း အရမ်းပူးကပ်စွာနေပါကလည်း လူဆီကို စိမ့်ဝင်ကူးစက်တတ်ကြောင်း သိရှိရသည်။

ဆေးရုံတင်ပြီး တစ်ပတ်အကြာတွင် ဆရာဝန်တွေက Greg Manteufel ရဲ့ ခြေဖျားပိုင်းကို စဖြတ်ခဲ့ပြီး အဲဒီနောက်  ဒူးအောက်ပိုင်းကိုပါ ထပ်မံဖြတ်ခဲ့ရသည်။ နောက်ထပ် သုံးပတ်အကြာမှာတော့ လက်ဖဝါးအောက်ပိုင်းကို ဖြတ်ပစ်ခဲ့ရသည်။

ဒါကြောင့် တိရိစ္ဆာန်ချစ်တတ်တဲ့ သူတွေအနေနဲ့ နီးနီကပ်ကပ်နေပြီးပါက ခန္ဓာကိုယ်ကို သန့်စင်အောင် ဆေးကြောဖို့ လိုအပ်ကြောင်း သတိပြုစေချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top