(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

မဂၤလာဒံု စက္မႈဇုန္ဝင္းအတြင္း လြန္ခဲ့သည့္သံုးႏွစ္ေက်ာ္က ကြန္တိန္နာယာဥ္တစ္စီးေပၚမွ က်ပ္ဘီလီယံ ၁၄၀ နီးပါးရွိေသာ စိတ္ႂကြေဆးျပားမ်ား စံခ်ိန္တင္ ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ ကုလားတန္ျမစ္ဝွမ္းေဒသ ဖြံ႔ၿဖိဳးေရးကုမၸဏီပုိင္ရွင္ မင္းဦးခိုင္ အပါအဝင္ ၁၀ ဦးကို ေျမာက္ပုိင္းခ႐ုိင္တရားရံုးက ယေန႔ မြန္းလြဲပိုင္းတြင္ မူး/စိတ္ ပုဒ္မ ၂၀ (က)/ ၂၁ ျဖင့္ စြဲခ်က္တင္ အမိန္႔ခ်မွတ္လိုက္သည္။

ကုလားတန္ ျမစ္ဝွမ္းေဒသ ဖြံ႔ၿဖိဳးေရးကုမၸဏီပုိင္ရွင္ မင္းဦးခိုင္ အပါအဝင္ ၁၀ ဦးကို ေျမာက္ပိုင္းခ႐ိုင္ တရား႐ံုးတြင္ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလက စတင္တရားစြဲဆိုစစ္ေဆးခဲ့ေသာ္လည္း အမႈမွ တရားခံေျပးမ်ားကို စစ္ေဆးခ်ိန္ႏွင့္ တရားစြဲဆိုခံရသူမ်ားဘက္မွ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ထံ ႐ံုးေျပာင္းေလွ်ာက္ထားမႈတို႔ေၾကာင့္ ၂ ႏွစ္ခြဲေက်ာ္အၾကာမွ ယင္းအမႈကို မူး/စိတ္ ပုဒ္မ ၂၀(က)/ ၂၁ ျဖင့္ စြဲခ်က္တင္ စစ္ေဆးရန္ အမိန္႔ခ်မွတ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ဒုခ႐ိုင္ တရားသူႀကီး ဦးေမာင္ေမာင္ေအးထံမွ သိရသည္။

အဆိုပါအမႈမွ အဓိက တရားခံဟုဆိုသူ မင္းဦးခိုင္ကို အျမင့္ဆံုးျပစ္ဒဏ္ ေသဒဏ္အထိ ခ်မွတ္ႏိုင္ေသာ မူး/စိတ္ ပုဒ္မ ၂၀ (က) ျဖင့္ စြဲခ်က္တင္ စစ္ေဆးရန္ အမိန္႔ခ်မွတ္၍ က်န္ ၉ ဦးကို မူး/စိတ္ပုဒ္မ ၂၀(က)/ ၂၁ ျဖင့္ စြဲခ်က္တင္ စစ္ေဆးရန္ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္။ အဓိက တရားခံဟုဆိုသူ မင္းဦးခိုင္ႏွင့္ အမႈတြဲတြင္ပါဝင္သူ မခ်ိဳခ်ိဳဝင္း (ခ) ရန္ယံုခ်င္းတို႔မွာ အခ်ဳပ္သားအျဖစ္ အမႈရင္ဆိုင္လ်က္ရွိၿပီး က်န္အမ်ိဳးသား ခုႏွစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔မွာ အေ႐ွ႕ပိုင္းခ႐ိုင္တရား႐ံုးမွ မူး/စိတ္ ပုဒ္မမ်ားျဖင့္ ေထာင္ဒဏ္ ၄၈ ႏွစ္ က်ခံေစရန္ အမိန္႔ခ်မွတ္ထားၿပီးျဖစ္သည္။

ျပစ္ဒဏ္က်ခံေနရသူမ်ားက ယေန႔ ႐ံုးခ်ိန္းတြင္ ၎တို႔မွာ အဆိုပါစံခ်ိန္တင္ စိတ္ႂကြေဆးျပား ဖမ္းဆီးရမိမႈႏွင့္ လံုးဝ ပတ္သက္ဆက္ႏြယ္ေနမႈ မရွိခဲ့ေၾကာင္း မီဒီယာမ်ားထံ ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TheVoice

#Unicode Version#

မင်္ဂလာဒုံ စက်မှုဇုန်ဝင်းအတွင်း လွန်ခဲ့သည့်သုံးနှစ်ကျော်က ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ကျပ်ဘီလီယံ ၁၄၀ နီးပါးရှိသော စိတ်ကြွဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင်ရှင် မင်းဦးခိုင် အပါအဝင် ၁၀ ဦးကို မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့ မွန်းလွဲပိုင်းတွင် မူး/စိတ် ပုဒ်မ ၂၀ (က)/ ၂၁ ဖြင့် စွဲချက်တင် အမိန့်ချမှတ်လိုက်သည်။

ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေးကုမ္ပဏီပိုင်ရှင် မင်းဦးခိုင် အပါအဝင် ၁၀ ဦးကို မြောက်ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စတင်တရားစွဲဆိုစစ်ဆေးခဲ့သော်လည်း အမှုမှ တရားခံပြေးများကို စစ်ဆေးချိန်နှင့် တရားစွဲဆိုခံရသူများဘက်မှ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ထံ ရုံးပြောင်းလျှောက်ထားမှုတို့ကြောင့် ၂ နှစ်ခွဲကျော်အကြာမှ ယင်းအမှုကို မူး/စိတ် ပုဒ်မ ၂၀(က)/ ၂၁ ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒုခရိုင် တရားသူကြီး ဦးမောင်မောင်အေးထံမှ သိရသည်။

အဆိုပါအမှုမှ အဓိက တရားခံဟုဆိုသူ မင်းဦးခိုင်ကို အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သော မူး/စိတ် ပုဒ်မ ၂၀ (က) ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်၍ ကျန် ၉ ဦးကို မူး/စိတ်ပုဒ်မ ၂၀(က)/ ၂၁ ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ အဓိက တရားခံဟုဆိုသူ မင်းဦးခိုင်နှင့် အမှုတွဲတွင်ပါဝင်သူ မချိုချိုဝင်း (ခ) ရန်ယုံချင်းတို့မှာ အချုပ်သားအဖြစ် အမှုရင်ဆိုင်လျက်ရှိပြီး ကျန်အမျိုးသား ခုနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့မှာ အရှေ့ပိုင်းခရိုင်တရားရုံးမှ မူး/စိတ် ပုဒ်မများဖြင့် ထောင်ဒဏ် ၄၈ နှစ် ကျခံစေရန် အမိန့်ချမှတ်ထားပြီးဖြစ်သည်။

ပြစ်ဒဏ်ကျခံနေရသူများက ယနေ့ ရုံးချိန်းတွင် ၎င်းတို့မှာ အဆိုပါစံချိန်တင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိမှုနှင့် လုံးဝ ပတ်သက်ဆက်နွယ်နေမှု မရှိခဲ့ကြောင်း မီဒီယာများထံ ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: TheVoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top