ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×



 
Credit:Htwe Lynn Ko

#Unicode Version#
လက်ရှိ နိုင်ငံကျော်အနုပညာရှင်များစွာနှင့်အတူ ရေပန်းစားလူချစ်လူခင်ပေါများနေတဲ့ ပရိသတ်အချစ်တော်ခေတ်နဲ့သစ်ကိုတော့ အားလုံးချစ်နေအုန်းမယ်ထင်ပါတယ်။ အနုပညာမျိုးရိုးကဆင်းသတ်လာသူတွေဖြစ်တဲ့အပြင် အနုပညာသွေးအပြည့်အဝစီးဆင်းနေသူတွေလည်းဖြစ်တာတွေ့ရပါတယ်။ မိခင်ချစ်သုဝေလို သရုပ်ဆောင်မှုပိုင်းမှာကျွမ်းကျင်သူတွေဖြစ်သလို ဖခင်လင်းလင်းလိုလည်း အဆိုအက ဝါသနာပါသူတွေလည်းဖြစ်တာတွေ့ရပါတယ်။

ခေတ်နဲ့သစ်တို့ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေမကြာခနတွေ့မြင်ခဲ့ရပြီး မတူညီတဲ့ပုံစံလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကိုပိုမိုစေခဲ့တာလည်း တွေ့ရပါတယ်။ ဒီကနေ့ ပရိသတ်အချစ်တော် Rocker ကြီးလင်းလင်းကတော့ ချစ်စရာသမီးလေးတွေနဲ့အတူ လမ်းလျှောက်ထွက်ခဲ့တာတွေ့ရပါတယ်။

မျက်စီအရှေ့တင်ပဲ ကြီးပြင်းလာခဲ့သူတွေဖြစ်သလို လက်ရှိခေတ်နဲ့သစ်တို့ရဲ့ ပုံစံလေးတွေက သူတို့ရဲ့ အတိတ်ပုံရိပ်လေးတွေကို ပြန်လည်တွေ့မြင်နိုင်တာလည်းဖြစ်ပါတယ်။ ပရိသတ်တွေအရှေ့မှာပဲ ပြောင်းလဲမှုတွေနဲ့ မကြာခနပေါ်ပေါက်ခဲ့တဲ့ ပရိသတ်အချစ်တော်ခေတ်နဲ့သစ်တို့ရဲ့ ဒီကနေ့ပုံရိပ်လေးတွေကို ပြသလိုက်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Htwe Lynn Ko
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top