ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
# Unicode Version ဖြင့် ဖတ်ပါ #
ကဲ နောက်ထပ် ဗဟုသုတအနေနဲ့ အိမ်ထောင်ရှင်တွေအတွက် ထပ်ပြီးတော့ ပြောပြပေးသွားမှာပါ။ အကျိုးတစ်စုံတစ်ရာ ရှိသွားမယ်လို့လည်း မျှော်လင့်ပါတယ်။
(၁) ကျေးဇူးတင်ကြောင်း အမြဲပြောပါ။
‘ကျွန်မတို့နှစ်ယောက်လုံးက အလုပ်ကိုယ်စီနဲ့ပါ။ ကျွန်မက ယောကျ်ားအတွက် နေ့လည်စာကို အမြဲ ပြင်ဆင်ပေးပြီးတော့ ထည့်ပေးလိုက်ပါတယ်။ သူက အလုပ်ကနေ ပြန်ရောက်တိုင်း အမြဲကျေးဇူးတင်ကြောင်းပြောပါတယ်။ အဲ့အချိန်မှာ ကျွန်မတို့ စီးပွားရေးအကြောင်း လုံးဝမပြောပါဘူး။ တစ်ခါသူက ညစာလိုက်ကျွေးပါတယ်။ ကျွန်မက ပြန်ပြီးကျေးဇူးတင်တဲ့အကြောင်းကို ပြောပြပါတယ်။ ကျွန်မတို့ ဘာပဲလုပ်လုပ် တစ်ယောက်ကိုတစ်ယောက် ကျေးဇူးတင်တဲ့ အကြောင်းကို တကယ့်စိတ်ရင်းအမှန်နဲ့ ပြောပါတယ်။’ လို့ အိမ်ထောင်ရှင်မလေး ဒီယာ အက်စ်က ပြောပါတယ်။
(၂) အချင်းချင်း တွက်ကပ်ပါ။
‘ကျွန်မကတော့ ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ကျွန်မယောကျ်ား ကယ်ဗင်အပေါ်မှာပဲ မူတည်ပါတယ်။ သူက အမှိုက်တွေကို မသိမ်းဘူးဆိုရင် ကျွန်မက ပန်းကန်မဆေးဘူး၊ ကျွန်မတို့က ဘယ်သူက ပိုပြီးကောင်းအောင်လုပ်မလဲ ဆိုတာကို ကောင်းသော ပြိုင်ဆိုင်ခြင်းနဲ့ ပြိုင်ဆိုင်တယ်၊ တကယ်လို့ ကယ်ဗင်က အမှိုက်သိမ်းနေရင် ကျွန်မက သူ့အဝတ်လေးတွေ ခေါက်ထားတာကို မြင်အောင်ပြတယ်၊ ဒီလို တစ်ယောက်နဲ့တစ်ယောက် ချဉ်းကပ်တာက လုပ်နိုင်စွမ်းတွေကို မြင့်တင်ပေးတယ်၊ အခုတော့ ကျွန်မတို့ နှစ်ယောက်လုံး (၂၂) နှစ်ကျော်ကြာအောင် အချစ်တွေ ခိုင်မြဲခဲ့တယ်။’ လို့ မာရီ ဒဗလျူကတော့ သူ့အမြင်ကို ပြောပြပါတယ်။
(၃) တစ်ယောက်ကိုတစ်ယောက် မြင်ရတာကို ပျော်ရွှင်နေပါစေ။
‘ပေါင်းသင်းလာခဲ့တာ နှစ်တွေဘယ်လောက်ကြာကြာ မင်းရဲ့လက်တွဲဖော်က မင်းဆီလျှောက်လာတာနဲ့ မင်းရဲ့ အခန်က လင်းသွားသလို ခံစားချက်ကို ထည့်ထားပါ။ တစ်ယောက်ကို တစ်ယောက်ကို တွေ့ရတာပျော်ပါစေ။ စုံတွဲတွေတော်တော်များများက မနက်ပိုင်းတွေ့တွေ့ ညနေပိုင်းတွေ့တွေ့ တွေ့တာနဲ့ ခံစားချက်တွေကို ပေါက်ကွဲဖို့ပဲ ပြင်နေကြပါတယ်။ မင်းရဲ့ အရှုပ်တွေကို ရှင်းဖို့ပဲ မလုပ်ပါနဲ့။ မြင်တာနဲ့ပျော်အောင် လုပ်ဖို့ပဲ ကြိုးစားပါ။’ လို့ တွန်ညာလက်စတာဆိုတဲ့ စုံတွဲ ပြဿနာ အထူးဖြေရှင်းသူ L.C.S.W. ဘွ့ဲရ ဆရာမကလည်း ပြောပါတယ်။
(၄) ရိုဆန်ဆန် လမ်းလျှောက်ပါ။
‘ကျွန်မတို့ကတော့ တစ်နေ့ကို ငါးမိနစ် ဆယ်မိနစ်လောက် လမ်းလျှောက်ကြတယ်။ နှစ်ယောက်လုံး ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားအောင် ခွေးလေးက အဖော်ပြုပေးတယ်၊ ကျွန်မတို့ရဲ့ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ အလုပ်တွေနဲ့ ခဏဝေးရာမှာ ထားပြီး တစ်နေ့တာအကြောင်းကို လွတ်လွတ်လပ်လပ်ပြောကြတယ်။ တခါတလေမှာ ကောင်းကင်ကို တူတူမော့ကြည့်နေရင်း တစ်ယောက်ရဲ့ ဖိအားတွေကို တစ်ယောက် မျှဝေကြတယ်၊ ခံစားာကတယ်’ လို့ စတေစီ အယ်လ် ဆိုတဲ့ အိမ်ထောင်ရှင်မလေးက ပြောပြပါတယ်။
(၅) နေ့တစ်နေ့ကို မှန်မှန်ကန်ကန် အစပြုပါ။
‘ယောကျ်ားက မိုးလင်းတာနဲ့ အိပ်ရာထဲကို ကော်ဖီယူလာတယ်၊ ကျွန်မကတော့ အိမ်ကနေပဲ အလုပ်လုပ်ကတော့ သူ့အတွက် ရုံးမသွားခင်လေး ပြန်ပြီးတော့အ တူတူ လမ်းလိုက်လျှောက်ပေး ဖြစ်တယ်။ သဘောကတော့ အတူတူ နေ့တစ်နေ့ကို အစပြုလိုက်တာပါပဲ’ လို့ ချဲလ်ဆီးဂျေ ဆိုတဲ့ အိမ်ရှင်မက သူ့ရဲ့ နားလည်မှုအကြောင်းပြောပြပါတယ်။
(၆) အကြောင်းပြချက်မရှိလည်း စာသားချိုချိုလေးတွေ အမြဲပို့ပါ။
‘ကျွန်မယောကျ်ားကတော့ ချစ်စဖွယ် မက်ဆေ့ချ်လေးတွေကို နေ့တိုင်းအချိန်မှန်ပို့တယ်။ ပတ်ဝန်းကျင်က ကျွန်မတို့ ချစ်သူတွေကို လွှမ်းမိုးတာကို မလိုချင်ဘူး။ ကျွန်မတွေ့ထားတာကတော့ လူတွေက သူတို့ကို လေးလေးစားစားလေး တန်ဖိုးထားတာကို နှစ်ခြိုက်တယ်။ အဲ့တော့ ဒီလို စာပို့တဲ့ ကိစ္စသေးသေးလေးက ဘာမှမဟုတ်ဘူးထင်ရပေမယ့် တကယ်တော့ အများကြီးအကျိုးသက်ရောက်တယ်။’ လို့ လက်ထပ်ခြင်းနှင့် မိသားစုရေးဆိုင်ရာ ပီအိက်ချ်ဒီဘွဲ့ရ လောရီစကိတ်ချ်က မှတ်ချက်ပြုထားပါတယ်။
ကဲ ချစ်လှစွာသော MyanmarNote ရဲ့ စာဖတ်ပရိသတ် အိမ်ထောင်ရှင် ကိုကိုမမတွေလည်း သာယာတဲ့ အိမ်ထောင်ရေးလေးကို အကောင်အထည်ဖော်နိုင်ကြပါစေ။
ဖိုးသူတော် (www.phothutaw.com)
Credit: Aung Bwa - MyanmarNote
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top